Sunday, August 30, 2009

ဝမ်းနည်းကြောင်းမှတ်တမ်း

aye aye thain

ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) ဗဟိုကော်မတီဝင် တဦး ဖြစ်သူ နန်းအေးအေးလွင်သည် သြဂုတ်လ ၂၇ ရက် (၂၀၀၉) ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။

နန်းအေးအေးလွင်သည် အဖွဲ့ ၏တာဝန်ကို ထမ်းဆောင်ရာတွင် လူမှုလုပ်သားကောင်းတစ်ဦးအဖြစ် လူမှုရေးဌာန သော်လည်းကောင်း၊ စည်းရုံးရေးဌာနသော်လည်းကောင်း အဆင့်ဆင့် တာဝန်ခန့် အပ်ခံရပြီး အတွင်းရေးမှူး (၁) တာဝန်အထိ ၎င်း၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအား (OKRSO) အဖွဲ့ မှ လေးစားဂုဏ်ပြု ဦးညွတ်အပ်ပါသည်။

နန်းနန်းအေးအေးလွင်သည် ကွယ်လွန်သွားသည့်အတွက် ကျန်ရစ်သူ မိသားစုနှင့်အတူ မိမိတို့ အဖွဲ့ အစည်းအနေ ဖြင့် ၀မ်းနည်း ကြေကွဲနှမြောတသ ယူကြုံးမရ ဖြစ်ရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

နန်းအေးအေးလွင် ကောင်းရာသုဂတိ လားပါစေ

ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ 

(OKRSO)

copy right from Par Se Than

No comments:

Post a Comment