Monday, September 12, 2011

OKRSO ပညာရေးသင်တန်းများပြန်လည်ဖွင့်လှစ်ခြင်း

OKRSO မှ ကြီးမှူးဖွင့်လှစ်သော သင်တန်းများ

1.တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားလိုများအတွက်
Pre-GED & Scholarship preparation Course(စက်တင်ဘာလကနေ မတ်လအထိ)
2.အချိန်ပြည့်ကွန်ပြူတာ၊အင်္ဂလိပ်စာနှင့် ကရင်စာပေသင်တန်း  (တစ်လတစ်ခါ)
3.တနင်္ဂနွေအပတ်စဉ် ထိုင်းစာနှင့် အင်္ဂလိပ်စာသင်တန်း (Sacred Heart Convent .Khlong Toie)

သင်တန်းအားလုံးကို စက်တင်ဘာလထဲမှာ တစ်ပြိုင်နက်
ဖွင့် လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။
အချိန်ပြည့်ကွန်ပြူတာသင်တန်းကို စက်တင်ဘာလ
၁၂ ရက်နေ့ တွင် စတင်ဖွင့် လှစ်ပြီး

Pre-GED & Scholarship preparation သင်တန်းကိုတော့ လာမည့်
စက်တင်ဘာ ၁၇ ရက်နေ့ 
တွင် စတင် သင်ကြားပေးသွားမှာဖြစ်ပါသည်။

ဒီသင်တန်းကတော့ စနေ နေ့ ညနေ ပိုင်းနှင့် တနင်္ဂနွေနေ့ တွေမှာ
သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းမတက်ရောက်ခင် သင်တန်းဝင
်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပါသည်။

စိတ်ပါဝင်စားလိုသူများ....okrso_karen@hotmail.com ကိုဆက်သွယ်နိုင်ပါတယ်။

တနင်္ဂနွေအပတ်စဉ် ထိုင်းစာနှင့် အင်္ဂလိပ်စာသင်တန်း (Sacred Heart Convent .Khlong Toie)ကတော့
စက်တင်ဘာလ(၁၁)၂၀၁၁ ခုနှစ်တွင်စတင်ဖွင့်လှစ်လိုက်ပါသည်။

သင်တန်းကာလမှာ (၄)ကြာမည်ဖြစ်ပြီး..စက်တင်ဘာလကနေ ဒီဇင်ဘာလအထိဖွင့်လှစ်သွားမှာဖြစ်ပါသည်။
ဒီအပတ်စဉ် တနင်္ဂနွေသင်တန်းကျောင်းကို စတင်ဖွင့် လှစ်တာက ဟိုးလွန်ခဲ့သော ၂၀၀၂ ခုနှစ်မှစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး..အခု၂၀၁၁ အထိ ဆက်လက်ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်...
.OKRSO မှာ တာဝန်ထမ်းဆောင်ဖူးသောဝါရင့်အဖွဲ့ ဝင်များမှ လက်ဆင့်ကမ်းအမွေကို
ယနေ့ ခေတ်လူငယ်တွေ ရဲ့ ပ ခုံးပြောင်းတာဝန်တွေကို မိမိတို့ ကရင်လူမျိုးများအတွက် တစ်ဘက်
တစ်လမ်းကနေ ဘ၀ အသိပညာတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

ဒီအပတ်စဉ်သင်တန်းကတော့ ကျောင်းသား၊ကျောင်းသူပေါင်း အယောက် (၈၀)နီးပါးလာရောက်ကျောင်းအပ်ခဲ့ပါတယ်။။

သင်တန်းကို လာမည့်စက်တင်ဘာ (၁၈)ရက်နေ့ တွင် စတင်သင်ကြားမှာဖြစ်ပါသည်။

စာလာသင်ပေးသော စေတနာ့ဝန်ထမ်းဆရာ၊ဆရာမများနှင့် ကျောင်းတာဝန်ခံများကို အထူးပဲကျေးဇူးတင်ရှိပါသည်။

ကျောင်းဖွင့် ပွဲမှတ်တမ်းဓာတ်ပုံများကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
အကြံပေးချက်များရှိလျှင် okrso_karen@hotmail.com ကို ဆက်သွယ်နိုင်ပါကြောင်း....









အားလုံးကို ကျေးဇူးတင်ရှိရင်း

OKRSO မိသားစု
ဘန်ကောက်