မတ်လ (၃၁)ရက် ခေါင်တိုင်ဘုရားရှိခိုးကျောင်း Sacred Heart Convent School တွင် မနက် ၁၀း၃၀ အချိန်တွင် ဖွင့်လှစ်ခဲ့ပါသည်။
ကျောင်းသူ၊ကျေားသားပေါင်း (၈၀)ကျော်လာရောက်စာရင်းသွင်းကျောင်းအပ်ထားပါသည်။
ထိုင်းစာကို မနက် ၉း၀၀နာရီကနေ ၁၂း၀၀ အထိ
အင်္ဂလိပ်စာကို မွန်းလွှဲ ၁း၀၀ နာရီကနေ ညနေ ၄း၀၀ ထိ သင်ကြားပေးမှာဖြစ်ပါသည်။
သင်တန်းကာလကို (4)လကြာမြင့်မည်ဖြစ်ပါသည်။
OKRSO Sunday School သင်တန်းကျောင်းကို ၂၀၀၃ ခုနှစ်မှ စတင်ဖွင့်လှစ်လာခဲ့ပြီး အခုဆိုလျှင် (၁၀)နှစ်နီးပါးတိုင်အောင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။
Sunday School သင်တန်းကျောင်းမှတဆင့် အဆင့်မြင့်ပညာရေးကို ဆက်လက်လေ့လာနိုင်အောင် ထိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်အထိဆက်လက်ပညာသင်နိုင်အောင်လည်း OKRSO မှလမ်းညွှန်မှုပြုလုပ်ပေးပါသည်။
တစ်ချို့ သော OKRSO Sunday School သင်တန်းကျောင်းဆင်းကျောင်းသူ၊ကျောင်းသားများကလည်း...တက္ကသိုလ်တွင် ဘွဲ့ ရရှိသည်အထိရှိပြီး...တစ်ချို့ လဲ လောလောဆယ် အပြည်ပြည်ဆိုင်ရာ တက္ကသိုလ်တွင် ဆက်လက်ပညာသင်နေဆဲ လည်းရှိပါသည်။
ထိုင်းနိုင်ငံနယ်စပ်မဲဆောက်မြို့ တွင်လည်း..post-ten ကျောင်းသူ၊ကျောင်းသားများအဖြစ်ပညာသင်နေဆဲ OKRSO အဖွဲ့ ဝင်လည်းရှိပါသည်။
OKRSO Sunday School သင်တန်းကျောင်းဖွင့်လှစ်ခြင်းအခမ်းအနားလှုပ်၇ှားမှုဓာတ်ပုံများကို အောက်မှာဆက်လက်ကြည့်ရှုနိုင်ပါသည်။




