Sunday, October 7, 2012

ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်အသစ်များရွေးချယ်တင်မြောက်မှုခြင်းအခမ်းအနားကို ယနေ့ အောက်တိုဘာလ ၇ ရက်နေ့ ၂၀၁၂ ခုနှစ်တွင် ဘန်ကောက်မြို့ OKRSO ရုံးတွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင်အသစ်များရွေးချယ်မှုအစီအစဉ်အပြီးတွင်လက်ရှိမိခင်ကရင်အမျိုးသားအစည်းအရုံး(KNU)မှပြုလုပ်နေ သောငြိမ်းချမ်းရေးဆွေးနွေးပွဲမှပေါ်ပေါက်လာသောစိတ်ဝမ်းကွဲမှုများသည်ကရင်အဖွဲ့ အစည်းများနှင့်ကရင်လူထုအတွင်းများစွာဝမ်းနည်းစိတ်မကောင်းဖြစ်မှုများဖြစ်ပေါ်လျက်ရှိပါသည်။
ထို့ ကြောင့် ဘန်ကောက်ရောက် ကရင်လူငယ်များစုပေါင်း၍ကရင်လူမျိုးအားလုံးကိုယ်စား ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲတစ်ရပ်ကို OKRSO ရုံးတွင် ယနေ့ ညနေတွင်ကျင်းပပြုလုပ်ကြပါသည်။
ကရင်လူထုတစ်ရပ်လုံး....ညီညွတ်ကြပါစေ...
ကရင်လူထုတစ်ရပ်လုံး.....ငြိမ်းချမ်းကြပါစေ...
ကရင်လူထုတစ်ရပ်လုံး...တိုးတက်အောင်မြင်ပါစေ..ဟူသောရွတ်ဆိုခြင်း(၃)ရပ်ကို ညီညာစွာရွတ်ဆိုပြီး
ဆုတောင်းပွဲကို အောင်မြင်စွာကျင်းပပြုလုပ်ကြပါသည်။

ဆုတောင်းပွဲ မှတ်တမ်းဓာတ်ပုံများကို အောက်တွင် လေ့လာကြည့်ရှုနိုင်ပါသည်။




No comments:

Post a Comment