Friday, December 10, 2010

Karen New Year Day


 THE KAREN’S NEW YEAR DAY



             Karen’s means all races, clean or tribes forming part and parcel of the Karen people of Burma inspire of their castes, creed and religious.
“The Karen New Year Day” means exactly the same as the New Year Day’s of the other races, people or nations, which being the first days of another prosperous. It is in this month of Thalay that the Karen begins to build new bamboo houses, renew or replace for the New Year. These days are recognized by all the Karen’s everywhere.
With much love and respect to all Karen, ethnic people and friends from far lands, our five objective include-
1. Reunion to the Karen family members
2. Reconciliation among Karen People
3. Maintaining and fostering the Karen literature and culture.
4. Building up trust and unity among Karen people and all ethnic   people in Burma
5. Mutual understanding and respect of all ethnic people in Burma and Thailand.
                                                                            OKRSO

Monday, November 1, 2010

(2) လပြည့်ကွန်ပြူတာသင်တန်းဆင်းပွဲ အောင်မြင်စွာ ပြီးဆုံးခြင်း

OKRSO မှကြီးမှူးကျင်းပသော အချိန်ပြည့်ကွန်ပြူတာသင်တန်းဆင်းပွဲ ကို အောက်တိုတာလ (၃၁)ရက်၊၂၀၁၀ တွင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။။ ဒီသင်တန်းတွင် သင်တန်းကာလ ၂ လအတွင်း သင်ကြားပို့ ချသော ဘာသာရပ်တွေကတော့  အခြေခံကွန်ပြူတာ၊နေ့ စဉ်သုံးအင်္ဂလိပ်စာ၊ကရင်စာပေနှင့် ထိုင်းစာတို့ ဖြစ်ပါသည်။။
သင်တန်းသူသင်တန်းသားပေါင်း(၁၄) ယောက်တက်ရောက်ခဲ့ပါတယ်.....
ဒီသင်တန်းဖြစ်မြောက်ရေးအတွက် စေတနာဖြင့်ဝိုင်းဝန်းကူညီပေးကြသော ဆရာ၊ဆရာမများ OKRSO အဖွဲ့ ဝင်များနှင့် ကျောင်းသူကျောင်းသားများအားလုံး OKRSO ကိုယ်စားအထူးကျေးဇူးတင်ရှိပါကြောင်း....



သင်တန်းဆင်းဓာတ်ပုံများကို အောက်မှာကြည့်ရှုနိုင်ပါသည်။။..


























.OKRSO မိသားစု
ဘန်ကောက်

Sunday, October 24, 2010

NCCM Language Competition

အောက်တိုဘာ ၂၄ ၊၂၀၁၀ ရက်နေ့ တွင် NCCM ဦးဆောင်ကျင်းပသော ဆရာကန်တော့ပွဲနှင့် ကျောင်းအလိုက် ကျောင်းသူကျောင်းသားများစာပေ ၊စကား ယှဉ်ပြိုင်မှုတစ်ရပ်ကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တယ်...ဒီအစီအစဉ်မှာ NCCM မှ ထောက်ပံပေးမှုဖြင့်ထိုင်းနိုင်ငံမှရှိသော မြန်မာ အလုပ်သမား များအပတ်စဉ် တနင်္ဂနွေနေ့ တိုင်းပညာသင်ကြားနိုင်ရန်အတွက် ကျောင်း(၇)ကျောင်းတွင် ရှိသော ဆရာ၊ဆရာမများနှင့် ကျောင်းသူကျောင်းသားများ လာရောက်ပါဝင်ယှဉ်နွဲခဲ့ကြပါတယ်....
OKRSO အပတ်စဉ်တနင်္ဂနွေကျောင်းက လည်းသွားရောက်ယှဉ်ပြိုင်ခဲ့ပြီး အင်္ဂလိပ်စာပေမှ ပထမဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ထိုင်းစာပေမှာတော့ ဒုတိယဆုကို ဆွတ်ခူးသွားခဲ့ပါသည်။

ဒီလိုမျိုး ဆုကိုဆွတ်ခူးနိုင်တဲ့အတွက် ကျမတို့ OKRSO ကျောင်းအမြဲတမ်းဖွင့် လှစ်နိုင်ရေးအတွက် ကူညီပေးသော NCCM ကို၎င်း၊ ၀ိုင်းဝန်းလုပ်ကိုင်ပေးကြသော OKRSO အဖွဲ့ ဝင်များနှင့် သင်ကြားပေးကြသော ဆရာ၊ဆရာမများကို၎င်း၊သွားရောက်ယှဉ်ပြိုင်ခဲ့သော ကျောင်းသူ၊ကျောင်းသားများကို၎င်း အားလုံးကိုယ်စားဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်....

ပြိုင်ပွဲမှတ်တမ်းတင်တစ်ချို့ ကို အောက်မှာကြည့်ရှုနိုင်ပါတယ်....

ဆရာ၊ဆရာမများကို ကျောင်းသူ၊ကျောင်းသားများကဂါရ၀ပြုနေစဉ်   




အင်္ဂလိပ်စာဖြေနေကြစဉ်

ထိုင်းစာဖြေနေကြစဉ်

အင်္ဂလိပ်စာပြိုင်ပွဲမှပထမဆု ကို ယူနေကြစဉ်

ထိုင်းစာပြိုင်ပွဲမှဒုတိယဆု ကို ယူနေကြစဉ်

သွားရောက်ယှဉ်ပြိုင်ခဲ့ကြသောဆရာ၊ဆရာများနှင့် ကျောင်းသူကျောင်းသားများ

သွားရောက်ယှဉ်ပြိုင်ခဲ့ကြသောဆရာ၊ဆရာများနှင့် ကျောင်းသူကျောင်းသားများ


သွားရောက်ယှဉ်ပြိုင်ခဲ့ကြသောဆရာ၊ဆရာများနှင့် ကျောင်းသူကျောင်းသားများ


ကျောင်းကိုယ်စားလှယ်များ၊ကျောင်းသူကျောင်းသားများ                                                                                                                                                          




အားလုံးကိုကျေးဇူးတင်ရင်း
OKRSO မိသားစု
ဘန်ကောက်

Sunday, October 17, 2010

ဆန္ဒပြ မြန်မာအလုပ်သမား ၃၀၀ ကျော် မဲဆောက်သို့ ရောက်

ထိုင်း-လာအိုနယ်စပ် Khong Kean မြို့ရှိ Dechapanich ငါးဖမ်း ပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်၏ မတရားမှုကို မကျေနပ်သဖြင့် ၁ လကျော် ဆန္ဒပြနေ ခဲ့ကြသော မြန်မာ အလုပ်သမားထဲမှ ၃၆၉ ဦးသည် ယနေ့ နံနက်ပိုင်းက ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့သို့ ရောက်ရှိလာကြကြောင်း သတင်းရရှိသည်။

Khonkent-MM-Workres-Strike





 ရောက်ရှိလာသော Khong Kean မြို့ရှိ ငါးဖမ်းပိုက်ကွန်စက်ရုံမှ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
မိမိတို့၏ လုပ်ခများနှင့် ယာယီနိုင်ငံကူးလက်မှတ် အပါအ၀င် စာရွက်စာတမ်းများ ပြန်လည်ရရှိရေးအတွက် စက်တင်ဘာလ ၇ ရက်နေ့မှ စတင်၍ အလုပ်သမား ၉၀၀ ကျော် ဆန္ဒပြခဲ့ကြသည်။

ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက “သူတို့ကို အလုပ်ရှင်က ယာယီနိုင်ငံကူးလက်မှတ်တွေ၊ ဘာတွေတော့ ပြန်ထုတ်ပေးတယ်။ ဒါပေမယ့် အလုပ်ထွက်စာတို့ ဘာတို့တော့ မပေးဘူး။ ပြီးတော့ အလုပ်ရှင်က အလုပ်သမားရုံးမှာ ဒီအလုပ်သမားတွေကို အလုပ်ထုတ်ပစ်လိုက်ပြီဆိုပြီး ပြောလိုက်ပြီ။ ဒါကြောင့် ဒီအလုပ်သမားတွေမှာ အလုပ်ရှင်သူဌေးမရှိဘဲ ဖြစ်သွားပြီ။ ဒါကြောင့် အလုပ်သစ်ရှာဖို့ မဲဆောက်ကို ပြန်ဆင်းလာကြတယ်။ ဒီကနေ အလုပ်သစ် ပြန်ရှာကြမယ်ပေါ့” ဟု ပြောသည်။

အဆိုပါ အလုပ်သမားများသည် ယနေ့နံနက်ပိုင်းတွင် မဲဆောက်မြို့ မယ်တော်ရွာရှိ ဘုန်းကြီးကျောင်းတွင် ခေတ္တတည်းခိုကြပြီးနောက် ယခုအခါ ထိုင်းနယ်ခြားစောင့်တပ်များက ခေါ်ယူထားသည်ဟု သိရသည်။

အလုပ်သမား ကိုယ်စားလှယ် တဦးဖြစ်သူ ကိုအောင်တင့်က “ကျနော်တို့အားလုံး အခု မယ်တော်ဘုန်းကြီးကျောင်းထဲကနေ နယ်ခြားစောင့်တပ်ဝင်းထဲကို ပြောင်းသွားကြပြီ။ ဒီနေရာက ကျနော်တို့ အတွက် ပိုလုံခြုံမှု ရှိတယ်လို့ပြောပါတယ်။ အခုထိတော့ အေးဆေးပါပဲ” ဟု ဆိုသည်။

အလုပ်ရှင်က စက်ရုံမှ ထွက်ခွာကြမှသာ ယာယီနိုင်ငံကူးလက်မှတ်များနှင့် လုပ်ခငွေများကို ပေးမည်ဟု ပြောသဖြင့် အောက်တိုဘာလ ၁၃ ရက်နေ့တွင် အလုပ်သမား ၅၀၀ ကျော် စက်ရုံမှ ထွက်ခွာကာ Khong Kean မြို့ရှိ ဘုန်းကြီးကျောင်းတကျောင်းတွင် တည နေခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဘဏ်ကတ်မှတဆင့် အလုပ်ရှင်က အလုပ်သမားများသို့ ငွေလွှဲပေးသော်လည်း အပြည့်အဝ မရရှိကြောင်း အလုပ်သမားအရေးတွင် ကူညီဆောင်ရွက်ပေးနေသူ MAP ဖောင်ဒေးရှင်းမှ မမိုင်က ပြောသည်။

“အစက သူဌေးက လစာငွေတွေကို တဦးချင်းစီ စာအိတ်နဲ့ ဝေပေးမယ်လို့ ပြောလို့ စောင့်ကြတယ်။ နောက်တော့ စာအိတ်နဲ့ မဝေတော့ဘူး။ ဘဏ်ကတ်ထဲကိုပဲ လွှဲပေးမယ်လို့ ဖြစ်ပြန်ရော။ ဘဏ်ကတ်ကို စစ်ကြည့်တော့ တချို့မှာ ၁ ထောင်လောက် ကွာနေတယ်။ တချို့ မှာ ၅၀၀ လောက် ကွာနေတာကို တွေ့ရတယ်။ အလုပ်သမားတွေ အနေနဲ့လည်း ဒီမှာဆက်နေရင် ပိုပြီး အခက်အခဲတွေနဲ့ တိုးမှာကိုမြင်လို့  မဲဆောက်ကို ဆင်းခဲ့ကြတယ်။ တချို့လည်း ကိုယ့်အဆက်အသွယ်နဲ့ကိုယ် မဟာချိုင်တို့ ဘာတို့ကို သွားကြတာရှိတယ်” ဟု ဆိုသည်။

ဆန္ဒပြ အလုပ်သမားများအနက် တချို့က အဆက်အသွယ်ရှာ၍ အလုပ်ပြောင်းသွားကြကြောင်း၊ ယခု အလုပ်သမားများ မဲဆောက်သို့ ပြန်လာနိုင်ရန် MAP ဖောင်ဒေးရှင်းမှ ကူညီဆောင်ရွက်ပေးကြောင်းဟု သိရသည်။

ယခု အလုပ်သမားများ ဆန္ဒပြတောင်းဆိုရာတွင် NGO များ ပါဝင်လာသဖြင့် ပိုမိုရှုပ်ထွေးလာခြင်းဖြစ်သည်ဟု အလုပ်ရှင်က စွပ်စွဲကြောင်း၊ ထို့ကြောင့် အောက်တိုဘာ ၁၃ ရက်နေ့က အလုပ်သမားများနှင့် အလုပ်ရှင်တို့ ညှိနှိုင်းဖြေရှင်းရန် ကြိုးစားသောအခါ အလုပ်ရှင်က မည်သည့် NGO အဖွဲ့ဝင်ကိုမှ စက်ရုံတွင်းသို့ ၀င်ခွင့်မပေးနိုင်ဟု ပြောကြောင်း သိရသည်။

အလုပ်သမားများသည် စက်တင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ကြသဖြင့် ၀င်ငွေမရှိခြင်းကြောင့် စားဝတ်နေရေး ခက်ခဲလာခြင်း၊ အလုပ်ရှင်က ထုတ်ပစ်လိုက်ပြီဖြစ်သဖြင့် ရဲက ဖမ်းကာ အန္တရာယ်ပေးနိုင်ခြင်းအပြင် သူဌေးလူယုံများဖြစ်သော မြန်မာလုံခြုံရေးများ၏ ရန်ကိုပါ စိုးရိမ်သဖြင့် မဲဆောက်ကို ဆင်းလာကြခြင်းဖြစ်သည်ဟု သိရသည်။

အလုပ်သမား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းဦးက “ဒီမှာ မြန်မာပြည်သားအချင်းချင်း နှိပ်ကွပ်ဖို့ခန့်ထားတဲ့ လုံခြုံရေးတွေ ရှိတယ်။ သူတို့က ကိုယ့်နိုင်ငံသားအချင်းချင်း ခဏခဏ ဒုက္ခပေးတယ်။ သူတို့ အရိုက်ခံရလို့ ခေါင်းကွဲတာ၊ ကျိုးတာပဲ့တာ မနည်းတော့ဘူး။ သတ်ပစ်ဖို့ဆိုပြီး အလုပ်ခံရတဲ့ လူတယောက် ရှိဖူးတယ်။ သူ့နာမည်က စိုးပိုင်။ သူက မသေဘဲ လွတ်သွားတယ်” ဟု ပြောသည်။

အလုပ်ရှင်သူဌေး၏ လူယုံ လုံခြုံရေးအဖွဲ့ ခေါင်းဆောင်သည် မွန်ပြည်နယ် သထုံသားဟု ကိုထွန်းဦးက ဆိုသည်။

ထိုင်းအစိုးရက ရွှေ့ပြောင်းအလုပ်သမားများကို ယာယီ နိုင်ငံသားလက်မှတ် ပြုလုပ်ရန် စီစဉ်ပေးပြီးနောက် ထိုင်းအလုပ်ရှင်နှင့် မြန်မာ အလုပ်သမားများအကြား ယခု ပြဿနာမှာ အကြီးဆုံး ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာနိုင်ငံသား အလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။


ဘစောတင်

Sunday, October 10, 2010

ယာယီနိုင်ငံကူး လက်မှတ်လုပ်ပြီးအပြန် ကားမှောက် ဒဏ်ရာရသူများထဲမှ တဦးသေ

ထိုင်းနိုင်ငံ ရနောင်းမြို့မှ ယာယီ နိုင်ငံကူး လက်မှတ်ပြုလုပ်ပြီး ဘန်ကောက်သို့ အပြန် တိမ်းမှောက်သွားသည့် ကားပေါ်ပါ မြန်မာများ ဆေးရုံ တင်ထားသည့် အနက် တဦး သေဆုံး သွားကြောင်း သတင်းရရှိသည်။

Human-Trafficking
         
            မြန်မာအလုပ်သမားများကို တင်ဆောင်လာပြီး တိမ်းမှောက်သွားသည့်ကား
(ဓာတ်ပုံ - ဧရာဝတီ)

မြန်မာNitipon အမည်ရှိ အကျိုးဆောင် ကုမ္ပဏီက ရနောင်းမြို့သို့ ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် စီစဉ်ပေးထားသော ကားသုံးစီးအနက် တစီးသည် မဟာချိုင်မြို့အနီးတွင် တိမ်းမှောက်ခဲ့ခြင်း ဖြစ်ပြီး ကားပေါ်ပါလာသူ မြန်မာ ၃၉ ဦးစလုံး မဲ့ကလောင် အမှတ် ၂ ဆေးရုံတွင် တင်ထားရသည်။

Nitipon ကုမ္ပဏီမှ မြန်မာဝန်ထမ်း ကိုအနိုင်က “မနေ့က လူနာတွေထဲက တယောက်ဆုံးသွားတယ်။ အတွင်းကြေ ကြေသွားလို့ သေသွားတာလို့ ဆေးရုံက ပြောတယ်။ အလောင်းကို ရဲတွေက စစ်ချက်တွေဘာတွေယူပြီး ကိုအောင်ကိုလင်း အလုပ်လုပ်ခဲ့တဲ့ စက်ရုံကို ပြန်ပို့လိုက်ပြီးပြီ” ဟု ဧရာဝတီသို့ ပြောသည်။

သေဆုံးသွားသော ကိုအောင်ကိုလင်းမှာ အသက် ၂၉ နှစ်အရွယ်ရှိပြီး ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်မှ ဖြစ်သည်။

ယာယီ နိုင်ငံကူးလက်မှတ်လုပ်ရန် သွားကြသူများထဲတွင် မွန်၊ ကရင်၊ ရှမ်းနှင့် ဗမာလူမျိုးများ ပါဝင်ကြကြောင်း၊ ဒဏ်ရာ ပြင်းထန်သူ ၁၀ ဦးရှိပြီး မွန်ပြည်နယ် ရေးမြို့နယ်မှ ဒေါ်သန်းဝင်းဆိုသူမှာ ခြေထောက်အရိုး ကျိုးသွားသဖြင့် သံမဏိဖြင့် ဆက်ထားရကြောင်း သိရသည်။ 

တိမ်းမှောက်သွားသည့် ကားကို နိုင်ငံခြားသားများ လိုက်ပါလာသည့် ဆလွန်းကားက ထပ်ဆင့် ၀င်တိုက်မိသေးကြောင်း သိရှိရသည်။

ယာယီ နိုင်ငံကူးလက်မှတ် အကျိုးဆောင် ပြုလုပ်ပေးသူ မြန်မာတဦးက “မြန်မာတွေ စီးလာတဲ့ကားက လမ်းကြောင်းလွဲပြီး တိမ်းချော်နေတာကို နောက်ကပါလာတဲ့ ဆလွန်းကားက ထပ်ပြီး ၀င်ဆောင့်တော့ သူတို့ ကားလည်း ပျက်စီးသွားတယ်။ အထဲမှာပါလာတဲ့ နိုင်ငံခြားသား ၃ ယောက်လဲ ပွဲချင်းပြီးပဲ သေတယ်လို့သိရတယ်။ ဘယ်နိုင်ငံကလည်းတော့ မသိဘူး” ဟု ဆိုသည်။

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် အကျိုးဆောင်ပေးသည့် ကုမ္ပဏီများသည် နယ်စပ်သို့ ဆင်းရန် ကားများကို ပုတ်ပြတ်ငှားထားပြီး ဘန်ကောက်မှ ညနေပိုင်းတွင် ထွက်ကြောင်း၊ နောက်တရက် ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပြီးလျှင် ညဦးပိုင်းတွင် ပြန်လာကြကြောင်း၊ ကားသမား အိပ်ငိုက်ရာမှ တိမ်းမှောက်သည်ဟု ယူဆရကြောင်း တခြားကားများပေါ်တွင် လိုက်ပါလာသူများက ပြောသည်။

မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ (TACDB) မှ ဒါရိုက်တာ ဦးမြင့်ဝေက ထိခိုက်နစ်နာမှုအတွက် ရပိုင်ခွင့်များကို မြန်မာ အလုပ်သမားများက အလုပ်သမား အဖွဲ့ အစည်းများနှင့် ပူးပေါင်းပြီး ဆောင်ရွက်သင့်ကြောင်း အကြံပြုသည်။

“ကားသမားတွေက ညတိုင်းနီးနီး မောင်းပြီး ပို့နေရတော့ အိပ်ရေးပျက်တာ ကြာလာတာနဲ့ အမျှ သူတို့တွေလည်း ပင်ပန်းနွမ်းနယ်ကောင်း နွမ်းနယ်နေမယ်လေ။ ဒီရဲ့ အကျိုးဆက်ကြောင့် အခုလို ကားမှောက်ပြီး လူတွေသေတဲ့အထိ ဖြစ်လာရတာပေါ့။ အဲဒီလို ဖြစ်လာတဲ့အခါ ကျနော်တို့ အလုပ်သာမားတွေဘက်က ထိခိုက်နစ်နာရတာတွေအတွက် ရပိုင်ခွင့်တွေကို တောင်းဆိုရမယ်။ တောင်းဆိုလို့ ရတယ်ဆိုတာကိုလည်း သိထားဖို့ လိုတယ်” ဟု ဦးမြင့်ဝေက ဆိုသည်။

ယာယီ နိုင်ငံကူးလက်မှတ် ပြုလုပ်ပေးသည့် မြို့များမှာ ရနောင်းနှင့် တာချီလတ်တို့ ဖြစ်သော်လည်း ယခုအခါ ထိုင်း-မြန်မာ နယ်စပ် ချစ်ကြည်ရေးတံတားကို ပိတ်ထားဆဲ ဖြစ်သဖြင့် မြ၀တီမြို့တွင် ပြုလုပ်ပေးခြင်းကို ရပ်ဆိုင်းထားကြောင်း သိရသည်။

ဘစောတင် 

Monday, October 4, 2010

ဌာနေပြန်ပို့မည်ဟု ပြောဆိုမှုကြောင့် ဒုက္ခသည်များ စိုးရိမ်ထိတ်လန့်

 











        နိုဝင်ဘာ (၇) ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲပြီးလျှင် ထိုင်းနယ်စပ်ရှိ မြန်မာဒုက္ခသည်များကို နေရပ်ရင်းပြန်ပို့မည်ဟု ပြောကြားခဲ့မှုအပေါ် မြန်မာဒုက္ခသည်များ အလွန်စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပွားနေကြသည်ဟု သိရသည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး နိုင်ကဆစ်ဖိရုန်းသည် အမေရိကန်နိုင်ငံ နယူးယော့ခ်တွင်ပြုလုပ်သည့် အေရှားဆိုဆိုင်တီ ဖိုရမ်တွင် မြန်မာဒုက္ခသည်များကို လာမည့်ရွေးကောက်ပွဲပြီးလျှင် နေရပ်ရင်းပြန်ပို့မည်ဟု ယမန်နေ့က ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းပြောကြားချက်နှင့်ပတ်သက်၍ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအား အကူအညီပေးနေသည့် အစိုးရမဟုတ်သည့် အဖွဲ့ အစည်းကြီးတခု၏ တာဝန်ရှိသူတဦးက “မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားအရ ရွေးကောက်ပွဲပြီးတာနဲ့ ဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့မယ့်ကိစ္စဟာ သူတို့အတွက် ဘယ်လိုမှ အဆင်ပြေနိုင်မှာ မဟုတ်သလို လုံခြုံရေးအရလည်း စိုးရိမ်မှုတွေနဲ့ မလွဲမသွေ သူတို့ ရင်ဆိုင်ကြုံတွေ့ရမှာ သေချာတယ်” ဟု ပြောကြားသည်။

ဒုက္ခသည်တဦးဖြစ်သည့် မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ မန်းထွန်းထွန်းကလည်း “ဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုရင်တော့ အချက် (၃) ချက်အပေါ်မှာတော့ အခြေခံဖို့လိုတယ်။ (၁) လုံခြုံမှု၊ (၂) ဂုဏ်သိက္ခာရှိမှု၊ (၃) ဒုက္ခသည်တွေရဲ့ဆန္ဒရှိမှု စတာတွေဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ အတင်းအကျပ် ပြန်ပို့မယ်ဆိုရင်တော့ ထိုင်းဟာ နိုင်ငံတကာဒုက္ခသည် အခွင့်အရေးကို ချိုးဖောက်ရာကျမယ်၊ လူသားချင်း စာနာထောက်ထားမှု မရှိတဲ့အစိုးရ ဖြစ်သွားမယ်” ဟု ပြောဆိုသည်။

နောင်တက်မည့်အစိုးရက ရွေးကောက်ပွဲအပြီး (၄-၅) နှစ်ခန့်အချိန်အတွင်း နိုင်ငံရေးအခြေအနေ တည်ငြိမ်အေးချမ်းမှု ရရှိစေရန် အရှိန်အဟုန်မြင့် ပြောင်းလည်းလာပြီး ထိုင်းဘက်ကလည်း မြန်မာနိုင်ငံ၌ ငြိမ်းချမ်းတည်ငြိမ်မှု ရှိသည်ဟု ယုံကြည်ရသည့် အချိန်မှသာ ဒုက္ခသည်များကို ပြန်ပို့သင့်သည်ဟု ၎င်းက ပြောသည်။

“နအဖက နယ်စပ်တလျှောက်မှာ ငြိမ်းချမ်းမှု မတည်ဆောက်နိုင်သေးဘူး။ အတိုက်အခံအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့လည်း တင်းမာမှုတွေ၊ ပဋိပက္ခတွေ၊ ရှိနေတုန်းပဲ။ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးတည်ငြိမ်မှု မရှိဘဲ ဒုက္ခသည်တွေကို ပြန်ပို့မယ်ဆိုတာ လုံးဝမဖြစ်နိုင်သလို နိုင်ငံတကာကလည်း လက်ခံနိုင်မှာ မဟုတ်ဘူး” ဟု မန်းထွန်းထွန်းက ဆက်လက်ပြောဆိုသည်။

ဒုက္ခသည်များ ပြန်ပို့မည့်ကိစ္စနှင့်ပတ်သက်၍ ကရင်အမျိုးသားအည်းအရုံး (ကေအန်ယူ) က စိုးရိမ်မိသည်ဟု အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “စစ်မှန်ပြီး နိုင်ငံတကာနဲ့ မြန်မာပြည်သူတွေက ထောက်ခံလိုလားတဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့အတွက် ဒီရွေးကောက်ပွဲပြီးရင်လည်း နိုင်ငံရဲ့တည်ငြိမ်ငြိမ်းချမ်းမှု ဘယ်လိုမှ ဖြစ်လာမှာမဟုတ်ဘူး။ နိုင်ငံရေး ရှုတ်ထွေးမှုတွေလည်း အများကြီးလာဦးမယ်။ ဒီလိုအနေအထားနဲ့လုပ်မယ့် ရွေးကောက်ပွဲအပြီးမှာ ပြန်ပို့မယ့် ဒုက္ခသည်တွေရဲ့ ကံကြမ္မာတွေကို ဘယ်လိုမှ ယုံကြည်စိတ်ချလို့ရမှာ မဟုတ်ဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် ဘန့်တုံယမ်း၊ ထမ်းဟင်၊ နို့ဖိုး၊ အုန်းဖျန်၊ မယ်လ၊ မယ်ရာမို၊ မယ်လာအူးနှင့် ကရင်နီဒုက္ခသည်စခန်း (၂) ခုအပါအ၀င် မြန်မာဒုက္ခသည်စခန်း (၉) ခုရှိပြီး မြန်မာဒုက္ခသည် (၁၄၀,၀၀၀) ခန့် နေထိုင်လျက်ရှိသည်။

အဆိုပါဒုက္ခသည်များသည် ၁၉၇၅ ခုနှစ် မြန်မာနိုင်ငံအရှေ့ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်များရှိ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များကို ချေမှုန်းရန်ု မြန်မာစစ်တပ်၏ ဖြတ်(၄) ဖြတ် စစ်ဆင်ရေး ထိုးနှက်မှုဒဏ်ကြောင့် ထိုင်းနယ်စပ်သို့ ထွက်ပြေးလာကြသည့် ရွာသားများဖြစ်သည်။

အဆိုပါ ရွာသားများသည် မြန်မာနိုင်ငံဘက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ နယ်မြေတွင် အခြေချပြီးသည့်နောက် ၁၉၈၄ ခုနှစ်မှစ၍ ထိုင်းနိုင်ငံဘက်တွင် စတင်ဖွင့်လှစ်သည့် ဒုက္ခသည်စခန်း၌ သားစဉ်မြေးဆက် ခိုလှုံနေကြသည်မှာ ယနေ့အထိဖြစ်သည်။

ကေအန်ယူမှ တရားဝင်ထုတ်ပြန်ထားသည့် စာရင်းများအရ ဖြတ် (၄) ဖြတ်စစ်ဆင်ရေး စတင်ခဲ့သည့်အချိန်မှစ၍ ကရင်ပြည်နယ်မြောက်ပိုင်း (၄) ခရိုင်ဖြစ်သည့် သထုံ၊ တောင်ငူ၊ ညောင်လေးပင်၊ ဖာပွန်စသည့်ခရိုင်များတွင် လုံးဝဖျက်ဆီးခံရသည့် ကျေးရွာပေါင်း (၁,၃၀၀) နှင့် အဓမ္မရွှေ့ပြောင်းခြင်းခံရသည့် ကျေးရွာပေါင်း (၁,၇၀၀) ခန့် ရှိသည်ဟု သတင်းထုတ်ပြန်ထားသည်။


ရဲရင့်

Sunday, October 3, 2010

မှတ်ပုံတင်အသစ် ဖွင့်ပေးမှုကို အလုပ်သမားရေးအဖွဲ့များ ကြိုဆို

ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် ရွှေ့ပြောင်းအလုပ်သမားများအား ထိုင်းအစိုးရက တရားဝင် ထပ်မံမှတ်ပုံတင်ခွင့်ပြုမည့် အစီအစဉ်ကို အလုပ်သမားရေး လုပ်ဆောင်နေသော နိုင်ငံတကာနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများက ကြိုဆိုလိုက်သည်။

ယင်းသို့ကြိုဆိုလိုက်သည့်အပြင် အလုပ်သမားများအား မှီခိုနေထိုင်သူများ၏ အခွင့်အရေးများကိုလည်း အကာအကွယ်ပေးရန် တောင်းဆိုလိုက်သည်။

ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသော စုပေါင်းအဖွဲ့အစည်းများ၊ ထိုင်းအလုပ်သမားသမဂ္ဂများ၊ ကျန်းမာရေးပညာရေး လုပ်ဆောင်နေသော လူမှုအဖွဲ့အစည်းများက ယမန်နေ့၌ ကြေညာချက်ထုတ်ပြန်ကာ ထိုင်းအစိုးရအား တောင်းဆိုချက်များကို တောင်းဆိုခဲ့သည်။

ကြေညာချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် စီမံခန့်ခွဲရေး ထိုင်းအစိုးရက ရေရှည်မူဝါဒတခု ချမှတ်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်နေကြောင်း၊ ရွှေ့ပြောင်းအလုပ်သမားများ၏ လူ့အခွင့်အရေးဆိုင်ရာ အကာအကွယ်ပေးမှုတွင် ဥပဒေအရ အမှန်ဖြစ်စေမည့် ဆောင်ရွက်မှုကို အကောင်အထည်ဖော်စေလိုကြောင်း၊ မူဝါဒဆိုင်ရာတိုးတက်မှု လုပ်ငန်းစဉ်တွင် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အလုပ်သမားရေးရာ အဖွဲ့အစည်းများနှင့် ရွှေ့ပြောင်းအလုပ်သမားများ စသည့်သူများ ပါဝင်သော ကျယ်ပြန့်စွာဆောင်ရွက်နိုင်မှု ရှိရန်လိုအပ်ကြောင်း တောင်းဆိုထားသည့်အပြင် ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့်ပြုခြင်းကို အသစ်ပြန်လည် ဖွင့်လှစ်ပေးသည့်အတွက် ထောက်ခံကြိုဆိုကြောင်းလည်း ဖော်ပြထားသည်။

ထို့အပြင် အစိုးရအနေဖြင့် ရွှေ့ပြောင်းအလုပ်သမားများအရေးနှင့်ပတ်သက်၍ တိတိကျကျ ကိုင်တွယ်ဆောင်ရွက်နိုင်ရန် ဗဟိုအဖွဲ့အစည်းတခုကို ဖွဲ့စည်းဆောင်ရွက်သင့်ကြောင်း သို့မှသာ ဥပဒေ အသက်ဝင်လာနိုင်ပြီး ဖြစ်ပေါ်နေသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အခွင့်အရေး ချိုးဖောက်နေမှုများအား ကိုင်တွယ်သွားနိုင်မည်ဖြစ်ကြောင်း ထောက်ပြထားသည်။ ထိုသို့လုပ်ဆောင်ရာတွင် အလုပ်သမားရေး လုပ်ဆောင်နေသော အဖွဲ့အစည်းများ၏ ပူးပေါင်းပါဝင်မှုလည်းလိုကြောင်း ပါရှိသည်။

ယခင်အစဉ်အဆက် ပြုလုပ်လာခဲ့သော မှတ်ပုံတင်ခြင်းအစီအစဉ်များ၏ အားနည်းချက်များကို ထောက်ပြထားပြီး ယခုဖွင့်လှစ်မည့် အစီအစဉ်ကို (၆) လကြာ လုပ်ဆောင်ပေးရန်နှင့် အလုပ်သမားများအား အလုပ်ရှင် ရှိရှိ မရှိရှိ မှတ်ပုံတင်ခွင့်ပြုစေပြီး ထိုလုပ်သားများအား (၃) လအတွင်း အလုပ်ရှင် ရှာဖွေခွင့်ပြုရန်လည်း တိုက်တွန်းထားသည်။ ထိုင်းအစိုးရက ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားများအား တရားဝင်မှတ်ပုံတင်ခွင့် ပြုခဲ့သည်မှာ ၂၀၀၄ ခုနှစ်မှစ၍ ယမန်နှစ် သြဂုတ်လ အပါအ၀င် (၇) ကြိမ် ခွင့်ပြုခဲ့ပြီးဖြစ်သည်။

လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းမှ အတိုင်ပင်ခံအရာရှိ အန်ဒီဟောလ်က ထိုင်းအစိုးရသည် လက်မှတ်အသစ်ဖွင့်ပေးသည့် အစီအစဉ်ကောင်းကို မလွဲမသွေပြုလုပ်လိမ့်မည်ဟု ယူဆကြောင်း၊ သို့သော် ယခုအစီအစဉ်တွင် ယခင်က စနစ်မကျမှုများကြောင့် ဖြစ်ပေါ်ခဲ့ကာ တိုးပွားလာနေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှောင်လွဲနိုင်မည့် ရေရှည်စီမံကိန်းတခုကို အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း ပြောကြားသည်။

၎င်းက “တကယ်လို့ တုံ့ပြန်မှုမရခဲ့ရင်တော့ ထိုင်းစီးပွားရေး အကျိုးအမြတ်အတွက် ရွှေ့ပြောင်းအလုပ်သမားတွေက ဘယ်လိုပေးဆပ်နေတယ်ဆိုတာကို ပိုမိုအသိအမှတ်ပြုလာအောင် ဆောင်ရွက်ရပါမယ်။ ကုလသမဂ္ဂနဲ့ ILO တို့ရဲ့ နည်းစနစ်တွေကို အသုံးပြုပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖွင့်ချရပါလိမ့်မယ်။ ဒီချိုးဖောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အလုပ်သမားတွေဟာ စုစည်းပြီး သူတို့စွမ်းအားကို အသုံးချရပါလိမ့်မယ်။ ကျနော်တို့ ခွန်ခန်းမှာ မြင်တွေ့ခဲ့ရသလိုပေါ့” ဟု ပြောကြားသည်။

ပြီးခဲ့သည့်လအတွင်း၌ ခွန်ခန်းရှိ ငါးဖမ်းပိုက်စက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ယာယီပတ်စပို့စ်နှင့် အလုပ်သမားကတ်များအား စက်ရုံတာဝန်ရှိသူများက အလွဲသုံးစားပြုခဲ့မှုအတွက် အလုပ်သမားများက တပတ်ကြာဆန္ဒပြခဲ့ရာ နောက်ဆုံးတွင် လုပ်ငန်းရှင်က အလုပ်သမားများ၏ တောင်းဆိုချက်များကို လိုက်လျောခဲ့ရသည်။

လက်မှတ်အသစ်ဖွင့်ပေးခြင်းကို ယခုနှစ်မကုန်ခင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြန်မာအာဏာပိုင်များကလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအစီအစဉ်အတွက် ကျန်ရှိသော မြဝတီနှင့် တာချီလိတ်တို့မှ ရုံးများကို ထိုင်းဘက်အခြမ်းသို့ ပြောင်းရွှေ့ဖွင့်လှစ်ပေးရန် ဆန္ဒရှိကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန ဒါရိုက်တာ ခွန်ဂျီရာဆက်က စက်တင်ဘာ (၂၈) ရက်၌ တရားဝင်ပြောဆိုခဲ့သည်။


မြတ်ခိုင်ဦး

Friday, October 1, 2010

ဒီကေဘီအေ ဥက္ကဋ္ဌ ရွေးကောက်ပွဲဝင်

မကြာသေးမီကမှ စစ်အစိုးရ၏ လက်အောက်တွင် နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလိုက်သည့် ဒီကေဘီအေတပ်ဖွဲ့ ဥက္ကဋ္ဌ ဦးစောသာထူးကျော်သည် ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်မည်ဖြစ်ကြောင်း စုံစမ်းသိရသည်။

ဘားအံမြို့တွင် နေထိုင်သည့် ကေအန်ယူ တပ်ဖွဲ့ဝင်ဟောင်းတဦးက “ကရင်ပြည်နယ်မှာ ကရင်ပါတီဆိုလို့ ဖလုံစဝေါ် ဒီမိုကရက်တစ်ပါတီ တခုတည်း ရှိတယ်။ ဒါနဲ့ အစိုးရက ဒီကေဘီအေ ဥက္ကဋ္ဌ ဦးသာထူးကျော်ကို ပါတီတည်ထောင်ပြီး ရွေးကောက်ပွဲဝင်ခိုင်းတယ်။ ပထမပိုင်းမှာ သူတို့ နယ်ခြားစောင့်တပ် ဖွဲ့နေတာနဲ့ ဘာမှ မလုပ်အားဘူး။ အမတ်လောင်းစာရင်း တင်တဲ့ရက် ကုန်ခါနီးမှ ပါတီ မှတ်ပုံတင်ခွင့်ကျတယ်။ သူတို့ကို အစစအရာရာ အစိုးရပိုင်းက ကူညီပံ့ပိုးပေးတော့ ပါတီတခုအနေနဲ့ ရပ်တည်နိုင်သွားတာပေါ့။ ဘားအံ ကမ်းနားလမ်းမှာ ရုံးဖွင့်ထားတယ်” ဟု ပြောသည်။

ဦးစောသာထူးကျော် ခေါင်းဆောင်သည့် ကရင်ပြည်နယ် ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေး ပါတီသည် ဒီကေဘီအေ ခေါင်းဆောင်အချို့အပြင် ယခင် ကေအန်ယူ တပ်မဟာ (၆၊ ၇) တွင် အဆင့်မြင့်တာဝန်များ ယူခဲ့ပြီး နောက်ပိုင်း ခွဲထွက်အဖွဲ့များတွင် ပါဝင်သူ အများအပြားဖြင့် စုစည်းထားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပါတီမှ အမတ်လောင်းများအဖြစ် ဦးစောသာထူးကျော်က ကရင်ပြည်နယ်လွှတ်တော်အတွက် လှိုင်းဘွဲ့မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ၊ ဦးမန်းအောင်တင်မြင့်က အမျိုးသားလွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၂)၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ဦးစောအောင်ငွေက အမျိုးသားလွှတ်တော်အတွက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)၊ လှိုင်းဘွဲ့မြို့နယ်မှ ဦးစောချစ်လှိုင်က ကရင်ပြည်နယ် လွှတ်တော်အတွက် မြဝတီမြို့နယ် မဲဆန္ဒနယ်တို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း ဘားအံခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။

မူလက လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် ကရင်အမျိုးသားပါတီ (၃) ပါတီသာ ရှိပြီး အဆိုပါ ပါတီများအနက် ၁၉၉ဝ လက်ကျန် ပြည်ထောင်စု ကရင်အမျိုးသားများအဖွဲ့ချုပ်သည် အမတ်လောင်း (၃) ဦး မတင်နိုင်သည့်အတွက် ဖျက်သိမ်းခံလိုက်ရသည်။

ကရင်ပြည်သူ့ပါတီကိုမူ နအဖစစ်တပ်မှ ရေတပ်ကွန်မန်ဒါဟောင်း၊ ဒု-တိုင်းမှူးဟောင်း၊ ပြည်နယ် ရဲမှူးဟောင်းများက ခေါင်းဆောင်ဖွဲ့စည်းထားပြီး ကရင်ပြည်နယ်မှအပ အခြား တောင်ငူ၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့တွင် ဝင်ရောက် အရွေးခံမည်ဖြစ်ပြီး အဆိုပါ ပါတီကို စစ်အစိုးရက စနစ်တကျ ဖွဲ့စည်းတည်ထောင်ရန် တာဝန်ပေးထားကြောင်း ရန်ကုန်တွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းထွက်ပေါ်နေသည်။

ကရင်ပြည်နယ်တွင်မူ စာပေနှင့်ယဉ်ကျေးမှုလုပ်ငန်းများ လုပ်ကိုင်နေသော ဖလုံ- စဝေါ် ပါတီတခုသာ ရှိသည့်အတွက် စစ်အစိုးရက ဒီကေဘီအေ ခေါင်းဆောင်ဟောင်းကို ပါတီဖွဲ့ရန် စေခိုင်းခြင်း ဖြစ်နိုင်ကြောင်း ဘားအံမြို့တွင် ဝေဖန်ပြောဆိုနေကြသည်။

အဆိုပါ ပါတီသည် စစ်အစိုးရ ကြံ့ဖွံ့ပါတီနှင့် မဟာမိတ်ဖွဲ့ထားသည့်အတွက် ၎င်းတို့ အမတ်လောင်း ယှဉ်ပြိုင်ရာ နေရာတို့တွင် ကြံ့ဖွံ့အမတ်လောင်း အမည်စာရင်း တင်သွင်းခြင်း မရှိပေ။

အချို့ အမတ်လောင်းများ၏ မဲဆန္ဒနယ်တွင် အခြားမည်သည့်ပါတီကမှ မယှဉ်ပြိုင်ခြင်းကြောင့် အလိုအလျောက် အမတ်လောင်း ဖြစ်သူလည်း ရှိကြောင်း ဘားအံခရိုင် ကော်မရှင်ရုံးမှ စုံစမ်းသိရသည်။

ကရင်ပြည်နယ်တွင် မဲဆန္ဒနယ်မြေ စုစုပေါင်း (၃၆) နယ်မြေ ရှိပြီး ဖလုံစဝေါ် ဒီမိုကရက်ပါတီက ကိုယ်စားလှယ်လောင်း (၁၇) ဦးနှင့် ဦးစောသာထူးကျော်တို့၏ ပါတီက အမတ်နေရာ (၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းဇော် 

Wednesday, September 22, 2010

ံမြ၀တီမှ မြန်မာလူကယ်ရီများ ထိုင်းဘက်သို့ တိမ်းရှောင်

မြ၀တီတွင် နေပြည်တော်မှ လူကုန်ကူးမှုတားဆီးရေး အထူးအဖွဲ့ ရောက်ရှိနေသောကြောင့် အမည်ထွက်သည့် မြန်မာလူကယ်ရီများ ထိုင်းဘက်သို့ တိမ်းရှောင်နေရသည်ဟု လူကယ်ရီတဦးက ပြောသည်။

၎င်းက “နေပြည်တော်က အထူးအဖွဲ့ မြ၀တီကို ရောက်နေတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က (ကျော်ဇော) စာရင်းရှိတဲ့ လူကယ်ရီတွေကို ဖမ်းဖို့ဖြစ်တယ်။ အတော်များများကတော့ ရှောင်ကုန်ကြပြီ။ တချို့ ထိုင်းဘက်မှာ၊ တချို့ကတော့ အောက်ဆင်းသွားပြီး ရှောင်နေကြရတယ်။ နေပြည်တော်ကအမိန့်ဆိုတော့ ကျမတို့ပေးကမ်းထားတဲ့ မြ၀တီကအဖွဲ့တွေလည်း ဘာမှမတတ်နိုင်ဘူး။ အခြေအနေက မကောင်းတော့ အခုလို ထိုင်းဘက်လာရှောင်နေရတာ” ဟု ပြောသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့မှ စတင်ဖမ်းဆီးမှုတွင် မြ၀တီရဲစခန်း၏ (ကျော်ဇော) စာရင်းဝင် လူကယ်ရီ (၂) ဦးနှင့် အခြားသံသယအဖြစ်ခံရသူ (၁၀) ဦးခန့်ကိုလည်း ဖမ်းဆီးထားသည်ဟု သိရသည်။

“တမြို့လုံးလိုက်ဖမ်းတာ၊ အမှတ် (၃) ရပ်ကွက်က အမျိုးသမီး (၂) ဦးပဲ မိတယ်။ တကယ့် လူကယ်ရီကြီးတွေကိုတော့ မမိဘူး။ ဘာလို့လဲဆိုတော့ မြ၀တီမှာ လူကယ်ရီလုပ်နေကြတဲ့ လူတွေဟာ မြ၀တီက အဖွဲ့စုံကို ပေးကမ်းညှိနှိုင်းပြီးမှ ဒီအလုပ်ကို လုပ်လို့ရတာ။ အခုလည်း မြ၀တီကရဲတွေက အသိပေးတာမြန်လို့၊ မဟုတ်ရင် ကျမတို့လည်း အဖမ်းခံရနိုင်တယ်” ဟု အဆိုပါ မြ၀တီမှ လူကယ်ရီဖြစ်သူက ပြောသည်။

လူကယ်ရီအဖွဲ့များသည် လစဉ် အချိုးကျနှုန်းဖြင့် မြ၀တီရှိ အာဏာပိုင်အဖွဲ့အစည်းပေါင်းစုံကို ပေးရသည့် ငွေပမာဏမှာ ကျပ်သိန်း (၁၀၀) နီးပါးခန့်ရှိပြီး အာဏာပိုင်အဖွဲ့အစည်းများက အလိုရှိ၍ မှာယူသည့် လူသုံးကုန်၊ စားသုံးကုန်နှင့် ရေခဲသေတ္တာ၊ ရုပ်မြင်သံကြားပြစက်များ၊ လေအေးပေးစက်များကိုလည်း လစဉ်နီးပါး ၀ယ်ပေးရသည်ဟု ၎င်းကပြောဆိုသည်။

တိမ်းရှောင်နေကြသည့် လူကယ်ရီလက်ကြီးသမားများကို မြ၀တီရဲစခန်းတွင် ဟန်ပြအနေဖြင့် လာရောက်အဖမ်းခံပေးရန် အာဏာပိုင်များဘက်က ပြောသော်လည်း လူကယ်ရီများက ယင်းအစီအစဉ်ကို လက်မခံဘဲ တိမ်းရှောင်နေကြခြင်းဖြစ်သည်ဟု သိရသည်။

မြ၀တီခရိုင်တွင် အခြေစိုက်၍ လှုပ်ရှားနေကြသည့် လူကယ်ရီများမှာ ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရှာဖွေရန် မြန်မာနိုင်ငံ ဒေသအသီးသီးမှ မြ၀တီနယ်စပ်သို့ ရောက်ရှိလာသူများကို ထိုင်းလူကယ်ရီများနှင့် ဆက်သွယ်၍ တဦးလျှင် မြန်မာငွေ (၅) သိန်းခွဲခန့်ရှိသည့် ထိုင်းဘတ်ငွေ (၁၅,၀၀၀) နှုန်းထားဖြင့် ဘန်ကောက်အပါအ၀င် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ပို့ဆောင်ပေးကြသူ များဖြစ်သည်။

မြ၀တီတွင် တာဝန်ကျသည့် လူဝင်မှုကြီးကြပ်ရေးဌာနမှ ၀န်ထမ်းတဦးက “ဒီထိုင်း-မြန်မာနယ်စပ် မြ၀တီ မဲဆောက်မှာဖြစ်နေတဲ့ လူကုန်ကူးမှုပြဿနာကို လက်ရှိအနေအထားအရ ထိုင်းဘက်ကဖြစ်စေ၊ မြန်မာဘက်ကဖြစ်စေ ဘယ်သူမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ထိုင်းဘက်သွားပြီး အလုပ်ရှာမယ့် မြန်မာတွေ နေ့တိုင်းပဲ မြ၀တီကနေသွားနေကြတာ တရက်ကို လူ (၂၀၀) ကျော်ရှိတယ်။ မြန်မာဘက်က သူတို့ကို သွားခွင့်ပြုသလို ထိုင်းဘက်ကလည်း ၀င်ခွင့်ပြုတယ်။ ပြဿနာက ဒါပဲ။ ထိုင်းနဲ့မြန်မာ လက်တွေ့မကျတဲ့ အလုပ်တွေ ဘယ်လိုပဲလုပ်လုပ် အလကားပဲ” ဟု ပြောသည်။

ယမန်နှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ်ရေးထိုးခဲ့ကြပြီး ယင်းလက်မှတ်ရေးထိုးပွဲသို့ မြန်မာဘက်မှ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထဲရေး ၀န်ကြီးဌာန၀န်ကြီး ဗိုလ်ချုပ်မောင်ဦး တက်ရောက်ပြီး ထိုင်းနိုင်ငံဘက်မှ လူမှုဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး နိုင်အစ်စလာစုံချိုင်းတို့ တက်ရောက်ခဲ့ကြသည်။

ရဲရင့် 

Friday, September 17, 2010

ထိုင်း သို့ ခိုးဝင်သည့် မြန်မာ ၅၂ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ တောင်ပိုင်း ဖူးကက်မြို့သို့ အလုပ်သွားလုပ်ရန် ကြိုးစားခဲ့သော တရားမ၀င် မြန်မာနိုင်ငံသား ၅၂ ဦးကို ထိုင်း အာဏာပိုင် များက ယနေ့ နံနက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ 

wokers001
ယနေ့ နံနက်တွင် ဖမ်းဆီးခံခဲ့ရသူများ(ဓာတ်ပုံ - krobkruakao.com)
ယင်းမြန်မာနိုင်ငံသားများသည် ရနောင်းမြို့မှ ဖူးကက်သို့ သွားမည့် ၁၀ ဘီးကားထဲတွင် ပုန်းအောင်း လိုက်ပါခဲ့ရာမှ စစ်ဆေးရေး ဂိတ်တွင် အာဏာပိုင်များ၏ ဖမ်းဆီးမှုကို ခံခဲ့ရခြင်း ဖြစ်သည်။

အဖမ်းခံရသူများသည် မိသားစုလိုက်ဖြစ်ပြီး ကလေးများပါ အဖမ်းခံရကြောင်း ၎င်းတို့ကို ထိန်းသိမ်းထားသော ချုံဖော်မြို့နယ်ရှိ ဖလာတို့ ရဲစခန်းမှ တာဝန်ကျ ရဲတဦးက ဧရာဝတီသို့ ပြောသည်။

အဖမ်းခံရသူများ အားလုံးကို ရဲစခန်းတွင် ခေတ္တ ထိန်းသိမ်းထားပြီး မြို့နယ် တရားရုံးကို ပို့ဆောင်မည်ဖြစ်ကြောင်း၊ အဖမ်းခံရ သူ များထဲတွင် အသက် ၁ နှစ်မှ ၁၅ နှစ်အရွယ် ကလေးများလည်း ပါဝင်ကြောင်း၊ ကားမောင်း သမားမှာမူ ထွက်ပြေးလွတ်မြောက် သွားကြောင်း ၎င်း ရဲက ဆိုသည်။

ယခု အဖမ်းခံရသူများသည် ထိုင်းတရား ဥပဒေအရ အရေးယူခံရဖွယ် ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့က ထိုင်း ၀န်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝက ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ် ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက်၍ “နှိမ်နင်း ရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ် ရန် ညွှန်ကြားချက်ကို လက်မှတ်ရေးထိုးထားသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီလလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိသူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န် ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။


သန်းထိုက်ဦး

Wednesday, September 15, 2010

ဘန်ကောက်တွင် ပေါက်ကွဲမှုဖြစ်၊ မြန်မာ ၆ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ လုပ်ငန်းခွင် တခုတွင် ယမန်နေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မြန်မာ အလုပ်သမား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။

10tho
ယမန်နေ့က“ဖလွတ် ၂၀၀၈ ပစ္စည်းဟောင်းများ ရောင်းဝယ်ရေး ကုမ္ပဏီ” လုပ်ငန်းခွင်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားစဉ် (ဓာတ်ပုံ - news.sanook.com)
ယင်း ပေါက်ကွဲမှုသည် စမွတ် ပရာကန် မြို့နယ် အတွင်းရှိ“ဖလွတ် ၂၀၀၈ ပစ္စည်းဟောင်းများ ရောင်းဝယ်ရေး ကုမ္ပဏီ” လုပ် ငန်းခွင်၌ အလုပ်လုပ်နေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံ အမှတ် ၇ ရုပ်မြင်သံကြားလိုင်းက ယမန်နေ့ ညက ထုတ် လွှင့်သွားသည်။

ထိုင်း ရဲများ၏ သုံးသပ်ချက်အရ သတ္တု ပစ္စည်းဟောင်းများကို စက်ဖြင့် ဘလောက်တုံးများ ပြုလုပ်ရာတွင် ဂက်(စ်) ဘူးများ ပါဝင်နေသောကြောင့် ယခုကဲ့သို့ ပေါက်ကွဲခြင်း ဖြစ်သည်ဟု သတင်းက ဆိုသည်။

ပေါက်ကွဲမှုကြောင့် ဒဏ်ရရရှိခဲ့သော မြန်မာ အလုပ်သမားများကို ယင်းမြို့နယ်ရှိ Bang Na 5 ဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဒဏ်ရာရရှိသူများ၏ အခြေအနေများ သိရှိနိုင်ရန် ၎င်းဆေးရုံသို့ စုံစမ်းမေးမြန်းခဲ့ရာ ဆရာဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် ယနေ့ပင် ဆေးရုံမှ ဆင်းသွားကြကြောင်း တာဝန်ကျ ဆေးရုံဝန်ထမ်းတဦးက ပြန်လည် ဖြေကြားခဲ့သည်။

ထိုသို့ အလုပ်သမားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့သောကြောင့် လုပ်ငန်းပိုင်ရှင်သည် ဥပဒေအရ လုပ်ငန်းခွင် ပေါ့ဆမှုဖြင့် တရား ရင်ဆိုင်ရဖွယ် ရှိကြောင်းလည်း သိရသည်။

“ရဲက တရားစွဲမယ်ဆိုရင် အလုပ်ရှင်အစအဆုံး ဝန်ခံရလိမ့်မယ်၊ လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ လုံလောက်တဲ့ လမ်းညွှန် သင်ကြားမှု၊ လုပ်ငန်းခွင်နှင့် ဘေးပတ်ဝန်းကျင် လုံခြုံမှုကို ပေါ့လျှော့မှုတို့ စတဲ့ စွဲချက်တွေကို ရင်ဆိုင်ဖြေရှင်း ရနိုင်တယ်”ဟု ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်း အစိုးရအဖွဲ့မှ အလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ဧရာဝတီသို့ ပြောသည်။ 

ယခုပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် လုပ်ငန်းပိုင်ရှင်သည် သတ္တု ပစ္စည်းမျိုးစုံကို လိုက်လံဝယ်ယူကာ ဘလောက်တုံးများ ပြန်လည်ပြု လုပ် ၍ ထိုင်ဝမ် နိုင်ငံရှိ စက်ရုံကြီးများသို့ တဆင့် ပေးပို့နေကြောင်း သိရသည်။ 

သန်းထိုက်ဦး

Tuesday, September 14, 2010

ဆန္ဒပြ မြန်မာအလုပ်သမားတွေ တောင်းဆိုချက် အပြည့်ရသွားပြီ

မန်မာနိုင်ငံက အလုပ်သမားတွေရဲ့ ယာယီ နိုင်ငံကူး စာအုပ်တွေကို အလုပ်သမားတွေကို ပြန်ပေးရေး၊ လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် နစ်နာကြေး ရရှိရေးနဲ့ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိနိုင်ရေး စတဲ့ တောင်းဆိုမှုတွေနဲ့ သီတင်းတပတ်လောက် ကြာအောင် ဆန္ဒပြနေကြတဲ့ ဒေချာဖန်းနစ် ငါးဖမ်းပိုက် စက်ရုံက မြန်မာအလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို အလုပ်ရှင်တွေက အခုတော့ လိုက်လျောလိုက်ပါပြီ။ ဆန္ဒပြနေတဲ့ အလုပ်သမား ၁,၀၀၀ နီးပါး ဒီနေ့ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး အလုပ်ပြန်ဆင်းကြတော့မှာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။
ခွန်ကယ်မြို့က မြန်မာအလုပ်သမား ၂,၀၀၀ ကျော် အလုပ်လုပ်နေတဲ့ ငါးဖမ်းပိုက်စက်ရုံက အလုပ်သမားတွေဟာ အလုပ်သမား ၆ ဦးကို အကြောင်းမဲ့ ထုတ်ပယ်ခဲ့တာကနေစလို့ သူတို့ရဲ့ ပတ်စ်ပို့များ မိမိလက်ဝယ် ပြန်ရရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
၇ ရက်ကြာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေး ကော်မရှင်နဲ့ ထိုင်းရှေ့နေများ ကောင်စီက ပူးပေါင်းပြီး ဒေသခံ အာဏာပိုင်တွေ၊ ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့တွေ စုပေါင်းပြီး အလုပ်ရှင်ကို အလုပ်သမားတွေ တောင်းဆိုချက် လိုက်လျောဖို့ ဖိအားပေးခဲ့ပြီးနောက် စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ အလုပ်ရှင်ဘက်က လိုက်လျောမှုတွေ လုပ်ခဲ့ကြောင်း ရွှေ့ပြောင်း အလုပ်သမားအရေး လုပ်နေတဲ့ မက်ဖောင်ဒေးရှင်းက ကိုယ်စားလှယ် ကိုဟန်က အခုလို ပြောပါတယ်။
“Human Rights Commission ကနေပြီးတော့ Thai Lawyers Council နဲ့ ပေါင်းပြီးတော့ သူဌေးကို တောင်းဆိုချက် တင်ပြတာပေါ့၊ ဒီနေ့။ သူတို့ရဲ့ တောင်းဆိုချက် ၃ ချက်ကတော့ ပတ်စ်ပို့ရယ်၊ စာရွက်စာတမ်းတွေ အကုန်လုံး သူတို့ဆီမှာ ရထားချင်တယ်ဆိုတဲ့ အချက်၊ သူဌေးကတော့ သူပေးမယ်ပေါ့၊ ဒီအပတ် သောကြာနေ့ နောက်ဆုံးထားပြီး အလုပ်သမားတွေ အကုန်လုံးကို ပေးမယ်။ ဘတ်သမားရော၊ ပတ်စ်ပို့ကိုင်တဲ့ အလုပ်သမားရော အကုန်လုံးပေးမယ်လို့ ပြောတယ်။ စာချုပ်ရေးခဲ့တာပေါ့။
“သူဌေးက သူပြောတာပဲ၊ တကယ်လို့ ပတ်စ်ပို့တွေ၊ စာရွက်စာတမ်းတွေ အကုန် အလုပ်သမားဆီမှာ ထားမယ်ဆိုရင် ဘာမှ တာဝန်မယူပေးဘူးပေါ့။ ဥပမာ ပျောက်သွားတာတို့၊ ပျက်သွားတာတို့၊ ပတ်စ်ပို့ကိုင်တဲ့ အလုပ်သမားတွေက ပတ်စ်ပို့ကိုင်ပြီဆိုရင် ရက် ၉၀ ပြည့်တိုင်း သွားပြီး အကြောင်းကြားတာပေါ့၊ လ၀ကရုံးဆီမှာ။ အဲဒါကတော့ ၃ လတိုင်း သွားရမှာပေါ့၊ အလုပ်သမားတွေက။ အဲဒီ အကြောင်းကြားတဲ့ဟာလည်း သူ တာဝန်မယူပေးဘူးပေါ့။”
အရင်က ထိုင်းအလုပ်သမားတွေနဲ့ လုပ်အားခ တန်းတူမရ၊ အချိန်ပို လုပ်အားပေးနေရတဲ့ မြန်မာအလုပ်သမားတွေ အနေနဲ့ အခုအခါမှာ တန်းတူ အခွင့်အရေးရဖို့ အလုပ်ရှင်ဘက်က သဘောတူလိုက်ပြီ ဖြစ်ပါတယ်။
“လုပ်အားခနဲ့ ပတ်သက်ပြီး ထိုင်းအလုပ်သမားနဲ့ တန်းတူ လခရမယ်ဆိုတဲ့ အကြောင်း၊ ပြီးတော့ တချိန်တည်းမှာပဲ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ဥပဒေအရ သူ လစာပေးမယ်ပေါ့။ ဒီ ခွန်ကယ်မြို့ဆို တနေ့ကို ၁၅၇ ဘတ် ရရမှာ။ အဲဒါလည်း တရားဥပဒေအတိုင်း သူ လိုက်လုပ်ပေးမယ်ပေါ့။ ဆန္ဒပြတဲ့ အလုပ်သမားတွေ အားလုံးကို တရားမစွဲဘူး၊ ၃ ရက်ဆက်တိုက် အလုပ်မဆင်းတဲ့အတွက် သူ တရားမစွဲဘူး၊ အရေးမယူဘူးဆိုတဲ့ သဘောမျိုးပေါ့။ ပြီးတော့ အလုပ်သမားတွေ အားလုံး မနက်ဖြန်ကစပြီးတော့ အလုပ်ဆင်းရမယ်ဆိုတဲ့ သဘောတူညီချက်ပေါ့။”
အလုပ်ရှင်ကတော့ သူ့ဘက်ကလည်း တောင်းဆိုချက်တွေ လုပ်ရာမှာ အလုပ်သမားတွေ အနေနဲ့ အလုပ်ချိန်မှာ ဖုန်းမပြောဖို့၊ အချိန်မှန် အလုပ်လုပ်ဖို့ စတာတွေ ပြောဆိုပြီး ထိုင်း၊ မြန်မာ နှစ်ဘာသာနဲ့ သဘောတူ စာချုပ်တွေကို စက်ရုံမှာ ကပ်ထားမယ်လို့ ဆိုပါတယ်။ အလုပ်သမားတွေကတော့ အခုလို သူတို့ရဲ့ တောင်းဆိုမှုတွေ အောင်မြင်တဲ့အတွက် ၀မ်းသာ ကျေးဇူတင်ကြောင်း ပြောဆိုပါတယ်။
“အခုလိုမျိုး အဖွဲ့အစည်း အသီးသီးက လာရောက် ၀ိုင်းဝန်း ဖြေရှင်းပေးတဲ့အတွက်၊ ထိုင်းအာဏာပိုင်တွေရော အကုန်လုံး စုပေါင်းညီညာ လာရောက် ဖြေရှင်းပေးတဲ့အတွက် ကျနော်တို့ အလုပ်သမားအဖွဲ့က အထူးကျေးဇူးတင်ကြောင်းပေါ့။ မနက်ဖြန်ဆိုရင်တော့ ကျနော်တို့ ညဆိုင်းဆို ညဆိုင်း၊ နေ့ဆိုင်းဆို နေ့ဆိုင်း အလုပ်ပြန်ဆင်းရမယ်။”
အခုလိုမျိုး ထိုင်းအလုပ်ရှင်ဘက်က ကျေကျေနပ်နပ် လိုက်လျောမှု လုပ်တာဟာ ထိုင်းနိုင်ငံမှာတော့ ပထမဦးဆုံးအကြိမ် ဖြစ်ပြီး ပတ်စပို့ ကိုင်ခွင့်ပေးမယ် ဆိုတာတွေ၊ ထိုင်းတွေနဲ့ တန်းတူ လုပ်အားခတွေ ပေးမယ်ဆိုတာတွေဟာ ထူးခြားမှုတွေလည်း ဖြစ်ပါတယ်။ မြန်မာအလုပ်သမားတွေ အတွက် အလုပ်လုပ်ခွင့် ကတ်တွေ၊ ပတ်စ်ပို့တွေ ကိုင်ဆောင်ရတော့မှာ ဖြစ်တဲ့အတွက် အရင်တုန်းက မရဘူးတဲ့ အခွင့်အရေးကို ရရှိတော့မှာ ဖြစ်ပါတယ်။ မနက်ဖြန်မှာတော့ အလုပ်သမားတွေက လုပ်ငန်းခွင်ကို ပြန်ဆင်းတော့မှာလည်း ဖြစ်ပါတယ်။
အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေက သူတို့ရဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့တွေကို ပြန်တောင်းတာကနေ နောက်ဆက်တွဲအဖြစ် အလုပ်ရှင်က ပတ်စ်ပို့တွေကို အတုလုပ်ထားတာ၊ ကပ်ခွာလို့ ခေါ်ကြတဲ့ ဓာတ်ပုံတွေ၊ နာမည်တွေ ပြောင်းပြီး အတုလုပ်၊ အလဲအလှယ်လုပ် အသုံးပြုနေတဲ့ ကိစ္စတွေ တသီတတန်း ပေါ်လာနေပြီ ဖြစ်တဲ့အတွက် ပြဿနာတွေ ဒီ့ထက်ကြီးလာမှာ စိုးတာကြောင့် အလုပ်ရှင်က လိုက်လျောလိုက်တဲ့ပုံ ရှိတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက သုံးသပ်ကြပါတယ်။

VOA

Friday, September 10, 2010

အလုပ်သမား ၁၀၀၀ ကျော် ဆက်တိုက် ဆန္ဒပြ

ထိုင်းနိုင်ငံ မြောက်ပိုင်း Khon Kaen မြို့ရှိ Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံတွင် အလုပ်ရှင်က အလုပ်သမားများ အပေါ် မတရားမှုများ ရှိနေသဖြင့် မြန်မာ အလုပ်သမား ၁၀၀၀ ကျော်တို့ ၃ ရက်ဆက်တိုက် ဆန္ဒပြနေကြောင်း သတင်းရရှိသည်။

Khon-Kaen-Strike
၃ရက်ဆက်တိုက် ဆန္ဒပြနေကြသည့် ပိုက်ကွန်စက်ရုံမှ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)
အလုပ်သမားများမှာ စက်တင်ဘာ ၈ ရက်နေ့ ကတည်းက ဆန္ဒပြနေ ကြခြင်း ဖြစ်ပြီး ယင်းတို့၏ တောင်းဆိုချက်များ မရမချင်း ဆက်လက် ဆန္ဒပြ တောင်းဆို သွားမည်ဟု ဆုံးဖြတ် ထားကြောင်း အလုပ်သမားများက ဆိုသည်။

အလုပ်သမားများ၏ တောင်းဆိုချက်များမှာ ယာယီ နိုင်ငံကူး စာအုပ်များကို အလုပ်သမားများ လက်သို့ ပြန်ပေးရေး၊  အလုပ်ထုတ် ခံထားရသူ အလုပ်သမား ၆ ဦး၏ ယာယီနိုင်ငံကူး စာအုပ်များကို မူရင်းအစစ် အမှန်အတိုင်း အလုပ်ရှင်က ပြန်လည် ပြုလုပ်ပေးရေး၊ လုပ်ငန်းခွင် ထိခိုက်မှုများ အတွက် နစ်နာကြေးများ ရရှိရေးနှင့် အလုပ်သမား အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ စက်ရုံတွင်းရှိ အကြွေးစနစ်ဖြင့် ရောင်းချသောဆိုင်များတွင် ဆန္ဒပြ အလုပ်သမားများကိုလည်း ၀ယ်ယူခွင့် ပေးရေးတို့ ဖြစ်ကြောင်း သိရသည်။

အလုပ်ရှင်က ဆန္ဒပြနေသူများထဲမှ မြန်မာပြည်ပြန်လိုသူများ လက်မှတ်ထိုးကာ ပြန်နိုင်သည်ဟု ယနေ့နံနက်ပိုင်းက ပြောသည်ဟု သိရသည်။

အလုပ်သမားများ ဆန္ဒပြခြင်းမှာ မြန်မာပြည်သို့ပြန်လို၍ မဟုတ်ကြောင်း၊ အလုပ်သမားများ အပေါ်တွင် မတရားမှုများ ရှိနေခြင်းကို မကျေနပ်၍ ဆန္ဒပြခြင်းဖြစ်ကြောင်း အဆိုပါ စက်ရုံမှ အလုပ်သမား ခေါင်းဆောင်တဦးက ဧရာဝတီသို့ ပြောသည်။

စက်တင်ဘာလ ၇ ရက်နေ့က လုပ်သက် ၁ နှစ်ခန့် ရှိနေပြီဖြစ်သော မြန်မာ အလုပ်သမား ၆ ဦးကို အလုပ်ပျက်ရက်များ ရှိသည်ဟု ဆို၍ အလုပ်မှ ထုတ်ပစ်ခဲ့ပြီး ထိုအလုပ်သမားများ၏ ယာယီနိုင်ငံကူးလက်မှတ်များ၊ အလုပ်သမားကတ်များကို ပြန်လည်ထုတ်ပေးခဲ့သည်။ သို့ရာတွင် အဆိုပါလက်မှတ်များပေါ်မှ ဓာတ်ပုံများကို အလုပ်ရှင်က လဲကပ်ထားခြင်း၊ နိုင်ငံကူး စာအုပ်ထဲ တွင်လည်း အလုပ်ရှင် ရေးသားခွင့်မရှိသည့် “Canceled” ဟူသည့် စာကို ရေးသားထားခြင်းများ ပြုလုပ်ခဲ့သဖြင့် မဲဆောက်သို့ ပြန်လာသော ယင်းအလုပ်သမား ၆ ယောက်ကို ရဲက စစ်ဆေးတွေ့ရှိရာမှ ယခုပြဿနာ စတင်လာခဲ့ကြောင်း သိရသည်။

“အလုပ်ရှင်က အလုပ်သမား ကတ်တွေပေါ်က ဓာတ်ပုံတွေကို ခွာပြီး မိန်းကလေးကတ်မှာ ယောက်ျားလေးပုံကို ကပ်လိုကပ်၊ ယောက်ျားလေး ကတ်မှာကျတော့ မိန်းကလေးပုံကို ကပ်လိုကပ်နဲ့ ဒီလိုလုပ်တာကို ကျနော်တို့ မကျေနပ်ဘူး” ဟု ဆန္ဒပြ အလုပ်သမား ခေါင်းဆောင် တဦးဖြစ်သူ ကိုမြင့်မောင်က ပြောသည်။

အလုပ်ထုတ်ခံရသူ ၆ ဦးမှာ ကိုသီဟထွန်း၊ ကိုအောင်ကျော်ဆန်း၊ ကိုအောင်သီဟ၊ ကိုဇင်လင်းအောင်၊ မအိသဲဖြူနှင့် မထွေးငယ်တို့ ဖြစ်သည်။

ထိုင်းနိုင်ငံ အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ခေါင်းဆောင် ကိုမိုးဆွေက “အလုပ်သမား ၆ ဦးကို အလုပ်ထုတ်တဲ့ ပြဿနာနောက်မှာ ကျန်တဲ့အလုပ်သမားတွေက ငါတို့လည်း ဒီလိုလုပ်ထားရင် ဘယ့်နှယ်လုပ်မလဲဆိုပြီး စိုးရိမ်တာတွေ ရှိလာတယ်။ ယာယီနိုင်ငံကူးလက်မှတ်လုပ်တုန်းက ဒီနိုင်ငံကူးလက်မှတ်ရှိရင် ထိုင်းတနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်လို့ ပါတယ်လေ။ ဒါကြောင့် အခုလို ထောင်နဲ့ ချီတဲ့အလုပ်သမားတွေက သပိတ်မှောက်ကြတာ” ဟု ပြောသည်။

အဆိုပါ စက်ရုံမှ အလုပ်သမားများ၏ ဆန္ဒပြ သပိတ်မှောက်မှု အရေးအခင်းတွင် ထိုင်းနိုင်ငံအခြေစိုက် အလုပ်သမားအရေးများ ဆောင်ရွက်ပေးနေသည့် MAP Foundation က ကြားဝင် ကူညီဆောင်ရွက်ပေးရန် ကြိုးစားနေသော်လည်း အလုပ်ရှင်ဘက်က  အလျှော့ပေးမည့် အနေအထား မရှိသကဲ့သို့ အလုပ်သမားများ ဘက်ကလည်း နောက်ဆုတ်မည့် အနေအထား မရှိသဖြင့် စိုးရိမ်ရဖွယ် အခြေအနေရှိနေကြောင်း၊ ထိုသို့ စိုးရိမ်ရသောကြောင့် အရေးကြီးသော ဌာနများသို့ စာများပို့ကာ တောင်းဆိုမှုများ ပြုလုပ်ထားကြောင်း MAP မှ Women Exchange Coordinatorမမိုင်က ဆိုသည်။

“MAP အနေနဲ့ လောလောဆယ် လုပ်ပေးနိုင်တာကတော့ အလုပ်သမားတွေအနေနဲ့ လုံလုံခြုံခြုံ နေရဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံ အလုပ်သမားများ စီမံခန့်ခွဲရေးရုံး၊ ရဲမှူးချုပ်၊ အမှတ် ၄ ဒေသ ရဲမှူးကြီး စတဲ့ အရေးကြီးတဲ့ ဌာနတွေကို ဒီအလုပ်သမားတွေနဲ့ ပတ်သက်လို့ အခြေအနေကို အသေးစိပ် ရေးသားပြီး ဒီနေ့ပဲ တင်ပြပေးထားပါတယ်” ဟု မမိုင်က ပြောသည်။

MAP Foundation က ပေးပို့သော စာတွင် အလုပ်သမားများအား မြန်မာပြည် ပြန်မပို့ရန်၊ မှန်ကန်သည့် အဖြစ်မှန်များအား ဖော်ထုတ်ပေးရန်နှင့် တရားဥပဒေအတိုင်း ကူညီဆောင်ရွက်ပေးရန် ဟူသော အချက်သုံးချက် ပါဝင်သည်ဟု သိရသည်။

“အလုပ်သမားတွေကို ပြန်ပို့တဲ့အခါ နိုင်ငံကူးစာအုပ်တွေကို အလုပ်သမားတွေ လက်ထဲမှာ မထည့်ပေးဘဲ နယ်စပ်ရောက်မှ ပြန်ပေးမယ်လို့လည်း ကြားနေရတယ်။ အကယ်၍ နယ်စပ်ရောက်မှ စာအုပ်တွေက အတုဖြစ်နေရင်၊ အလွဲအမှားတွေ ဖြစ်နေရင် အလုပ်သမားတွေ ဒီထက် ပိုပြီး ဒုက္ခရောက်ကြမယ်။ လောလောဆယ် အလုပ်ရှင်က အလုပ်မဆင်းရင် ပြန်ပို့မယ် ဆိုပြီး ခြိမ်းခြောက်နေပါတယ်” ဟုလည်း မမိုင်က ပြောသည်။

ယခင်က အစားအသောက်များကို အကြွေးစနစ်ဖြင့် ရောင်းချပေးသော်လည်း ဆန္ဒပြပြီးနောက် ယင်းသို့ ရောင်းချမှု မပြုတော့ သဖြင့် အလုပ်သမားများအနေနှင့် အခက်အခဲများ စတင်ကြုံတွေ့လာနေရကြောင်းလည်း ကြားသိရသည်။ 

ယာယီနိုင်ငံသားလက်မှတ်နှင့် အလုပ်သမားလက်မှတ်များမှာ အလုပ်သမားများ၏ လက်ဝယ်တွင်သာ ရှိစေရမည်ဟု ဥပဒေ ရှိသော်လည်း အလုပ်ရှင်များက သိမ်းဆည်းထားလေ့ရှိသဖြင့် အလုပ်ရှင်နှင့် အလုပ်သမားများကြားတွင် မကြာခဏ ပြဿနာတက်ကြရသည်။

ထိုင်းနိုင်ငံအတွင်း လာရောက် အလုပ်လုပ်နေကြသော မြန်မာရွှေ့ပြောင်းအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအထိ ရှိနိုင်ကြောင်း အလုပ်သမားအဖွဲ့ များ၏ အဆိုအရ သိရသည်။

ဘစောတင်

Thursday, September 9, 2010

ပတ်စပို့ အစစ်နှင့်အတုလဲသောကြောင့် စက်ရုံလုပ်သားများ ဆန္ဒပြ

အလုပ်မှအထုတ်ခံရသော မြန်မာရွှေ့ပြောင်းအလုပ်သမား (၆) ဦးတို့က ၎င်းတို့၏ ယာယီပတ်စပို့များနှင့် အလုပ်သမားကတ်ကို ပြန်လည်တောင်းခံသောအခါ နဂိုမူလစာအုပ်များ မဟုတ်သဖြင့် အလုပ်သမားများက မကျေနပ်ဘဲ ဆန္ဒပြတောင်းဆိုမှုတခု ယမန်နေ့မှစတင်၍ ထိုင်းနိုင်ငံ မြောက်ပိုင်း ခွန်ခန်းမြို့ရှိ Dechapanich ငါးဖမ်းပိုက်ကွန် စက်ရုံတွင် ဖြစ်ပွားနေသည်။

ပြီးခဲ့သည့် အင်္ဂါနေ့ညနေက ကိုအောင်သီဟ၊ ကိုအောင်ကျော်ဆန်း၊ ကိုသီဟထွန်း၊ မအိသဲဖြူ၊ မထွေးငယ်နှင့် ကိုဇင်လင်းအောင်တို့ အလုပ်သမား (၆) ဦးအား အလုပ်ပျက်ရက်များသည်ဟုဆိုကာ အလုပ်မှထုတ်ပယ်ကြောင်း စက်ရုံတာဝန်ရှိသူတို့က တရားဝင်စာထုတ်ကြေညာခဲ့သည်။

သို့အတွက် အဆိုပါအလုပ်သမားများက ယမန်နေ့နံနက် (၁၁) နာရီခန့်က မိမိတို့၏ တရားဝင် ယာယီနိုင်ငံကူးလက်မှတ်များ ပြန်တောင်းရာမှစတင်၍ မမှန်မကန်လုပ်ဆောင်ထားမှုများကိုတွေ့ရှိ၍ အလုပ်သမားထုက ဆန္ဒပြရခြင်းဖြစ်ကြောင်း ဦးဆောင်သူတဦးဖြစ်သည့် ကိုသူရိန်က ပြောကြားသည်။

၎င်းက “သူတို့ပြန်ပေးတဲ့ ဟာတွေမှာ ပတ်စပို့ ဗီဇာကို cancel ဆိုပြီး မင်နီနဲ့ရေးထားတယ်။ လေဘာကတ်ကိုလည်း မိန်းကလေး နာမည်နဲ့ကတ်မှာ ယောက်ျားလေးပုံ ကပ်လို့ကပ်၊ ပြီးတော့ ကိုယ့်ဟာနဲ့ကိုယ်မဟုတ်ဘူး” ဟု ခေတ်ပြိုင်သို့ပြောသည်။

ဆန္ဒပြမှုနှင့်ပတ်သက်၍ အလုပ်သမ မငြိမ်းက “မနေ့ည (၈) နာရီလောက်ကြတော့ ခေါင်းဆောင်တဲ့ သူတွေက ပြောတယ်။ ကိုယ့်အဆောင်ကို ကိုယ်ပြန်နားချင်ရင်လည်း နားကြပါလို့ပြောတော့ လူနည်းနည်းကျဲသွားတယ်။ ဒါပေမယ့် ည (၉) နာရီ လောက်ကြတော့ အားလုံး ပြန်လာပြီးစုကြတယ်။ ဒီမှာက ဓမ္မာရုံလိုဟာမျိုးရှိတယ်။ အဲဒီမှာ မိန်းကလေးတွေက စုအိပ်တဲ့သူက စုအိပ်ပေါ့။ ဘာလို့ဆို အဆောင်မှာနေရင် လာဖမ်းမှာ စိုးရတယ်လေ။ ဒီနေ့တော့ ညှိတဲ့သူတွေ လာညှိနှိုင်းပေးနေတယ်” ဟု ဆိုသည်။

ထိုသို့ဆန္ဒပြမှုအတွက် ကြားဝင်ဆောင်ရွက်ပေးရန် အလုပ်သမားရေးအဖွဲ့များအား အကူအညီတောင်းခံထားရာ ယနေ့နေ့လယ်တွင် (MAP) ဖောင်ဒေးရှင်းအဖွဲ့မှ အဆိုပါစက်ရုံသို့ ရောက်ရှိကာ လိုအပ်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

“အလုပ်သမားကိုယ်စားလှယ် (၅) ယောက်နဲ့ အလုပ်ရှင်ကိုယ်စားလှယ်တွေရယ်၊ (MAP) ဖောင်ဒေးရှင်းက (၂) ယောက်ရယ်၊ အလုပ်သမားရုံးက ကိုယ်စားလှယ်တွေ ညှိနှိုင်းနေပါတယ်” ဟု အဆိုပါကိစ္စကို ကြားဝင်ဆောင်ရွက်ပေးနေသူ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ တာဝန်ခံ ကိုမိုးဆွေက ပြောသည်။

အလုပ်သမားများဘက်မှ ဘတ်လက်မှတ်ရှိထားသော သူများအတွက်လည်း တောင်းဆိုမှုများ ပြုလုပ်ထားကြောင်း သိရသည်။

ခွန်ခန်းခရိုင်၏ တနေ့ အနည်းဆုံးလုပ်အားခသည် အလုပ်ချိန် (၈) နာရီအတွက် ဘတ်ငွေ (၁၅၇) ဘတ် ရမည်ဖြစ်သော်လည်း အလုပ်သမားများမှာ နေ့စဉ် မနက် (၈) နာရီမှ ည (၈) နာရီအထိ အလုပ်လုပ်ကြရပြီး ပေးအပ်သောနှုန်းထားမှာ ညနေ (၆း၃၀) အထိ ဘတ်ငွေ (၁၄၀) သတ်မှတ်ထားပြီး နောက်ပိုင်းအချိန်ပို (၁) နာရီခွဲအတွက် ဘတ်ငွေ (၃၀) သာ ပေးအပ်သည်။ နေ့လယ်တွင် (၁) နာရီ ထမင်းစားချိန်ရကြသည်။

အဆိုပါစက်ရုံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၂,၃၀၀) ခန့်ရှိပြီး လာအိုလူမျိုး (၁,၀၀၀) ခန့်ရှိသည်။

အဆိုပါစက်ရုံသို့ ရောက်ရှိသည့်နေ့မှစကာ အလုပ်သမားများပိုင်ဆိုင်သော လက်မှတ်များကို စက်ရုံမှ သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ အလုပ်မှ ထွက်ပြေးသွားသူအချို့၏ ပတ်စပို့များကို ထိုကဲ့သို့ ဓာတ်ပုံကပ်၍ ဘတ်လက်မှတ်သာရှိသေးသော သူများအား ဘတ်ငွေ (၁၄,၀၀၀) မှ (၁၅,၀၀၀) အထိတောင်းယူ၍ ထိုပတ်စပို့များဖြင့် အစားထိုးလုပ်ဆောင်နေသည်ဟုလည်း ကြားရကြောင်း အလုပ်သမားတဦးက ပြောသည်။

အဆိုပါစက်ရုံတွင် ယာယီနိုင်ငံကူးလက်မှတ် မကိုင်ဆောင်ရသေးသော သူများမှာလည်း (၅၀၀) ခန့်ရှိမည်ဟု သိရသည်။

ယနေ့ညနေ့ပိုင်းတွင် လုပ်ငန်းရှင်အား အလုပ်သမားများ၏ ပတ်စပို့စ်နှင့် ဗီဇာများပြသရန် အလုပ်သမားအခွင့်အရေးရုံးက တောင်းဆိုထားကြောင်း၊ သို့သော် အလုပ်ရှင်က အလုပ်သမားများအား (၃) ရက် အချိန်ပေးမည်ဖြစ်ပြီး အဆိုပါကာလအတွင်း အလုပ်ပြန်မဆင်းပါက ဥပဒေအရ အရေးယူမည်ဟု ပြောဆိုကြောင်း သိရှိရသည်။ မနက်ဖြန်တွင်လည်း ဆက်လက်ညှိနှိုင်းရန် သဘောတူထားကြသည်။

မြတ်ခိုင်ဦး

Wednesday, September 8, 2010

မဲဆောက်-မြ၀တီ နယ်စပ်ဂိတ် ပြန်ဖွင့်ရေး ထိုင်းနှင့်မြန်မာ ဆွေးနွေးမည်

မြန်မာဘက်မှ ချစ်ကြည်ရေးတံတား အပါအ၀င် နယ်စပ်ဂိတ်များ အမြန်ဆုံး ပြန်ဖွင့်နိုင်ရေးအတွက် နှစ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များသည် မကြာမီဆွေးနွေးမည်ဟု မဲဆောက်မြို့အုပ်ချုပ်ရေး အဖွဲ့ဝင်တဦးက ပြောကြားသည်။

၎င်းက “အခုပြုလုပ်မယ့်အစည်းအဝေးမှာ မြန်မာဘက်က နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး အမြန်ဆုံးပြန်ဖွင့်နိုင်ဖို့အတွက် အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်” ဟု ပြောသည်။

ယခုလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ မဲဆောက်တွင် နယ်ခြားကော်မတီအစည်းအဝေး ကျင်းပရန်ရှိကြောင်း၊ သို့သော် ထိုအစည်းအဝေးသို့ မြန်မာဘက်မှ ကိုယ်စားလှယ်များ တက်ရောက်နိုင်ခြင်း ရှိမရှိကိုမူ မသိရှိသေးကြောင်း ၎င်းက ပြောသည်။

အဆိုပါအစည်းအဝေးနှင့်ပတ်သက်၍ နေပြည်တော်စီမံကိန်းသို့ ဆောက်လုပ်ရေးနှင့် အိမ်အလှဆင်ပစ္စည်းများ တင်ပို့သည့် လုပ်ငန်းပိုင်ရှင်က “ဒီကိစ္စ ထိုင်းဘက်မှာ မူတည်ပါတယ်။ မြန်မာဘက်က လိုတာကို လိုက်လျှောလိုက်ရင် ဒီကိစ္စပြီးပြီပေါ့။ မြန်မာဘက်ကလည်း မဖြစ်နိုင်တာ မတောင်းပါဘူး” ဟု ပြောသည်။

ထိုင်းဘက်မှ နှစ်နိုင်ငံနယ်စပ်မျဉ်း သောင်းရင်းမြစ်တွင် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည်ကို ကန့်ကွက်သည့်အနေဖြင့် မြန်မာဘက်က ထိုင်းကုန်ပစ္စည်းတင်သွင်းမှုကို ပြီးခဲ့သည့်ဇူလိုင် (၁၁) ရက်မှ စတင်ကာ ပိတ်ပင်ခဲ့ပြီး ဇူလိုင် (၁၈) ရက်မှ စတင်ကာ လုံခြုံရေးအကြောင်းပြချက်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်-မြ၀တီ ကုန်သွယ်ရေးလမ်းကြောရှိ ချစ်ကြည်ရေး တံတားအပါအ၀င် ဆက်စပ်ဂိတ် (၂၀) ခန့်ကို မြန်မာဘက်က ပိတ်ထားခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

အဆိုပါဂိတ်များ ပိတ်လိုက်သောကြောင့် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေး၏ အဓိကလမ်းကြောဖြစ်သည် မဲဆောက်-မြ၀တီလမ်းကြောမှ ကုန်သွယ်မှု ရပ်တန့်ခဲ့သည်။

ထိုင်းနိုင်ငံသည် မြ၀တီလမ်းကြောမှတဆင့် လစဉ်လူသုံးကုန်၊ စားသုံးကုန်နှင့် ဆောက်လုပ်ရေးပစ္စည်းများ၊ လယ်ယာသုံးပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို လစဉ် ဘတ်ငွေသန်း (၁,၀၀၀) ဖိုးခန့် မြန်မာဘက်သို့ တင်ပို့လျက်ရှိရာမှ ရပ်တန့်သွားခြင်းဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မဲဆောက်-မြ၀တီလမ်းသည် ရန်ကုန်မြို့သို့ တရက်ခရီးသာ ရှိသောကြောင့် ကုန်ကျစရိတ်သက်သာပြီး ကုန်သွယ်မှုလွယ်ကူခြင်းကြောင့် အဆိုပါလမ်းကို အသုံးပြုကြခြင်းဖြစ်သည်ဟု ထိုင်းကုန်သည်များက ပြောသည်။

ရဲရင့်

Tuesday, September 7, 2010

ဗိုလ်မှူးကြီးချစ်သူ ကုမ္ပဏီပိုင်ရှင်အနေဖြင့်သာ ဆက်လက်ရပ်တည်သွားဖွယ်ရှိ

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)က နယ်ခြားစောင့်တပ်အဖြစ်သို့ သြဂုတ်လအတွင်း အသွင်ပြောင်းလဲခဲ့ပြီးနောက်ပိုင်း ယခင် (၉၉၉)တပ်မဟာမှ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူးကြီးစောချစ်သူသည် စီးပွားရေးလုပ်ငန်း ကုမ္ပဏီပိုင်ရှင်တဦးအနေဖြင့်သာ ဆက်လက် ရပ်တည်တော့မည်ဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။
နယ်ခြားစောင့်တပ်နှင့် နီးစပ်သူတဦးက “ဗိုလ်ချစ်သူက နယ်ခြားစောင့်တပ်လည်း မလုပ်ဘူး။ သူက ကုမ္ပဏီပိုင်ရှင်လိုလို လုပ် နေတယ်။ အခုဆို ကမ်းနားမှာရှိတဲ့ ကိုးသုံးလုံးဂိတ်ဟာ ကုမ္ပဏီဂိတ်ပုံစံမျိုးနဲ့ ပြောင်းသွားပြီ။ ဒီကုမ္ပဏီက ဗိုလ်ချစ်သူနဲ့ ဆက် စပ်တယ်လေ။”ဟု ကေအိုင်စီကို ပြောသည်။
အဆိုပါ ကုမ္ပဏီကို “ချစ်လင်းမြိုင်ကုမ္ပဏီ”ဟု အမည်ပေးထားပြီး မည်သည့်ကုမ္ပဏီ အမျိုးအစားဖြစ်သည်ကိုမူ အတိအကျ မသိရှိရသေးပေ။
သို့သော် လာမည့် ရွေးကောက်ပွဲလွန်ကာလတွင် ဥပဒေဘောင်အတွင်းမှ လုပ်ကိုင်နိုင်ရန်အတွက် ကြိုတင်စီစဉ်ကာ တည် ထောင်ထားခြင်းဖြစ်နိုင်သည်ဟု ဝေဖန်နေသူများရှိသလို ယင်းကုမ္ပဏီသည် နယ်ခြားစောင့်တပ် အမည်ခံထားသည့် ကုမ္ပဏီ တခုဖြစ်သောကြောင့် ဗိုလ်ချစ်သူအနေဖြင့် ၎င်း၏ တပ်မှူးတပ်သားများကို စွန့်လွှတ်လိမ့်မည် မဟုတ်ကြောင်း သုံးသပ်မှုများ ရှိ သည်။
နယ်ခြားစောင့်တပ်ကို လက်မခံသည့် ဒီကေဘီအေ တပ်မဟာ(၅)မှ တပ်မှူးတဦးက “ကုမ္ပဏီပိုင်ရှင်တစ်ဦးအနေနဲ့ ရပ်တည် သွားမယ်ဆိုပေမယ့် သူ့လူတွေကိုတော့ ချန်ထားမယ် မထင်ပါဘူး။ သူ့လူမျိုးတွေကိုလည်း လုံးဝ ချန်ထားလို့မရပါဘူး။ သူ့ တပည့်တွေကို ကွပ်ကဲလမ်းညွှန်မှုတွေ လုပ်ဆောင်သွားအုံးမှာပါ။”ဟု သုံးသပ်ပြောဆိုသည်။
ဗိုလ်ချစ်သူသည် ယမန်နှစ် စက်တင်ဘာလက ကေအဲန်ယူ ဖာပွန်ခရိုင်အတွင်း ရွှေတူးဖော်ရေးလုပ်ငန်း သွားရောက်လုပ်ကိုင် ရာတွင်လည်း ‘ချစ်လင်းမြိုင်’ကုမ္ပဏီအမည်ဖြင့်ပင် လုပ်ကိုင်ခဲ့ပြီး ကေအဲန်ယူမှ ဗိုလ်မှူးချုပ်စောဘောကျော်ဟဲ ဦးဆောင်သည့် တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။ ၎င်းနောက် ယခုနှစ် သြဂုတ်လမှစ၍ ရွှေတူးဖော်ရေးကို ပြန်လည် စတင် လုပ်ကိုင်ခဲ့ရာ ရာနှင့်ချီသည့် ဒေသခံ ရွာသားများ နေရပ်စွန့်ခွာခဲ့ရသည်ဟု သိရသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့တွင် လှိုင်းဘွဲမြို့နယ်၊ မဲပလဲ့ကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည့် ဒီကေဘီအေ တပ်မဟာ (၉၉၉)မှ နယ်ခြားစောင့်တပ် တပ်ဖွင့်ပွဲတွင် ဗိုလ်ချစ်သူသည် နယ်ခြားစောင့်အဖြစ် ပါဝင်ခြင်းမရှိဘဲ နဂို ဒီကေဘီအေ ပြောက် ကျားဝတ်စုံဖြင့်သာ အခမ်းအနားကို တက်ရောက်ခဲ့သည်။

စောချစ်သူ၏ ချစ်သူမြိုင်စံအိမ် (ဓါတ်ပုံ - KIC)
ဒီကေဘီအေ ခေါင်းဆောင်များထဲမှ နယ်ခြားစောင့်တပ်တွင် မပါဝင်ဘဲ အကြံပေးအရာရှိ ၇ဦးထဲ၌ ပါဝင်သူများမှာ (၁)စောသာ ထူးကျော်၊ (၂)စောကျော်သန်း၊ (၃)စောထွန်းလှိုင်၊ (၄)စောဖားနွီး၊ (၅)စောမောင်ကြည်၊ (၆)စောပြားပြားနှင့် (၇)စောချစ်သူတို့ ဖြစ်ကြောင်း သိရသည်။
စောချစ်သူသည် ပြီးခဲ့သည့် ၂၀၀၉ခုနှစ် ဇွန်လဆန်းပိုင်းတုန်းက ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေကို ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ ရာတွင် ကြီးကြပ်ဦးဆောင်သူတစ်ဦးဖြစ်ပြီး ၎င်းထိုးစစ်ဆင်မှုကြောင့် ဒီကေဘီအေ တပ်မှူးတပ်သား(၂၀၀)ကျော် ထိခိုက်သေ ဆုံးခဲ့သလို ပိုင်ကျုံနှင့် လှိုင်းဘွဲမြို့နယ်မှ ဒေသခံ ကရင်ပြည်သူ ၄,၀၀၀ကျော် ထိုင်းနိုင်ငံသို့ ၁နှစ်ကျော်ကြာ ထွက်ပြေးခိုလှုံခဲ့ရ သည်။
ပြီးခဲ့သည့် မတ်လ ၂၄ရက်နေ့က ဗိုလ်ချစ်သူသည် ၎င်း၏ ‘ချစ်သူမြိုင်’ စံအိမ်တော်ကြီးကို ငွေကျပ်သန်း ၁၀၀ကျော် အကုန်အ ကျခံကာ ဆောက်လုပ်ပြီးစီးခဲ့ပြီး အိမ်သစ်တက်မင်္ဂလာပွဲကို ပွဲလမ်းသဘင်များဖြင့် သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ဒီကေဘီအေ တပ်ဖွဲ့တွင် ငွေကြေးဥစ္စာအပြင် လူအင်အား၊ လက်နက်အင်အား အတောင့်တင်းဆုံး ခေါင်းဆောင်တစ်ဦးအဖြစ် လူသိများခဲ့သူ ဗိုလ်မှူးကြီးစောချစ်သူသည် ကေအဲန်ယူတွင် တာဝန်ထမ်းဆောင်စဉ်က ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ဗိုလ်မှူးချုပ်စောထင်မောင်၏ အထူးတပ်ဖွဲ့မှ တပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦး ဖြစ်သည်။

စောသိန်းမြင့် (ကေအိုင်စီ)

မြန်မာခြံလုပ်သားကို ထိုင်းခြံရှင် သေနတ်နှင့်ပစ်

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပအရပ်ရှိ သခွားခြံ တခြံတွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမား တဦးမှာ လစာမရရှိသဖြင့် အလုပ်ထွက်မည် ဆိုသောကြောင့် အလုပ်ရှင်က သေနတ်ဖြင့် ပစ်ခတ်ရာ ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရကြောင်း သတင်း ရရှိသည်။

သေနတ်နှင့် အပစ်ခံရသူမှာ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှ အသက် ၄၀ အရွယ်ရှိ ဦးအနိုင်ဖြစ်ကြောင်းသိရသည်။

ဦးအနိုင်သည် မယ်ပအရပ်ရှိ သခွား ခြံပိုင်ရှင် ခွန်ဇွန်းပွန်းထံတွင် အလုပ်လုပ်လာသည်မှာ တနှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ ၎င်း အလုပ်စ၀င်စဉ်က လစဉ် လုပ်ခလစာ တလ ဘတ် ၁၅၀၀ (ကျပ် ၄၅၀၀၀ ခန့်) နှင့် နေစရာ စားစရာပေးမည်ဟု ဆိုသဖြင့် အလုပ် ၀င်လုပ်ခဲ့ကြောင်း သို့ရာတွင် လုပ်ခလစာကို ရှင်းမပေးဘဲ စားစရာများကိုသာ ပေးခဲ့ကြောင်း ပြောပြသည်။

“အစက လစာ မှန်မှန်ရမယ်ဆိုလို့ ၀င်လုပ်တာဗျာ။ ဟိုလပေးနိုး၊ ဒီလပေးနိုးနဲ့ တနှစ်သာကြာသွားတယ်။ လစာရယ်လို့မရဘူး။ လိုတာရှိရင်ပြောဆိုပြီး သုံးဖို့စွဲဖို့လောက်တော့ ပေးတာပေါ့” ဟု ဦးအနိုင်က ဆိုသည်။

ဦးအနိုင်မှာ တနှစ်ကြာသည်အထိ လစာ မရသောကြောင့် သူဌေးဖြစ်သူအား ယမန်နေ့ နံနက်ပိုင်းက အလုပ်ထွက်မည်ဟု ပြောရာ သူဌေးက ၎င်း ရစရာရှိသည်များကို ရှင်းပေးပြီး ဘတ် (အလုပ်သမားလက်မှတ်) ကိုမူ ညနေပိုင်းတွင် လာယူခိုင်းသည်ဟု ပြောပြသည်။

“ညနေ သွားယူတော့ လက်မှတ်ပေးပြီး လှည့်အထွက်မှာ သူဌေးက သေနတ်နဲ့ ပစ်တော့တာပဲ။ ကျနော်လည်း အသက်လု ပြေးခဲ့ရတယ်” ဟု ပြောသည်။

ဦးအနိုင်သည် သေနတ် ဒဏ်ရာများဖြင့် ထွက်ပြေးလာပြီး ထိုင်းနိုင်ငံအခြေစိုက် ကရင်လူငယ်အစည်းအရုံး (KYO) သို့ ရောက်ရှိလာကာ အကူအညီတောင်းခံသဖြင့် အဆိုပါ အဖွဲ့မှ တာဝန်ရှိသူ များက ရဲစခန်းသို့ အကြောင်းကြားထားပြီး ရဲက စစ်ချက်ယူ၍ မဲဆောက် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံ တင်ပေးထားကြောင်း KYO မှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။

“သူ့ပေါင် ၂ ဘက်လုံးမှာ ကျည်ထိထားသလို လက်မှာလည်း ထိလာတယ်။ သူ့မှာ ဘတ် လည်းရှိတော့ ကျနော်တို့ ရဲကို အကြောင်းကြားတယ်။ ရဲက လျော်ကြေးရအောင် ညှိပေးမယ်လို့တော့ ကျနော်တို့ကို ပြောတယ်။ တကယ်လုပ်ပေး မပေးတော့ မသိဘူး။ မနက်ကတော့ သူ့ကို ကျနော်တို့ ထူပေး မ ပေးမှ လမ်းသွားလို့ ရတယ်။ အခုတော့ ဆေးရုံတင်ထား ပေးတယ်” ဟု KYO ဥက္ကဌ ကိုစောမူရှေးက ပြောသည်။

ထိုင်းခြံရှင်၏ ပစ်ခတ်မှုကြောင့် ဦးအနိုင်၏ ဘယ်ဘက်ပေါင်နှင့် ညာဘက်လက်တို့ကို ထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့သည်။

“ဒီလိုဖြစ်ရပ်မျိုးတွေကတော့ မဲဆောက်မှာ ခဏခဏ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာမျိုး ဖြစ်နေတယ်။ အဓိက ပြဿနာက ထိုင်းနိုင်ငံမှာ လာအလုပ်လုပ်နေတဲ့၊ အထူးသဖြင့် မဲဆောက်မှာ လာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေ အပေါ်မှာ မိခင်နိုင်ငံ အစိုးရက အကာအကွယ်မပေးဘူး ဆိုတာကို အလုပ်ရှင်တွေက သိတယ်လေ။ တခုခုဖြစ်လာရင် သူတို့ စိတ်ထင်တိုင်း လုပ်လို့ရတယ်။ ဒီလိုလုပ်လိုက်လို့လည်း မြန်မာအစိုးရက ဘာမှ အကာအကွယ်မပေးဘူးဆိုတာ သိနေတဲ့အတွက် လုပ်ငန်းရှင်တွေက လက်ရဲဇက်ရဲ ကျူးလွန်ရဲတယ်လို့ ကျနော်တို့ မြင်တယ်” ဟု ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား အရေးကိစ္စ များကို ဆောင်ရွက်ပေးနေသည့် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ ခေါင်းဆောင် ကိုမိုးဆွေက ပြောသည်။ 

ယခုအမှုကို ထိုင်းရှေ့နေများအဖွဲ့  Labor Law Clinic (L.L.C) နှင့် KYO တို့က ပူးပေါင်းကာ တရားဥပဒေအရ အရေးယူပေး ရေးအတွက် တရားရုံးသို့ တိုင်တန်းရန် စီစဉ်နေသည်ဟု ကိုစောမူရှေးက ပြောသည်။

မဲဆောက်တွင် မြန်မာရွှေ့ပြောင်း အလုပ်သမား တသိန်းခွဲခန့် ရှိပြီး အလုပ်သမားလက်မှတ် ပြုလုပ်ထားသူများမှာ လေးသောင်းခန့်သာရှိကြောင်းနှင့် ထိုင်းတနိုင်ငံလုံးတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲနှင့် အထက်ရှိကြောင်း ရောင်ခြည်ဦး အလုပ်သမားအဖွဲ့၏ ပြောဆိုချက်အရ သိရသည်။

ဘစောတင်

Sunday, September 5, 2010

မြန်မာဒုက္ခသည်များအကြောင်း မှတ်တမ်းစာအုပ် ထုတ်ဝေ

ထိုင်း-မြန်မာ နယ်စပ်ရှိ မြန်မာ ဒုက္ခသည်စခန်း ကိုးခုမှ ဒုက္ခသည်များ၏ ဆယ်စုနှစ် နှစ်ခုကျော်ကြာ ခက်ခဲကြမ်းတမ်း စွာ ဖြတ်သန်းခဲ့ရသော ရုန်းကန်ရမှုများကို စုစည်းဖော်ပြထားသည့် စာအုပ် ထုတ်ဝေလိုက်ကြောင်း သိရသည်။

001frontpage
TBBC ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည်အဖြစ် ထုတ်ဝေသော စာအုပ်တွင် ဒုက္ခသည်စခန်း ကိုးခုမှ မြန်မာဒုက္ခသည်များ၏ ဘဝကို ထင်ဟပ် ဖော်ပြထားသည်။ (ပုံ - FCCT)
မြန်မာပြည်မှ ဒုက္ခသည်များ ဖြန်သန်းခဲ့ရသည့် ၁၅ နှစ်ကျော်ကြာ သို့မဟုတ် ညပေါင်း ကိုးထောင်ကျော်အကြောင်းကို “ညပေါင်း ကိုးထောင် - မြန်မာပြည်မှ ဒုက္ခသည်များ - လူသားတို့၏ ဘဝအပိုင်းအစများ မှတ်တမ်း” (Nine Thousand Nights – Refugees from Burma: A People's Scrapbook) စာအုပ်ကို ထိုင်း-မြန်မာ နယ်စပ်တလျှောက် ကူညီစောင့်ရှောက်ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) ၏ ၂၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထုတ်ဝေလိုက်ခြင်း ဖြစ်သည်။

ဒုက္ခသည်စခန်းများ၏ အခြေအနေကို ဖော်ပြသော ဓာတ်ပုံများ၊ ကရင်၊ ရှမ်း၊ ကရင်နီနှင့် မွန်ဒုက္ခသည်များ၏ အတွေ့ အကြုံများကို ဖော်ပြထားသည့် ထိုစာအုပ် ဖြန့်ချိမှုနှင့် သတင်းစာရှင်းလင်းပွဲကို ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များ ကလပ်(FCCT) တွင် စက်တင်ဘာ ၂ ရက်နေ့က ပြုလုပ်ခဲ့သည်။

ထိုစာအုပ်တွင် ပါဝင်ရေးသားခဲ့သူ ကယန်း အမျိုးသမီး မအန်နာဘယ်လီ မူဘီး က“ကျမတို့ ကယန်း လည်ပင်းရှည် (ပဒေါင်) တွေဟာ စခန်းထဲမှာလည်း မနေရဘူး။ ထိုင်းနယ်စပ်မှာ သီးသန့်ရွာ သုံးလေးရွာ ရှိတယ်။ နိုင်ငံခြားသားကို ဆွဲဆောင်တဲ့ဘ၀နဲ့  ရှင်သန်နေကြသလားလို့ သမိုင်းကို ကျမလေ့လာကြည့်တော့ မဟုတ်ဘူး။ ကျမတို့ ဒီကို လာတာက ဘ၀လုံခြုံမှုရဖို့ အတွက်လာတာ။ ဒုက္ခသည်စခန်းမှာ မနေရဘဲ ဘာလို့ သီးသန့် ဖြစ်နေသလဲ။ အဲဒီမေးခွန်းပေါ်လာတယ်။ ဒါကြောင့်မို့လို့ ဒီ ညပေါင်းကိုးထောင်ဆိုတဲ့ စာအုပ်မှာ ဒါကို အဓိက ထားပြီး ရေးထားတာဖြစ်တယ်”ဟု ဧရာဝတီ သို့ ပြောသည်။

အသက် ၇ နှစ် အရွယ်ကတည်းက ဒုက္ခသည်စခန်းသို့ ရောက်လာခဲ့သည့် မူဘီးသည် ယခုအခါ International Rescue Committee မှ Gender based Violence Manager အဖြစ် တာဝန်ယူထားသူ ဖြစ်သည်။

မြန်မာပြည် ထိုင်းနယ်စပ်ဒေသသို့ ထွက်ပြေးလာသူများတွင် ကရင်နီ မျိုးနွယ်စုထဲမှ လည်ပင်း ကြေးကွင်းပတ်သည့် ကယန်း လူမျိုးများလည်း ပါဝင်သည်။ ကြေးကွင်းပတ် ကယန်းများကို ဒုက္ခသည်စခန်းတွင်မထားဘဲ သီးခြားရွာတည်ကာ ကမ္ဘာလှည့်ခရီးသွားများကို ဝင်ကြေးပေး ကြည့်ရှုစေသည့် ထိုင်းစီးပွားရေးသမားများ၏ လုပ်ရပ်ကို မူဘီးက  ထောက်ပြ ဝေဖန်သွားခြင်း ဖြစ်သည်။ 

ဒုက္ခသည် စခန်းသို့ ရောက်ရှိလာသည့် မြန်မာပြည်မှ တိုင်းရင်းသားများအကြောင်း၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင် ခဲ့ကြသည့် ကျောင်းသားများနှင့် နိုင်ငံရေးလှုပ်ရှားသူများ ရောက်လာပုံ၊ ဒုက္ခသည်စခန်းများ တိုက်ခိုက်ခံရပုံနှင့် တိုင်းရင်းသားများ၏ ဆုံးရှုံးနစ်နာချက်များ စသည်တို့ကို ဓာတ်ပုံ အထောက်အထားများဖြင့် ဖော်ပြထားသည်။

မူဘီးက“ဒုက္ခသည်တယောက် ဖြစ်လာရပြီဆိုမှဖြင့် ကိုယ်ချစ်ခင်မြတ်နိုးတဲ့ အရာအားလုံးကို စွန့်လွှတ် ဆုံးရှုံးရတော့ တာပါပဲ။ ဒါကြောင့် ကျမ ကိုယ်တတ်နိုင်တဲ့ဘက်က ဒုက္ခသည်တွေကို ကူညီဖို့ အမြဲ ကြိုးစားတယ်။ မြန်မာပြည် အရေး ကိုလည်း ကိုယ်က ဘယ်လို ပံ့ပိုးပေးနိုင်မလဲဆိုတာ ကျမအမြဲတမ်း ထည့်စဉ်းစားမိတယ်။ လက်လှမ်းမီသလောက် တော့ တတ်နိုင်သလောက် ကျမလုပ်တယ်”ဟု ပြောပြသည်။

မယ်ဟောင်ဆောင် အခြေစိုက် ကန္တာရ၀တီတိုင်းမ် သတင်းဌာနမှ အယ်ဒီတာ ဒေလီထက်က “မယ်ဟောင်ဆောင်က ဒုက္ခသည်စခန်းကနေ အနောက်ဘက်ကိုသွားရင် မြန်မာစစ်တပ်တွေ ကြီးစိုးတဲ့နေရာကိုရောက်မယ်။ အရှေ့ဘက်ကို
သွားရင် ထိုင်းတွေနေတဲ့ နေရာကို ရောက်မှာပေါ့။ အဲဒီတော့ ဟိုဘက်သွားရင်လည်း မိုင်းနင်းမိမှာကို ကြောက်ရတယ်။ ဒီဘက်လာပြန်ရင်လည်း ထိုင်းရဲက ဖမ်းတာဆီးတာကို ခံရတာတွေ ရှိတယ်။ ဒီဒုက္ခသည်တွေက သွားစရာ လာစရာ နေရာက အရမ်းကျဉ်းတယ်လေ။ ဒါကြောင့် တချို့တွေဟာ စာရိတ္တပိုင်း အားနည်းတာမျိုးရှိသလို တချို့လည်း စိတ်ဖိစီးမှုကို မခံနိုင်လို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး အထိ ရှိဖူးတယ်”ဟု ဆိုသည်။

၁၉၈၃ မှ စတင်၍ စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေး လာကြသူများရှိနေ ကြောင်း၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် ဒုက္ခသည်ပေါင်း တသိန်း ခြောက် သောင်း ခန့်ရှိကြောင်း ဒုက္ခသည်များ ကူညီထောက်ပံ့ရေး အဖွဲ့အစည်းများ၏ မှတ်တမ်းများအရ သိရသည်။

နိုဝင်ဘာတွင် ကျင်းပမည့် ရွေးကောက်ပွဲ ပြီးပါက ဒုက္ခသည်များကို မြန်မာပြည်သို့ ပြန်ပို့နိုင်ရန် မျှော်လင့်ထားကြောင်း ထိုင်းအာဏာပိုင်များက ပြီးခဲ့သည့် ဧပြီလတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။



ဘစောတင်

မဲဆောက်တွင် အဖမ်းအဆီးကြမ်း၊ အလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရ

မဲဆောက်တွင် အဖမ်းအဆီးကြမ်း၊ အလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင် လုပ်ကိုင်နေသော အလုပ်သမားများကို အာဏာပိုင်များက ယမန်နေ့မှ စတင်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့် အတွက် မြန်မာအလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရပြီး ထောင်နှင့်ချီ၍ ရှောင်တိမ်း ပုန်းအောင်းနေ ကြရကြောင်း သတင်း ရရှိသည်။

Mae-Sot-Workers
မြန်မာ အလုပ်သမားများ အဖမ်းအဆီး ခံရမည်ကို စိုးရိမ်၍ ဤကဲ့သို့ ရှောင်တိမ်းနေကြရ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့က မဲဆောက် မြို့ပြင်ရှိ စက်ရုံများကို စတင်ဝင်ဖမ်းရာ အလုပ်သမားများက ကြိုတင်ထွက်ပြေးတိမ်းရှောင်၍ နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် တောထဲတောင်ထဲတွင် ပုန်းအောင်းနေခဲ့ကြရသည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့တာဝန်ခံ ကိုမိုးဆွေက ပြောပြသည်။

ယင်းသို့ ပုန်းအောင်းနေစဉ် ဖာဒေးရွာ ဘုန်းကြီးကျောင်းအတွင်းမှ အလုပ်သမား ငါးရာ ကျော် အဖမ်းခံခဲ့ရပြီး ကျောင်း ထိုင် ဘုန်းကြီးကိုပါ ထိုင်း အာဏာပိုင်များက တရားရုံးသို့ ဆင့်ခေါ်ထားကြောင်း သိရသည်။


“ဖမ်းတာကတော့ တအားကို ဖမ်းနေတယ်။ စာရင်းအတိအကျ ကျနော်တို့ မပြောနိုင်သေးဘူး။ ထောင်နဲ့ချီပြီး အဖမ်းခံ ထားရတာကိုတော့ ပြောနိုင်ပါတယ်။ အခုလို ဖမ်းတာဟာ ဇွန်လ ၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်က ဖမ်းဆီးဖို့ လက် မှတ် ထိုး ထုတ်ပြန်ထားတဲ့ အစီအစဉ်ကြောင့်ဖြစ်မှာပါ။ သူက အောက်တိုဘာလ မတိုင်မီမှာ ဖမ်းပြီး ပြန်ပို့မယ်ဆိုပြီး အမိန့် ထုတ်ထားတာ ရှိတယ်”ဟု ကိုမိုးဆွေက ပြောသည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက် ၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ်  ဝေ့ချာချီဝက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မဲဆောက်တွင် ယခုတကြိမ် ဖမ်းဆီးခြင်းမှာ အလွန်ဆိုးရွားကြောင်း တိမ်းရှောင်နေရသူ မြန်မာ အလုပ်သမား ကိုကျော်သူ က ပြောသည်။

“အခုဖမ်းတာက ရဲရော တော်မော(လ၀က)ရော နယ်ခြားစောင့်ရဲနဲ့ စစ်သားတွေပါ ပါတယ်။ ဒီ ဘုန်းကြီးကျောင်းထဲကို အလုပ်သမားတွေ ၀င်နေတယ်ဆိုရင် အဲဒီကျောင်းကို ၀ိုင်းလိုက်ကြတာပဲ။ တွေ့ တဲ့လူကို ဆွဲတာပဲ။ ၂၀၀၈ တုန်းက မြန်မာပြည်ကို နာဂစ် ၀င်သလို အခု မဲဆောက်မှာ အဖိဆစ် နာဂစ်မွှေတယ်လို့ ပြောရမလိုဘဲ”ဟု ၎င်းက ဆိုသည်။

မဲဆောက်မြို့နယ် မြစ်ကမ်းနဖူးရှိ စက်ရုံများမှ အလုပ်သမားများမှာ စက်တင်ဘာလ ၂ ရက်နေ့ကပင် မြန်မာနိုင်ငံ မြ၀တီ မြို့ဘက်ကမ်းသို့ ကူးကာ တိမ်းရှောင်နေကြကြောင်း သိရသည်။

“မနေ့က ညနေ ၃ နာရီလောက်မှာ စက်ရုံ အလုပ်ရုံ အသီးသီးက အလုပ်ရှင်တွေက အလုပ်သမားတွေကို ၃ ရက် လောက် ရှောင်နေဖို့ ပြောတယ်။ ဒါကြောင့် မနေ့ညနေကတည်းက မြ၀တီဘက်ကမ်းကို ကူးနေကြတာတွေ ရှိတယ်။ ကျနော်တို့ သိရသလောက် မြ၀တီဘက်ကို ကူးသွားတာ သုံးထောင်ကျော် လေးထောင်လောက် ရှိတယ်”ဟု  မြန်မာ အလုပ်သမား ကွန်ယက်(Burmese Workers’ Network) မှ တာဝန်ခံ ကိုစိုးက ပြောသည်။ 

မြ၀တီဘက်ကမ်းရှိ ဘုန်းကြီးကျောင်းများတွင် မဲဆောက်မှ ထွက်ပြေး တိမ်းရှောင်လာကြသော အလုပ်သမားများဖြင့် ပြည့်နေကြောင်းလည်း သိရသည်။

မဲဆောက်ရှိ ဘုန်းကျောင်းတကျောင်းတွင် ပုန်းအောင်းနေကြသည့် အလုပ်သမားများကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ၍ စိတ် မကောင်း ဖြစ်ရသည်ဟု သီးလေးသီးအငြိမ့်အဖွဲ့ မှလူရွှင်တော် ပန်းသီးက ပြောဆိုသည်။

“မနေ့က ကျနော်တို့ ကျောင်းကြီးထဲကို ဗီဒီယို ရိုက်စရာရှိလို့ ၀င်သွားတာဗျာ ပုန်းနေကြတဲ့ အလုပ်သမားတွေ မနည်း ဘူးဗျ။ အနည်းဆုံး တရာ နှစ်ရာ လောက်ရှိမယ်။ ရဲက ကျောင်းဝင်းကို ၀ိုင်းထားတာတွေ့ တော့  အလုပ်သမားတွေ အတွက် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ အခုဟာက မဲဆောက်မှာ ခလုပ်တိုက်မိရင် ရဲ။ ပြောင်ပြောင်မြင်ရင် ရဲပဲဗျို့”ဟု ဆိုသည်။

အလားတူ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေစဉ် ရဲက ၀ိုင်းမိ၍ ယမန်နေ့က အလုပ်သမား လေးဆယ်ကျော် ဖမ်းဆီး ခံထားရကြောင်း၊ တိမ်းရှောင်နေရသူများထဲတွင် အမျိုးသမီး အများစုပါဝင်၍ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း ယင်း အလုပ်သမားများကို အကူအညီပေးနေသော အဝေးရောက် ဧရာဝတီ လူမှုရေး အသင်း ဥက္ကဌ ကိုသောင်းလှိုင်က ပြော သည်။

“ဖာထစ်ဆိုတဲ့ နေရာမှာ ၄၂ ယောက် အဖမ်းခံသွားရတယ်လို့ အခုပဲသတင်းရပါတယ်။ ကျနော်တို့က အဲသလို ပြေးနေ တဲ့ သူတွေကို လိုက်လံကူညီစောင့်ရှောက်ဖို့  ကြိုးစားနေတာပါ။ ပြေးနေတဲ့သူတွေထဲမှာ မိန်းကလေး ၇၅ ရာခိုင်နှုန်း လောက်ရှိတယ်။ ပြီးတော့ အခုက တုပ်ကွေးကလည်း အရမ်းဖြစ်နေကြတယ်။ မိုးကလည်း ရွာနေတယ်ဆိုတော့ ကျန်းမာရေး အတွက်လည်း စိုးရိမ်ရတယ်။ နောက်ပြီး ပုလိပ်ရန်ကတဘက် မိုးချုပ်လာရင် လမ်းသရဲ ရန်ကလည်း ကြောက်ရသေးတယ်”ဟု ၎င်းက ပြောဆိုသည်။

ယနေ့မှစ၍ စက်တင်ဘာလ ၅ ရက်နေ့အထိ အလုပ်သမား လက်မှတ်မရှိသူများဖြင့် လည်ပတ်နေသော အလုပ်ရုံများ ပိတ်ထားရသည်ဟုလည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် လျှောက်ထားကြောင်း သိရသည်။