Sunday, January 2, 2011

ကရင်နှစ်သစ်ကူးနေ့ ကိုအောင်မြင်စွာကျင်းပပြီးစီးခြင်း

(၂၇၅၀) ခုနှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ဒီဇင်ဘာလ (၂၆) ရက်၊ ဘန်ကောက်တွင်ရှိသော OKRSO အဖွဲ့ မှဦးဆောင်ပြီးအောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။ အခမ်းအနားအဖွင့် မိန့် ခွန်းကို OKRSO 's chairperson စောဇော်ဇော်မှအဖွင့် မိန့် ခွန်းပြောကြားပြီး၊ ကရင်နှစ်သစ်သ၀ဏ်လွာ ကို အထွေထွေအတွင်းရေးမှူးမှ ဖတ်ကြားခဲ့ ပါသည်။


ကရင်နှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်းကို ကရင်လို နန်းဆောင်ထီ့ ဖေါင်မှဖတ်ကြားခဲ့ ပြီး ကရင်နှစ်သစ်ကူးနေ့ ကောက်သစ်စားပွဲရွတ်ဆိုခြင်းတစ်ရပ်ကိုတော့ ဘားအံမှနာမည်ကြီးအဆိုတော် စောကျော်လိက်သိင့်မှရွတ်ဆိုခဲ့ ပါသည်။ အခမ်းအနားကို ဧည့်ပရိတ်သတ်ပေါင်းအယောက် ၅၀၀ နီးပါးတက်ရောက်ခဲ့ ပါသည်။ကရင်ပြည်နယ်မှ နာမည်ကြီးအဆိုတော်များဖြစ်သော စောကျော်လိက်သိင့်၊ မူးထွန့်အွာ၊သိင်းလားဘောင် တို့ မှနာမည်ကြီးသီချင်းများဖြင့်တတ်ရောက်ဖျော်ဖြေခဲ့ ပါသည်။

ဘန်ကောက်မှ OKRSO ကျောင်းသားလူငယ်ဒုံးအဖွဲ့ နှင့် ပြည်ပရောက်ကရင့် ရိုးရာစာပေနှင့်ယဉ်ကျေးမှု ဆိုင်ရာဒုံးအဖွဲ့ ၊ကရင့်စောင်းတူရိယာတီးခတ်ဖျော်ဖြေတင်ဆက်ခြင်းနှင့် အခြားသော ခေတ်သစ်ရိုးရာဝတ်စားဆင်ယဉ်မှုပြပွဲနှင့် အားကစားပြိုင်ပွဲ တစ်ချို့ ကို စုံလင်စွာ ကျင်းပခဲ့ ပါသည်။။


အခမ်းအနား လှုပ်ရှားမှုဓာတ်ပုံများကို
အောက်မှာကြည့်ရှုနိုင်ပါတယ်.....