Friday, September 11, 2009

နန်းအေးအေးသန့်ကိုယ်ရေးအကျဉ်း


နန်းအေးအေးသန့်ကိုယ်ရေးအကျဉ်း



နန်းအေးအေးသန့်ကို ဖာသိမ်ကျေးရွာ၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ် တွင် အဖ စောကလယ်ဦး၊ အမိနော်တင်သိန်း တို့မှ ၁၉၇၅ ခုနှစ်တွင်မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်ရှိသည့်အနက် စတုထ္တမြောက် သမီးဖြစ်သည်။ အခြေခံပညာအလယ်တန်းကို ဖာသိမ်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင်အောင်မြင်ပြီး အထက်တန်းကို မော်လမြိုင်မြို့ အထက (၃) တွင်အောင်မြင်ခဲ့သည်။ မော်လမြိုင်တက္ကသိုလ်တွင် ရူပဗေဒ ဘာသာရပ်ဖြင့် ဒုတိယနှစ်အထိပညာသင်ယူဆည်းပူးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၉၉ ခုနှစ်မှစ၍ OKRSO ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင်ထိုင်း-မြန်မာနယ်စပ်ရှိ ခေါင်းဆောင်ပိုင်းဆိုင်ရာ သင်တန်းကို တက်ရောက် ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ICFC ကိုတက်ရောက်သင်ကြားခွင့်ရရှိခဲ့ပြီး GED အောင်လက်မှတ် ကိုရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ Rangsit University ၌ နိုင်ငံရေး၊ ဖီလော်ဆော်ဖီ၊စီးပွားရေး ၃ ဘာသာတွဲ ဘာသာရပ်ဖြင့် ပညာဆက်လက်သင်ကြားခဲ့ရာ နောက်ဆုံးနှစ်ရောက်သည်အထိသာ ပညာသင်ယူနိုင်ခဲ့ပါသည်။
OKRSO's မိသားစု

No comments:

Post a Comment