Monday, August 23, 2010

ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း


အိုကေအာအက်စ်အိုမှကြီးမှူးကျင်းပသော ကရင့်ရိုးရာချည်ဖြူ ဖွဲ့ ပွဲအခမ်းအနားကိုသြဂုတ်လ ၂၂ ရက်      နေ့ တွင်နောင်လကန် (ကတိုင်ထောင်)ဘုန်းကြီးကျောင်း၊ဒေါင်ထလိုင်ရပ်ကွက်၊ပါထော်မြို့ နယ်  လပ်ဘူရီခရိုင် တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနားကို မနက် ၉း၀၀ အချိန်တွင် ထိုင်းအမျိုးသားအလံနှင့်ကရင့်အမျိုးသားအလံကို
အလေးပြုပြီး အကျန်ဝတ်ဘိုလိုမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါသည်။။ 

 အခမ်းအနားသို့ တက်ရောက်လာသော မျိုးချစ်ကရင်လူမျိုးများကို လပ်ဘူရီနယ်မြေခံမှ ပိုးကရင်ဘာသာဖြင့်အကျန်ဝတ်ဘိုလိုက ကရင်လူမျိုးများနှင့်ပတ်သက်ပြီးသိမှတ်ဖွယ်ရာ အသိပညာ၊ဗဟုသုတတွေကို ဝေမျှပြောဆိုသွားပြီး စကောကရင်ဘာသာဖြင့် ဆရာမောရစ် မှ ကရင့်ရိုးရာချည်ဖြူ့ ပွဲအကြောင်းသိမှတ်ဖွယ်ရာများကို မိန့် ခွန်းပြောကြားခဲ့ ပါသည်။


ပရိတ်သတ်ပေါင်းအယောက်တစ်ထောင်နီးပါးတက်ရောက်ပြီးဘောလုံးအားကစားဝါသနာ
ရှင်များအနေဖြင့်ဘောလုံးအသင်း(၁၈)သင်းပြိုင်ပွဲဝင်ကစားခဲ့ကြပါသည်။။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲလှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်ကြည့်ရှုနိုင်ပါသည်။။