ချစ်ရဲဘော်သို့ အမှတ်တရ
သူ့ ကို ကျနော်စတွေ့ ချိန်မှာ ၁၉၉၈ ခုနှစ် OKRSOအပါတ်စဉ် တနင်္ဂ နွေနေ့ ကျောင်းမှာ တတန်းထဲ အင်္ဂလိပ်စာကို အတူ တူသင်ကြားရင်း ပထမဦးဆုံး သူနဲ့ ကျနော်စတင်တွေ့ ခဲ့ပါတယ်။ အဲဒီအချိန်ဟာ ကျ နော်တို့ ကျောင်းဆရာက ဆရာချစ်ဦးပါ၊ ဆရာစောချစ်ဦးလည်း တ မလွန်ဘ၀ကနေ ဘုရားသခင်နားမှာ ခိုလုံရောက်ရှိသွားကြပြီး သူဆို တဲ့ လူဟာ ကမ္ဘာသိနာမည်ကျော်ကြားတဲ့လူတစ်ယောက် မဟုတ် ပေမဲ့ ထိုသူဟာ အမျိုးသားရေးအတွက်သော်လည်းကောင်း၊ အဖွဲ့  အစည်းအတွက် သော်လည်းကောင်း မခိုမကပ်ဘဲ အဖွဲ့ အစည်းရဲ့ မူ အတိုင်း မားမားမတ်မတ်မယိမ်းမယိုင်ဘဲရပ်တည်တဲ့လူတစ် ယောက် ဖြစ်ပါတယ်။ မှန်ရင်မှန်သလို မှားရင်မှားသလို အပြောအဆိုပြတ် သားတဲ့ အမျိုးသမီးတစ်ဦးပါ။
၁၉၉၈ ခုနှစ် အချိန်ကာလတုန်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ပေါ်မှာ ကရင်ပြည်နယ်ကလာတဲ့ အရှေ့ ပိုးကရင် တွေအနေ နဲ့ ဘန်ကော်တက္ကသိုလ်မှာ တက်ရောက်ပညာနိုင်တဲ့အရေအတွက်ဟာ မရှိသလောက်ပါဘဲ၊ သူတက္က သိုလ်ရောက်တော့မှဘဲ အရှေ့ ပိုးကရင်လူငယ်တွေ မျက်စိနားတွေဖွင့်ပေးပြီး သူတို့ လိုအပ်တဲ့တက္ကသိုလ် ပညာ ရေး အချက်အလက်အထောက် အထားတွေကိုတက္ကသိုလ်မှာ ပညာသင်ကြားနိုင်ရေးအတွက် လမ်းပြပေးခဲ့ကြပါ တယ်။ အဲဒါကြောင့် သူဟာ လမ်းပြကြယ် လေးတစ်ပွင့် ပြောလို့ ရတယ်။
သူဆိုတဲ့လူဟာ သြဂုတ်လ ၂၇ ရက် (၂၀၀၉) က ကွယ်လွန်သွားတဲ့ OKRSO အတွင်းရေးမှူး (၁) နန်းအေးအေး လွင် သာ ဖြစ်တယ်။ သူဟာ ဆင်းရဲတဲ့မိသားစုတစ်စုကနေ ပေါက်ဖွားလာတဲ့လူတစ်ယောက်ပါ၊ ဘန်ကောက်မြို့  မှာ မြန်မာပြည်က ရောက်လာတဲ့လူမျိုးစုမှန်သမျှ အများစုဟာ မိသားစုဘ၀ဖူလုံရန်အတွက် အလုပ်လာလုပ်ကြ တာများတယ်။ သူလည်းဘဲ အစအပိုင်းတုန်းက အဲသလိုဘဲ ခံယူကြတယ်။ နောက်ပိုင်းမှာတော့ သူအဖွဲ့ အစည်း နဲ့ ထိတွေ့ မှုတွေ များလာတော့ သူရဲ့  အတွေးအခေါ် ပြောင်းလဲသွားခဲ့ပါတယ်။ အဲဒီနောက် သူပညာရေးကို လိုက်စားရင်းနဲ့ သူ့ မိသားစုအရေးကိုတောင်မှ ဂရုမ စိုက်အားတော့ပါ သူ့ မိသားစုအရေးနဲ့ ပတ်သက်ပြီး မှတ် မှတ်ရရ သူ ကျနော့ကို တစ်ခါပြောခဲ့ဘူးပါတယ်။ “သူငယ်ချင်းရေ ငါက တက္ကသိုလ်ပညာရေးကို သင်နိုင်ပေမဲ့ လည်း ငါ့မိသားစုအရေးကိုတော့ ငါဘာမှ မကူညီပေးနိုင်ဘူး၊ ငါအိမ်က ပို့ လာ တဲ့အမေ့စာကို သူငယ်ချင်းတို့ ဖတ်လိုက်ရလျှင် သူငယ်ချင်းတို့ မျက်ရည်တွေ အတုံးလိုက်ကျလာလိမ့်မယ်လို့ ”သူ ကျနော့ ကို ပြောခဲ့ ဘူးပါတယ်။
သူဟာ အမှန်တော့ စိတ်ဓာတ်တော်တော်ခိုင်မာတဲ့အမျိုးသမီးတယောက်ဖြစ်တယ်။ မဟုတ်မခံဆိုတဲ့စိတ်ဓာတ် က အရမ်း သွက်လက်တယ်၊ သူနဲ့ ကျနော်တို့ နဲ့  လူမှုရေးလုပ်ငန်းတာဝန်ကို ကိုယ်စီယူကြတဲ့ကာလမှာဆိုရင် သူက တတ်နိုင်တဲ့ ပညာရေးကဏ္ဍမှာ သူအားလျှင်အားသလို အများအပြား အမျိုးသားရေးအတွက်၊ အဖွဲ့ အစည်းအတွက် အနစ်နာခံပြီး ကူညီပံ့ပိုးခဲ့ပါတယ်။ သူနောက်ဆုံး ရောဂါရပြီးမနိုင်မနင်း ဝေဒနာခံစားရတဲ့ ကာလမှာတောင် ကလေးတွေအတွက်၊ ကျောင်းသူ ကျောင်းသားတွေအတွက် အခြေခံအင်္ဂလိပ်သင်တန်းကို တတ်နိုင်သလောက် နောက်ဆုံးကူညီသင်ကြားပေးခဲ့ပါသေး တယ်။
ကယ်ဆယ်ရေးလုပ်ငန်းမှာလည်း မှတ်မှတ်ရရ မဟာချိုင်းအလုပ်ရုံတရုံမှာဆိုရင် သူဌေးက အလုပ်သမားများကို လစာ နည်းနည်းပေးပြီး အလုပ်များများခိုင်းကာ အလုပ်သမားများကို အနိုင်ကျင့်လို့  အဲဒီအလုပ်ရုံထဲမှာဘဲ အမျိုးသမီး၊ ကလေး၊ လူကြီး လူအယောက် (၈၀)ကျော်ကို တခြား NGO အဖွဲ့ နဲ့ ပူးပေါင်းပြီး သွားရောက်ကူညီ ကယ်ထုတ်နိုင်ခဲ့တယ်။ နောက်တော့ အဲဒီအလုပ်သမားအယောက် (၈၀)ကျော်ကို နစ်နာကြေးပြန်ရရန်အတွက် သူဌေးကို အမှုဖွင့်ပြီး တရားစွဲ ဆိုခဲ့ပါတယ်။ နောက်ဆုံး အဲဒီအမှုကို နိုင်လို့  အလုပ်သမားအယောက် (၈၀)ကျော်ကို အလုပ်သမားရဲ့လုပ်သက်အပေါ်မှာ မူတည်ပြီး နစ်နာကြေးအသီးသီးပြန်ရအောင် ကူညီပေးနိုင်ခဲ့တယ်။
သူဟာ OKRSO အဖွဲ့ အစည်းထဲမှာ လူမှုရေးလုပ်ငန်းတွေ အဆင့်ဆင့်တာဝန်ယူပြီး တဖက်က အဆင့်မြင့် နိုင်ငံရေး တက္ကသိုလ်ပညာသင်ကြားရင်း နိုင်ငံရေးတက္ကသိုလ်ဘွဲ့ မရခင် တနှစ်အလိုမှာ သူတတ်မြောက်ခဲ့သော နိုင်ငံရေးတက္ကသိုလ် ဘာသာရပ်များ ကောင်းကောင်းမွန်မွန် အသုံးမချရခင်မှာဘဲ သူဘ၀ကပေးတဲ့ ကုသိုလ် ကြောင့် အချိန်မတန်သေးဘဲ ညှာတာမှုကင်းမဲ့လှတဲ့ မရဏမင်းဟာ သူ့ ကို တမလွန်ဘ၀အထိ ခေါ်သွားခဲ့ပါ တယ်။ သူမျှော်မှန်းခဲ့သော သူဘ၀ပညာရေး အတွက် အမျိုးသားရေးအတွက် မအောင်မြင်ခင် သူအရမ်းချစ် သော သူ့  မိသားစုများနှင့် OKRSO လုပ်ဖော်ကိုင်ဖက်များ အားလုံး ကျောခိုင်းသွားပါပြီး မာရဏမင်းရေ ရက် စက်လွန်း တယ်နော်။

အေးအေးသန့်  (ခေါ်) ဒေါ်ပြာ သတိရခြင်းများစွာဖြင့်
စောစိပ်ပလောင် (ဆိင့်ပြင်)
ဆက်ရန်ရှိသေးသည် မျှော်
No comments:
Post a Comment