Wednesday, December 16, 2009

ညောင်လေးပင်ခရိုင်တွင် KNU မှကရင်နှစ်သစ်ကူးပွဲနေ့အခမ်းအနားကျင်းပ


ယနေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ် (၂၇၄၉) ခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအ နားတရပ်ကို (ကေအင်ယူ)မှ ညောင်လေးပင်ခရိုင်တွင် ကျင်းပခဲ့ရာ ကရင်အမျိုးသား (၁၅၀၀) ခန့်တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) လက်အောက်ခံ တပ်မဟာ(၃)အခြေစိုက် ညောင် လေးပင်ခရိုင်၏ ကျောက်ကြီးမြို့နယ်တွင် ကျင်းပခဲ့ပြီး ဒေသခံကရင်အမျိုးသားများက နှစ် သစ်ကူးဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်ဟု ခရိုင်တာဝန် ရှိသူတဦးကပြောသည်။

ညောင်လေးပင်ခရိုင်၏ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (FBR)၏ တာဝန်ခံ စောစန်း က"အခမ်းအနားကို ဒီမနက်တပ်ရင်း(၉) စစ်ရေးပြကွင်းမှာလုပ်တယ် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောပလယ့်နဲ့ ကျောက်ကြီးမြို့နယ်ဥက္ကဌပဒိုနဲထူးဗျိုင်း တို့တက်ရောက်ပြီးနှစ်သစ်ကူးမိန့်ခွန်း ပြောတယ် ပရိတ်သတ် ကတော့(၁၅၀၀)နီးပါးရှိတယ်"ဟုရွှေဖားစည် သို့ပြောသည်။

နယ်မြေဒေသ၏ လုံခြုံရေးအခြေအနေအရ ပွဲကျင်းပရာတွင် အခက်အခဲအချို့ရှိသော်လည်း ဒေသခံ ကရင်အမျိုးသားများ ထောင်ချီလာရောက်ခဲ့ကြပြီး မည်သည့်ပြဿနာမှမရှိဘဲ အောင် မြင်စွာကျင်းပနိုင်ခဲ့သည်ဟုလည်းပြောသည်။

ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတရပ်ကိုလည်း တပ်မဟာ(၅)အခြေစိုက် ဖါပွန်ခ ရိုင်တွင်ခမ်းနားစွာကျင်းပပြုလုပ်ခဲ့သည်ဟုကေအင်ယူ၏အဆင့်မြင့်ခေါင်းဆောင်တဦးကပြောသည်။

ကရင်နှစ်သစ်ကူးနေ့အတွက် ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော ပြောကြား သောမိန့်ခွန်းတွင် ကရင်အမျိုးသားများ ဖိနှိပ်ကျွန်ပြုမှုအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေး အရနိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲတစိတ်တ၀မ်းတည်း စည်းလုံးညီညွတ်ကြရန်နှင့် ရန်သူများ၏ လိမ်လည်လှည့်စားမှုများကို အထူးသတိရှိရန် တိုက်တွန်းပြောကြားထားသည်။

မဲဆောက်ဒေသတွင်းရောက် ကရင်အမျိုးသားများကလည်း နှစ်သစ်ကူးအခမ်းအနားများကို ကျင်းပကြပြီး ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်း(၇)ခုတွင်လည်း ကျင်းပပြုလုပ် ခဲ့ကြသည်။


No comments:

Post a Comment