ဇွန်လ (၁၄) ရက်နေ့ တွင် ကျရောက်မည့် ၁၉ နှစ်ပြည့် OKRSO
သက်တမ်းပြည့်အထိမ်းအမှတ်ကိုဇွန်လ (၁၁)ရက်နေ့ ညနေ (၆း၃၀) တွင်
OKRSO ရုံးတည်ရှိရာ ဘန်ကောက်မြို့ တွင် အောင်မြင်စွာ
ကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားအစီအစဉ်အရ
- ရှေးဦးစွာ အခမ်းအနားမစခင်..ကရင်အမျိုးသားအလံကို အလေးပြုခြင်း
- OKRSO ဥက္ကဌ စောအဲယှူးမှ အဖွင့် အမှာစကားပြောကြားခြင်း၊
- OKRSO သမိုင်းကြောင်းနှင့်ဖြစ်ပေါ်လာပုံ၊ ဖွဲ့ စည်းရခြင်းရည်ရွယ်ချက်များကို ဆရာမ နန်းဖေါင်အွာ မှ ဖတ်ကြားသွားခြင်း၊
- OKRSO ပညာရေးပုံမှန်လည်ပတ်နိုင်ရေးအတွက် အကူအညီထောက်ပံပေးသော အင်္ဂလိပ်ဆရာ Richard နှင့်ဆရာ Tommy တို့ မှ ၁၉ နှစ်ပြည့်OKRSO အထိမ်းအမှတ် အမှာစကားပြောကြားခြင်း ၊
- စေတနာဝန်ထမ်းအဖြစ် ABAC မှ တက္ကသိုလ် ကျောင်းသား ၊ဆရာ Christ မှ မျိုးဆက်သစ် ကရင်လူငယ်များကို ကရင်အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွစေရေးအတွက် သြ၀ါဒပေးခြင်း၊
- ပြည်ပရောက်ကရင်စာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ စောဘီးဘီမှ ၁၉ နှစ် ပြည့်OKRSO သက်တမ်းအထိမ်းအမှတ်အခမ်းအနားမှာ တက်ရောက်လာသော မျိုးဆက်သစ်ကရင်လူငယ်များအား ပိုးကရင်ဘာသာဖြင့် OKRSO ရေရှည်တည်တံ့နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်နိုင်ကြစေရန် စိတ်ဓာတ်အင်အားရရှိနိုင်ရေးအတွက် အားပေးစကားနှင့်လမ်းညွန်မှုများ ကို ရှင်းလင်းတင်ပြသွားခြင်း..
- အခမ်းအနား သက်တမ်းပြည့် အထိမ်းအမှတ်ခွဲ အပြီးမှာ..တက်ရောက်လာသူများအားလုံးစည်းလုံးညီညွတ်ခြင်း သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းလိုက်ပါကြောင်း..ရေးသားတင်ပြလိုက်ပါသည်။
OKRSO စတင်တည်ထောင်စဉ်ကစလို့ ဒီနေ့ ၁၉ နှစ် ပြည့်သည့်ဒီနေ့ မှ စပြီး နောင်နှစ်ပေါင်းများစွာ အထိ...ရွှေရတု၊ ငွေရတု ၊စိန်ရတုအထိ OKRSO ဆက်လက်ခိုင်မြဲစွာ တည်တံပါစေကြောင်း..ဆုတောင်းလိုက်ပါသည်။
အခမ်းအနားမှ ဓာတ်ပုံတစ်ချို့ ကို အောက်မှာ ကြည့်ရှုအားပေးနိုင်ပါသည်၊
 |
ကရင်အမျိုးသားအလံကို အလေးပြုခြင်း |
 |
အခမ်းအနားမှူးမှ အခမ်းအနားအစီအစဉ်ဖတ်ကြားခြင်း |
 |
စောဘီးဘီမှ မိန့် ခွန်းပြောကြားခြင်း |
 |
ကရင်အမျိုးသားစိတ်ဓာတ်မြင့်မားစေရန်အတွက် အားပေးစကားပြောကြားခြင်း |
 |
ဥက္ကဌ စောအဲယှူးမှ အဖွင့် မိန့် ခွန်းပြောကြားခြင်း |
 |
ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ဖွဲ့ စည်းရခြင်းရည်ရွယ်ချက်များကို ဆရာမ နန်းဖေါင်အွာမှ ဖတ်ကြားခြင်း |
 |
ရုံးထိုင်မှူးနန်းဖြူဖြူဝင်းမှ မိန့် ခွန်းပြောကြားခြင်း |
 |
ဆရာ Richard မှ ကျောင်းသူကျောင်းသားများကို သြ၀ါဒပေးခြင်း |
 |
ဆရာ Tommy မှ မိန့် ခွန်းပြောကြားခြင်း |
 |
စည်းလုံးညီညွတ်ခြင်းသီချင်းဖြင့် အခမ်းအနားရုတ်သိမ်းခြင်း |
 |
တက်ရောက်လာသူများအားလုံးနှင့် အမှတ်တရပုံ |
 |
အားလုံးကိုကျေးဇူးတင်ပါသည်။ |
| |
|
No comments:
Post a Comment