Friday, September 11, 2009

နန်းအေးအေးသန့်ကိုယ်ရေးအကျဉ်း


နန်းအေးအေးသန့်ကိုယ်ရေးအကျဉ်း



နန်းအေးအေးသန့်ကို ဖာသိမ်ကျေးရွာ၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ် တွင် အဖ စောကလယ်ဦး၊ အမိနော်တင်သိန်း တို့မှ ၁၉၇၅ ခုနှစ်တွင်မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်ရှိသည့်အနက် စတုထ္တမြောက် သမီးဖြစ်သည်။ အခြေခံပညာအလယ်တန်းကို ဖာသိမ်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင်အောင်မြင်ပြီး အထက်တန်းကို မော်လမြိုင်မြို့ အထက (၃) တွင်အောင်မြင်ခဲ့သည်။ မော်လမြိုင်တက္ကသိုလ်တွင် ရူပဗေဒ ဘာသာရပ်ဖြင့် ဒုတိယနှစ်အထိပညာသင်ယူဆည်းပူးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၉၉ ခုနှစ်မှစ၍ OKRSO ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင်ထိုင်း-မြန်မာနယ်စပ်ရှိ ခေါင်းဆောင်ပိုင်းဆိုင်ရာ သင်တန်းကို တက်ရောက် ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ICFC ကိုတက်ရောက်သင်ကြားခွင့်ရရှိခဲ့ပြီး GED အောင်လက်မှတ် ကိုရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ Rangsit University ၌ နိုင်ငံရေး၊ ဖီလော်ဆော်ဖီ၊စီးပွားရေး ၃ ဘာသာတွဲ ဘာသာရပ်ဖြင့် ပညာဆက်လက်သင်ကြားခဲ့ရာ နောက်ဆုံးနှစ်ရောက်သည်အထိသာ ပညာသင်ယူနိုင်ခဲ့ပါသည်။
OKRSO's မိသားစု

ချစ်ရဲဘော်သို့ အမှတ်တရ (၂)

(ချစ်ရဲဘော်သို့ အမှတ်တရ ဒုတိယပိုင်း)








ကျနော်တို့ သည် လာမည့် ၉ လပိုင်း ၁၃ ရက်နေ့ မှာ အဖွဲ့ ၏ဆုံးဖြတ်ချက်အရ ဘ၀တပါးသို့  ပြောင်းသွားသော အဖွဲ့  ၀င်တဦးဖြစ်သည့် “နန်းအေးအေးသန့် ” (ခ) ဒေါ်ပြာကို ရည်စူး၍ ဗုဒ္ဓဘာသာတို့ ၏ဓလေ့ထုံးစံအရ သူ့ မအတွက် ကောင်းမှုကုသိုလ် အလှူဒါန ရေစက်ချ အမျှပေးဝေရခြင်းဖြစ်သည်။
နန်းအေးအေးသန့်  (ခ)ဒေါ်ပြာ သည် သူမ၏ အသက်ရှင်စဉ်ကာလတုန်းက ရုံးမှာ လုပ်စရာရှိတာတွေကို


ဝိုင်းလုပ်ခဲ့ကြသည်။ မောင်နှမခြားမိသားစုလိုမျိုး အပြောင်အပျက် ပြောမနာဆိုမနာနှင့် တစ်ဦးနှစ်တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေထိုင်ကြတဲ့အချိန်ကာလကြီးမှာ လက်ချိုးရေတွက်ကြည့်လိုက်တော့မှ ဆယ်စုနှစ်တစ်ခုကောင် ကျော်လွန်လာခဲ့လေပြီ။



ကျနော်တို့ အဖွဲ့ ၏ လူမှုရေးလုပ်ငန်းသည် ဆယ်စုနှစ်တစ်ခုတောင် ဖြတ်သန်းလာခဲ့ပြီး ဆယ်စုနှစ်တစ်ခု မဖြတ်သန်းခင်ကာလတုန်းက လူမှုရေးအဖွဲ့ အစည်း ရပ်တည်နေနိုင်ရေးကို အလူးအလဲရုန်းကန်နေကြရသည်။ အဖွဲ့  ၏သမိုင်းဖြတ်သန်းမှုအထဲတွင် နန်းအေးအေးသန့် (ခေါ်)ဒေါ်ပြာဆိုသူလည်း ပါဝင်ခဲ့ကြသည်။
ဤဖြတ်သန်းတွေအားလုံးသည် သူမတစ်ယောက်တည်းမကပါ။ အဖွဲ့ သူအဖွဲ့ သား မျိုးချစ်ကရင်လူငယ်အများအပြား ပါဝင်ခဲ့ကြသည်။ ဒါတွေအားလုံးကို ကျနော်တို့  ကရင်လူငယ်များတို့ ၏ သမိုင်းပေးတာဝန်တစ်ခုလို့  ခံယူကြရသည်။



ဒီဖြတ်သန်းမှုတွေအားလုံးကို ခြုံကြည့်လိုက်တော့ ဒါဟာ သမိုင်းဖြစ်သည်။ သမိုင်းပေးဘ၀တစ်ခု၏ ဖြတ်သန်းမှုသည် ဆင်းရဲပင်ပန်းခြင်း၊ ရှုံးဆုံးနစ်နာခြင်း၊ ၀မ်းသာကြည်နူးခြင်းနှင့် အကောင်းနှင့်အဆိုး အမြဲတမ်းဒွန်တွဲနေကြသည်။



နန်းအေးအေးသန့် (ခေါ်)ဒေါ်ပြာလိုမျိုးအမျိုးသမီးသည် သူ့ မဘ၀နှင့် လူမှုရေးအဖွဲ့ အစည်းတို့  ၏ သမိုင်းဖြတ်သန်းမှု ၁၉၉၉ ခုနှစ်တုန်းက တရွေ့ ရွေ့  ကျနော်မြင်ယောင်လာခဲ့သည်။



ဆက်ရန်ရှိသည် -မျှော်
စောစိပ်ပလောင်