Tuesday, December 1, 2009

Special Training for Youth Development

O K R S O ပညာရေးကော်မတီမှ ဦးဆောင်ဖွင့်လှစ်သော Special Training for Youth Development သင်တန်းကို O K R S O ဘန်ကောက်ရုံးမှာ တနင်္ဂနွေနေ့ အပတ်တိုင်းဖွင့် လှစ်ထားပါတယ်... ဒီသင်တန်းကတော့ အနည်းဆုံး မြန်မာပြည်(၁၀) တန်းကိုအောင်ရမှာဖြစ်ပြီးဘန်ကောက်မှာ ရှိတဲ့အပြည်ပြည်ဆိုင်ရာတက္ကသိုလ်တွေကို ဆက်တက်နိုင်ဘို့  ကျောင်းထောက်ပံ့ကြေး(Scholarship) လျှောက်နိုင်ဘို့ အတွက်ကြို တင်ပြင်ဆင်ပေးတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်.....

သင်တန်းမှာသင်ကြားပေးသောဘာသာရပ်တွေကတော့ 
အင်္ဂလိပ်စာကို Ireland နိုင်ငံမှ ဆရာမကတာဝန်ယူသင်ကြားပို့ ချပြီး
အထွေထွေဗဟုသုတ(General Knowledge) ဘာသာရပ်ကို Assumption University (ABAC) မှ Counseling Psychology တက်ရောက်သင်ကြားနေသောဆရာ Doh Doh နှင့်
တခြားအလှည့် ကျသော တက္ကသိုလ်မှ ပညာသင်ကြားနေကြသောကျောင်းသူကျောင်းများမှ
တစ်လှည့်စီအထွေထွေဗဟုသုတတို့ ကို လာရောက်ဝေမျှကြပါတယ်.....
ခုလောလောဆယ်မှတော့ကျောင်းသူ ကျောင်းသား အယောက်(၁၀) ကျော်တို့ ကို သင်တန်းပေးနေပါ တယ်...




















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ
















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ
















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ





O K R S O ပညာရေးကော်မတီ

OKRSO Sunday language School (Nov-March,2010)


O K R S O ပညာရေးကော်မတီမှဦးဆောင်ဖွင့် လှစ်သော
(Sunday Language School
)၂၀၀၉ ခုနှစ်ရဲ့ ဒုတိယသုတ်သင်တန်းကို
နိုဝင်ဘာကနေ မတ်စ် ၂၀၁၀ အထိခြောက်လတိတိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်....
အင်္ဂလိပ်စာသင်ပေးသော ဆရာ၊ဆရာမ (၃) ယောက်နှင့်ထိုင်းဆရာမ(၂) ယောက်ရှိပြီး၊ ကျောင်းသူ၊ကျောင်းသားပေါင်းအယောက်(၆၀)ကျော်တို့ ကိုသင်တန်းလက်ခံထားပါတယ်။

O K R S O ကျောင်းမှာစာသင်ပေးသောဆရာ၊ဆရာမ နှင့်
စာလာသင်သောကျောင်းသူ၊ကျောင်းသားများတွေရဲ့ မှတ်တမ်းဓာတ်ပုံများကို
အောက်မှာဖော်ပြထားပါတယ်.....
















level (1)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ
















level (၂)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ


















O K R S O ကျောင်းသူ၊ကျောင်းသားများ


















level (၂)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ




















level (၂)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ


O K R S O ပညာရေးကော်မတီ

HIV/AIDS ကျန်းမာရေးအသိပညာပေး 2009

OKRSO ကျန်းမာရေးပညာပေးအဖွဲ့ မှဦးဆောင်သော
HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီးအသိပညာပေးတစ်ရပ်ကို IRC မှ
ကျန်းမာရေးအဖွဲ့ နှင့်ပူးပေါင်းပြီး
OKRSO Sunday Language School မှာ အင်္ဂလိပ်နှင့် ထိုင်းစာ သင်တန်းကို
တက်ရောက်သင် ကြားသော ကျောင်းသူ ကျောင်းသားများ ကို
November 22,2009 မှာသွားရောက်ပညာပေးပုံ တို့ ကို ဓာတ်ပုံများနှင့်တကွ တင်ပြထားပါတယ်။


















IRC မှ HIV/ AIDS ကျန်းမာရေးပညာပေးနေပုံ














IRC မှ HIV/ AIDS ကျန်းမာရေးပညာပေးနေပုံ













OKRSO Sunday School မှ ကျောင်းသူ
ကျောင်းသားများ မှကျန်းမာရေးပညာပေးကို
စိတ်ဝင်တစားနားဆင်နေပုံ


















IRC မှ HIV/AIDS ကျန်းမာရေးပညာပေးနေပုံ
















OKRSO Sunday School မှ ကျောင်းသူ
ကျောင်းသားများ မှကျန်းမာရေးပညာပေးကို
စိတ်ဝင်တစားနားဆင်နေပုံ




OKRSO မိသားစု

HIV/AIDS ကျန်းမာရေးအသိပညာပေး November,2009

OKRSO ကျန်းမာရေးပညာပေးအဖွဲ့ မှဦးဆောင်သော
HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုကာကွယ်ပုံ။
ရောဂါဖြစ်ပြီးဆက်လက် ဘယ်လိုနေထိုင်ရပုံ တို့နှင့်ပတ်သက်ပြီး
အသိပညာပေးတစ်ရပ်ကို Rangsit မှာရှိတဲ့အလုပ်သမားပလပ်စတစ်စက်ရုံမှာ
November 29,2009 မှာသွားရောက်ပညာပေးပုံ တို့ ကို ဓာတ်ပုံများနှင့်တကွ တင်ပြထားပါတယ်။
















Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ














Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ














Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ















Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ




































Monday, November 30, 2009

ဒုက္ခသည်များ စခန်းပြင်ထွက် အလုပ်လုပ်ခွင့် ထိုင်းအစိုးရကို EU တိုက်တွန်းမည်

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် ရရေးအတွက် ဥရောပသမဂ္ဂ အီးယူကနေ နောက်ထပ်တကြိမ် တိုက်တွန်း လုပ်ဆောင်သွားမယ်လို့၊ ဥရောပသမဂ္ဂ အရာရှိက နိုဝင်ဘာ ၂၉ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။


ထိုင်း-မြန်မာနယ်စပ်၊ အီလောထ ဒုက္ခသည်စခန်းရှိ ယာယီတဲ အမိုးအကာအောက်တွင် နေထိုင်နေကြသော မြန်မာ ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: RFA)

ထိုင်းမြန်မာနယ်စပ် တောတောင်တွေ အကြားမှာ ရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်နေရတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်းကျော်အတွက်၊ အကူအညီ အထောက်အပံ့တွေ အများဆုံး ပေးနေတဲ့ ဥရောပ သမဂ္ဂ အီးယူကနေ ဒီ အစီအစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအရာရှိကြီး ဒေးဗစ် လစ်မန်းက ပြောဆိုလိုက်တာပါ။

လူတယောက်ဟာ ဒုက္ခသည်စခန်းတခုထဲမှာ ၁၈ နှစ် အနှစ် ၂၀ လောက်ကြာအောင်နေ နေရတာကို တွေ့ရတာ အလွန်ကိုပဲ စိတ်ထိခိုက်စရာ ကောင်းပါတယ်လို့ ဥရောပ သံအရာရှိက ပြောဆိုပါတယ်။

သူတို့ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်နဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ရောနှော ပါဝင်နိုင်အောင် ကူညီလုပ်ဆောင်ပေးသင့်တယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်တွေကို ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး စခန်းအပြင်ထွက်၊ အလုပ်လုပ်ခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးမဲ့ ဒီအစီအစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ဒုက္ခသည်များကိစ္စ ကိုင်တွယ်ေ ဆာင်ရွက်ရေး အတွက် ရေးဆွဲထားတဲ့ ၅ နှစ် စီမံကိန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

ဒုက္ခသည်တွေ သာမန် လူမှုဘဝ ပြန်လည်ရရှိရေးနဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွက်လည်း အသုံးဝင်တဲ့ အင်အားစုတွေ ဖြစ်လာဖို့ ဒီအစီအစဉ်ကို ရည်ရွယ် ဆောင်ရွက်တာလို့လည်း သိရပါတယ်။

ဒီ အစီအစဉ်ဟာ မြန်မာဒုက္ခသည်တွေကို ကူညီနေတဲ့ အန်ဂျီအိုတွေနဲ့ ကမႝာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးတွဲပြီး စတင် တင်ပြခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီစဉ်ကို ၂၀ဝ၅ ခုနှစ် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှိနာဝပ်လက်ထက်က စတင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ပါတယ်၊ အဲဒီအချိန်က မစ္စတာတပ်ခ်ဆင်ရဲ့ ထိုင်းအစိုးရအနေနဲ့ စိတ်ဝင်စားမှု ရှိခဲ့ပေမဲ့လည်း၊ ၂၀ဝ၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လုံခြုံရေး အရ ရပ်ဆိုင်းထားခဲ့တာပါ။

အခုလို မြန်မာဒုက္ခသည်တွေ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ပေးဖို့နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထိုင်းအစိုးရနဲ့ ထပ်မံ ညှိနှိုင်းရဦးမှာ ဖြစ်ပြီး၊ ထိုင်းအစိုးရကို ခွင့်ပြုဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ဥရောပသမဂ္ဂ အရာရှိက ပြောဆိုပါတယ်။

ပထမဆုံးအနေနဲ့ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရ ထားတဲ့အတွက် မယ်လဒုက္ခသည်စခန်းက ဒုက္ခသည် ၁၆၆ ယောက်ကို၊ ထိုင်းစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ စတင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကြောင့် လွန်ခဲ့တဲ့ ၂၅ နှစ်ကစပြီး ထိုင်းနိုင်ငံအတွင်းကို စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာခဲ့ပြီး၊ နယ်စပ်တလျှောက် နေထိုင်လျက် ရှိပါတယ်။ ဒုက္ခသည် စုစုပေါင်း သိန်းနဲ့ချီပြီး ရှိနေပါတယ်။ အခုအချိန်အထိ ဒုက္ခသည် ၅ သောင်း ၃ ထောင်ဟာ အနောက်နိုင်ငံတွေ အပါအဝင် တတိယနိုင်ငံတွေကို ထွက်ခွာခဲ့ပြီးဖြစ်ပေမဲ့၊ နောက်ထပ် ဒုက္ခသည် ၁ သိန်းခွဲလောက် နယ်စပ်တလျှောက် ကျန်ရှိနေပါသေးတယ်။ ဥရောပသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်ကူညီရေး ရန်ပုံငွေတွေ လျှော့ချခဲ့တာ ရှိပေမဲ့၊ အနည်းဆုံး တနှစ်ကို အမေရိကန်ဒေါ်လာ ၄၅ သန်းလောက် ပေးလှူနေတာ ဖြစ်ပါတယ်။

sawlinux

ထိုင်းရေတပ်ကပစ်သဖြင့် မြန်မာစစ်သားများ ဒဏ်ရာရ

ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ စစ်သားများ သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် တပ်သား လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ စစ်သားများက မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးစဉ် ထိုင်းရေပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် နှစ်ဘက် စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုက်လံ ဖမ်းဆီးသည့် မြန်မာစစ်သားများက စစ်ဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်း ငါးဖမ်းသမားများက ၎င်းတို့ကို ပင်လယ်ဓားပြဟု ထင်မှတ်ပြီး ထိုင်းရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ စစ်တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် မောင်တူးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ တပ်စုမှူး လွင်မင်းသူ နှင့် တပ်သားများ ဖြစ်ပြီး ယခုအခါ ကော့သောင်းမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေများကို လိုက်လံစစ်ဆေးစဉ် စစ်သားများက ကော့သောင်းမြို့မှ ပုဂ္ဂလိကပိုင် စက်လှေတစီးကို ချောဆွဲသွားခဲ့ကြောင်း၊ စက်လှေတွင် လုပ်ကိုင်သူ လှေသမားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် နေထိုင်သူ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိုင်းရေတပ်မှ စစ်သည်အင်အား ၃၀ခန့်ရှိပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၇ဦးခန့်သာ ရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အာဏာပိုင်များက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့ရေပိုင်နက်သည် တခြားဒေသများထက် ငါးမျိုးစုံ ပိုမို ကျက်စားသဖြင့် ဒေသတွင်း နိုင်ငံများမှ ငါးဖမ်းလှေများက ၀င်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။

သန်းထိုက်ဦး


Sunday, November 29, 2009

လိင်ပြောင်းလိုသူများ ၁ နှစ်စောင့်ဟု ထိုင်းပြဌာန်း

လိင်ပြောင်းလဲမှုများ မလုပ်ဆောင်မီ ၁ နှစ်ခန့် ကြိုတင်၍ ပြင်ဆင်မှုများ ပြုလုပ်၍ အသက် ၁၈ နှစ်ပြည့်မှ သာလျှင် ခွဲစိတ်ခြင်းကို ခွင့်ပြုရန် ထိုင်းနိုင်ငံက ဥပဒေတခု ထုတ်ပြန်လိုက်ကြောင်း အေပီ သတင်းတွင် ရေးသားထားသည်။

ခွဲစိတ်ကုသမခံမီ ၁နှစ် အလိုတွင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု အနေဖြင့် အမျိုးသမီး ၀တ်စုံများကို ၀တ်ဆင်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်ဟု သိရသည်။

ယင်းဥပဒေသည် ပြီးခဲ့သည် ဗုဒ္ဓဟူးနေ့မှ စတင်၍ အသက် ၀င်မည် ဖြစ်သည်ဟုလည်း ယင်းသတင်းတွင် ရေးသားထားသည်။

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ဆေးရုံများနှင့် ဆေးခန်းများကို ယခင်နှစ် အတွင်းက လိင်ပြောင်း ၀န်ဆောင်မှုများယာယီ ရပ်ဆိုင်းရန်နှင့် ခွဲစိတ်ကုသမှုကို သေချာစွာ စောင့်ကြည့်ရန် ညွန်ကြား ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံ ဆေးပညာ ကောင်စီမှ ဒေါက်တာ Dr. Sampandh Komritက “ဒါဟာ ဘ၀အတွက် အရမ်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တရပ်ပါ၊ ခွဲစိတ်ပြီးရင် ဘယ်လိုမှ ပြန်ပြောင်းလို့ မရတော့ဘူး၊ ဒါဟာ အသေး အမွှားကိစ္စ မဟုတ်ပါဘူး၊ ဆယ်ကျော်သက် အနေနဲ့ သူငယ်ချင်းလုပ်လို့ လိုက်လုပ်လို့ မရပါဘူး၊ ခွဲစိတ် မယ့်သူတွေ အနေနဲ့ တနှစ် အနည်းဆုံးစောင့်ရမယ်” ဟု ယင်းသတင်းက ဆိုသည်။

လိင်တူချစ်သူတဦး ဖြစ်သူ ကရင် အဆိုတော် ယူရီက“ ထိုင်းနိုင်ငံမှာ အခုလို ဥပဒေ ထုတ်လိုက်တာ အရမ်း ကောင်းပါတယ်၊ ၁နှစ် အတောအတွင်းမှာလည်း ဆရာဝန်က မျက်ခြည်မပြတ် စောင့်ကြည်မယ် ဆိုတော့ ပိုကောင်းတာပေါ့နော်၊ ထိုင်းနိုင်ငံက လိင်တူချစ်သူတွေနဲ့ ပတ်သက်ပြီးတော့ အရင်က ဥပဒေမရှိဘူး၊ တားမြစ်တာ မရှိသလို ထောက်ခံတာလည်း မရှိခဲ့ဘူး၊ အခုတော့ လိင်ပြောင်းတာနဲ့ပတ်သက်တဲ့ ဥပဒေ ထွက်လာတဲ့ အခါကျတော့ နိုင်ငံရေးအရ တော်တော်လေး အခြေအနေကောင်းပါတယ်၊ နောက်ထပ် ဒီထက်ပိုတဲ့ အလေးပေးမှုတွေရမှာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဆိုရင်တော့ အရမ်းကောင်းမှာပဲလေ” ဟု ဆိုသည်။

အဆိုပါ ဥပဒေသည် ယခင်ကတည်းက ရှိခဲ့သော်လည်း ခွဲစိတ်မှုပြုလုပ်ရန် ၃နှစ်ခန့် စောင့်ဆိုင်းရကြောင်း၊ လိင်ပြောင်းလဲလိုသူများသည် အသက် ၁၈နှစ် ပြည့်ရန်နှင့် အုပ်ထိန်းသူက ခွင့်ပြုရန် လိုအပ်ကြောင်း ယင်းကာလအတွင်း တပတ်လျှင် တကြိမ်ကျ ဆရာဝန်နှင့် တွေ့ဆုံရန်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

“လူကို လူလိုသာ မြင်တတ်မယ်ဆိုလို့ရှိရင် လိင်တူချစ်သူတွေကို ဖိနှိပ်မှာလဲ မဟုတ်ဘူး၊ လိင်တူ ချစ်သူတွေ လည်း သူတို့ခံစားချက်နဲ့သူတို့ပဲလေ၊ မြန်မာပြည်မှာက သူတို့ အစွဲထဲမှာက လိင်တူချစ်သူတွေဆိုရင် အခြောက်တွေ၊ ရှောက်သီးဆေးပြားရောင်းတဲ့သူတွေ ဆိုပြီးတော့ နှိမ်ချင်ကြတယ်၊” ဟု ယူရီက ဆိုသည်။

ရန်ကုန်မြို့တွင်လည်း သြဂုတ်လအတွင်းမှ စတင်ကာ လိင်ပြောင်းလဲခြင်းဆိုင်ရာ ၀န်ဆောင်မှု စနစ်သစ်တခုကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် ပေါင်လို (၀်) ဆေးရုံကြီး (Paolo Memorial Hospital) ၏ မြန်မာနိုင်ငံရုံးခွဲက ပထမဆုံးအကြိမ်အဖြစ် စတင်ဝန်ဆောင်မှု ပေးနေပြီဖြစ်သည်။

အမျိုးသားဘ၀မှ အမျိုးသမီးအဖြစ်သို့ လိင်ပြောင်းလဲမည်ဆိုပါက အချိန်နှစ်ပတ်ကြာ ဆေးရုံ တက်ကုသမှု ခံယူရမည်ဖြစ်ပြီး အမျိုးသမီးဘ၀မှ အမျိုးသားအဖြစ်သို့ လိင်ပြောင်းလဲပါက ၁ နှစ်မှ ၂ နှစ်အထိ အချိန်ယူ ဆေးကုသမှုခံယူပြီးမှ ခွဲစိတ်ပြုပြင်လိင်ပြောင်းလဲနိုင်ကြောင်း သိရသည်။

ရန်ကုန်မြို့မှ လိင်တူချစ်သူ အမျိုးသားတဦးကမူ အမျိုးသားဘ၀မှ အမျိုးသမီးဘ၀သို့ လိင်ပြောင်းလဲ ချင်ကြ သော လိင်တူချစ်သူအမျိုးသားအများအပြား ပြည်တွင်းတွင်ရှိနေပြီး ငွေလည်းတတ်နိုင်ကြကြောင်း၊ လိင်ပြောင်းလဲရန် မည်သို့မည်ပုံ ပြည်ပဆေးရုံများနှင့် ဆက်သွယ်ဆောင်ရွက်ခွဲစိတ်မှုခံယူရမည်ကိုမသိရှိကြ သူက အများစုဖြစ်နေကြောင်း ပြောဆိုသည်။

ကိုထွေး



ဒေါ်လာဈေး ကျဆင်းမှုကြောင့် အန်ဂျီအိုများ အခက်ကြုံ


ဒေါ်လာအပါအဝင် နိုင်ငံခြားငွေဈေးများ ကျဆင်းနေ၍ အန်ဂျီအိုလုပ်ငန်း လုပ်ကိုင်နေသူများ အထူးထိခိုက်နစ်နာနေရကြောင်း နာဂစ်ဒေသ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသည့် အန်ဂျီအိုတခုမှ ဆရာဝန်တဦးက ပြောသည်။

၎င်းက “ကျနော်တို့ကို နိုင်ငံရပ်ခြား အန်ဂျီအိုတွေကနေ နာဂစ်ကယ်ဆယ်ရေးမှာ သုံးဖို့ ပုံမှန် ငွေပို့ပေးတယ်။ တချို့ငွေတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ်ကနေ တရားဝင်လွှဲပေးပြီး ဒီမှာ အက်ဖ်အီးစီနဲ့ ပြန်ထုတ်သုံးတယ်။ နောက် တချို့ဒေါ်လာအဖြစ်နဲ့ပဲ လူနဲ့သယ်လာပြီး သုံးတယ်။ အဲဒီ (၂) မျိုးစလုံးကို ကျပ်ငွေနဲ့လဲပြီး သုံးရတာမို့ အခု ဒေါ်လာဈေးကြောင့် ကျနော်တို့ဆီ ဝင်လာတဲ့ ငွေတွေဟာ ပြီးခဲ့တဲ့ လကနဲ့စာရင် (၁ဝ) ရာခိုင်နှုန်းကျော် လျော့သွားတယ်။ ဒါပေမယ့် ကျနော်တို့ ဒီမှာ မြန်မာကျပ်ငွေနဲ့ ပြန်ပြီး ဝယ်ခြမ်းသုံးနေရတာတွေက တခုမှ ဈေးမကျဘူး။ ဒီအတွက် နဂိုက ကျနော်တို့ တင်ထားတဲ့ proposal တွေကို အဆင်ပြေအောင် လုပ်နိုင်ပါ့မလား မသိဘူး” ဟု ပြောသည်။

အလားတူ ပြည်တွင်းရှိ အန်ဂျီအိုအဖွဲ့တွင် အလုပ်လုပ်နေသူများ၊ သံရုံးတို့၌ အလုပ်လုပ်နေသူများမှာလည်း ဒေါ်လာဈေးကြောင့် ၎င်းတို့ဝင်ငွေများ (၁ဝ) ရာခိုင်နှုန်းကျော် လျော့ကျသွားကြောင်း အဆိုပါဆရာဝန်က ပြောသည်။

နိုင်ငံခြားတွင် အလုပ်လုပ်ပြီး မြန်မာပြည်တွင်းသို့ ငွေပြန်ပို့သည့် သန်းနှင့်ချီရှိသည့် မြန်မာနိုင်ငံသားတို့၏ ဝင်ငွေများလည်း အလားတူ လျော့ကျသွားပြီး အထွေထွေ ကုန်ဈေးနှုန်းများက မကျခြင်းကြောင့် မိသားစုဝင်များ အခက်အခဲ ကြုံရကြောင်း သိရသည်။

နိုင်ငံခြားငွေဖြင့် လစာရနေသူများ၊ နိုင်ငံခြားမှ ငွေပေးပို့မှုကို လက်ခံနေထိုင်စားသောက်သူများသာမက နိုင်ငံခြားသို့ ပို့ကုန်တင်ပို့နေသည့် ပို့ကုန်လုပ်ငန်းများလည်း ထိခိုက်လာနေကြောင်း သိရသည်။

ရေထွက်ပစ္စည်း နိုင်ငံခြား တင်ပို့သူတဦးကလည်း “အခု ကျနော်တို့ ရေထွက်ကုန်ပို့ပြီး ပြန်ရတဲ့ Export Earning ဈေးနှုန်းတွေက ကျပ် (၁,ဝဝဝ) စွန်းစွန်းပဲ ရှိနေတယ်။ ဆိုတော့ ကျနော်တို့ ပို့လိုက်ချိန်တုန်းက ဝယ်ဈေး၊ စရိတ် အဲဒါတွေအားလုံး တွက်လိုက်ရင် ရှုံးတောင် ရှုံးနေတယ်။ ခု ဆက်ပြီး ပို့မလား မပို့ဘူးလား စဉ်းစားနေတယ်” ဟု ပြောသည်။

အလားတူ နိုင်ငံခြားသား ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူများကလည်း ၎င်းတို့၏ ဝန်ဆောင်ခကို ဒေါ်လာငွေနှင့် တွက်ချက် ကောက်ခံထားပြီး ပြည်တွင်း၌ မြန်မာကျပ်ငွေ အသုံးပြုကာ ဝန်ဆောင်မှုပေးနေရသည့်အပေါ် အမြတ်အစွန်း မကျန်သလောက် ဖြစ်လာနေကြောင်း ပြောပြကြသည်။

ရန်ကုန်ဈေးကွက်တွင် ဒေါ်လာပေါက်ဈေးမှာ ပြီးခဲ့သည့်လက (၁) ဒေါ်လာ ကျပ် (၁,၁ဝဝ) နီးပါး ရှိရာမှ ယနေ့ ၂၇-၁၁-ဝ၉ နေ့တွင်မူ (၁) ဒေါ်လာ ကျပ် (၉၉ဝ) ဝန်းကျင်သာရှိပြီး (၁ဝ) ရာခိုင်နှုန်းခန့် ကျဆင်းလျက်ရှိကာ Export Earning ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်လအထိ (၁) ဒေါ်လာ (၁,၁၃ဝ) ဝန်းကျင်ရှိခဲ့ရာမှ ယနေ့ Export Earning ပေါက်ဈေး
(၁) ဒေါ်လာ (၁,ဝ၂ဝ) ဝန်းကျင်သာ ရှိသည်။

ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တဦးက မြန်မာနိုင်ငံတွင် ဒေါ်လာငွေဈေးတက်ပါက ကျန်သည့် အထွေထွေကုန်ဈေးနှုန်းများ လည်း အမြဲတမ်း လိုက်ပါမြင့်တက်လျက်ရှိသော်လည်း ဒေါ်လာငွေ တန်ဖိုးနိမ့်ကျပါက အထွေထွေ ကုန်ပစ္စည်းတန်ဖိုး လိုက်ပါနိမ့်ကျခြင်းမျိုးက နည်းသည့်အတွက် ပြည်သူအများစု အခက်အခဲတွေ့ ဒုက္ခရောက်ရသည်ဟု ပြောသည်။

၎င်းက “ဒီပြဿနာ ပြေလည်ဖို့ဆို စီးပွားရေးလုပ်ငန်းတွေမှာ အမှန်တကယ် လွတ်လပ်စွာ လုပ်ကိုင်နိုင်မှုနဲ့ လွတ်လပ်စွာ ပြိုင်ဆိုင်မှုရှိဖို့ လိုအပ်တဲ့အပြင် မြန်မာကျပ်ငွေတန်ဖိုး တည်ငြိမ်မှုရှိဖို့ လိုအပ်တယ်။ အဲဒီလို မဟုတ်ရင်တော့ မြန်မာ့စီးပွားရေး မတည်မငြိမ်ဖြစ်ပြီး ပြည်သူအများစု ဒုက္ခရောက်ကြမှာဖြစ်တယ်” ဟု ပြောသည်။

အောင်ကျော်မို: