Thursday, September 24, 2009

အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့်အတိုက်အခံနှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ပြောကြားလိုက်သည်။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က direct engagement လုပ်ဖို့ရယ် sanction ကိုလည်း ဆက်လက်ဆောင်ရွက်မယ်ဆိုတာ ပြောတယ်။ အဲဒါကို ကျနော်တို့ပြောကြတော့ ဒေါ်အောင်ဆန်းစုကြည်က direct engagement က ကောင်းတာပေါ့တဲ့။ အရင်ကတည်းကလည်း သူလည်းကြုံကြိုက်တဲ့အခါတိုင်း ပြောနေတာပဲတဲ့။ direct engagement လုပ်တဲ့နေရာမှာတော့ အစိုးရနဲ့ချည်းပဲမဟုတ်ဘဲ အတိုက်အခံတွေ၊ ဒီမိုကရေစီရေးသမားတွေနဲ့ပါ လုပ်ရင်ပိုပြီးတော့ အကျိုးရှိမယ်လို့ သူအဲလိုပြောပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းနှင့်ရှေ့နေများသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကိစ္စ ဆွေးနွေးရန်အတွက် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒစ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားသည် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်နေပြီး ပြောင်းလဲလာမည့် မူဝါဒအသစ်နှင့်ပတ်သက်၍ မစ္စစ်ကလင်တန်က ယင်းသို့ ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူ အရာရှိ (၂) ဦးလာရောက်ပြီး အမေရိကန်အစိုးရက မူဝါဒအသစ်နှင့်ပတ်သက်၍ ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

၎င်းက “သူတို့ပြောတာတော့ အမေရိကန်နိုင်ငံခြားရေးဝါဒရဲ့ ရှေ့ပြေးပေါ့ဗျာ။ ပါတဲ့အချက်တွေကတော့ sanction ကတော့ ဆက်ရှိနေမယ်ပေါ့။ တဖက်ကလည်း တပ်မတော်အစိုးရနဲ့ engagement ပေါ့၊ ပိုမိုနီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို
လုပ်သွားမယ်ပေါ့ဗျာ။ တချိန်တည်းမှာပဲ ဆန်ရှင်ကို တဖြည်းဖြည်းချင်း ဖျက်သိမ်းသွားမယ့်ဟာမျိုးကိုလည်း သူတို့ သဘောထားရှိတဲ့ သဘောပေါ့လေ။ ဒါဟာလည်း တဖက်က အစိုးရဘက်ကနေပြီးတော့ ကောင်းမွန်တဲ့ ပျော့ပျောင်းတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ နောက်ပြီးတော့ ဖမ်းထားတဲ့အကျဉ်းသားတွေ အစရှိသဖြင့်ပေါ့။ ဘက်ပေါင်းစုံကနေပြီးတော့ ပျော့ပျောင်းတဲ့အနေအထားမျိုးတွေ ပြသလာမယ်၊ ဆက်ဆံမှုတွေမှာ တိုးတက်ကောင်းမွန်တဲ့သဘောထားတွေ ရှိလာမယ်ဆိုရင်တော့ သူတို့ဘက်က တဖြည်းဖြည်းချင်းဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ဆိုလိုတာဖြစ်တယ်” ဟု ရှင်းပြသည်။

ထိုသို့အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးရေးမူဝါဒအသစ်နှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ကြိုဆိုသော်လည်း သတိဖြင့်ဂရုတစိုက်ကြိုရမည်ဖြစ်သည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ခေတ်ပြိုင်မှကိုးကားယူသည်။

မော်လမြိုင်တက္ကသိုလ်ရှိရာရပ်ကွက် အနှိပ်ခန်းနှင့်လောင်းကစားဝိုင်းများ ပြည့်နှက်

မော်လမြိုင်တက္ကသိုလ် တည်ရှိရာ မွန်ပြည်နယ် မော်လမြိုင်မြို့ မြိုင်သာယာရပ်ကွက်တွင် အနှိပ်ခန်းများနှင့် လောင်းကစား ဝိုင်းများ ပြည့်နှက်နေကြောင်း သိရသည်။

တက္ကသိုလ်ကျောင်းသူကျောင်းသားတို့က အပြင်အဆောင်အဖြစ် နေထိုင်ရသည့် မြိုင်သာယာရပ်ကွက်တခုတည်းတွင်ပင် အနှိပ်ခန်းပေါင်း (၃၀) ကျော်ကို ဗြောင်ကျကျ ဖွင့်လှစ်ထားကြောင်း မော်လမြိုင်တက္ကသိုလ်မှ နည်းပြဆရာမတဦးက ပြောသည်။

“ဒီလိုမျိုး ဗြောင်ကျကျ ဖွင့်ထားလို့မသင့်တော်ဘူး။ ဒီရပ်ကွက်က ကျောင်းသူကျောင်းသားတွေ နေတဲ့ရပ်ကွက်ဖြစ်တယ်။ သူတို့နေတဲ့ အဆောင်ဘေးမှာတောင် ဒီလိုအနှိပ်ခန်းတွေ ရှိနေတာက အဆိုးဘက်ကို တွန်းပို့သလို ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။

ပြည်နယ်ပညာရေးအရာရှိတို့က မြိုင်သာယာရပ်ကွက်တွင် မှိုလိုပေါက်နေသည့် စားသောက်ဆိုင်၊ အနှိပ်ခန်း၊ လောင်းကစား ဝိုင်းများနှင့် အခြားဖျော်ဖြေရေး လုပ်ငန်းများအား ရွှေ့ပြောင်း၊ တားမြစ်ပိတ်ပင်ပေးရန် ပြည်နယ်အာဏာပိုင်ထံ တင်ပြသော်လည်း ယင်းလုပ်ငန်းများတွင် အထက်ပိုင်းအာဏာပိုင်များလည်း ပါဝင်ပတ်သက်နေသောကြောင့် ပိတ်ပင်တားမြစ်ရန် မအောင်မြင်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မြိုင်သာယာရပ်ကွက်၊ ရှင်စောပုလမ်းရှိ ကျောင်းသားများအကြား ရေပန်းစားနေသော အနှိပ်ခန်းကို စစ်တပ်အရာရှိတဦးက ဖွင့်လှစ်ထားခြင်းဖြစ်ပြီး (၂၄) နာရီ ဝန်ဆောင်မှု ပေးထားကြောင်း ကျောင်းသားများက ပြောသည်။

ဒုတိယနှစ် ပထဝီဘာသာ ကျောင်းသားတဦးက “အခု အနှိပ်ခန်းတွေက ညပိုင်း အားလုံးပိတ်ခိုင်းထားတယ်။ နေ့ပိုင်းမှာပဲ အလုပ်လုပ်ကြတယ်။ ဒါပေမယ့် အထက်လူကြီး စစ်တပ်အရာရှိ ဖွင့်ထားတဲ့ ရှင်စောပုလမ်းထဲက အနှိပ်ခန်းဆိုရင် ကြိုက်တဲ့အချိန် သွားလို့ရတယ်” ဟု ပြောသည်။

အနှိပ်ခန်းများတွင် အသက် (၁၅) နှစ်မှ (၂၅) နှစ်အထိ မိန်းကလေးငယ်အများစု အလုပ်လုပ်နေကြပြီး အဆိုပါအနှိပ်ခန်းများသည် ပြည့်တန်ဆာအိမ်တို့နှင့် မကွာခြားကြောင်း သိရသည်။

အဆိုပါမြိုင်သာယာရပ်ကွက်တွင် အနှိပ်ခန်းကဲ့သို့ ဖျော်ဖြေရေးလုပ်ငန်းများရခြင်းမှာ အပစ်ရပ်တိုင်းရင်းသားအဖွဲ့အစည်းတို့ အများဆုံးအခြေချရာ ရပ်ကွက်ဖြစ်သကဲ့သို့ မြဝတီ၊ ရန်ကုန်နှင့် တနင်္သာရီတိုင်းတို့မှလာသည့် ကုန်တင်ယာဉ်များ ရပ်နားရာ ရပ်ကွက်လည်း ဖြစ်သည်။

အနှိပ်ခန်းအများစုမှာ မြိုင်သာယာတိုးချဲ့အကွက်၊ ကျိုက်မရောလမ်းတလျှောက်၊ ရှင်စောပုလမ်း၊ သမိန်ဗရမ်းလမ်း၊ ဗိုလ်ချုပ် အောင်ဆန်းလမ်းတို့တွင် တည်ရှိသည်။

ထို့ပြင် တက္ကသိုလ်ကျောင်းရှေ့ လက်ဖက်ရည်ဆိုင်တန်းအနီးတွင်လည်း ကြေးမြင့်သည့် လောင်းကစားဝိုင်းများနှင့် ဘောလုံးပွဲ လောင်းနိုင်သည့် နေရာများ၊ ချဲထိုးနိုင်သည့် နေရာအများအပြားလည်းရှိကြောင်း စုံစမ်းသိရသည်။

တက္ကသိုလ်နည်းပြဆရာမက “ဒီလိုမကောင်းတဲ့အလုပ်အကိုင်တွေရဲ့ နောက်ကွယ်မှာ အာဏာပိုင်တွေ ရှိနေတယ်ဆိုတာ လူတိုင်းသိတယ်။ ဒီလိုရပ်ကွက်မျိုးမှာ ချဲဖွင့်ရဲတာ၊ ဘောလုံးလောင်းတဲ့အိမ် ဖွင့်ရဲတာ အာဏာပိုင်တွေပဲ ရှိတာပေါ့။ ဒါပေမယ့် ရပ်ကွက်က မတိုင်ရဲကြလို့သာ ဒီအတိုင်းငြိမ်နေကြတာ” ဟု ပြောသည်။

ခေတ်ပြိုင်မှကိုးကားယူသည်.

Wednesday, September 23, 2009

ဦးဉာဏ်ဝင်း ၀ါရှင်တန်သို့ တရက်တာ သွားခွင့်ရ

့မြန်မာစစ်အစိုးရ ခေါင်းဆောင်များ နယူးယောက်မြို့ အတွင်း ၂၅ မိုင် ပတ်လည်သာ သွားလာရန် ကန့်သတ်ခံထား ရသော်လည်း အမေရိကန်အစိုးရက နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းကို ၀ါရှင်တန်မြို့တော်သို့ ပြီးခဲ့သည့်အပတ်အတွင်း သွားရောက် လည်ပတ်ခွင့် ပြုလိုက်သည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ရောက်ရန် နယူးယောက်မြို့သို့ ရောက်ရှိနေသော ဦးဉာဏ်ဝင်း (ဓာတ်ပုံ-AP)

ထို တရက်တာ ခရီးစဉ်မှာ ၀ါရှင်တန်ရှိ မြန်မာသံရုံး အဆောက်အအုံ ပြုပြင်ရေးအတွက် အထူး ခွင့်ပြုလိုက်ခြင်း ဖြစ်ကြောင်း၊ စစ်အစိုးရခေါင်းဆောင်ပိုင်းကို ကန့်သတ်ထားသည့် မူဝါဒများ ပြောင်းလဲခြင်း မရှိသေးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများက ပြောသည်။

သို့သော်လည်း ၉ နှစ်အတွင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးကို နယူးယောက်မြို့ အပြင်ဘက်သို့ ပထမဆုံးအကြိမ် လည်ပတ်ခွင့် ပြုခြင်းမှာ မြန်မာစစ်အစိုးရအပေါ် ထားရှိသည့် အမေရိကန် အစိုးရ၏ ရပ်တည်ချက် ပျော့ပြောင်းစ ပြုလာခြင်း ဖြစ်ကြောင်း အမေရိကန် စာနယ်ဇင်းများက ထောက်ပြကြသည်။

ယနေ့ထုတ် ၀ါရှင်တန်ပို့စ်သတင်းစာတွင် ဦးဉာဏ်ဝင်း၏ ခရီးစဉ်မှာ သံရုံးဝန်ထမ်းများကို သွားရောက် တွေ့ဆုံခြင်းထက် ပိုသည်ဟု ရေးထားသည်။ ဦးဉာဏ်ဝင်းသည် အမေရိကန်-အာရှ စီးပွားရေးကောင်စီ နှင့် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်တို့ကို တွေ့ဆုံခဲ့သည်ဟု ဆိုသည်။ မစ္စတာ ဂျင်မ်ဝက်ဘ်သည် ယခင်လက နေပြည်တော်သို့ သွားရောက်ခဲ့သူ ဖြစ်ပြီး အမေရိကန်အစိုးရ၏ မူဝါဒများ ပြောင်းလဲရေးအတွက် လှုံ့ဆော်နေသူလည်း ဖြစ်သည်။

မြန်မာသံရုံး ပြောခွင့်ရ အရာရှိ ဦးကျော်ဝင်းက ၀ါရှင်တန်ပို့စ်သတင်းစာအား ပြောကြားရာတွင် ဦးဉာဏ်ဝင်းသည် ၀ါရှင်တန်မြို့တော် အလည်အပတ် ခရီးစဉ်အတွင်း အိမ်ဖြူတော်၊ လင်ကွန်းအမှတ်တရ အဆောက်အအုံ၊ စမစ်ဆိုနီယန် အမျိုးသား လေကြောင်း နှင့် အာကာသ ပြတိုက်တို့ကို ရောက်ရှိခဲ့သည်ဟု ဆိုသည်။

“အခုလို ခွင့်ပြုချက်ရတာ ကောင်းတဲ့ လက္ခဏာပါ။ ကျနော်တို့ ဒီလိုမျိုး ခွင့်ပြုချက် မရတာ နှစ်အတော် ကြာပါပြီ” ဟု ဦးကျော်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်း၏ ၀ါရှင်တန်မြို့ တရက်တာ ခရီးစဉ်အတွင်း အစိုးရအရာရှိများနှင့် တွေ့ဆုံခြင်း မရှိဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန အရာရှိများက ဆိုသည်။

သို့သော်လည်း အရှေ့အာရှ နှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့ ကမ့်ဘဲလ်သည် နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ လာရောက်မည့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် တွေ့ဆုံရန် အစီအစဉ်ရှိသည်ဟု သိရသည်။

ဤအတောအတွင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာ့မိတ်ဆွေနိုင်ငံများ ဆွေးနွေးပွဲကို တင်ရောက်ပြီး အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒကို ရှင်းလင်း ပြောပြမည်ဟု မျှော်လင့်ရသည်။ နိုင်ငံ ၁၄ နိုင်ငံ ပါဝင်သည့် အဆိုပါ ၀န်ကြီးအဆင့် ဆွေးနွေးပွဲကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက စီစဉ် ကျင်းပခြင်း ဖြစ်သည်။

ဤသို့ မြန်မာ့အရေး ဆွေးနွေးမှုများကို ပြင်ဆင်နေချိန်တွင် ယမန်နေ့က မစ္စတာ ဂျင်မ်ဝက်ဘ်၏ ကြေညာချက်တစောင် ထွက်ပေါ်လာသည်။ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး လွှတ်တော် ကြားနာပွဲတရပ် ပြုလုပ်မည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

“အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်ဝက်ဘ်သည် အစိုးရ၏ မြန်မာပြည်ဆိုင်ရာ မူဝါဒ၏ ထိရောက်မှု နှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးရန်အတွက် လွှတ်တော် ကြားနာပွဲကို ပြုလုပ်လိုခြင်းဖြစ်သည်” ဟု ကြေညာချက်တွင် ရေးထားသည်။

“ကြားနာပွဲတွင် မြန်မာပြည်၏ လက်ရှိ စီးပွားရေး နှင့် နိုင်ငံရေး အခြေအနေများကို ဆန်းစစ်မည် ဖြစ်ပြီး ကာလကြာရှည်စွာ ဖြစ်ပွားနေသော ပြည်တွင်းစစ် နှင့် တိုင်းရင်းသားရေးရာ ပဋိပက္ခများကြောင့် ဒီမိုကရေစီအရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး ထိခိုက်ရပုံကို ဆွေးနွေးမည်ဖြစ်သည်” ဟု ကြေညာချက်က ဆိုသည်။

ကြားနာပွဲအတွင်း တခြားနိုင်ငံများနှင့် မတူညီသည့် အမေရိကန်အစိုးရ၏ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့မှု မူဝါဒကို ပြန်လည်သုံးသပ်ခြင်း၊ မြန်မာပြည် ဒီမိုကရေစီအရေးအတွက် အမေရိကန်ပြည်ထောင်စုက မည်သို့ ပါဝင်ဆောင်ရွက်သင့်သည်၊ ဆောင်ရွက်နိုင်သည်ဟူသော အချက်ကို ဆွေးနွေးခြင်း၊ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး လမ်းကြောင်းသစ်နှင့် ပတ်သက်ပြီး ကြားနာခြင်း စသည့် အကြောာင်းအရာများ ပါဝင်သည်ဟု ဆိုသည်။

ဤကြားနာပွဲ အစီအစဉ်သည် မစ္စတာ ဂျင်ဝက်ဘ်၏ အရှေ့တောင် အာရှ ၅ နိုင်ငံ ခရီးစဉ် အပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။

မစ္စတာ ဂျင်ဝက်ဘ်သည် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ပထမဆုံးသော အမေရိကန် လွှတ်တော်အမတ် ဖြစ်သည်။

မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့သည့် အမေရိကန် ပြည်ထောင်စုနှင့် နိုင်ငံတချို့၏ မူဝါဒကို ပြန်လည် သုံးသပ်ပြီး မူဝါဒ အသစ်ဖြင့် ချည်းကပ်ကြရန် မစ္စတာ ဂျင်ဝက်ဘ်က တိုက်တွန်းထားသည်။

ဧရာဝတီ

ကရင်ရွာသား ရာနှင့်ချီ၍ ကူးစက်ရောဂါ ဖြစ်ပွား

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် လွန်ခဲ့သည့် ၂ ပတ်ခန့်က စတင်ပြီး ကူးစက်ရောဂါတမျိုး ဖြစ်ပွားနေသဖြင့် ရွာသား ၃၀၀ ခန့် ဖျားနာနေကြသည်ဟု ကရင်တိုင်းရင်းသား သတင်းရပ်ကွက်မှ သိရသည်။

အဆိုပါ အမျိုးအမည်မသိ ကူးစက်ရောဂါကြောင့် ယခုအချိန်ထိ လူအသေ အပျောက် မရှိသေးကြောင်း ကရင်ပြည်နယ်အတွင်း လှုပ်ရှားနေသော နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့မှ တာဝန်ခံ တဦးဖြစ်သူ ဦးမန်းမန်းက ပြောသည်။

“ဒီရာသီမှာ တုပ်ကွေး ဖြစ်တတ်ကြတယ်၊ တုပ်ကွေးထက် ကြက်ငှက်တုပ်ကွေးလား၊ ဝက်တုပ်ကွေးလား အဲဒါတွေကို စိုးရိမ်နေတာ” ဟု ဦးမန်းမန်းက ဧရာဝတီကို ပြောသည်။

ရောဂါကူးစက်သူတွင် လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ ချောင်းဆိုးခြင်း၊ ကိုယ်ပူရှိန် မြင့်တက်ခြင်း စသည်တို့ ဖြစ်ပေါ်တတ်သဖြင့် တုပ်ကွေး ရောဂါ လက္ခဏာများနှင့် ဆင်တူသည်ဟု သိရသည်။

အလယ်တန်း စာသင်ကျောင်း တကျောင်းမှ ကျောင်းသားပေါင်း ၆၀ ခန့်တွင် ထိုရောဂါ ကူးစက်နေသဖြင့် ကျောင်းပိတ်ထားရသည်ဟု ဦးမန်းမန်းက ပြောသည်။

တိုက်ပွဲများ ဖြစ်ပွားတတ်သော အဆိုပါ ဒေသကို နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များ၊ အာဏာပိုင်တို့၏ ကျန်းမာရေး အဖွဲ့များ သွားရောက်ကြခြင်း မရှိဟု သိရသည်။

ထို့ကြောင့် အဆိုပါဒေသမှ ပြည်သူများ၏ ကျန်းမာရေးအတွက် ထိုင်းမြန်မာနယ်စပ် အခြေစိုက် အကူအညီပေးရေး အဖွဲ့တချို့က ဆောင်ရွက်ပေးနေသည်။

လတ်တလော ဖြစ်ပွားနေသော ကူးစက်ရောဂါ အကြောင်း အတိအကျ သိရှိနိုင်ရန် နယ်လှည့်ကျောပိုးအိတ်အဖွဲ့က သွားရောက် စုံစမ်း၊ စစ်ဆေးမှုများ ပြုလုပ်ရန် စီစဉ်နေသည် ဟုဆိုသည်။
ယခု ကူးစက်ရောဂါမှာ ပုံမှန် ဖြစ်ပွားနေကျ တုပ်ကွေးရောဂါထက် ကူးစက်နှုန်း မြန်ဆန်ကြောင်းလည်း သိရသည်။

လူငယ်များ ထိုကူးစက်ရောဂါ ဖြစ်ပွားနေပြီး၊ ကိုယ်အပူချိန် မြင့်တက်မှုကြောင့် စိုးရိမ်ရကြောင်းကို ဖာပွန်ခရိုင်အတွင်းရှိ တာ့အူဒဲရွာမှ ဆေးမှူးတဦး၏ အကြောင်းကြားချက်အရ စတင် သိရှိရသည်ဟု ကရင် တိုင်းရင်းသား သတင်းဌာန ဖြစ်သော ကွယ်ကလူ (Kwekalu) မှ အယ်ဒီတာ အယ်နာက ပြောသည်။

“ကလေးတွေမှာ ကိုယ်အပူချိန် ၁၀၃ ကနေ ၁၀၄ အထိ ဖြစ်ပွားတာကြောင့် ကလေးတွေအတွက် စိုးရိမ်ရတယ် လို့ ကျနော့်ကို တာ့အူဒဲရွာက ဆေးမှူးက ပြောတယ်” ဟု အယ်ဒီတာ အယ်နာက ဧရာဝတီကို ပြောသည်။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင်လည်း ဤကူးစက်ရောဂါ တကြိမ် ဖြစ်ပွား ခဲ့ဖူးကြောင်း၊ ကလေးတချို့ အသေပျောက် ရှိခဲ့ကြောင်း သိရသည်။

စစ်အစိုးရ ကျန်းမာရေးဌာနက ထိုဒေသရှိ ကျန်းမာရေး အခြေအနေနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်လေ့ မရှိပေ။

ဧရာဝတီ

အသတ်ခံရသည့် မြန်မာများအတွက် နစ်နာကြေးရရေး မိသားစုများကို ထိုင်းလူ့အခွင့်အရေးအဖွဲ့ကူညီ

ရဲရင့် / ၂၃ စက်တင်ဘာ ၂၀၀၉
စိုက်ပျိုးရေးလုပ်ငန်းခွင်အတွင်း ပြောင်းဖူးခိုးသည်ဟုစွပ်စွဲပြီး ထိုင်းအလုပ်ရှင်က သတ်ဖြတ်လိုက်သည့် မြန်မာ (၄) ဦးအတွက် နစ်နာကြေးရရှိရန် ၎င်းတို့၏ ကျန်ရစ်သူမိသားစုဝင်များက ထိုင်းတရားရုံးတွင် လျှောက်ထားခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၇ ခု နှစ်ကုန်ပိုင်းတွင် မဲဆောက်မြို့မှ ကီလိုမီတာ (၃၀) အကွာရှိ ကျေဒီခို့ရွာ စိုက်ပျိုးရေးခွင်ရှိပြောင်းခြံတွင် မိသားစုဝင်များနှင့် အလုပ်လုပ်ကိုင်နေသည့် ကိုသန်းထွန်း (အထွန်း)၊ ဦးကုလားကြီး၊ ကိုနိုင်လင်း၊ ကိုပေါ်ဦး (အပေါ်) တို့ကို ထိုင်းအလုပ်ရှင်နှင့်အဖွဲ့က ပြောင်းဖူးအိပ်များ ခိုးယူသည်ဟုစွပ်စွဲပြီး သတ်ဖြတ်လိုက်ခြင်းဖြစ်သည်။

နို့စို့အရွယ် ကလေးငယ်အပါအ၀င် ကလေး (၅) ဦးနှင့်အတူ ကျန်ရစ်သူ ကိုသန်းထွန်း၏ဇနီးဖြစ်သူ မကြည်အေးက “အကြောင်းမဲ့ အပြစ်မရှိဘဲ အသတ်ခံရတာပါ။ ကလေးတွေနဲ့ဒုက္ခရောက်ပြီး အားကိုးမရှိတော့လို့ အခုလို နစ်နာကြေးရရှိဖို့ လျှောက်ထားတာပါ” ဟု ပြောသည်။

ထိုင်းတရားရုံးတော်သို့ သေဆုံးသူများ၏ ကျန်ရစ်သူ မိသားစုဝင်များက နစ်နာကြေးရရှိရန် လျှောက်ထားမှုကို ထိုင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်သည့် Human Right and Development Foundation က ကူညီဆောင်ရွက်ပေးလျက်ရှိသည်ဟု အဖွဲ့၏၀န်ထမ်းတဦးဖြစ်သူ နိုင်ကျန်ပီက ပြောသည်။

ဘန်ကောက်အခြေစိုက် အဆိုပါအဖွဲ့သည် မြန်မာအလုပ်သမားအရေးကို ကူညီနိုင်ရန်အတွက် ၎င်းတို့၏ရုံးခွဲကို မဲဆောက်မြို့တွင် Labor law Clinic (LLC) အမည်ဖြင့် ဖွင့်လှစ်ထားပြီး ဒေသတွင်းရှိ မြန်မာအလုပ်သမားများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်မှုများနှင့် အလုပ်သမားဥပဒေဆိုင်ရာ ဆွေးနွေးအကြံပြုမှုများကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

မဲဆောက်ရုံးခွဲမှ ၀န်ထမ်းဖြစ်သူ နိုင်ကျန်ပီက “ဒီနစ်နာကြေးရရှိမှုအတွက် အဖွဲ့ကနေ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဒီကိစ္စဟာ ဒေသတွင်းမှာ ပထမဆုံး ထိုင်းတရားရုံးတော်ကို လျှောက်တဲ့အမှုပါ။ အရင်ကလည်း အခုလို မြန်မာတွေ အစုလိုက်အသတ်ခံရတာတွေ ရှိခဲ့ပေမယ့် ဘာနစ်နာကြေးမှ တောင်းဆိုတာတွေမရှိခဲ့ဘူး” ဟု ပြောသည်။

ပြီးခဲ့သည့် ၂၀၀၃ ခုနှစ် မေလ၌ မဲဆောက်အနီးရှိ မယ်ပအရပ်တွင် ထိုစဉ်က ရပ်ကွက်လူကြီးနှင့်အပေါင်းပါများက မြန်မာအလုပ်သမား (၆) ဦးကို သူခိုးများဟု စွပ်စွဲကာ အုပ်စုလိုက်သတ်ဖြတ်မီးရှို့မှု အပါအ၀င် အခြားတဦးစနှစ်ဦးစ သတ်ဖြတ်ခံရမှုများ ရှိခဲ့သော်လည်း ယခုအမှုကဲ့သို့ နစ်နာမှုများရရှိရန်အတွက် တောင်းဆိုမှုများမရှိခဲ့သည်မှာ လူ့အခွင့်အရေး အကာအကွယ်ပေးသည့်အဖွဲ့များနှင့် အဆက်အစပ်မရှိခဲ့ခြင်းကြောင့် ဖြစ်သည်ဟု နိုင်ကျန်ပီက ပြောသည်။

မြန်မာအလုပ်သမား ကိုသန်းထွန်း၊ ဦးကုလားကြီး၊ ကိုနိုင်လင်း၊ ကိုပေါ်ဦးတို့ (၄) ဦးကို သတ်ဖြတ်ခဲ့သည့် အလုပ်ရှင် နိုင်ပရွန်းကာဝိလာဒေ့နှင့် အပေါင်းပါတဦးဖြစ်သူ နိုင်ဖရုမ်းပင်အင်တို့ကို ယမန်နေ့က မဲဆောက်မြို့နယ် တရားရုံးက သေဒဏ်အမိန့်ချမှတ်လိုက်သည်။

သို့သော်လည်း ပြစ်မှုကျူးလွန်ကြောင်း ၀န်ခံခဲ့ကြသည့် ၎င်းတို့ (၂) ဦးကို ထိုင်းတရားရုံးတော်က သက်ညှာသောအားဖြင့် မူလသေဒဏ်မှ တသက်တကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲချမှတ်ခဲ့သည်။

သတ်ဖြတ်ခြင်းခံရသည့် မြန်မာအလုပ်သမား (၄) ဦး၏ ကျန်ရစ်သူမိသားစုဝင်များကို မြန်မာနိုင်ငံ အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းတခုက လက်ခံကူညီစောင့်ရှောက်ထားသည်။

သတ်ဖြတ်မည့်ည၌ ထိုင်းအလုပ်ရှင်က အလုပ်သမား (၅) ဦးအား ပြောင်းခင်းမှတောင်ခြေသို့ ကားဖြင့်ခေါ်ဆောင်ပြီး သေနတ်ဖြင့်ပစ်သတ်ခဲ့သော်လည်း မြန်မာအလုပ်သမား (၁) ဦးဖြစ်သူ ဦးသိန်းအောင်မှာ အသက်မသေဘဲ ဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ခေတ်ပြိုင်မှကိုးကားယူသည်။

လက်ပြနှုတ်ဆက်ခြင်း....

Mail မှလာသောစာတစ်စောင်.............

သူ့အလုပ်က ညဆိုင်းဖြစ်သည်...။
အလုပ်ဆင်းချိန်က မနက် ၈ နာရီခွဲ...၊ ဒါပေမဲ့...မနက် ရ နာရီကျော်လျှင်
အလုပ်က ဘာမှ မယ်မယ်
ရရ မရှိတော့ပါ..။ ၈ နာရီခွဲ အလုပ်ဆင်းချိန်မတိုင်ခင် နေ့ဆိုင်း ၊ ညဆိုင်း
အပြောင်းအလဲမှာတော့
သူ အလုပ်နည်းနည်း ရှုပ်တယ်..။ အဝင်အထွက် စာရင်းတွေ အပ်ရ ၊ လွှဲရတယ်..။
၇ နာရီ ကျော်ကျော် သူအားနေတဲ့ အချိန်မှာတော့ စက်ရုံက
ပတ်ဝန်းကျင်ကို သူခဏတဖြုတ်
လမ်းလျှောက်လေ့ရှိတယ်..။ စက်ရုံရဲ့ မျက်နှာစာမှာက ကားတွေ ဥဒဟို သွားနေတဲ့
လမ်းမကြီး...။
ဘေးနှစ်ဖက် နဲ့ အနောက်ဘက်ကတော့ စက်ရုံတွေပါပဲ...သူတို့အလုပ် သူတို့
လုပ်ပြီး တိတ်တဆိတ်
လည်ပတ်နေတယ်...။
မျက်နှာစာက ကားလမ်းပေါ်မှာတော့ မနက်က အလုပ်ဝင်ဖို့ သွားနေတဲ့
ကားတွေ ၊ကျောင်းချိန်
မှီအောင်မိဘတွေက လိုက်ပို့နေတဲ့ ကားတွေ၊ ပြီးတော့ မိဘက
လိုက်မပို့နိုင်လို့ ကျောင်းကားနဲ့ သွားရတဲ့
ကျောင်းကားတွေ အသီးသီး ဖြတ်သန်းမောင်းနှင်သွားကြတယ်..။
သူ..ဒီလို ဘာရယ် မဟုတ်ပဲ ကားလမ်းမပေါ်က
ကားတွေကိုငေးနေမိတယ်..။ ဒီအချိန်မှာ သူ
တစ်ခုကို သတိထားမိတယ်..။ ကားဝါဝါကြီးတွေမှာ School Bus လို့ ရေးထားပြီး
ဒီကားတွေမှာလိုက်ပါ
နေကြတဲ့ ကလေးလေးတွေ...။ မူလတန်းကျောင်းသားလေးတွေကိုပေါ့
...။
ကျောင်းကားထဲမှာ တချို့က ငိုက်မြည်းလို့...၊ တချို့က
ပြန်အိပ်ပျော်နေတယ်..၊တချို့က အိပ် ချင်မူးတူး..၊ တချို့ကတော့
ငူငူငိုင်ငိုင်..၊တချို့ကျတော့ စုစူပုပ်ပုပ်..၊ တချို့ကျတော့ ခံစားမှု
ကင်းမဲ့တဲ့ မျက်နှာနဲ့ ကျောင်းကို လိုက်ပါသွားကြတယ်..။
ကျောင်းကားတစ်စီး ၊နှစ်စီး သူ့အကြည့်ထဲက
ဖြတ်ကျော်သွားတယ်..။ နောက်ထပ်ကျောင်းကား တစ်စီးလာတော့ ကျောင်းကားထဲကို
သူလိုက်ကြည့်ရင်း ကျောင်းကားထဲက ကောင်လေးတစ်ယောက်နဲ့ သူ
အကြည့်ချင်းဆုံတယ်..။ ဘာရယ်မဟုတ်ပဲ သူပြုံးပြလိုက်ပြီး လက်ကလေးပါ
မြှောက်ပြီး ဝှေ့ရမ်းပြလိုက် တယ်.။ ကောင်းကားထဲက ကောင်လေးကလည်း
ချက်ချင်းပြုံးလာပြီး ပြန်လည်လက်ဝှေ့ရမ်းနှုတ်ဆက် တယ်..။
ကျောင်းကားလေးဖြတ်ကျော်သွားတော့ သူငယ်စဉ်က
ရထားလမ်းတွေမှာသူ့အဖေနဲ့ မနက် စောစော လမ်းထလျှောက်တဲ့ အဖြစ်ကို
သူပြန်သတိရတယ်..။သူတို့ဘေးက ရထားသံလမ်းကို ရထား တစ်စင်း ဖြတ်သွားရင်
ကိုယ်နဲ့ သိသိ ၊မသိသိ “ဟေး” လို့ အော်ရင်းလက်ပြ နှုတ်ဆက်နေမိတာကို သူပြန်
သတိရတယ်.။အဲဒီတုန်းက ဘာရယ်မဟုတ်ပဲ သူပျော်နေခဲ့တာလေ..။
ဒါနဲ့...နောက်နေ့တွေမှာလည်း သူဂရုတစိုက် ကျောင်းကားထဲက
ကျောင်းသားလေးတွေကို စောင့်ကြည့်နေမိတယ်..။ သူနဲ့ မျက်လုံးချင်းဆုံမိရင်
သူချက်ချင်းပြုံးပြပြီး လက်ဝှေ့ရမ်းနှုတ်ဆက်လိုက် တယ်..။ပထမတော့
ကျောင်းသားလေးတွေ ဆွံ့အသွားတယ်.နောက် ချက်ချင်းပြုံးရွှင်လာပြီး သူ့ကိုလက်
ဝှေ့ရမ်းပြီး ပြန်လည်နှုတ်ဆက်တယ်..။
ဒီလိုနဲ့...နေ့တိုင်း...သူ့ရှေ့က ဖြတ်သွားတဲ့
ကျောင်းကားပေါ်က ကျောင်းသားလေးတွေကို သူလက်ပြ
နှုတ်ဆက်ရတာအကျင့်ဖြစ်လာတယ်..။ တာဝန်လို ဖြစ်လာတယ်..။ ကျောင်းကားထဲက
ကျောင်း သားလေးတွေကလည်း တစ်ယောက်ကို သူနှုတ်ဆက်ရာကနေ ကျောင်းကားထဲက
ကျောင်းသားလေးတွေ တစ်ယောက်ပြီးတစ်ယောက် သတိထားမိပြီး သူ့ထက်ငါ
ဦးအောင်ကလေးပီပီ သူ့ကို အပြိုင်အဆိုင်နှုတ် ဆက်ကြတယ်..။ သူကလည်း
အားလုံးကို လက်ဝှေ့ရမ်းပြီးနှုတ်ဆက်တယ်..။ သူ့ဘက်က ဘာမှ မလျော့
သွားပါ...။တစ်ခုတော့ သူ သိသိသာသာ ခံစားရတယ်..။ဒါကတော့
သူပျော်ရွှင်နေတာပါပဲ..။
နေ့တိုင်း သူ့ရှေ့က ဖြတ်သွားတဲ့ ကျောင်းကားပေါ်က
ကျောင်းကားလေးတွေကို သူ လက်ပြ နှုတ်ဆက်နေခဲ့တယ်..။ တစ်ခု ထူးခြားလာတာက
အရင်က ငေးငေးငိုင်ငိုင် ၊စူစူပုပ်ပုပ် ဖြစ်နေတဲ့ ကလေး
တွေရဲ့မျက်နှာဟာ အရင်လို မဟုတ်တော့ပဲ ငါတို့ ကျောင်းကိုဖြတ်သွားတဲ့
လမ်းပေါ်မှာ ငါတို့ကို အရေးတ ယူ လက်ပြနှုတ်ဆက်မဲ့သူ တစ်ယောက် ရှိနေပါလား
ဆိုတဲ့ အသိနဲ့ ကလေးတွေ သူ့ကို လက်ပြနှုတ်ဆက် ရမဲ့နေရာ မရောက်ခင်ကတည်းက
တတ်ကြွနေခဲ့ကြတယ်..။
ပြီးတော့...သူတို့တွေ သူတို့ကို လက်ပြ နှုတ်ဆက်မဲ့သူဆီကို
ရောက်တာနဲ့ Hi ဆိုပြီး လက်တွေ ကိုဝှေ့ရမ်းပြီး သူ့ထက်ငါ အလုအယက်
လက်တွေကို ဝှေ့ရမ်းပြီး ပျော်ရွှင်စွာ နှုတ်ဆက်ကြတယ်..။
တကယ်တော့ ..ဒါဟာ ခက်ခဲတဲ့ ကိစ္စ မဟုတ်ပါ..။ ပြုံးပြီး
လက်ဝှေ့ရမ်းပြတတ်ဖို့ပါပဲ..။ ဒါပေမဲ့.. ကျွန်တော်တို့ အားလုံးဟာ
ကိုယ်လုပ်ချင်တာတွေ ၊ ဖြစ်ချင်တာတွေနဲ့ ပြည့်ကြပ်နေပြီး ပတ်ဝန်းကျင်ကို
သတိမထားမိတော့တာပါ..။ ဒါကြောင့်...ကြာတော့ ပတ်ဝန်းကျင်မှာစိတ်ဖိစီးမှု
ပြဿနာတွေ ပေါ်လာရ တယ်..။ ကြာတော့ ..လောကကြီးဟာ ပျော်စရာ မကောင်းတော့ဘူး
ဖြစ်လာတာပေါ့ဗျာ..။
ဒီင့်္အတွက် ကျွန်တော် အကောင်းဆုံးအကြံပေးပါ့မယ်..။
ခက်ခက်ခဲခဲတော့ မဟုတ်ပါ..။ ဘယ်နေရာကို ရောက်ရောက် ၊ ဘယ်သူနဲ့ပဲ တွေ့တွေ့
၊ အလှပဆုံးပြုံးပြီး Hello လို့လက်ပြနှုတ်ဆက်ကြည့်ပါ..။ ပထမတော့ သူတို့
ပြန်နှုတ်မဆက်ရင်လည်း ဘယ်လိုမှ သဘောမ ထားပါနဲ့..။ ဆက်ပြီး
နှုတ်ဆက်ကြည့်ပါ..။သင်၏ကမ္ဘာဟာ မကြာခင် လှပလာပါလိမ့်မယ်..။


OKRSO မိသားစု

Tuesday, September 22, 2009

အိပ်မပျော်တဲ့ပြသနာအတွက်

လူတိုင်းအိပ်မပျော်တဲ့ ပြသနာကိုကြုံဖူးမှာပါ၊ အိပ်မပျော်တဲ့ ပြသနာကို ဖြေရှင်းပေးမဲ့ နည်းလမ်း 8 ခုပါ။ ကောင်းစွာအိပ်ပျော်ခြင်းဟာ သင့်ကို သက်တောင့်သက်သာဖြစ်စေမှုနဲ့ အတူ
ခန္ဓာကိုယ်ကိုလဲ ကျန်းမာသန်စွမ်းစေမှာပါ။
ကောင်းကောင်းအိပ်ပျော်ဖို့ ဆိုတာ အမှန်တော့မခက်ခဲပါဘူး၊
တကယ်အခြေခံကျတာလေးတွေကိုပဲ လိုက်လုပ်ဖို့ လိုတာပါ။
အလုပ်တစ်ခုမှာအာရုံရောက်နေလို့ ၊ စာမေးပွဲဖြေရမှာမို့  မအိပ်ဘဲ မနေသင့်ပါဘူး။
တစ်နေ့ ကိုအနဲဆုံး 8 နာရီအိပ်ပျော်အောင်ကြိုးစားသင့်ပါတယ်။

1။ ပုံမှန်အိပ်ချိန်၊ အိပ်ယာထချိန် သတ်မှတ်ထားပါ၊ ညဘက်မှာပဲအိပ်ပါ၊ အကျင့်လေးတစ်ရက်ပျက်တာနဲ့  အိပ်မပျော်တာဖြစ်လာနိုင်ပါတယ်၊ အလုပ်ပိတ်ရက်တွေဟာ ခန္ဓာကိုယ်ရဲ့ပုံမှန်ဖြစ်စဉ်တွေကို ပြောင်းလဲစေပါတယ်။ ဒါကြောင့် တနင်္လာနေ့ ရုံးတက်၊ ကျောင်းတက်ဖို့ မနိုးနိုင်တာတွေ ဖြစ်တာပါ။ သတိထားဖို့ ကအိပ်ချိန်ဟာ 8 နာရီထက်မနဲဖို့ ပါပဲ။

2။ တစ်နေ့ ကို မိနစ် 20 ကနေ နာရီဝက်လောက် လေ့ကျင့်ခန်းယူသင့်ပါတယ်၊ ကိုယ်လက်လှုပ်ရှားအားကစားကလဲ အိပ်ပျော်စေပါတယ်။ မအိပ်ခင် အနဲဆုံး 5-6 နာရီလောက်ခွာပြီးလေ့ကျင့်ခန်းယူသင့်ပါတယ်၊ အိပ်ယာဝင်ခါနီးမှကိုယ်လက်လှုပ်ရှားမှုပြုခြင်းဟာလဲ အိပ်မပျော်ခြင်းကိုဖြစ်စေပါတယ်။ မနက်ပိုင်းဆိုလဲ အိပ်ယာထပြီး 2 နာရီလောက်ကြာမှ လေ့ကျင့်ခန်းယူသင့်ပါတယ်။

3။ ကော်ဖီ၊ ချောကလက်၊ ကဖင်းဓါတ်ပါတဲ့အအေး၊ အဆီကျဆေး၊ အနာသက်သာဆေး၊ အရက်၊ ဆေးလိပ်များကလဲ အိပ်မပျော်စေတဲ့အရာများပါ။ အရက်သောက်ထားရင်မူးပြီးအိပ်ပျော်တယ်ထင်ရပေမဲ့ တကယ်တမ်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တဲ့အဆင့်ကို မရောက်ပါဘူး၊ ဆေးလိပ်သောက်တဲ့လူကလဲ နီကိုတင်းဓါတ်ကြောင့် အိပ်ပေမဲ့ နိုးနေတာမျိုးဖြစ်တတ်ပါတယ်။ တကယ်လို့ ကောင်းကောင်းအိပ်ပျော်ချင်တယ်ဆိုရင်တော့ မအိပ်ခင် 6-8 နာရီအလိုမှာ ဒီအရာတွေကိုမသောက်သုံးသင့်ပါဘူး၊ ပြီးတော့ မအိပ်ခင် 2 နာရီလောက်မှာ ဗိုက်ဝတဲ့အစာမစားသင့်ပါဘူး။

4။ ရေနွေးနဲ့ ရေချိုးခြင်း၊ စာဖတ်ခြင်း၊ သက်တောင့်သက်သာရှိစေတဲ့ ကိုယ့်ရဲ့နေ့ စဉ်အမူကျင့်တွေကလဲ အလွယ်တကူ အိပ်ပျော်ခြင်းကိုဖြစ်စေပါတယ်။ ဥပမာ- စာဖတ်ရင်းအိပ်ယာဝင်တဲ့လူအတွက် စာဖတ်ခြင်းက အိပ်ပျော်ခြင်းကို အကူညီပေးပါတယ်။

5။ တစ်ညလုံးတောက်လျှောက်အိပ်ပျော်အောင်ကြိုးစားပါ။ မနက်နေအလင်းနဲ့ အတူအိပ်ယာမှနိုးထပါ။ နေရောင်ခြည်က ခန္ဓာကိုယ်ရဲ့ကိုယ်တွင်းနာရီကို နေ့ စဉ် ပြန်လည်ထိန်းညှိပေးပါတယ်။ ပညာရှင်များက အိပ်မပျော်ရောဂါစွဲကပ်နေတဲ့ လူအချို့ ကို နေရောင်ခြည်ရရှိတဲ့နေရာမှာ တစ်နာရီလောက်အိပ်ခိုင်းတတ်ပါတယ်တဲ့။

6။ တစ်ရေးနိုး အိပ်မပျော်လို့ အိပ်ယာထဲမှာ ဒီတိုင်းလှဲနေတာထက်စာရင် အိပ်ယာကထပြီး စာဖတ်တာ၊ TV ကြည့်တာ၊ သီချင်းနားထောင်တာမျိုးလုပ်နေပါ၊ ပြန်အိပ်ချင်လာတဲ့အခါမှ အိပ်ယာဆီပြန်လာပါ၊ အပြင်မှာအိပ်ပျော်သွားတဲ့အကျင့်ကိုတော့မလုပ်ပါနဲ့ ။ တောင်တောင်အီအီစဉ်းစားတာမျိုးလုပ်နေရင်တော့ ပြန်အိပ်ပျော်ဖို့ ပိုခက်ခဲပါမယ်။

7။ မိမိရဲ့အိပ်ခန်းပတ်ဝန်းကျင်ဟာ သက်တောင့်သက်သာဖြစ်စေမဲ့ အနေထားမျိုးဖန်တီးထားပါ။ ပူလွန်း အေးလွန်းတာတွေကအိပ်ပျော်ခြင်းကိုအနှောင့်ယှက်ဖြစ်စေပါတယ်။ တိတ်ဆိတ်ပြီးမှောင်နေခြင်းက အိပ်ပျော်စေတယ်။ အိပ်နေရက်နဲ့  TV ဖွင့်ထားတာ၊ radio ဖွင့်ထားတာမျိုးတွေက နောင်အခါ အဲဒါတွေမရှိရင်မအိပ်တတ်တော့ဘူးဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။ အကျင့်မလုပ်ပါနဲ့ ။

8။ တကယ်လို့ ဒါတွေလိုက်နာလို့ မှ ညတိုင်းအိပ်မပျော်ဘူးဆိုရင်တော့ ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။ အလွယ်တကူဖြေရှင်းလို့ ရတဲ့ ပြသနာပါ။

Chocolatemyotaw မှကိုးကားပြီးတင်ပြသည်။

သင့်ရဲ့ စဉ်းစားဥာဏ်ပိုမိုတိုးတက်အောင် ဘယ်လိုလုပ်မလဲ

ဦးနှောက်ဟာ ကြွက်သားလိုပဲ သင့်တော်တဲ့ လေ့ကျင့်ခန်းနဲ့ အာဟာရလိုအပ်ပါတယ်။
ဦးနှောက်ကို နည်းလမ်းတကျအသုံးချလေ စဉ်းစားတွေးခေါ်နိုင်အားပိုကောင်းလေပါပဲ။
ပြောင်းပြန်ပြောရရင်တော့ ဦးနှောက်ကိုမှားယွင်းတဲ့ အစာကျွေးမိမယ်ဆိုရင် သူ့ ရဲ့တာဝန်ဝတ္တရားတွေကို နှောင့်ယှက်ရာကျမှာပါ။ သင့်ရဲ့ တွေးခေါ်နိုင်စွမ်းအားလဲ ကျသွားပါလိမ့်မယ်။
အောက်မှာဖော်ပြထားတာက သင့်ဦးနှောက်ကနေ စိတ်ကူးစိတ်သန်းကောင်းလေးတွေ ပိုထွက်လာနိုင်ဖို့ လွယ်ကူတဲ့ နည်းလမ်း ၅ ခုပါ။
၁။ TV ကြည့်ခြင်းကို ရှောင်ကြဉ်ပါ။
ဒါကိုလိုက်နာဖို့ ကသိပ်ခက်ခဲမှာပါ။ လူအများစုက တီဗီရှေ့ မှာထိုင်ဖို့ နှစ်သက်ကြပါတယ်။ ကျွန်တော်လဲအပါဝင်ပါပဲ။
TV ကြည့်တာ ခန္ဓာကိုယ်အတွက်တော့ ဘာအကျိုးမှမရပါဘူး။ ဦးနှောက်ကိုအစာကျွေးတာလဲ မဟုတ်ပါဘူး။ ဦးနှောက်ကနေ စွမ်းအင်တွေ စီးထွက်သွားတာနဲ့ သာတူတာပါ။ မျက်စိကလဲ TV ကြည့်ပြီးအချိန်အတော်ကြာထိ ညောင်းနေတာပါ။ အဲတော့ စာဖတ်ချင်စိတ်လဲမရှိတော့ပါဘူး။ အမှန် သက်တောင့်သက်သာဖြစ်စေတာက စာဖတ်တာပါပဲ။ စာမဖတ်တောင် သီချင်းလေးနားထောင်နေလို့ ရပါတယ်၊ သူငယ်ချင်းနဲ့ ဖြစ်စေ၊ မိသားစုနဲ့ ဖြစ်စေ စကားပြောနိုင်ပါတယ်။
၂။ လေ့ကျင့်ခန်း
ကာယလေ့ကျင့်ခန်းများဟာ ခန္ဓာကိုယ်ကိုသန့် စင်စေပြီးပြန်လည်အားဖြည့်ပေးနိုင်တဲ့ နည်းကောင်းတွေပါ။
သင့်ကို အချိန်ကြာကြာအာရုံစူးစိုက်နိုင်အောင်လုပ်ပေးနိုင်တယ်ဆိုတာ လက်တွေ့ ကျင့်သုံးကြည့်ရင် သိနိုင်ပါတယ်။
၃။ စာဖတ်ခြင်းဟာ အတွေးအခေါ်ကိုထက်မြက်စေပါတယ်
အတွေးအခေါ်ထက်မြက်မှုကို အကူညီဖြစ်စေဖို့ ကတော့ စာအုပ်ကောင်းရွေးဖတ်တတ်ဖို့ လိုပါမယ်။
စိတ်ကူးယဉ်စာပေတွေ၊ ၀တ္တုတွေက ဖတ်ဖို့ တော့အကောင်းဆုံးပါ၊ အများစုကလဲ ဒီစာမျိုးတွေကိုပဲ အပျင်းပြေဖတ်ချင်ကြပါတယ်။ ဒါပေမဲ့ အတွေးအခေါ်ကို အားကောင်းစေဖို့ တော့အသုံးမကျပါဘူး။
စာဖတ်အားကောင်းဖို့ ၊ အရေးအသားပြေပြစ်ဖို့ တော့ အကူညီပေးမှာပါ။ အင်္ဂလိပ်စာအုပ်တွေဖတ်မယ်ဆိုရင်လဲ ဝေါဟာရကြွယ်ဝဖို့ အထောက်ကူဖြစ်တာပါပဲ၊ မသိတာကိုကျော်မပစ်ဘဲ ရှာကြည့်တာက ပိုကောင်းပါတယ်၊ အခါခါဖတ်ခြင်းဖြင့် ပိုနားလည်လာမှာပါ။
၎။ စောစောအိပ်လို့ စောစောထကြပါစို့ 
အိပ်ရေးမ၀ရင် ရေရှည်မှာအာရုံစူးစိုက်မှုမလုပ်နိုင်ပါဘူး။ စောစောအိပ်ပြီးစောစောထခြင်းဟာ လန်းဆန်းတက်ကြွစေပါတယ်။ ညဘက်အိပ်မပျော်လို့ မနက်အိပ်ယာထနောက်ကျတာ လူကိုပျင်းရိစေပါတယ်၊ အခွင့်အရေးရှိတဲ့သူများအတွက်တော့ နေ့ ခင်းဘက်အရမ်းအိပ်ငိုက်ရင် မိနစ်နှစ်ဆယ်လောက် ခဏ အိပ်လို့ ရပါတယ်၊ အကြာကြီးဆိုရင်မကောင်းပါဘူး၊ ပိုပြီးနုန်းတတ်တယ်၊ တရေးတမောအိပ်တာကလဲ အင်အားကိုပြန်ဖြည့်ပေးပါတယ်။
၅။ ကိုယ့်ကိုယ်ကိုပြန်လည်ဆန်းစစ်ပါ
နေ့ စဉ် တာဝန်ဝတ္တရားတွေများလွန်းတော့ ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ဖို့ အချိန်တောင်မရတာဖြစ်တတ်ပါတယ်။
ဒါဟာ အာရုံစူးစိုက်နိုင်မှုကို လျော့ကျစေပါတယ်။ တစ်ယောက်ထဲရှိတဲ့အခါ ကိုယ်ကြုံခဲ့တာတွေကို ခဏဖြစ်ဖြစ်ပြန်သုံးသပ်ကြည့်ပါ။ ဒါက သင့်အတွေးအခေါ်တွေကိုပြန်လည်စုစည်းပေးပြီး တာဝန်ဝတ္တရားတွေကို ဦးစားပေးအဆင့် ခွဲခြား သတ်မှတ်နိုင်ပါလိမ့်မယ်တဲ့။ စိတ်ဖရိုဖရဲဖြစ်နေရင် လုပ်သင့်တာမလုပ်မိတာမျိုးဖြစ်တတ်ပါတယ်။
ယောဂကျင့်တာမျိုး၊ တရားထိုင်တာမျိုးကလဲ စိတ်ငြိမ်စေပါတယ်။ လမ်းလျှောက်ခြင်းကလဲ ကောင်းပါတယ်၊ ဒီလိုနဲ့  သင့်စိတ်ကူးစိတ်သန်းတွေ ထက်မြက်လာရင် ဘယ်တစ်ခုကကိုယ့်အတွက်အကောင်းဆုံးဖြစ်မယ်ဆိုတာ ရွေးချယ်လုပ်ဆောင်နိုင်မှာပါ။ ဘ၀အောင်မြင်ဖို့ နည်းလမ်းသစ်တွေလဲတွေ့ လာမှာပါ။
chocolatemyotaw မှကိုးကားယူသည်။

OKRSO Sunday Language School Competition in NCCM

ှSeptember 20,2009
NCCM မှကျင်းပပြုလုပ်သောဒုတိယအကြိမ်မြောက်ဆရာကတော့ပွဲနှင့်ဘန်ကောက်မှာရှိသော
ရွှေပြောင်းအလုပ်သမား(တနင်္ဂနွေ)ကျောင်း (၇)ကျောင်းမှကျောင်းသူကျောင်းသားများက English နှင့် Thai စာယှဉ်ပြိုင်ပွဲတစ်ရပ်ကိုPhapadaengမှာရှိတဲ့ (Pracharad School) မှာကျင်းပပြုလုပ်ပါတယ်။
ဒီအခမ်းအနားကိုတက်ရောက်လာသောNCCM မှာဝန်ထမ်းများ၊ကျောင်းအသီးသီးမှဆရာ၊
ဆရာမများနှင့်ကျောင်းသူကျောင်းသားများ ၂၀၀ ကျော်လောက်တက်ရောက်အားပေးကြပါတယ်။
OKRSO Sunday Language School အနေနှင့် English language skill ပြိုင်ပွဲကို ဒုတိယဆုဆွတ်ခူးရှိပြီး Thai language skill ပြိုင်ပွဲကိုတော့နှစ်သိမ့်ဆုပဲရှိပါတယ်။
Ms.AMT and Mr.AMT ကျတော့OKRSO ကကျောင်းသူမလေး Mai က အဆင့်(၃)ကိုဆွတ်ခူးရရှိပါတယ်။

















OKRSO မှကျောင်းသူကျောင်းသားများ














































































































































































































Monday, September 14, 2009

ကွယ်လွန်သူနန်းအေးအေးသန့် အတွက်အလှူရေစက်ချပွဲ

OKRSO အဖွဲ့ ဝင် ဟောင်းနန်းအေးအေးသန့် အ
တွက်ကောင်းမှု ကုသိုလ်အမျှဝေပွဲကို (၁၃.၉.၂၀၀၉)
နေ့ ရက်တွင် OKRSO ရုံးဘန်ကောက်မြို မှာသံဃာတော်(၃)ပါးပင့် ပြီးအဖွဲဝင်များနှင့်တကွဧည့်သည်တော်များ က သံဃာတော်များအတွက်သင်္ဃန်း၊ဆွမ်း၊ထီး၊ဖိနပ် ၊လှူဖွယ်ဝတ္လ္ဌ္လုအစုစုတို့  ကို နန်းအေးအေးသန့့်အတွက်ရည်စူးပြီး ဆက်ကပ် လှူဒါန်းခဲ့ သည်။

့နန်းအေးအေးသန့် ကောင်းရာသုဂတိရောက်ပါစေ........
OKRSO မိသားစု

္လ္ဌ






















Friday, September 11, 2009

နန်းအေးအေးသန့်ကိုယ်ရေးအကျဉ်း


နန်းအေးအေးသန့်ကိုယ်ရေးအကျဉ်း



နန်းအေးအေးသန့်ကို ဖာသိမ်ကျေးရွာ၊ ကျိုက်မရောမြို့နယ်၊ မွန်ပြည်နယ် တွင် အဖ စောကလယ်ဦး၊ အမိနော်တင်သိန်း တို့မှ ၁၉၇၅ ခုနှစ်တွင်မွေးဖွားခဲ့သည်။ မွေးချင်း ၅ ယောက်ရှိသည့်အနက် စတုထ္တမြောက် သမီးဖြစ်သည်။ အခြေခံပညာအလယ်တန်းကို ဖာသိမ်ကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းတွင်အောင်မြင်ပြီး အထက်တန်းကို မော်လမြိုင်မြို့ အထက (၃) တွင်အောင်မြင်ခဲ့သည်။ မော်လမြိုင်တက္ကသိုလ်တွင် ရူပဗေဒ ဘာသာရပ်ဖြင့် ဒုတိယနှစ်အထိပညာသင်ယူဆည်းပူးခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိလာပြီး ၁၉၉၉ ခုနှစ်မှစ၍ OKRSO ၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ ၂၀၀၂ ခုနှစ်တွင်ထိုင်း-မြန်မာနယ်စပ်ရှိ ခေါင်းဆောင်ပိုင်းဆိုင်ရာ သင်တန်းကို တက်ရောက် ခဲ့သည်။ ၂၀၀၃ ခုနှစ်တွင် ICFC ကိုတက်ရောက်သင်ကြားခွင့်ရရှိခဲ့ပြီး GED အောင်လက်မှတ် ကိုရရှိခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ Rangsit University ၌ နိုင်ငံရေး၊ ဖီလော်ဆော်ဖီ၊စီးပွားရေး ၃ ဘာသာတွဲ ဘာသာရပ်ဖြင့် ပညာဆက်လက်သင်ကြားခဲ့ရာ နောက်ဆုံးနှစ်ရောက်သည်အထိသာ ပညာသင်ယူနိုင်ခဲ့ပါသည်။
OKRSO's မိသားစု

ချစ်ရဲဘော်သို့ အမှတ်တရ (၂)

(ချစ်ရဲဘော်သို့ အမှတ်တရ ဒုတိယပိုင်း)








ကျနော်တို့ သည် လာမည့် ၉ လပိုင်း ၁၃ ရက်နေ့ မှာ အဖွဲ့ ၏ဆုံးဖြတ်ချက်အရ ဘ၀တပါးသို့  ပြောင်းသွားသော အဖွဲ့  ၀င်တဦးဖြစ်သည့် “နန်းအေးအေးသန့် ” (ခ) ဒေါ်ပြာကို ရည်စူး၍ ဗုဒ္ဓဘာသာတို့ ၏ဓလေ့ထုံးစံအရ သူ့ မအတွက် ကောင်းမှုကုသိုလ် အလှူဒါန ရေစက်ချ အမျှပေးဝေရခြင်းဖြစ်သည်။
နန်းအေးအေးသန့်  (ခ)ဒေါ်ပြာ သည် သူမ၏ အသက်ရှင်စဉ်ကာလတုန်းက ရုံးမှာ လုပ်စရာရှိတာတွေကို


ဝိုင်းလုပ်ခဲ့ကြသည်။ မောင်နှမခြားမိသားစုလိုမျိုး အပြောင်အပျက် ပြောမနာဆိုမနာနှင့် တစ်ဦးနှစ်တစ်ဦး ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး နေထိုင်ကြတဲ့အချိန်ကာလကြီးမှာ လက်ချိုးရေတွက်ကြည့်လိုက်တော့မှ ဆယ်စုနှစ်တစ်ခုကောင် ကျော်လွန်လာခဲ့လေပြီ။



ကျနော်တို့ အဖွဲ့ ၏ လူမှုရေးလုပ်ငန်းသည် ဆယ်စုနှစ်တစ်ခုတောင် ဖြတ်သန်းလာခဲ့ပြီး ဆယ်စုနှစ်တစ်ခု မဖြတ်သန်းခင်ကာလတုန်းက လူမှုရေးအဖွဲ့ အစည်း ရပ်တည်နေနိုင်ရေးကို အလူးအလဲရုန်းကန်နေကြရသည်။ အဖွဲ့  ၏သမိုင်းဖြတ်သန်းမှုအထဲတွင် နန်းအေးအေးသန့် (ခေါ်)ဒေါ်ပြာဆိုသူလည်း ပါဝင်ခဲ့ကြသည်။
ဤဖြတ်သန်းတွေအားလုံးသည် သူမတစ်ယောက်တည်းမကပါ။ အဖွဲ့ သူအဖွဲ့ သား မျိုးချစ်ကရင်လူငယ်အများအပြား ပါဝင်ခဲ့ကြသည်။ ဒါတွေအားလုံးကို ကျနော်တို့  ကရင်လူငယ်များတို့ ၏ သမိုင်းပေးတာဝန်တစ်ခုလို့  ခံယူကြရသည်။



ဒီဖြတ်သန်းမှုတွေအားလုံးကို ခြုံကြည့်လိုက်တော့ ဒါဟာ သမိုင်းဖြစ်သည်။ သမိုင်းပေးဘ၀တစ်ခု၏ ဖြတ်သန်းမှုသည် ဆင်းရဲပင်ပန်းခြင်း၊ ရှုံးဆုံးနစ်နာခြင်း၊ ၀မ်းသာကြည်နူးခြင်းနှင့် အကောင်းနှင့်အဆိုး အမြဲတမ်းဒွန်တွဲနေကြသည်။



နန်းအေးအေးသန့် (ခေါ်)ဒေါ်ပြာလိုမျိုးအမျိုးသမီးသည် သူ့ မဘ၀နှင့် လူမှုရေးအဖွဲ့ အစည်းတို့  ၏ သမိုင်းဖြတ်သန်းမှု ၁၉၉၉ ခုနှစ်တုန်းက တရွေ့ ရွေ့  ကျနော်မြင်ယောင်လာခဲ့သည်။



ဆက်ရန်ရှိသည် -မျှော်
စောစိပ်ပလောင်

Saturday, September 5, 2009

ကံဆိုးမလေး ဒေါ်ပြာ (သို့ ) နန်းအေးအေးသန့် 

ကံဆိုးမလေး ဒေါ်ပြာ (သို့ ) နန်းအေးအေးသန့် 

Untitled-1

၎ ရက် စက်တင်ဘာ ၂၀၀၉ ခုနှစ်

လောကကြီးထဲမှာ လူချင်းတူပေမဲ့ ကွဲပြားခြားနားချင်းများစွာနဲ့ တွေ့ မြင်ရမှာဖြစ်ပါတယ်။ စိတ်နေသဘောထားချင်းမတူ တာ၊ အခွင့်အရေးမတူတာကအစ နောက်ဆုံးတော့ ကံကြမ္မာအကျိုးပေးမတူလို့ သာ အချို့ လူတွေက ကောက်ချက်ချ တတ်ကြပါတယ်။ အခု ကျနော်ပြောပြမဲ့ သူငယ်ချင်းမလေးတယောက်အကြောင်းကရော သူ့  ကံကြမ္မာအကျိုးကြောင့်လား၊ တကယ်လို့ သာ သူမရဲ့ အကျဉ်းတန်လှတဲ့ ကံကြမ္မာကြောင့်သာအမှန်တကယ်ဆိုရင် ဒီဘ၀မှာဘဲ ကျေပါစေတော့။ နောင် ဘ၀မှာ ဒီလိုအမျိုးဖြစ်ဆိုးမျိုး သူမ လုံးဝ မဆုံတွေ့ ရပါစေနဲ့ တော့လို့  အဝေးတနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်။

သူမကို စတွေ့ တာ ၁၉၉၈ ခုနှစ် ၀န်းကျင်လောက်ကပါ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအ ဖွဲ့ (OKRSO)ရုံးမှာ ၀င် ထွက်ရင်း စသိတာပါ။ သွက်လက်ဖြတ်လတ်တယ်၊ နိုးကြားမှုအမြဲရှိတယ်၊ ပြောစရာရှိရင်လည်း တည့်တည့်ပြောတတ်တယ်။ မဟုတ်မခံ ပြဿနာဖြေရှင်းစရာရှိရင်လည်း မိန်းခလေးတန်မဲ့ ယောက်ျားသားတွေကို ခေါင်း ငုံ့ ခံတဲ့သူမဟုတ်၊ အားနွဲ့ တဲ့ ပျော့ညံ့တဲ့မိန်းမသားထဲမှာ သူမ မပါဘူး။ ဆံပင်ကို မနိုင်တနိုင်ထုံးပြီးတော့ တကယ့် တော သူမစတိုင်နဲ့ –သူမရဲ့  နာမည်အရင်းကတော့ နန်းအေးအေးလွင်ပါ အေးအေးသန့် လို့ လည်း အချို့ တွေက ခေါ်ကြတယ်။ (OKRSO)ရုံးမှာ ရောက်လာရင် သူ့ အလုပ်နဲ့ သူ အမြဲတမ်းရှုတ်နေတတ်၊ ပြာယာခတ်နေတတ်လို့  ရုံးဝန်ထမ်းတယောက် က သူမကို ဒေါ်ပြာ လို့  နာမည်မှည့်လိုက်တယ်။ အခြားလူတွေပါလိုက်ခေါ်တော့ နောက်ဆုံး သူမနာမည် ဒေါ်ပြာ ဖြစ်သွား တယ်။

မော်လမြိုင်တက္ကသိုလ်မှာ ဒုတိယနှစ်အထိ ပညာသင်ယူခဲ့ဘူးတယ်၊ လယ်သမားမိသားစုမှ မွေးဖွားလာတဲ့သူမ လယ်ထွန် ကောက်စိုက်အလုပ်ကို ငယ်ငယ်လေးကတည်းက ကျွမ်းကျင်ပြီးသား။ မိသားစုစီးပွားရေးကြပ်တည်းမှုကြောင့် သူမကို ဘွဲ့  ရတဲ့အထိ မစွမ်းဆောင်ပေးနိုင်ခဲ့၊ ထိုင်းနိုင်ငံကိုရောက်လာတာ သူမရဲ့ မိသားစုစားဝတ်နေရေးကို ၀ိုင်းဝန်း ထောက်မဖို့ နဲ့  သူမဘ၀ ပညာတတ်ကြီးတယောက်ဖြစ်ဖို့ အတွက် လမ်းစရှာဖို့ ဖြစ်တယ်။ မြန်မာပြည်မှာ တက္ကသိုလ်ဒုတိယနှစ်အထိ သင်ခဲ့ပေမဲ့ အင်္ဂလိပ်ဘာသာရပ်ကို ဟုတ်တိပတိ မတတ်ခဲ့ဘူးလို့ သူမပြောခဲ့ဘူးတယ်။ နိုင်ငံတကာတက္ကသိုလ်တခုခုမှာ ပညာဆက်သင်ဖို့  အင်္ဂလိပ်စာတတ်မှ ဖြစ်တဲ့အတွက် တွေ့ တဲ့သူကို သူမ ဆရာတင်တယ်။ တခါတလေ “ဒေါ်ပြာရယ် နင်ကလေ အေဘီစီဖတ်တတ်တဲ့သူတိုင်းကို ဆရာလိုက်ခေါ်နေတယ်” လို့  သူငယ်ချင်းတွေက စပြောကြတယ်။ သူမမမှုပါ၊ သွားလေရာတိုင်း အိတ်ထဲမှာ စာအုပ်အမြဲတမ်းပါတယ် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတယောက်ယောက်နဲ့ တွေ့ လို့  က တော့ သူမအတွက် မှိုကောက်ရသလိုပါဘဲ။ သူမ မသိတာကို မေးမြန်းတယ်၊ တပည့်ခံတယ်၊ သူမအတွက်ရှက်စရာ မ ဟုတ်။ OKRSO ရုံးမှာ ဖွင့်လှစ်တဲ့ Sunday Class တို့  ကာလကို အင်္ဂလိပ်စာသင်တန်းကျောင်းတို့ သူမအလွှတ်မပေးခဲ့ သူမရဲ့ ရည်ရွယ်ချက်ကို လုံးဝ အယိုင်အလဲမခံပါ။

လပ်တလောအသက်ရှင်ရပ်တည်ဖို့ အတွက်လည်း ရရာအလုပ်ကို သူမ ၀င်လုပ်တယ်။ ဆောက်လုပ်ရေးအလုပ်၊ အိမ်ဖေါ် အလုပ်အပါအ၀င် အလုပ်မျိုးစုံလုပ်ခဲ့ဘူးတယ်။ လုပ်အားခမရတဲ့အခါလည်းရှိခဲ့တယ်။ တခါကဆိုရင် အလုပ်ရှင်က သူမကို မူးယစ်ဆေးဝါး ရောင်းခိုင်းတယ်၊ အခြေအနေမဟန်လို့ လုပ်အားခမရဘဲ သူမခိုးထွက်ပြန်လာခဲ့ရတယ်။

ချင်းမိုင်မြို့ မှာဖွင့်လှစ်တဲ့ (ICFC)သင်တန်းကျောင်းကို သုံးခါ (သုံးနှစ်) တိတိ ၀င်ဖြေပြီးမှ တက်ခွင့်ရခဲ့တယ်။ ဒီ သင်တန်း တက်ခွင့်ရမှ တက္ကသိုလ်တခုခုဆက်တက်လို့  ရမှာဖြစ်တဲ့အတွက် သူမ ဇွဲအပြည့်နဲ့ ကြိုးစားခဲ့တယ်။ ဘေးမှ ဝေဖန်ကဲ့ ရဲ့ သံ တွေကို သူမ နားမထောင်ခဲ့။

ICFC သင်တန်းပြီးတော့ တက္ကသိုလ်ကိုတက်ဖို့ Scholarship ရသော်လည်းကောင်း၊ ICFC က ကျေးဇူးရှင်တွေက သူမကို တနှစ်ရပ်ဆိုင်းစေပြီး အခြားကျောင်းသားတယောက်ကို သူမရလာတဲ့ Scholarship နဲ့ တက်ဖို့  ကမ်းလှမ်းတော့ သူမလည်း ကျေနပ်စွာနဲ့ သဘောတူ လက်မှတ်ထိုးပေးလိုက်ရတယ်။ တက္ကသိုလ်တက်ဖို့ သူမဟာ ကျေးဇူးရှင်တွေရဲ့  လက်ခုတ်ထဲက ရေဖြစ်တယ်ဆိုတာ သူမ သိတယ်။ သူမ သဘောထားကြီးပြလိုက်ရတယ်။

နောက်တနှစ်ကျမှ ထိုင်းနိုင်ငံ လန်းဆစ်တက္ကသိုလ်မှာ နိုင်ငံရေး ဖီလိုဆော်ဖီနဲ့  စီးပွားရေးအဓိကဘာသာရပ်နဲ့ သူမ တက္က သိုလ် တက်ခွင့်ရခဲ့တယ်။ တက္ကသိုလ်ကို အစားအသောက်ကအစ ခြိုးခြုံစွာနဲ့  တက်ခဲ့ရတယ်။ အားလပ်ချိန်မှာ အချိန်ပိုင်း သန့် ရှင်းအလုပ်ပါလိုက်လုပ်သေးတယ်။ တဖက်မှာလည်း သူမရဲ့ အဖွဲ့ အစည်းဖြစ်တဲ့ (OKRSO)အဖွဲ့ ကို တတ်နိုင်သ လောက် ၀ိုင်းဝန်းကူညီတယ်။ အဖွဲ့ အစည်းမှာ ဖွင့်လှစ်တဲ့ သင်တန်းကျောင်းမှာဘဲဖြစ်ဖြစ်၊ ရိုးရာယဉ်ကျေးမှုပွဲတော်အခမ်း အနားမှာဘဲဖြစ်ဖြစ် စိတ်ဓါတ်အပြည့် တက်ကြွသွက်လက်စွာနဲ့ သူမကို တွေ့ မြင်ရတတ်တယ်။ သူမရဲ့ အဖွဲ့  အစည်းကို သူမအရမ်းခင်တွယ်တယ်။ အဖွဲ့ အစည်းက သူမကို မျှော်လင့်ချက်ထားသလို သူမကလည်း အဖွဲ့ အစည်းကို မျှော်လင့်ချက် ထားတယ်။ ထိုင်းနိုင်ငံမှာ အမေ့လျော့ခံထားရတဲ့ ကရင်တိုင်းရင်းသားအပါအ၀င် အခြားဘ၀တူ မြန်မာပြည်ဘွားတိုင်းရင်း သားတွေကို လူမှုရေး၊ ပညာရေး တတ်နိုင်သလောက် အကူအညီပေးခြင်း၊ ကရင့်ရိုးရာယဉ်ကျေးမှုပွဲတော်ကို ထိန်းသိမ်းဖေါ် ထုတ်ခြင်းဖြင့် ကရင့်နှင့်အတူ အခြားရွှေ့ ပြောင်းတိုင်းရင်းသားများကို စုစည်းနိုင်ခြင်းကြောင့် အဖွဲ့ အစည်းကို သူမ အလွန် သဘောကျနှစ်သက်တယ်။ တကယ်တော့ သူမဟာ ပြည်တွင်းမှာနေကတည်းကိုက နဂိုအမျိုးသားရေးစိတ်ဓါတ်၊ လူမှုရေး စိတ်ဓါတ်အရင်းခံရှိပြီးသားပါ။ ပြည်တွင်းနေစဉ်က မတရားမှုတွေ၊ ဖိနှိပ်ညှင်းပမ်းနှိပ်စက်မှုတွေ ကြုံတွေ့ လာခဲ့ဘူးတယ်။ ပြည်ပမှာရောက်စဉ် တော်လှန်ရေးအသိုင်းအ၀ိုင်းတွေနဲ့ အ၀င် အထွက်ရှိတော့ သူမပိုလို့ တောင် မျိုးချစ်စိတ်ဓါတ် ထက် သန်လာတယ်။ တက္ကသိုလ်မှာလည်း သူမ၀ါသနာပါတဲ့ဘာသာရပ်ကို သင်ယူပြီး အမျိုးသားအတွက် နိုင်ငံအတွက် ပြန်ပြီး အလုပ်အကျွေးပြုဖို့ သူမသံဓိဌာန်ချထားပြီးသားပါ။ သူမဘ၀အောင်မြင်အောင်ကြိုးစားလာခဲ့ပုံကို အားကျပြီး နောင်ပညာ ရေး လိုချင်တဲ့လူငယ်တွေကို “နင်တို့ ပညာကိုလိုချင်ရင် ဒေါ်ပြာလိုမျိုးကြိုးစားကြပါ”လို့ တောင် OKRSO မှာ တာဝန်ထမ်း ဆောင်ခဲ့တဲ့ ကိုစောစိပ်ပလောင်က လူငယ်တွေကို ပြောခဲ့ဘူးပါတယ်။ တကယ်ဆိုလည်း သူမဟာ ကျနော် တွေ့ ဘူးတဲ့ မိန်းခလေးတွေထဲမှာ တမူထူးခြားတယ်လို့ ပြောရမှာပါ။ စာပေလေ့လာအားကောင်းတယ်၊ အကင်းပါးတယ်၊ အမျိုးသား ရေးအမြင်ရှိတယ်၊ ထက်မြက်တယ်၊ ရိုးသားတယ်၊ မဟုတ်မခံ၊ သူတပါးအပေါ် ကူညီရိုင်းပင်းမှုရှိတယ်။ သူမတက္ကသိုလ် တက်စဉ် အားလပ်ရက်တွေမှာ ကျောင်းသားလူငယ်တွေကို အင်္ဂလာစာသင်ကြားပေးရင်းနဲ့ တခါတလေ အမျိုးသားရေး နိုင်ငံရေးအကြောင်းတွေဆီရောက်သွားတတ်တယ်။ အဲဒါကတော့ သူမရဲ့ ခံစားချက်တွေ ပေါက်ကွဲတဲ့စိတ်အပိုင်းတွေပါ။

တက္ကသိုလ်မှာဘွဲ့ ရပြီးလူမှုအကျိုးလုပ်ငန်းတွေ၊ အမျိုးသားရေးအကျိုးတွေလုပ်ဖို့ ဆိုတဲ့ သူမရဲ့  ရည်ရွယ်ချက်မျှော်လင့် ချက်တွေဟာ တက္ကသိုလ်ရဲ့ နောက်ဆုံးနှစ်မှာ သူမအတွက် အိပ်မက်တခုလို ဖြစ်သွားခဲ့တယ်။ သူမ ရဲ့ ဘ၀ကို လောကကြီး ကနေ အပြီးခေါ်သွား ဖို့ “ကင်ဆာ”ဆိုတဲ့ရောဂါ စွဲကပ်သွားတယ်။ ကြမ်းတမ်းတဲ့ သူမဘ၀လမ်းခရီးတလျှောက် ဒီလိုမျိုး တက္ကသိုလ်ကျောင်းသူဘ၀ဖြစ်အောင် ပေးဆပ်ခဲ့ရတဲ့ အရင်းအနီးတွေ အချိန်တွေ အတွေ့ အကြုံတွေ နည်းတဲ့အတိုင်း အတာမဟုတ်ဘူးဆိုတာ သူမအပါအ၀င် OKRSO အဖွဲ့ ဝင် တွေနဲ့ သူမနဲ့  နီးစပ်တဲ့သူတွေ အားလုံးသိကြတယ်။ တသက် လုံးကြိုးစားလာခဲ့သမျှ သူမဘ၀အတွက် အောင်မြင်မှုတွေ သဲထဲရေသွန်ဖြစ်ရုံမက သူမကိုပါ သေမင်းဆီခေါ်သွားဖို့  ကင်ဆာဆိုတဲ့ ကုသလို့ မရတဲ့ရောဂါဆိုးကြီးက အနိုင်ယူသွားခဲ့တယ်။ ရောဂါဖြစ်ကြောင်း သူမကိုသူမ သိတဲ့အချိန်မှာ စိတ်ဓါတ်ကျတဲ့အမူအရာလဲမပြသခဲ့(သူမတယောက်တည်းနေတဲ့အချိန်မှာတော့မပြောတတ်) သူငယ်ချင်းတွေကသူမရောဂါ ခံစားရတာနဲ့ ပတ်သက်ပြီး အားပေးစကားပြောတဲ့အခါလည်း သူမ မနှစ်သက်ခဲ့ပါ။ သူမ လောက်စိတ်ခိုင်တဲ့ သူဟာ သူမ ဘဲရှိတယ် ကျနော်ထင်တယ်။ ရောဂါရှိတယ်လို့  သိတဲ့အချိန်ကစပြီး၂ နှစ် နီးပါးအထိ သူမ ရောဂါကို အံတုနိုင်ခဲ့တယ်။ ကွယ်လွန်ခါနီးသူမရဲ့  ရောဂါအခြေအနေကို သိတဲ့သူငယ်ချင်းတွေက သူမ မသေခင် ဘွဲ့ ရသွား စေချင်တယ်။ သူမကိုယ်တိုင်လည်း ဒီဘ၀မှာ ဘွဲ့ ရအောင်ယူမယ် ရလည်းရစေရမယ် “ကျမ မသေနိုင်ဘူး”လို့  သူမကို သူမစိတ်တင်းထားတယ်။ ဘွဲ့ ရဘို့  နောက်ဆုံးတင်ဖို့ ရှိတဲ့ စာတမ်းတွေ သူမကျန်းမာရေးမကောင်းလို့  သူငယ်ချင်းတွေက ကူညီပေးဖို့ စကားကမ်းလှမ်းတဲ့အခါ သူမငြင်းပယ်ခဲ့တယ်။ သူမရဲ့ ကိုယ်ပိုင်အရည်အချင်းနဲ့ သူမရဲ့  ကိုယ်ပိုင်လက်နဲ့ ဘွဲ့ ကို ထိုက်ထိုက်တန်တန်ယူမယ် ဆုံးဖြတ်ထားတယ်။ ကံဆိုးစွာနဲ့ ဘဲ သူမရဲ့ စိတ်ဓါတ်ခိုင်ခံ့မှု သူမရဲ့သတ္တိတွေရဲ့ နောက်ကို သူမ ရဲ့ ရုပ်ခန္ဓာက မလိုက်နိုင်ဘဲ (၂၇၊ ၀၈၊ ၂၀၀၉)ရက်နေ့ မှာ ရောဂါဆိုးကြီးအနိုင်ယူသွားခဲ့ပါတယ်။ နောက်ဆုံးထွက်သက် အထိ ဘ၀ကို သူမအရှုံးမပေးခဲ့ပါ။ လူဖြစ်လာတာ သေရတာချင်းအတူတူဖြစ်ပေမဲ့ သူမအကြွေစောလွန်းပါတယ်။ ဆယ် နှစ်စု ကာလ၀န်းကျင် ပေးဆပ်လိုက်ရတဲ့ သူမရဲ့  အရင်းအနီးတွေဟာ အလွန်များလွန်းပါတယ်။

အဖွဲ့ အစည်းအပေါ် သူမတာဝန်ကျေပွန်ပါတယ်။ ဒါပေမဲ့ မိသားစုဝင်များနှင့်အတူ OKRSO အဖွဲ့  သားများ သူငယ်ချင်း တွေက သူမကို အလွန်နှမြှောတသဖြစ်မိတာအမှန်ပါဘဲ။ သူမရဲ့ အဖွဲ့  သားတွေက “ဒေါ်ပြာ မင်းဟာ ငါတို့ ရဲ့  အဖွဲ့ ဝင် တဦးမဟုတ်တော့ဘူး အဖွဲ့ ဝင်အဖြစ်ကနေ အပြီးအပိုင်ထုတ်လိုက်ကြောင်း မင်းသွားလိုရာသွားနိုင်ပြီး”လို့ အမိန့်  ပြန်ပြော ခဲ့ရပေမဲ့  အဖွဲ့ သားတွေ (ကျနော်အပါအ၀င်) ရဲ့  နှလုံးသားထဲမှာတော့ သူမကို ထုတ်ပယ်လို့  မရနိုင်ဘူးဆိုတာ —

သူမ၀ဋ်ကြွေးရှိရင် ဒီဘ၀မှာဘဲ ကျေပါစေ — သူမ ကောင်းရာသုဂတိလားပါစေ။

အဝေးတနေရာကနေ ဆုတောင်းပေးလိုက်ပါတယ်

စောအာကာကျော်

ဖါးစည်သံ

Monday, August 31, 2009

health prevention for HIV/AIDS















ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများကို ကွင်းဆင်းပြီးကျန်းမာရေးအသိပညာပေးအစီအစဉ်မှ မှတ်တမ်းဓါတ်ပုံများဖြစ်ပါတယ်။





ချစ်ရဲဘော်သို့ အမှတ်တရ



ချစ်ရဲဘော်သို့ အမှတ်တရ
သူ့ ကို ကျနော်စတွေ့ ချိန်မှာ ၁၉၉၈ ခုနှစ် OKRSOအပါတ်စဉ် တနင်္ဂ နွေနေ့ ကျောင်းမှာ တတန်းထဲ အင်္ဂလိပ်စာကို အတူ တူသင်ကြားရင်း ပထမဦးဆုံး သူနဲ့ ကျနော်စတင်တွေ့ ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကျ နော်တို့ ကျောင်းဆရာက ဆရာချစ်ဦးပါ၊ ဆရာစောချစ်ဦးလည်း တ မလွန်ဘ၀ကနေ ဘုရားသခင်နားမှာ ခိုလုံရောက်ရှိသွားကြပြီး သူဆို တဲ့ လူဟာ ကမ္ဘာသိနာမည်ကျော်ကြားတဲ့လူတစ်ယောက် မဟုတ် ပေမဲ့ ထိုသူဟာ အမျိုးသားရေးအတွက်သော်လည်းကောင်း၊ အဖွဲ့  အစည်းအတွက် သော်လည်းကောင်း မခိုမကပ်ဘဲ အဖွဲ့ အစည်းရဲ့ မူ အတိုင်း မားမားမတ်မတ်မယိမ်းမယိုင်ဘဲရပ်တည်တဲ့လူတစ် ယောက် ဖြစ်ပါတယ်။ မှန်ရင်မှန်သလို မှားရင်မှားသလို အပြောအဆိုပြတ် သားတဲ့ အမျိုးသမီးတစ်ဦးပါ။
၁၉၉၈ ခုနှစ် အချိန်ကာလတုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပေါ်မှာ ကရင်ပြည်နယ်ကလာတဲ့ အရှေ့ ပိုးကရင် တွေအနေ နဲ့ ဘန်ကော်တက္ကသိုလ်မှာ တက်ရောက်ပညာနိုင်တဲ့အရေအတွက်ဟာ မရှိသလောက်ပါဘဲ၊ သူတက္က သိုလ်ရောက်တော့မှဘဲ အရှေ့ ပိုးကရင်လူငယ်တွေ မျက်စိနားတွေဖွင့်ပေးပြီး သူတို့ လိုအပ်တဲ့တက္ကသိုလ် ပညာ ရေး အချက်အလက်အထောက် အထားတွေကိုတက္ကသိုလ်မှာ ပညာသင်ကြားနိုင်ရေးအတွက် လမ်းပြပေးခဲ့ကြပါ တယ်။ အဲဒါကြောင့် သူဟာ လမ်းပြကြယ် လေးတစ်ပွင့် ပြောလို့ ရတယ်။
သူဆိုတဲ့လူဟာ သြဂုတ်လ ၂၇ ရက် (၂၀၀၉) က ကွယ်လွန်သွားတဲ့ OKRSO အတွင်းရေးမှူး (၁) နန်းအေးအေး လွင် သာ ဖြစ်တယ်။ သူဟာ ဆင်းရဲတဲ့မိသားစုတစ်စုကနေ ပေါက်ဖွားလာတဲ့လူတစ်ယောက်ပါ၊ ဘန်ကောက်မြို့  မှာ မြန်မာပြည်က ရောက်လာတဲ့လူမျိုးစုမှန်သမျှ အများစုဟာ မိသားစုဘ၀ဖူလုံရန်အတွက် အလုပ်လာလုပ်ကြ တာများတယ်။ သူလည်းဘဲ အစအပိုင်းတုန်းက အဲသလိုဘဲ ခံယူကြတယ်။ နောက်ပိုင်းမှာတော့ သူအဖွဲ့ အစည်း နဲ့ ထိတွေ့ မှုတွေ များလာတော့ သူရဲ့  အတွေးအခေါ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီနောက် သူပညာရေးကို လိုက်စားရင်းနဲ့ သူ့ မိသားစုအရေးကိုတောင်မှ ဂရုမ စိုက်အားတော့ပါ သူ့ မိသားစုအရေးနဲ့ ပတ်သက်ပြီး မှတ် မှတ်ရရ သူ ကျနော့ကို တစ်ခါပြောခဲ့ဘူးပါတယ်။ “သူငယ်ချင်းရေ ငါက တက္ကသိုလ်ပညာရေးကို သင်နိုင်ပေမဲ့ လည်း ငါ့မိသားစုအရေးကိုတော့ ငါဘာမှ မကူညီပေးနိုင်ဘူး၊ ငါအိမ်က ပို့ လာ တဲ့အမေ့စာကို သူငယ်ချင်းတို့ ဖတ်လိုက်ရလျှင် သူငယ်ချင်းတို့ မျက်ရည်တွေ အတုံးလိုက်ကျလာလိမ့်မယ်လို့ ”သူ ကျနော့ ကို ပြောခဲ့ ဘူးပါတယ်။
သူဟာ အမှန်တော့ စိတ်ဓာတ်တော်တော်ခိုင်မာတဲ့အမျိုးသမီးတယောက်ဖြစ်တယ်။ မဟုတ်မခံဆိုတဲ့စိတ်ဓာတ် က အရမ်း သွက်လက်တယ်၊ သူနဲ့ ကျနော်တို့ နဲ့  လူမှုရေးလုပ်ငန်းတာဝန်ကို ကိုယ်စီယူကြတဲ့ကာလမှာဆိုရင် သူက တတ်နိုင်တဲ့ ပညာရေးကဏ္ဍမှာ သူအားလျှင်အားသလို အများအပြား အမျိုးသားရေးအတွက်၊ အဖွဲ့ အစည်းအတွက် အနစ်နာခံပြီး ကူညီပံ့ပိုးခဲ့ပါတယ်။ သူနောက်ဆုံး ရောဂါရပြီးမနိုင်မနင်း ဝေဒနာခံစားရတဲ့ ကာလမှာတောင် ကလေးတွေအတွက်၊ ကျောင်းသူ ကျောင်းသားတွေအတွက် အခြေခံအင်္ဂလိပ်သင်တန်းကို တတ်နိုင်သလောက် နောက်ဆုံးကူညီသင်ကြားပေးခဲ့ပါသေး တယ်။
ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း မှတ်မှတ်ရရ မဟာချိုင်းအလုပ်ရုံတရုံမှာဆိုရင် သူဌေးက အလုပ်သမားများကို လစာ နည်းနည်းပေးပြီး အလုပ်များများခိုင်းကာ အလုပ်သမားများကို အနိုင်ကျင့်လို့  အဲဒီအလုပ်ရုံထဲမှာဘဲ အမျိုးသမီး၊ ကလေး၊ လူကြီး လူအယောက် (၈၀)ကျော်ကို တခြား NGO အဖွဲ့ နဲ့ ပူးပေါင်းပြီး သွားရောက်ကူညီ ကယ်ထုတ်နိုင်ခဲ့တယ်။ နောက်တော့ အဲဒီအလုပ်သမားအယောက် (၈၀)ကျော်ကို နစ်နာကြေးပြန်ရရန်အတွက် သူဌေးကို အမှုဖွင့်ပြီး တရားစွဲ ဆိုခဲ့ပါတယ်။ နောက်ဆုံး အဲဒီအမှုကို နိုင်လို့  အလုပ်သမားအယောက် (၈၀)ကျော်ကို အလုပ်သမားရဲ့လုပ်သက်အပေါ်မှာ မူတည်ပြီး နစ်နာကြေးအသီးသီးပြန်ရအောင် ကူညီပေးနိုင်ခဲ့တယ်။
သူဟာ OKRSO အဖွဲ့ အစည်းထဲမှာ လူမှုရေးလုပ်ငန်းတွေ အဆင့်ဆင့်တာဝန်ယူပြီး တဖက်က အဆင့်မြင့် နိုင်ငံရေး တက္ကသိုလ်ပညာသင်ကြားရင်း နိုင်ငံရေးတက္ကသိုလ်ဘွဲ့ မရခင် တနှစ်အလိုမှာ သူတတ်မြောက်ခဲ့သော နိုင်ငံရေးတက္ကသိုလ် ဘာသာရပ်များ ကောင်းကောင်းမွန်မွန် အသုံးမချရခင်မှာဘဲ သူဘ၀ကပေးတဲ့ ကုသိုလ် ကြောင့် အချိန်မတန်သေးဘဲ ညှာတာမှုကင်းမဲ့လှတဲ့ မရဏမင်းဟာ သူ့ ကို တမလွန်ဘ၀အထိ ခေါ်သွားခဲ့ပါ တယ်။ သူမျှော်မှန်းခဲ့သော သူဘ၀ပညာရေး အတွက် အမျိုးသားရေးအတွက် မအောင်မြင်ခင် သူအရမ်းချစ် သော သူ့  မိသားစုများနှင့် OKRSO လုပ်ဖော်ကိုင်ဖက်များ အားလုံး ကျောခိုင်းသွားပါပြီး မာရဏမင်းရေ ရက် စက်လွန်း တယ်နော်။

အေးအေးသန့်  (ခေါ်) ဒေါ်ပြာ သတိရခြင်းများစွာဖြင့်

စောစိပ်ပလောင် (ဆိင့်ပြင်)
ဆက်ရန်ရှိသေးသည် မျှော်

Sunday, August 30, 2009

ဝမ်းနည်းကြောင်းမှတ်တမ်း

aye aye thain

ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO) ဗဟိုကော်မတီဝင် တဦး ဖြစ်သူ နန်းအေးအေးလွင်သည် သြဂုတ်လ ၂၇ ရက် (၂၀၀၉) ခုနှစ်တွင် ကွယ်လွန်သွားခဲ့ပါသည်။

နန်းအေးအေးလွင်သည် အဖွဲ့ ၏တာဝန်ကို ထမ်းဆောင်ရာတွင် လူမှုလုပ်သားကောင်းတစ်ဦးအဖြစ် လူမှုရေးဌာန သော်လည်းကောင်း၊ စည်းရုံးရေးဌာနသော်လည်းကောင်း အဆင့်ဆင့် တာဝန်ခန့် အပ်ခံရပြီး အတွင်းရေးမှူး (၁) တာဝန်အထိ ၎င်း၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုအား (OKRSO) အဖွဲ့ မှ လေးစားဂုဏ်ပြု ဦးညွတ်အပ်ပါသည်။

နန်းနန်းအေးအေးလွင်သည် ကွယ်လွန်သွားသည့်အတွက် ကျန်ရစ်သူ မိသားစုနှင့်အတူ မိမိတို့ အဖွဲ့ အစည်းအနေ ဖြင့် ၀မ်းနည်း ကြေကွဲနှမြောတသ ယူကြုံးမရ ဖြစ်ရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။

နန်းအေးအေးလွင် ကောင်းရာသုဂတိ လားပါစေ

ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ 

(OKRSO)

copy right from Par Se Than

Wednesday, August 19, 2009

ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ ရန်ကုန်တွင် ဆေးကုသမှု ခံယူ

တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာအခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက်ငယ်သားများ၏လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေးခေါင်းဆောင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တပ်မဟာ(၇) ထိုးစစ်ကအပြန်မှာ ၉၉၉ တပ်ရင်း (၇) က တပ်ရင်းမှူး ဗိုလ်စံပြုံး (ဆန်ပြုတ်) လုပ်ကြံခံရတဲ့ကိစ္စအပါအ၀င် အခြားကိစ္စတွေကြောင့် ဗိုလ်ချစ်သူလုပ်ကြံခံရတယ်လို့ သိရတယ်။ ရန်ကုန်ကနေ နိုင်ငံခြားထိ သွားကုဖို့လုပ်နေကြတယ်။ အခြေအနေအတော်ဆိုးတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ အခြေချဗျူဟာရုံးစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုရွာတွင် နေထိုင်သူတဦးက “ဒီကိစ္စဟုတ်ပါတယ်၊ သတင်းပိတ်ထားတယ်၊ ခရီးသွားတယ်လို့ပြောတယ်၊ ဖြစ်တာ ဗိုလ်ဆန်ပြုတ် အသုဘအပြီး ဇွန်လကုန်လောက်မှာဖြစ်တာ” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ ဗိုလ်စံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်သည် ပြီးခဲ့သည့် ဇွန် (၂၆) ရက်တွင် အမည်မသိအဖွဲ့တဖွဲ့၏ ချုံခိုတိုက်ခိုက်ခံရသဖြင့် ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးခဲ့သည်။

ဗိုလ်ဆန်ပြုတ်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လက်အောက်ငယ်သားများ၏ မယုံသင်္ကာဖြစ်မှုခံရပြီး တပ်မဟာ(၇) ထိုးစစ်အတွက် မြန်မာစစ်တပ်မှပေးသည့် သိန်းထောင်ချီသည့်ငွေများနှင့် အခြားစီပွားရေးသမားများ ပေးသည့်ငွေများကို စောချစ်သူက မောင်ပိုင်စီးသည့်အတွက် လုပ်ကြံခံရခြင်းဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့်စီးပွားရေးတွဲလုပ်သူ ကုန်သည်တဦးက ပြောသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ၉၉၉ အခြေချဗျူဟာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကောလာဟလသတင်းများသာဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

(၉၉၉) အခြေချဗျူဟာမှူးသည် လွန်ခဲ့သည့်ဇွန်လက နအဖ၏အထောက်အပံ့ဖြင့် တလနီးပါးကြာမြင့်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ရာတွင် အဓိကဦးဆောင်ခဲ့သူဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။

ခေတ်ပြိုင်မှကူးယူဖော်ပြသည်။။