Monday, August 23, 2010
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း
အိုကေအာအက်စ်အိုမှကြီးမှူးကျင်းပသော ကရင့်ရိုးရာချည်ဖြူ ဖွဲ့ ပွဲအခမ်းအနားကိုသြဂုတ်လ ၂၂ ရက် နေ့ တွင်နောင်လကန် (ကတိုင်ထောင်)ဘုန်းကြီးကျောင်း၊ဒေါင်ထလိုင်ရပ်ကွက်၊ပါထော်မြို့ နယ် လပ်ဘူရီခရိုင် တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားကို မနက် ၉း၀၀ အချိန်တွင် ထိုင်းအမျိုးသားအလံနှင့်ကရင့်အမျိုးသားအလံကို
အလေးပြုပြီး အကျန်ဝတ်ဘိုလိုမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါသည်။။
အခမ်းအနားသို့ တက်ရောက်လာသော မျိုးချစ်ကရင်လူမျိုးများကို လပ်ဘူရီနယ်မြေခံမှ ပိုးကရင်ဘာသာဖြင့်အကျန်ဝတ်ဘိုလိုက ကရင်လူမျိုးများနှင့်ပတ်သက်ပြီးသိမှတ်ဖွယ်ရာ အသိပညာ၊ဗဟုသုတတွေကို ဝေမျှပြောဆိုသွားပြီး စကောကရင်ဘာသာဖြင့် ဆရာမောရစ် မှ ကရင့်ရိုးရာချည်ဖြူ့ ပွဲအကြောင်းသိမှတ်ဖွယ်ရာများကို မိန့် ခွန်းပြောကြားခဲ့ ပါသည်။
ပရိတ်သတ်ပေါင်းအယောက်တစ်ထောင်နီးပါးတက်ရောက်ပြီးဘောလုံးအားကစားဝါသနာ
ရှင်များအနေဖြင့်ဘောလုံးအသင်း(၁၈)သင်းပြိုင်ပွဲဝင်ကစားခဲ့ကြပါသည်။။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲလှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်ကြည့်ရှုနိုင်ပါသည်။။
Friday, August 13, 2010
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အောင်မြင်စွာကျင်းပပြီးစီးခြင်း
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ(၁၂) ရက်၊၂၀၁၀ တွင်ပြည်ပရောက်မျိုးချစ်လူငယ်များက ဘန်ကောက်တစ်နေရာတွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ပြည်ပရောက်ကရင်အမျိုးသားလူငယ်အဖွဲ့ များအားလုံးဝိုင်းဝန်းပါဝင် ပူးပေါင်းတဲ့အတွက် ကျမတို့ အိုကေအာအက်စ်အို အနေ နဲ့ အရမ်းပဲကျေးဇူးတင်ပါတယ်......
အခမ်းအနားကို မနက်၉း၀၀ နာရီမှာစတင်ပြီး မနက် ၁၁း၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ ပါတယ်... ကရင့်အာဇာနည်နေ့ လှုပ်ရှားမှုဓာတ်ပုံတွေကို အောက်မှာကြည့်ရှုနိုင်ပါ
တယ်။။။
အခမ်းအနားမှတက်ရောက်လာသောမျိုးချစ်လူငယ်များအမှတ်တရပုံရိပ်
အားလုံးကိုကျေးဇူးအထူးတင်ရင်း
ပြည်ပရောက်မျိုးချစ်လူငယ်များ
OKRSO

အခမ်းအနားမှူးနန်းကြည်ကြည်ဝင်းမှအခမ်းအနားအစီအစဉ်ကိုဖတ်ကြားခြင်း် |
ကျဆုံးသွားသောစောဘဦးကြီးနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအားဂါရ၀ပြုခြင်း |
လေးစားရသောတိုင်းရင်းသားတစ်ယောက်အကြောင်းကို စောသမော့အဲမှဖတ်ကြားခြင်း |
စောဘဦးကြီးမိန့်ခွန်းတစ်ချို့ ကောက်နုတ်ချက်ကိုစောလူးဘွေဒို မှဖတ်ကြားခြင်း |
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အဖွင့်မိန့် ခွန်းကိုကရင်စာပေနှင့်ယဉ်ကျေးမှုတာဝန်ခံ စောဘီးဘီမှပြောကြားခြင်း |
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အပိတ်မိန့် ခွန်းကိုအထွေထွေအတွင်းရေးမှူးချုပ်နန်းဖေါင်အွာမှပြောကြားခြင်း |
အခမ်းအနားမှတက်ရောက်လာသောမျိုးချစ်လူငယ်များအမှတ်တရပုံရိပ်
အားလုံးကိုကျေးဇူးအထူးတင်ရင်း
ပြည်ပရောက်မျိုးချစ်လူငယ်များ
OKRSO
Wednesday, July 14, 2010
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်ဖိတ်ကြားခြင်း
OKRSO မှဦးဆောင်ကျင်းပမဲ့ (၂၇၄၉) ခုနှစ်၊ချည်ဖြူဖွဲ့ ပွဲတော်အတွက် အားလုံးသောမိတ်ဆွေများကို ဒီ ကနေ လေးစားစွာအသိပေးဖိတ်ကြားအပ်ပါတယ်....
ပွဲတော်ရဲ့ အသေးစိတ်အစီအစဉ်တွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်...
ပွဲတော်အတွက်လိုအပ်မယ့်အကြံပြုစာတွေ။စာတမ်းတွေကို မောင်နှမများပေးပို့ ချင်ရင်တော့
okrso_karen@hotmail.com မှာပေးပို့ လို့ ရပါတယ်....
အားလုံးသောမျိုးချစ်ကရင်မောင်နှမများကို လေးစားစွာဖိတ်ကြားရင်း...........
ကရင့်ရိုးရာပွဲတော်ကို အတူတူဆင်နွဲကြပါစို့ .........
ဘန်ကောက်မှ အိုကေအာအက်စ်အိုမိသားစု

Monday, July 5, 2010
ဇွန်လကွန်ပြူတာသင်တန်းအောင်မြင်စွာပြီးဆုံးခြင်း
OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တစ်လပြည့်ကွန်ပြူတာနှင့်အင်္ဂလိပ်စာသင်တန်းကိုဇွန်လ (၇) ရက်နေ့ မှဇွန်လိုင်လ( ၄ )ရက်နေ့ အထိ တစ်လတာကွန်ပြူတာကျောင်းဆင်းပွဲအခမ်းအနားကို
ဇွန်လိုင်လ (၄) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်.......
သင်တန်းမှာအခြေခံကွန်ပြူတာနှင့်အခြေခံအင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး
စနေနေ့ မှာတော့ကရင်စာပေကိုသင်ကြားပေးပါတယ်........
ဒီသင်တန်းတစ်သုတ်မှာကျောင်းသူကျောင်းသား (၁၀) ယောက်စီနှင့် ဖွင့်လှစ်သင်ကြားပေးပြီး
ကျောင်းသူ၊ကျောင်းသားတွေ ရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သင်ယူလေ့လာနိုင်ရေးအတွက် အိုကေအာအက်စ်အိုက အခြေခံကျကျတတ်သင့်တတ်ထိုက်တဲ့ လိုအပ်မှုတွေ ဖြည့်ဆည်း
ပေးခဲ့ တာဖြစ်ပါတယ်.............
သင်တန်းဆင်းပွဲအခမ်းအနား လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်...
မေလကွန်ပြူတာသင်တန်းအောင်မြင်စွာပြီးဆုံးခြင်း
OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တစ်လပြည့်ကွန်ပြူတာနှင့်အင်္ဂလိပ်စာသင်တန်းကိုမေလ ၅ ရက်နေ့ မှဇွန်လ ၅ရက်နေ့ အထိ တစ်လတာကွန်ပြူတာကျောင်းဆင်းပွဲအခမ်းအနားကို
ဇွန်လ ၅ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်.......
သင်တန်းမှာအခြေခံကွန်ပြူတာနှင့်အခြေခံအင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး
စနေနေ့ မှာတော့ကရင်စာပေကိုသင်ကြားပေးပါတယ်........
သင်တန်းတစ်သုတ်မှာကျောင်းသူကျောင်းသား (၈) ယောက်စီနှင့် ဖွင့်လှစ်သင်ကြားပေးပြီး
ကျောင်းသူ၊ကျောင်းသားတွေ ရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သင်ယူလေ့လာနိုင်ရေးအတွက် အိုကေအာအက်စ်အိုက အခြေခံကျကျတတ်သင့်တတ်ထိုက်တဲ့ လိုအပ်မှုတွေ ဖြည့်ဆည်း
ပေးခဲ့ တာဖြစ်ပါတယ်.............
နောင်အခါမှာသူတို့လေးတွေအားလုံးကရည်မှန်းချက်တွေ ကိုယ်စီနှင့်
အနာဂတ်ဘ၀တက်လမ်းအတွက်တစ်စုံတစ်ခုကိုမိမိရရစုပ်ကိုင်ရရှိလိမ့်မယ်
လို့ မျှော်လင့်မိပါတယ်.........
သင်တန်းဆင်းပွဲအခမ်းအနား လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်...
အကြံပြုချက်များပေးချင်လို့ ရှိရင် okrso_karen@hotmail.com ကို
ဆက်သွယ်အကြံပြုနိုင်ပါတယ်.....

အပတ်စဉ် တနင်္ဂနွေကျောင်းဖွင့်ပွဲအောင်မြင်စွာဖွင့် လှစ်ပြီးစီးခြင်း
OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တနင်္ဂနွေကျောင်းဖွင့်ပွဲအခမ်းအနားကိုဇွန်လ
(၆) ရက်နေ့ ၂၀၁၀ တွင် ခေါင်တိန်ဘုရားကျောင်းမှာအောင်မြင်စွာဖွင့် လှစ်ပြီးစီးခဲ့ ပါတယ်....
သင်တန်းကာလကတော့ဇွန်လကနေ စက်တင်ဘာလထိ (၄)လတာ သင်တန်းချိန်ဖြစ်ပါတယ်...ဒီသင်တန်းမှာတော့ထိုင်းနှင့်အင်္ဂလိပ်စာကို အထူးပြုသင်ကြားပေးတာဖြစ်ပါတယ်...........
ထိုင်းစာကို အဆင့် ၂ ဆင့်နှင့် အင်္ဂလိပ်စာကိုတော့ အဆင့် ၃ ဆင့်ခွဲခြားသင်ကြားပေးပါတယ်....
ဘန်ကောက်မှာများသောအားဖြင့် လာရောက်အလုပ်လုပ်ကိုင်ကြသောကရင်လူငယ်တွေကို သူတို့ အားလပ်ရက်တစ်ရက် တနင်္ဂနွေလိုနေ့ မျိုးမှာလာရောက်သင်ကြားခွင့်ရတဲ့ အတွက်
သူတို့ အတွက်တက်လမ်းတစ်စုံတစ်ခုတော့ရှာဖွေတွေ့ ရှိလိမ့်မယ် လို့ အို ကေအာအက်စ်အိုအ
နေ နဲ့ မျှော်လင့်မိပါတယ်....
စေတနာနှင့် လာရောက်သင်ကြားပေးသောဆရာ၊ဆရာမများကိုလည်းအထူး
ကျေးဇူးတင်ရှိမိပါကြောင်း.........
ကျောင်းဖွင့် ပွဲအခမ်းအနားမှလှုပ်ရှားမှုပုံတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်....
Monday, June 14, 2010
(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်
ဇွန်လ (၁၄)ရက်နေ့ တွင်ကျရောက်သော(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်ကို အိုကေအာအက်စ်အိုရုံး ဘန်ကောက်တွင် ဇွန်လ (၁၄) ၊၂၀၁၀ မှာ ကျင်းပပြီးစီးခဲ့ပါသည်။။
၁၉၉၂ ဇွန်လ (၁၄)ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့သော အိုကေအာအက်စ်အိုရဲ့ သက်တမ်းဟာအခုဆိုရင်
(၁၈ )နှစ်ပြည့်ပြီးဖြစ်သည်။။ အိုကေအာအက်စ်အို အခုလိုအမြဲတမ်းရပ်တည်နိုင်တာကလည်း လူမှုရေးစိတ်ဓာတ်အပြည့်နှင့်မျိုးချစ်စိတ်အားထက်သန်စွာ သမိုင်းပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လာခဲ့ သော ကရင်အမျိုးသားခေါင်းဆောင်များနှင့်ကရင်လူငယ်တွေကို လက်ရှိ OKRSO မှ တာဝန်ထမ်းဆောင်နေကြသောကျမတို့ အဖွဲ့ ဝင်တွေများမှတဆင့်အထူးပင်ကျေးဇူးတင်မိပါတယ်။။
ပခုံးပြောင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြရုံမက မိမိတို့ ရဲ့ မိခင်အဖွဲ့ အစည်း ထာဝရရှင်သန်ရပ်တည်နိုင်အောင်
အမြဲတမ်းအဖွဲ့ ဝင်အနေ နှင့် အိုကေအာအက်စ်အို ဆက်လက်တိုးတက်အောင်မြင်မှုရအာင် ကျမတို့ လက်ရှိလူငယ်များနှင့် လုပ်ဖော်ကိုင်ဖက်တွေကိုယ်စားဒီကနေပဲ ဖွင့်ဟပြောကြားလိုပါတယ်..
အဝေးရောက် အိုကေအာအက်စ်အိုမိသားစုဝင်တွေကို ဒီအီးမေးလ်ကနေတဆင့်အကြံပေးနိုင်ပါကြောင်း
(okrso_karen@hotmail.com)
ဒီ (၁၈)ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားကို စည်စည်ကားကားမကျင်းပနိုင်ပေမယ့်လည်းမအားလပ်တဲ့ကြားက
လာရောက်အင်းအားဖြည့်ပေးတဲ့အတွက်လည်းအရမ်းကိုကျေးဇူးတင်ရှိမိပါတယ်.....
နှစ်ပတ်လည်အခမ်းအနားမှတ်တမ်းတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်....
လက်ရှိတာဝန်ထမ်းဆောင်နေသော အိုကေအာအက်စ်အိုမိသားစု
ဘန်ကောက်

Subscribe to:
Posts (Atom)