Monday, June 14, 2010

(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်

ဇွန်လ (၁၄)ရက်နေ့ တွင်ကျရောက်သော(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်ကို အိုကေအာအက်စ်အိုရုံး ဘန်ကောက်တွင် ဇွန်လ (၁၄) ၊၂၀၁၀ မှာ ကျင်းပပြီးစီးခဲ့ပါသည်။။

၁၉၉၂ ဇွန်လ (၁၄)ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့သော အိုကေအာအက်စ်အိုရဲ့ သက်တမ်းဟာအခုဆိုရင်
(၁၈ )နှစ်ပြည့်ပြီးဖြစ်သည်။။ အိုကေအာအက်စ်အို အခုလိုအမြဲတမ်းရပ်တည်နိုင်တာကလည်း လူမှုရေးစိတ်ဓာတ်အပြည့်နှင့်မျိုးချစ်စိတ်အားထက်သန်စွာ သမိုင်းပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လာခဲ့ သော ကရင်အမျိုးသားခေါင်းဆောင်များနှင့်ကရင်လူငယ်တွေကို လက်ရှိ OKRSO မှ တာဝန်ထမ်းဆောင်နေကြသောကျမတို့ အဖွဲ့ ဝင်တွေများမှတဆင့်အထူးပင်ကျေးဇူးတင်မိပါတယ်။။

ပခုံးပြောင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြရုံမက မိမိတို့ ရဲ့ မိခင်အဖွဲ့ အစည်း ထာဝရရှင်သန်ရပ်တည်နိုင်အောင်
အမြဲတမ်းအဖွဲ့ ဝင်အနေ နှင့် အိုကေအာအက်စ်အို ဆက်လက်တိုးတက်အောင်မြင်မှုရအာင် ကျမတို့ လက်ရှိလူငယ်များနှင့် လုပ်ဖော်ကိုင်ဖက်တွေကိုယ်စားဒီကနေပဲ ဖွင့်ဟပြောကြားလိုပါတယ်..

အဝေးရောက် အိုကေအာအက်စ်အိုမိသားစုဝင်တွေကို ဒီအီးမေးလ်ကနေတဆင့်အကြံပေးနိုင်ပါကြောင်း
(okrso_karen@hotmail.com)


ဒီ (၁၈)ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားကို စည်စည်ကားကားမကျင်းပနိုင်ပေမယ့်လည်းမအားလပ်တဲ့ကြားက
လာရောက်အင်းအားဖြည့်ပေးတဲ့အတွက်လည်းအရမ်းကိုကျေးဇူးတင်ရှိမိပါတယ်.....

နှစ်ပတ်လည်အခမ်းအနားမှတ်တမ်းတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်....



လက်ရှိတာဝန်ထမ်းဆောင်နေသော အိုကေအာအက်စ်အိုမိသားစု
ဘန်ကောက်

No comments:

Post a Comment