Monday, September 9, 2013

ရွှေ့ပြောင်းမြန်မာအတွက် OKRSO မှ အင်္ဂလိပ်နှင့်ထိုင်း ဘာသာရပ်သင်တန်းဖွင့်လှစ်


သြဂုတ်လ ၉ ရက်၊ ၂၀၁၃ ခုနှစ်။ စဖန်းရှောင်း( ကေအိုင်စီ)


ရွှေ့ပြောင်းမြန်မာ အလုပ်သမားများ၏ ပညာရေးအတွက် ရည်ရွယ်၍ အင်္ဂလိပ်နှင့် ထိုင်းဘာသာရပ်သင်တန်း တရပ်ကို ဘန်ကောက်မြို့ ခေါင်တိန်ဒေသ ဖဟာရုထိုင် လူငယ်ကက်သလစ်ကျောင်းတွင် သြဂုတ်လ ၈ နေ့က ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးးအဖွဲ့(OKRSO)မှ ဖွင့်လှစ်လိုက်သည်။

အဆိုပါသင်တန်းကို ၂၀၀၆ ခုနှစ်မှစတင်ကာ လေးလတစ်ကြိမ်ဖွင့်လှစ်ခြင်းဖြစ်ပြီး တက်ရောက်လိုသည့် ရွှေ့ ပြောင်းမြန်မာအလုပ် သမားများအတွက် အသက်အရွယ်၊ ပညာအရည်အချင်း အကန့်အသတ်မရှိဘဲ အားလုံး တက်ရောက်နိုင်အောင် အဓိကထားကာ သင်တန်းဖွင့်လှစ်နေခြင်းဖြစ်သည်ဟု OKRSO ၏ နာယက တစ်ဦးဖြစ် သူ စောစိပ်ပလောင်က ကေအိုင်စီသို့ ပြောသည်။

စောစိပ်ပလောင်က “ထိုင်းနိုင်ငံရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ကလေးတွေဟာ ပညာလို ချင်ပေမယ့် တချို့က စားဝတ်နေရေးကြောင့် အခက်အခဲရှိတဲ့ ကလေးတွေပါ။ ဒါတွေကို ဖြေရှင်းနိုင်ဖို့နဲ့ နောင်တချိန်မှာ သူတို့တွေ ပညာရေးမှာ အများနဲ့ ရင်ဘောင်တန်းနိုင်ဖို့ ရည်ရွယ်ဖွင့်လှစ်တာပါ”ဟု ပြောသည်။

ယခုဖွင့်လှစ်သည့် သင်တန်းတွင် တက်ရောက်သူ ၁၅၀ ကျော်ရှိပြီး ၎င်းတို့ကို ထိုင်းနှင့် အင်္ဂလိပ်စာ ရေး၊ ဖတ်၊ ပြောအတွက် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သင်ကြားပေးမည်ဖြစ်ကာ သင်တန်းကာလ လေးလကြာမြင့်မည်ဖြစ် သလို ဘာသာရပ်တစ်ခုစီအတွက် level ၃ ဆင့်အထိ သင်ကြားပေးမည်ဖြစ်သည်ဟု OKRSO က ဆိုသည်။

သင်တန်းတက်ရောက်မည့်သူတစ်ဦးဖြစ်သူ စောသအွာက “ ကျနော်က ပိုင်ကျုံမြို့နယ်ခွဲကပါ။ ကျနော်နေတဲ့ ရွာက ပညာရေးဘက်မှာ တော်တော်လေး ချို့တဲ့နေတယ်။ ကျနော်ဒီသင်တန်းကို တက်ပြီး တော့ တတ်နိုင်သမျှ ကိုယ်ရွာမှာ ပြန်ပြီး ပညာတွေကို ပြန်လည်ဝေငှချင်လို့ လာတက်တာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

OKRSO တနင်္ဂနွေအပတ်စဉ်သင်တန်းကျောင်းကို ထောက်ပံ့ပေးသည့် National Catholic Commission on Migration(NCCM)မှ ပညာရေး တာဝန်ခံဖြစ်သူ နန်းဖောင်အွာကလည်း လေးလတာသင်တန်းကာလအတွက် ထိုင်းဘတ်ငွေ ၅၀၀ ကို ကျောင်းဝင်ကြေးအဖြစ်ပေးသွင်းရမည်ဖြစ်ကာ ထိုင်းတက္ကသိုလ်ရှိ ဆရာများ၊ ရွှေ့ပြောင်းမြန်မာကျောင်းများမှ အတွေ့အကြုံရှိသူ ဆရာများက တာဝန်ယူသင် ကြားပေးမည်ဖြစ်ကြောင်း ပြောဆိုသည်။

ထို့အပြင် ယခုသင်တန်းနှင့်ပတ်သက်၍ နောက်လာမည့် အလားတူ သင်တန်းကာလများတွင် ကရင်စာပေများပါ ထည့်သွင်းသင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်နေကြောင်း OKRSO က ဆိုသည်။

OKRSO ကို ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော ကရင်လူမျိုးများဖြင့် ၁၉၉၂ ခုနှစ်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး လက်ရှိကရင်လူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကားများ ဖော်ထုတ်ခြင်း၊ သင်ကြားပေးခြင်းများပြုလုပ်သည်သာမက ပညာရေး ဆိုင်ရာ အသိပညာပေးသင်တန်းများ၊ စွမ်းရည်မြှင့်သင် တန်းများကို လုပ်ဆောင်လျှက်ရှိသည်။



Sunday, August 18, 2013

OKRSO ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော် ကျင်းပပြီးစီးခြင်း

ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ်တွင် ကျရောက်သော ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာတော်ကို ထိုင်းအသံလွှင့်ဠာန(Thai PBS)တွင် သြဂုတ်လ (၁၈)ရက်နေ့ နံနက်(၈း၀၀ မှ ညနေ ၄း၀၀အထိ OKRSO မှကြီးမှူးကျင်းပခဲ့ပါသည်။ ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်သို့ ထိုင်းနိုင်ငံရောက်OKRSO ကရင်အဖွဲ့ ဝင်များ၊ ကရင်လူမှုအဖွဲ့ အစည်းများ၊ကရင့်ရိုးရာနှင့်ယဉ်ကျေးမှုဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ များ ပအိုဝ့်တိုင်းရင်းသားလူငယ်များနှင့် တစ်ခြားသော မျိုးချစ်ကရင်လူငယ်လူထုများ တစ်ထောင်ခန့် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော် အခမ်းအနားမှတ်တမ်းဓာတ်ပုံများကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။











Wednesday, August 14, 2013

ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ် ဘန်ချလွန်ကရင့်ရိုးရာချည်ဖြူဖွဲ့  ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း

ကရင်သက္ကရာဇ် (၂၇၅၂) ခုနှစ် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အခမ်းအနားကို ၁၁၊၈၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိ ဘန်ချလွန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။

ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂပွဲတော် အခမ်းအနား ဖြစ်မြောက်အောင် တာဝန်ယူ ဦးဆောင်ပေးသော မာန်ကျဝ်သန်းထွန်းလေးက အဖွင့် အမှာစကားပြောကြားပြီး ၊အခမ်းအနားမှူးအဖြစ် စောထီ့ဝါးမှ တာဝန်ယူကျင်းပပေးခဲ့ပါသည်။

ဧည့်သည်တော်အဖြစ် ထိုင်းဥပဒေအရာရှိ Mr.Surapong ကလည်း နုတ်ခွန်း ဆက်အမှာစကားပြောကြား ပေးခဲ့ပြီး ဒိန်းမတ်နိုင်ငံမှပြန်လည်ရောက်ရှိလာသော OKRSO ဥက္ကဌဟောင်း မန်းအာကာကျော်ကလည်း အဖွင့်မိန့် ခွန်းစကားများဖြင့် အသီးသီးပြောကြားခဲ့ပါသည်။
ကရင့်ရိုးရာချည်ဖြူဖွဲ့ လိပ်ပြာခေါ်ပွဲ မှာတော့ နာမည်ကြီးကရင်အဆိုတော် အဲမိက်မှ လိပ်ပြာခေါ်အစီအစဉ် (ပျူးလာ ပျူးလာ ပျူးလာ) ရွတ်ဆိုဆုတောင်းပေးမှုဖြင့် ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲ အစီအစဉ်ကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။

အဲဒီနောက် ဖျော်ဖြေရေးအစီအစဉ်ဖြင့် အခမ်းအနားသို့  မြန်မာပြည်မှ နာမည်ကြီး ကရင် အဆိုတော်တစ်ချို့ နှင့် ထိုင်းနိုင်ငံမှ အဆိုတော်တစ်ချို့ လည်းလာရောက် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာယဉ်ကျေးမှု အနေဖြင့် OKRSO ကရင်လူငယ်ကျောင်းသားအဖွဲ့ မှ ကရင့်ရိုးရာ လိပ်ပြာခေါ်ဆိုပွဲအက ၊တောင်ယာဆူးထိုးအကဖြင့် သော်လည်းကောင်း ၊ OKCG ကရင်လူငယ်အဖွဲ့ ကလည်း ကရင့်ရိုးရာယဉ်ကျေးမှု အကဖြင့်အသီး သီးသွားရောက်ဖျော်ဖြေခဲ့ပါသည်။





OKRSO ဥက္ကဌဟောင်း မန်းအာကာကျော်မှ မိန့် ခွန်းနုတ်ဆက်စကားပြောကြားခြင်း


ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ


ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ
ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ



ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ


OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း


OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း


OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း


OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရန်ပုံငွေရှာဖွေခြင်း
OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း




(၆၃)နှစ်မြောက်ကရင့်အာဇာနည်နေ့ အောင်မြင်စွာကျင်းပခြင်း မှတ်တမ်းဓာတ်ပုံများ