Tuesday, February 8, 2011

ကရင်စာပေနှင့်ယဉ်ကျေးမှုဆိုင်ရာနှီးနှောဖလှယ်ပွဲ ကျင်းပပြီးစီးခြင်း

January 30,2011 နေ့ ရက်တွင်OKRSO မှကြီးမှူးကျင်းပသော ကရင်စာပေနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲတစ်ရပ်ကို  ကရင်စာပေနှင့်ယဉ်ကျေးမှုကိုချစ်မြတ်နိုးသော ဘန်ကောက်ရောက်မျိုးဆက်သစ် ကရင်လူငယ်များဖြစ်ကြသော ဒုံရင်းမျိုးဆက်သစ်လူငယ်များ
တိုးတက်ပြန့် ပွားရေးအသင်း၊ဖေါ့လာခေါင် (ရဟိုင်း)အသင်း၊ဖေါင်ယှူးခလိန်း (မဟာချိုင်)မျိုးဆက်သစ်များအသင်း၊တကော်ခီမျော်စိန်မျိုးဆက်သစ်များအသင်း၊ OKRSO မျိုးဆက်သစ်များ၊ပြည်ပရောက်ကရင်စာပေနှင့်ယဉ်ကျေးမှု (OKCG) အသင်းနှင့်ပြည်တွင်းမှနာမည်ကြီးအဆိုတော်များဖြစ်ကြသော စောကျော်လိက်သိင့်၊နန်းသိန်းလားဘောင်နှင့်နန်းမူးထွန့် အွာတို့ အသီးသီးတက်ရောက်ခဲ့ပါတယ်....
ဒီနှီးနှောဖလှယ်ပွဲ သို့ တက်ရောက်လာသောလူငယ်အများစုမှာ ထိုင်းနိုင်ငံတွင် ကရင်စာပေနှင့်ယဉ်ကျေးမှုတိုးတက်ပြန့် ပွားရေးအတွက် တတ်နိုင်သည့်ဘက်မှ ထိန်းသိမ်းမြှင့်တင်နိုင်ဘို့ တွေကို ရည်ရွယ်ပြီးပြုလုပ်ရခြင်းဖြစ်ပါတယ်...

ကရင်လူမျိုးတွေ မိမိတို့ ဘယ်နေရာဘယ်ဒေသရောက်ရောက် မိမိတို့ ရဲ့ ဘာသာ၊စာပေ၊ဘိုးဘွားအမွေအနှစ်နှင့်ရိုးရာယဉ်ကျေးမှုတွေကို ထိန်းသိမ်းစောင့်ရှောက်မှသာလျှင် အနာဂတ်မှာ  ကရင်လူမျိုးအားလုံးအတွက်ကိုယ်ပိုင် ဘာသာ၊စာပေ၊ယဉ်ကျေးမှုတွေမပျောက်ဆုံးမှာဖြစ်ပါတယ်။
ဆွေးနွေးပွဲမှာ ကရင်လူငယ်များအားလုံး ၁၂၀ နီးပါးတက်ရောက်ခဲ့ပါတယ်... တက်ရောက်လာသောလူငယ်များအားလုံးကလည်း မိမိတို့ ရဲ့ သဘောထားအမြင်တွေကို စိတ်အားထက်သန်စွာနှင့်ဝင်ရောက်ဆွေးနွေးခဲ့ကြတာတွေက အားကျစရာကောင်းလှပါတယ်။ ဒီလိုအခွင့်အရေးမျိုးနောက်ထပ် ရရှိဘို့ ဆိုတာကလည်းအားလုံး
ရဲ့ အပေါ်မှာမူတည်ပြီး ပြည်တွင်း၊ပြည်ပကရင်လူငယ်များအားလုံးအမြဲတမ်းချိတ်ဆက်နိုင်ဘို့ အတွက် အလွန်အရေးကြီးလှပါတယ်။

ဆွေးနွေးပွဲ လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်....

ဝေဖန်အကြံပြုစာများပေးပို့ ချင်ရင်တော့ okrso_karen@hotmail.com သို့ ပေးပို့ နိုင်ပါတယ်။



OKRSO မိသားစု
ဘန်ကောက်