Saturday, June 11, 2011
19 နစ်ပြည့် OKRSO နှစ်ပတ်လည်အထိမ်းအမှတ်အောင်မြင်စွာ ကျင်းပပြီးစီးခြင်း
ဇွန်လ (၁၄) ရက်နေ့ တွင် ကျရောက်မည့် ၁၉ နှစ်ပြည့် OKRSO
သက်တမ်းပြည့်အထိမ်းအမှတ်ကိုဇွန်လ (၁၁)ရက်နေ့ ညနေ (၆း၃၀) တွင်
OKRSO ရုံးတည်ရှိရာ ဘန်ကောက်မြို့ တွင် အောင်မြင်စွာ 
ကျင်းပပြီးစီးခဲ့ပါသည်။
 အခမ်းအနားအစီအစဉ်အရ
  • ရှေးဦးစွာ အခမ်းအနားမစခင်..ကရင်အမျိုးသားအလံကို အလေးပြုခြင်း
  • OKRSO ဥက္ကဌ စောအဲယှူးမှ အဖွင့် အမှာစကားပြောကြားခြင်း၊
  • OKRSO သမိုင်းကြောင်းနှင့်ဖြစ်ပေါ်လာပုံ၊ ဖွဲ့ စည်းရခြင်းရည်ရွယ်ချက်များကို ဆရာမ နန်းဖေါင်အွာ မှ ဖတ်ကြားသွားခြင်း၊
  • OKRSO ပညာရေးပုံမှန်လည်ပတ်နိုင်ရေးအတွက် အကူအညီထောက်ပံပေးသော အင်္ဂလိပ်ဆရာ Richard နှင့်ဆရာ Tommy တို့ မှ ၁၉ နှစ်ပြည့်OKRSO အထိမ်းအမှတ် အမှာစကားပြောကြားခြင်း ၊
  • စေတနာဝန်ထမ်းအဖြစ် ABAC မှ တက္ကသိုလ် ကျောင်းသား ၊ဆရာ Christ မှ မျိုးဆက်သစ် ကရင်လူငယ်များကို ကရင်အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွစေရေးအတွက် သြ၀ါဒပေးခြင်း၊
  • ပြည်ပရောက်ကရင်စာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ စောဘီးဘီမှ ၁၉ နှစ် ပြည့်OKRSO သက်တမ်းအထိမ်းအမှတ်အခမ်းအနားမှာ တက်ရောက်လာသော မျိုးဆက်သစ်ကရင်လူငယ်များအား ပိုးကရင်ဘာသာဖြင့် OKRSO ရေရှည်တည်တံ့နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်နိုင်ကြစေရန် စိတ်ဓာတ်အင်အားရရှိနိုင်ရေးအတွက် အားပေးစကားနှင့်လမ်းညွန်မှုများ ကို ရှင်းလင်းတင်ပြသွားခြင်း..
  • အခမ်းအနား သက်တမ်းပြည့် အထိမ်းအမှတ်ခွဲ အပြီးမှာ..တက်ရောက်လာသူများအားလုံးစည်းလုံးညီညွတ်ခြင်း သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းလိုက်ပါကြောင်း..ရေးသားတင်ပြလိုက်ပါသည်။ 
OKRSO စတင်တည်ထောင်စဉ်ကစလို့ ဒီနေ့ ၁၉ နှစ် ပြည့်သည့်ဒီနေ့ မှ စပြီး နောင်နှစ်ပေါင်းများစွာ အထိ...ရွှေရတု၊ ငွေရတု ၊စိန်ရတုအထိ OKRSO ဆက်လက်ခိုင်မြဲစွာ တည်တံပါစေကြောင်း..ဆုတောင်းလိုက်ပါသည်။
အခမ်းအနားမှ ဓာတ်ပုံတစ်ချို့ ကို အောက်မှာ ကြည့်ရှုအားပေးနိုင်ပါသည်၊
ကရင်အမျိုးသားအလံကို အလေးပြုခြင်း
အခမ်းအနားမှူးမှ အခမ်းအနားအစီအစဉ်ဖတ်ကြားခြင်း
စောဘီးဘီမှ မိန့် ခွန်းပြောကြားခြင်း
ကရင်အမျိုးသားစိတ်ဓာတ်မြင့်မားစေရန်အတွက် အားပေးစကားပြောကြားခြင်း
ဥက္ကဌ စောအဲယှူးမှ အဖွင့် မိန့် ခွန်းပြောကြားခြင်း
ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ဖွဲ့ စည်းရခြင်းရည်ရွယ်ချက်များကို ဆရာမ နန်းဖေါင်အွာမှ ဖတ်ကြားခြင်း
ရုံးထိုင်မှူးနန်းဖြူဖြူဝင်းမှ မိန့် ခွန်းပြောကြားခြင်း
ဆရာ Richard မှ ကျောင်းသူကျောင်းသားများကို သြ၀ါဒပေးခြင်း
ဆရာ Tommy မှ မိန့် ခွန်းပြောကြားခြင်း
စည်းလုံးညီညွတ်ခြင်းသီချင်းဖြင့် အခမ်းအနားရုတ်သိမ်းခြင်း
တက်ရောက်လာသူများအားလုံးနှင့် အမှတ်တရပုံ
အားလုံးကိုကျေးဇူးတင်ပါသည်။
Tuesday, June 7, 2011
သက်တမ်း 19နှစ်ပြည့် OKRSO အထိမ်းအမှတ်ကျင်းပမည့်အကြောင်း
သက်တမ်း ၁၉ နှစ်ပြည့်မည်ဖြစ်ပါသည်။
ဒီ ၁၉ နှစ်ပြည့် အစီအစဉ် အခမ်းအနားကတော့ သိပ်ပြီးထွေထွေ ထူးထူးမရှိပေမယ့်.. အနယ်နယ် အရပ်ရပ်မှာရှိသော OKRSO အဖွဲ့ ဝင်ဟောင်းများနှင့် လက်ရှိအဖွဲ့ ဝင်များအားလုံးသိရှိစေရန် ဒီနေရာကနေ အားလုံးကို အသိပေးပါသည်။
အဝေးရောက် OKRSO အဖွဲ့ ဝင်များအနေ နှင့် လည်း..OKRSO သမိုင်းကြောင်းနှင့် ပတ်သက်၍ လက်ရှိလူငယ်လူရွယ်များ သိသင့်သိထိုက်သော ဆောင်းပါးများဝေ ငှချင်တယ် ဆို ရင်ဖြင့်  ရေးသားပေးပို့ နိုင်ပါသည်။
ဘန်ကောက်မှ
OKRSO မိသားစု