Wednesday, November 18, 2009

နအဖ စကခ(၅)မှူး ခင်မောင်ဆင့် ကရင်အမျိုးသမီး နှင့် လူထုအပေါ် ယုတ်မာနေ။


၁၇၊ ၁၁၊ ၂၀၀၉

ကရင်ပြည်နယ် သံတောင်မြို့ နယ် ဘောဂလိကြီးတွင် အခြေချသော နအဖ စကခ(၅)မှူး ခင်မောင်ဆင့် သည် ၃၊ ၁၁၊ ၂၀၀၉ ရက်နေ့ မနက်ခင်းပိုင်းတွင် ဘောဂလိရွာ တွင်းသို့ ဆင်းလာပြီး ရွာရှိ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ ၏မုန့် ဟင်းခါးဆိုင်တွင် နေပြီး ရွာသားများကို တနေကုန် အရက်တောင်း သောက်ခဲ့ပါသည်။ တနေကုန်အရက်သောက်ပြီး ညနေ (၈)နာရီ စခန်းသို့ ပြန်ချိန်တွင် ရွာသူ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ နှစ်ဦးအား သူနှင့်အတူ တပ်စခန်းသို့ လိုက်ရာခေါ်ပါသည်။ နော်စိုးစိုးနှင့် နော်မူကလဲမူ တို့ ကလည်းကြောက်ရွံ့ ပြီးထွက်ပြေးပုန်းအောင်းနေရပါသည်။

သြဂုတ်လ ၂၀၀၉ တွင် စကခ(၅)မှူး ခင်မောင်ဆင့် မုဒိန်းကျင့်ခဲ့သော ကရင်အမျိုးသမီး(ဓါတ်ပုံ-FBR)

တဖန် စကခ(၅)မှူး ခင်မောင်ဆင့်က ဘောဂလိ ရွာသူလူကြီးတွေခေါ် ပြီး ထိုအမျိုးသမီးနှစ်ဦးကို မတွေ့ တွေ့ အောင်ရှာဖွေခိုင်းပါသည်။ ကျေးရွာလူကြီးမှ ရှာဖွေ၍ မတွေ့ ရှိသောအခါ ခင်မောင်ဆင့်က ဒေါသထွက်ပြီး သေနတ်တချက်ပစ်ဖေါက်ကာ ရွာရှိအမျိုးသမီးကြီး နော်ပရူးအား အကြပ်ကိုင်ဖမ်းဆီး ကာ ထွက်ပြေးပုန်းအောင်းနေသော ရွာသူနှစ်ဦးကို မတွေ့ တွေ့ အောင် ရှာခိုင်းပြန်ပါသည်။ ဆက်လက်ပြီး ခင်မောင်ဆင့်က ထိုသူနှစ်ဦးကို မတွေ့ ရင် နော်ပရူး ကိုယ်တိုင် ထိုသူနှစ်ဦး၏ နေရာ အစားထိုး တပ်စခန်းတွင် သွားနေရမည်ဟု ခြိမ်းခြောက်ပြောဆိုပါသည်။

၉၊ ၁၁၊ ၂၀၀၉ ရက်နေ့ တွင်လည်း ဘောဂလိရွာသား စောမောင်ကြီး၏ ကားကို ချောဆွဲကာ ဘူဒိုဇာ လမ်းဖောက်စက်၏ ရှေ့ တွင် မိုင်းရှင်းကရိယာအဖြစ် ဘောဂလိမှ ကော်သဲ့ဒိုး ရွာသို့ သွားခိုင်းပါသည်။ တဖန် ၁၀၊ ၁၁၊ ၂၀၀၉ ရက်နေ့ တွင် ကော်သဲ့ဒိုး ရွာသားလေးဦးကို အတင်းအဓ္ဒမဖမ်းဆီးကာ ဘူဒိုဇာ လမ်းဖေါက်စက် ရှေ့ တွင် လူသား မိုင်းရှင်းကရိယာအဖြစ် သွားခိုင်းပြန်ပါသည်။

ညောင်လေးပင်ခရိုင် ဒေသတွင်လည်း နအဖ စစ်တပ်များက ရွာသားများ၏ တောင်ယာစပါးခင်းများ ကို ၀င်ရောက်ဖျက်စီးပါသည်။ အဖျက်စီးခံရသော စပါးခင်းများမှာ လိုကလါး နယ် တောင်ယာ ၂၃ ခင်း၊ ထီးလိုဘောထာနယ် တောင်ယာ ၄ ခင်း၊ စော်ခါဒါးနယ် တောင်ယာ ၅ ခင်း၊ သည့်ပြင် စောဘီးဘေ စောဖလါးအယ်မွီ၊ စောတာမွေ့ တို့ ၏အိမ်များ ဖျက်စီးခံရပါသည်။ သည့်ပြင်ထိုအရပ်ဒေသရှိ ရွာများဖြစ်သော လိုကလါးဒါးနယ် အယောက်(၃၀)၊ ထီးလိုဘောထာ အယောက်(၂၀)၊ စောခါဒါး (၁၀)ယောက် တို့ သည် အပူချိန်တက်အဖျားရောဂါ၊ အသါးဝါ၊ ၀မ်းရောဂါ စသည့်တို့  ကိုရင်ဆိုင်ခံစားနေရသည် ဟုသတင်းရရှိပါသည်။
FBR သတင်းတွင်လည်း စကခ(၅)မှူး ခင်မောင်ဆင့်သည် ဘောကဂလိကြီးတွင် ကရင်အမျိုးသမီး နှစ်ဦးကို သြဂုတ်လ ၁၈ ရက်နေ့ တွင်လည်း မုဒိန်းကျင့်ခဲ့သည်ဟု ဖေါ်ပြထားပါသည်။




No comments:

Post a Comment