Sunday, March 10, 2013

ပထမဆုံးအကြိမ် ကရင်စာပေ ဆရာဖြစ်သင်တန်းအောင်မြင်စွာဖွင့်လှစ်ခြင်း

OKRSO မှ ဦးဆောင်ဖွင့်လှစ်သော ပထမဆုံးအကြိမ် ကရင်စာပေဆရာဖြစ်သင်တန်းကို ဘန်ကောက်မြို့ ရှိ OKRSO Every Sunday School (Sacred Heart Convent Shool)ခေါင်တိန်ဘုရားရှိခိုးကျောင်းတွင် မတ်လ (၁၀)ရက်နေ့  ၂၀၁၃ခုနှစ်တွင် အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည်။
ဤကရင်စာပေသင်တန်းမှပို့ ချသောခေါင်းစဉ်များမှာ…အခြေခံကရင်စာပေသင်တန်း၊ကရင့်ရိုးရာဒုံးအကသင်တန်း၊လ်ုဝါ်(ခ)ကဗျာရေးဖွဲ့ သီကုံးမှုသင်တန်း၊ကရင့်စောင်းကောက်သင်ကြားမှုသင်တန်း၊အခမ်းအနားအစီအစဉ်တင်ဆက်မှုသင်တန်း၊လေ့လာမှတ်သားစရာကရင့်သမိုင်းစာမျက်နှာသင်တန်းနှင့်အထွေထွေသင်တန်းတို့ ပါဝင်ပါသည်။သင်တန်းနေ့ ရက်ကို(၁၀.၃.၂၀၁၃)မှ (၅.၅.၂၀၁၃) အထိသင်တန်းဖွင့်လှစ်သွားမှာဖြစ်ပါသည်။
ပထမဆုံးအကြိမ်ကရင်စာပေဆရာဖြစ်သင်တန်းမှတ်တမ်းဓာတ်ပုံများကိုအောက်မှာကြည့်ရှုနိုင်ပါသည်။

No comments:

Post a Comment