Sunday, February 13, 2011

မေ့ပျောက်လို့ မရနိုင်သောနေ့ ရက်


ဖေဖေါ် ၀ါရီ (၁၄) နေ့  ချစ်သူများနေ့ မှာ ကရင်လူမျိုးအားလုံးအတွက် အမြဲတမ်း အမှတ်ရစေသော နေ့ တစ် နေ့ ဖြစ် တယ်…. အဲဒီနေ့ ရောက်တိုင်း ကျမတို့ ကရင်လူမျိုးစုတွေရဲ့ ရင်ထဲမှာ မမေ့ နိုင်စရာ၊ အောက်မေ့ ဖွယ် ရာဖြစ်ရပ်လေး တစ်ခု ကတော့  ကျမတို့ အားလုံးတွေရဲ့  နှလုံးသားထဲမှာသံမှိုစွဲသလို စွဲ ထင်ကျန်ရစ်နေပါ ရောလား……
ဖေဖေါ်ဝါရီ(၁၄) ရက်နေ့ ဆိုတာ ချစ်သူများနေ့အဖြစ်လောကကြီးထဲမှာရှိတဲ့လူသားတွေအားလုံး ပျော်ရွှင်ဖွယ်ရာ နေ့ တစ်နေ့  အ ဖြစ် သတ်မှတ် ခဲ့ ကြပါ တယ်သို့ သော်လည်း အဲဒီနေ့ ကို ချစ်သူ များနေ့ အဖြစ် ဆို ရိုးရှိခဲ့ ပြီးချစ်ခင် ကြင်နာသူအ ချင်းချင်းအမှတ်တရ လက်ဆောင် ပစ္စည်း များနှင့်  သူတို့ တွေရဲ့  အချစ်သင်္ကေတ တွေကို အ ချစ်ခံ ရသူများသိ အောင် အမှတ်တရ အ ဖြစ် ဖ လှယ်ပေးခဲ့ ကြပါ တယ်….
သို့ ပေ မယ့် လည်း အဲဒီနေ့ လို ပျော်ရွှင်စရာနေ့ တစ်နေ့ အ ဖြစ်ကနေ ၀မ်းနဲမှတ်တမ်းတင်ရသောနေ့  တစ် နေ့  အ ဖြစ် သို့ ပြောင်းလဲခဲ့ ရ သောကျမတို့ ကရင်လူမျိုးတွေရဲ့  ရင်ထဲ အသည်းနှလုံးထဲမှာ ဟိုး မနေ့ တစ်နေ့  ကလို ပဲ ဖြစ် ခဲ့ သ လို ကျ မ တို့  ရဲ့ မြင့် မြတ်လှတဲ့ မျိုးချစ် ခေါင်းဆောင် အာဇာနည် သူရဲကောင်း ပဒိုမန်းရှားလားဖန်း ရဲ လုပ်ကြံခံရမှု အတွက် ကျမတို့ ကရင်လူထုအားလုံး အတွက် သူ့ ရဲ့ အ ဖိုးမဖြတ်နိုင်သော ချစ်ချင်းများစွာ နဲ့  အသက်ပေးခဲ့  ရ သော နေ့  တစ်နေ့  အ ဖြစ် ၀မ်းနဲယူ ကျုံး မရဖြစ်ခဲ့ ရပါတယ်…….. ကရင်လူထု တစ်ရပ်လုံးကို ချစ် သောကျမတို့ ရဲ့  အာဇာနည် ခေါင်း ဆောင် ပဒိုမန်းရှာလားဖန်း က တော့ သူ့ ရဲ့ အသက် သွေးစီး ချောင်းနဲ့  သူချစ်တဲ့ ကရင် တစ်မျိုးသား လုံးကိုထာဝရ လက်ဆောင်တစ်ခုအ ဖြစ် အ သက်ပေးဆပ်သွားလေသ လား……
ကရင်တစ်မျိုးသားလွတ်မြောက် ပြီး ငြိမ်းချမ်းသောနိုင်ငံ သစ်တစ်ခု ရရှိ ဖို့ ကြိုးစားနေ ဆဲမှာပဲ ကြင်နာမှုကင်းလှသော၊ ရက်စက် ယုတ်မာသော လူ တစ်စု ကြောင့် ဒို့ ကရင် တစ်မျိုးသားလုံး လေးစားလှသော အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှာ လားဖန်းကို သေနတ်နဲ့ ရက်စက်စွာ ပြစ် သတ် ခဲ့ ပြီးသွေးချောင်း စီးခဲ့  ရသောနေ့ တစ်နေ့ ကို ဘယ်သူ မေ့ နိုင်မှာလဲ…..
ဘာကြောင့်အဲဒီလို လုပ်လိုက်ရတာလဲ? သူ့ တို့  တွေမှာရောတ ကယ်ဘဲ မျိုးချစ်စိတ် သနားညာ တာသောစိတ်ပျောက်ဆုံး ကုန်လေရော့သလား……………
 မျိုးချစ်စိတ်ဓာတ်ရှင်သန် ထက်မြက် အောင် ကျမတို့ ရဲ့  ကရင်လူငယ်တွေကို မွေးထုတ် ပေး သော ဒို့  ကရင် ခေါင်းဆောင် မျိုးချစ်အာဇာနည် ပဒို မန်းရှာလားဖန်းကို ဒီလို တရားမျှ တမှု ကင်းသော လုပ်ရပ် ကြောင့်  ကရင်လူမျိုးတွေရဲ့  နှလုံးသားမှာ ဘယ်တော့ မှမေ့ ပျောက်ပြစ် လို့ မရသော ဂန္ဓ၀င်ကျောက်တိုင်အဖြစ် မိမိတို့ ရဲ ကိုယ်စီနှလုံးသားထဲမှာ ရာသက်ပန်စွဲထင်ကျန်ရစ်နေမှာပါ။
ကျမတို့ ချစ်လှစွာသောမျိုးချစ်ခေါင်းဆောင်ပဒိုမန်းရှာလားဖန်းကို သူမရှိတော့ ပေမဲ့ သူရှိခဲ့တုန်းကလို ပဲ သူမျော်လင့် ခဲတဲ လွတ်လပ်သော ဒီမိုကရေစီ ငြိမ်းချမ်းရေးရရှိဘို့ အတွက် ကျန်ရှိနေသေးသော ကရင်ခေါင်း ဆောင်များနှင့် ကရင် လူငယ်များအားလုံးတက်ညီလက်ညီ လို ရာပန်းတိုင် ရောက်ရှို ဘို့ အ တူတကွ လက်တွဲပြီး ကြိုးစားသွားကြ မှပါ ….ကရင်မျိုးချစ်အာဇာနည်ပဒိုမန်းရှာလားဖန်း ကောင်းရာ  သုဂတိလားပါ စေ

ပဒိုမန်းရှာလားဖန်းအတွက်
မီးလင်းဖြူ   (ဖေဖေါ်ဝါရီ ၁၄ ရက်) ၂၀၁၁