
အတီးပဒိုမန်းရှာလားဖန်း ရုတ်တရက်မကွယ်လွန်မီ(၁)နာရီခန့်အချိန်မှာ စာရေးသူနဲ့ပဒိုမန်းရှာတို့
သတင်းကိစ္စတခုအတွက် အင်တာဗြူးလုပ်ခဲ့ကြပါတယ် အင်တာဗြူးအပြီးမှာတော့ထွေရာလေးပါးတွေ ပြောဆိုခဲ့ကြပါတယ် အဲဒီမှာအတီးမန်းရှာက ရုတ်တရက် စကားဖြတ်ပြီး စာရေးသူကို "မန်း OKRSO ကလူငယ်တွေကို ပြန်ပြီးစုစည်းပါအုံး ဒီလူငယ်တွေက အမျိုးသားရေးအတွက် တကယ်တက်ကြွတဲ့လူငယ်တွေဖြစ်တယ် တခုဘဲသူတို့မှာနိုင်ငံရေးအားနည်းနေတယ် အဲဒီအတွက် အားလုံးပြန်ပြီးစုစည်းစေချင်တယ်"လို့ပြောပါတယ် ဒီစကားဟာOKRSO အဖွဲ့အပေါ်မှာ ထားရှိတဲ့သူရဲ့ဆန္ဒကို မကွယ်လွန်မီအချိန်လေးမှာ နောက်ဆုံးပြောသွားခဲ့တာပါ ဒါကြောင့်လက်ရှိ ထိုင်းမှာရှိနေတဲ့ OKRSO အဖွဲ့ဝင်တွေနဲ့ နိုင်ငံတကာကိုရောက်နေတဲ့ အဖွဲ့ဝင်တွေအားလုံးကို ဆန္ဒပြုချင်တာကတော့ အားလုံးအတွက် အတီးမန်းရှာပြောခဲ့တဲ့ သူဖြစ်စေချင်တဲ့ဆန္ဒကို ၀ိုင်းဝန်းပြီးအကောင်အထည်ဖေါ်ကြိုးပမ်းကြစေချင်ပါတယ်။
အတီးကိုလေးစားတဲ့လူတွေအားလုံး အတီးဆန္ဒနဲ့ရည်မှန်းချက်ကို အကောင်အထည်ဖေါ် ဆောင်ရွက်မယ်ဆိုရင် နတ်သမီးတွေကြားထဲက အတီးမန်းရှာပြုံးပျော်ကျေနပ်နေမှာပါ။
မြနှယ်စိမ်းစိမ်း (အင်းစိန်)
No comments:
Post a Comment