Monday, September 12, 2011
OKRSO ပညာရေးသင်တန်းများပြန်လည်ဖွင့်လှစ်ခြင်း
OKRSO မှ ကြီးမှူးဖွင့်လှစ်သော သင်တန်းများ
1.တက္ကသိုလ်ပညာကို ဆက်လက်သင်ကြားလိုများအတွက်
Pre-GED & Scholarship preparation Course(စက်တင်ဘာလကနေ မတ်လအထိ)
2.အချိန်ပြည့်ကွန်ပြူတာ၊အင်္ဂလိပ်စာနှင့် ကရင်စာပေသင်တန်း  (တစ်လတစ်ခါ)
3.တနင်္ဂနွေအပတ်စဉ် ထိုင်းစာနှင့် အင်္ဂလိပ်စာသင်တန်း (Sacred Heart Convent .Khlong Toie)
သင်တန်းအားလုံးကို စက်တင်ဘာလထဲမှာ တစ်ပြိုင်နက်
ဖွင့် လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။
အချိန်ပြည့်ကွန်ပြူတာသင်တန်းကို စက်တင်ဘာလ
၁၂ ရက်နေ့ တွင် စတင်ဖွင့် လှစ်ပြီး
Pre-GED & Scholarship preparation သင်တန်းကိုတော့ လာမည့်
စက်တင်ဘာ ၁၇ ရက်နေ့ 
တွင် စတင် သင်ကြားပေးသွားမှာဖြစ်ပါသည်။
ဒီသင်တန်းကတော့ စနေ နေ့ ညနေ ပိုင်းနှင့် တနင်္ဂနွေနေ့ တွေမှာ
သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းမတက်ရောက်ခင် သင်တန်းဝင
်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပါသည်။
စိတ်ပါဝင်စားလိုသူများ....okrso_karen@hotmail.com ကိုဆက်သွယ်နိုင်ပါတယ်။
တနင်္ဂနွေအပတ်စဉ် ထိုင်းစာနှင့် အင်္ဂလိပ်စာသင်တန်း (Sacred Heart Convent .Khlong Toie)ကတော့
စက်တင်ဘာလ(၁၁)၂၀၁၁ ခုနှစ်တွင်စတင်ဖွင့်လှစ်လိုက်ပါသည်။
သင်တန်းကာလမှာ (၄)ကြာမည်ဖြစ်ပြီး..စက်တင်ဘာလကနေ ဒီဇင်ဘာလအထိဖွင့်လှစ်သွားမှာဖြစ်ပါသည်။
ဒီအပတ်စဉ် တနင်္ဂနွေသင်တန်းကျောင်းကို စတင်ဖွင့် လှစ်တာက ဟိုးလွန်ခဲ့သော ၂၀၀၂ ခုနှစ်မှစတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး..အခု၂၀၁၁ အထိ ဆက်လက်ဖွင့်လှစ်ထားနိုင်ခဲ့ပါတယ်...
.OKRSO မှာ တာဝန်ထမ်းဆောင်ဖူးသောဝါရင့်အဖွဲ့ ဝင်များမှ လက်ဆင့်ကမ်းအမွေကို
ယနေ့ ခေတ်လူငယ်တွေ ရဲ့ ပ ခုံးပြောင်းတာဝန်တွေကို မိမိတို့ ကရင်လူမျိုးများအတွက် တစ်ဘက်
တစ်လမ်းကနေ ဘ၀ အသိပညာတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဒီအပတ်စဉ်သင်တန်းကတော့ ကျောင်းသား၊ကျောင်းသူပေါင်း အယောက် (၈၀)နီးပါးလာရောက်ကျောင်းအပ်ခဲ့ပါတယ်။။
သင်တန်းကို လာမည့်စက်တင်ဘာ (၁၈)ရက်နေ့ တွင် စတင်သင်ကြားမှာဖြစ်ပါသည်။
စာလာသင်ပေးသော စေတနာ့ဝန်ထမ်းဆရာ၊ဆရာမများနှင့် ကျောင်းတာဝန်ခံများကို အထူးပဲကျေးဇူးတင်ရှိပါသည်။
ကျောင်းဖွင့် ပွဲမှတ်တမ်းဓာတ်ပုံများကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။
အကြံပေးချက်များရှိလျှင် okrso_karen@hotmail.com ကို ဆက်သွယ်နိုင်ပါကြောင်း....
အားလုံးကို ကျေးဇူးတင်ရှိရင်း
OKRSO မိသားစု
ဘန်ကောက်
Friday, September 2, 2011
အားနာခြင်း၏ ဆိုးကျိုးများ
အားနာခြင်းဆိုသည့်အကြောင်းအရာသည် ကျွန်ုပ်တို့လူမျိုးကြားတွင် အလွန်ခေတ်စားပြီး အထူးတွင်ကျယ်လှ သည့် အရာဖြစ်သည်။ ဗမာစကားဖြစ်သည့်အားနာခြင်းကို ကျွန်ုပ်တို့ကရင်လူမျိုးများတွင် (ညာၟယှုဂ်)ဟုခေါ်ဝေါ် သုံးစွဲကြပါသည်။
အားနာခြင်းသည် အားနာသူအပေါ်၌အကျိုးမဲ့စေသကယ့်သို့ အားနာခြင်းခံရသူအပေါ်တွင်လည်း အကျိုးမရှိ ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် စုပေါင်းလုပ်ဆောင်မှုအပိုင်း၌ အားနာခြင်းကြောင့် လုပ်ငန်းဆောင်တာများ နှောင့်နှေးဆုတ်ယုတ်ယုံမျှမက တဦးနှင့်တဦးအမြင်မကြည်မလင်ဖြစ်လာပြီး အဆုံးတွင် လမ်းမခွဲချင်ပဲ လမ်းခွဲ လိုက်ရခြင်း ဆက်လက်လက်တွဲရန် မဖြစ်နိုင်လောက် သည့်အခြေအနေမျိုးအထိ ရောက်သွားတတ်ပါသည်။
ဤကားစာရေးသူတို့ တကယ့်လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေဖြစ်ရပ်မှန်များဖြစ်သည်၊ အဆိုပါအားနာ သည် ဆိုသည့်စကားလုံးသည် အဖွဲ့အစည်းအတွင်းရှိ အပြောသမားများအတွက် စားကွက်တခုဖြစ်စေသည်။
အပြောသမားများသည် လေလုံးထွားထွား အာဘောင်အာရင်းသန်သန်ဖြင့် လူအများရှေ့တွင် မိမိသည်ဟိုးလွန် ခဲ့သည့်အချိန်များက မည်သူနှင့်မည်သို့ဦးစီးဦးဆောင်ကာ လုပ်ကိုင်ခဲ့သည်။ တိုးတက်အောင်မြင်မှုများမှာ မည် ကဲ့သို့ ဖြစ်သည် ဘာဘာညာညာပြောဆိုပြီး ဆွေးနွေးပွဲမှဧည့်ခံသည့် အစားအသောက်များကို စားသောက်ပြီး ထ,ပြန်သွားတတ်သည်။
တကယ့်တကယ်တာဝန်တရပ်ရပ်ကို ပေးအပ်သည့်အခါ၌မူ အများရှေ့တွင်တာဝန်ယူထားသမျှ အလွဲသုံးစား လုပ်တတ်ကြသည်။ ထိုအခါ အားနာသောကြောင့် ထိုသူယူထားသောတာဝန်များကို အချိန်နီးကပ်လာမှ ပြန် လည်တာဝန်ခွဲယူရသဖြင့် စီစဉ်ထားမှုမှန်သမျှ အားလုံးကမောက်ကမ,ဖြစ်ကုန်တော့သည်။အနှစ်ချုပ်သော် တိုးတက်မှု နှေးကွေး ဆုတ်ယုတ် ပျက်ဆီး တိမ်ကော ပ,ပျောက် မျက်နှာပန်းမလှဖြစ်ခြင်းဖြင့် နိဂုဏ်း ချုပ်လေတော့၏။
စာရေးသူတို့နေထိုင်သည့်မြို့ရှိ သခန်းစာယူစရာကောင်းသော အထောင်အသောင်းမက,သည့် အဖြစ်ပျက်များ စွာအနက် တခုကိုထုတ်နှုတ်ရေးသားတင်ပြလိုပါသည်။ ကရင့်ရိုးရာခြည်ဖြူဖွဲ့အခန်းအနားကို လွန်ခဲ့သည့် ငါးလ, ခန့်ကတည်းကပြောဆိုဆွေးနွေးသတ်မှတ်ခဲ့ကြပါသည်၊ သို့သော်ယခုစာရေးသူ စာရေးသားသည့်အချိန်တိုင် သည့်တိုင် ကျင်းပ,မည့်နေရာအတည်တကျမသိနိုင်သေးသည့်အပြင် သတ်မှတ်ထားသည့်နေ့ရက်တွင် ကျင်းပ, ဖြစ်မည် မဖြစ်မည်ဆိုသည်ကိုပင် အတည်မပြုနိုင်သေးချေ။
ငွေကြေးအလုံအလောက်ရှိနေသော်လည်း ထိုထိုသောအကြောင်းအချက်ကြောင့် စိတ်အနှောင့်ယှက်များဖြင့် အ ခန်းအနားကိုကျင်းပ,ကြရမည်ကားအသေအခြာပင်ဖြစ်သည်။
ဤကားအခန်းအနားကျင်းပ,နိုင်ရေးအတွက် နေ့ရက်နှင့်နေရာ သတ်မှတ်ခြင်း မပြုနိုင်သေး သည့်အချက်တချက် သာရှိပါသေးသည်၊ ရိုးရာယဉ်ကျေး မှုအက,အခုန်များအပိုင်းကို ကြည့်လိုက် သည့်အခါ လိုအပ်သည့်အတိုင်းအ တာတခုအထိ ပြင်ဆင်နိုင်ခြင်းမရှိသေးသည်ကိုလည်းတွေ့ရပြန်ပါသည်။
မိရိုးဖလာ ဓလေ့ထုံးတမ်းများနှင့်အညီ ကျင်းပ,နိုင်ရေးဆိုသည်ကားဝေးစွ။ ဘာဆိုဘာ မျှဆွေးနွေးမှုမရှိသေး။ ဆွေးနွေးရန် လိုအပ်နေသော်လည်း အစောပိုင်းက တင်ပြခဲ့သည့်ကျင်းပ,မည့်နေရာ အတည်တကျမရှိသေးခြင်း ကြောင့် နေ့ရက်ကိုပြောင်းလွဲသင့်မသင့် ကျင်းပ,မည့်နေ ရာကို ပြောင်း သင့်မသင့် နေရာအတွက်တာဝန်ယူပါ သည်ဟု ဆိုထားသူ၏ တာဝန်ယူမှု အပိုင်းပေါ့လျော့ခြင်း တခုတည်းကြောင့် ကြုံတွေ့လိုက်ရသည့်အခက်အခဲတ ခုတည်းသာရှိပါသေးသည်။
အခန်းအနားတွင် ယဉ်ကျေးမှုအက,များ ရိုးရာတေးသီချင်းသီဆိုဖျော်ဖြေစီစဉ်တင်ဆက်ရန်ရှိသဖြင့် စာရေးသူ၏ သား၊ သမီး၊ ဇနီး၊ တူ၊ တူမ,များ သွားရောက် လေ့ကျက်နေကြသည်။ ထိုလေ့ကျက်မှုများကြောင့်လည်း စာရေး သူအနေဖြင့် သီချင်းများကို နားဆင်ရပါသည်။
ထိုသီချင်းများအနက် ကရင့်ရိုးရာဆယ့်နှစ်လ,ရာသီဒုံးသီချင်းကို နားဆင်လိုက်သည့်အခါ အဆီအငေါ်မတည့်ပဲ အလွဲလွဲအချော်ချော်ဖြစ်နေသည်ကို သတိထားမိ သဖြင့် ပြင်ဆင်သင့် သည်ဟုဆုံးဖြတ်ကာ ၎င်းတို့လေ့ကျက်နေ သည့်သီချင်းကို အသေအခြာ အနီးကပ်ဖတ်ရှုလိုက်သည့်အခါ စာလုံးပေါင်းများမှားနေခြင်း အဓိပ္ပါယ်မသိနိုင် လောက်သည့် စာသားများကိုတွေ့လိုက်ရသည့်အတွက် ကိုးဒီသွေး၏ပိုင်ရှင် (စ၀်ဍး္ဘိုဒ်)ထံသို့ အကူအညီလှမ်း တောင်းကာ စာသားများနှင့် သီဆိုရပုံတို့ကို ရယူနိုင်ခဲ့ပါသည်။
ထိုအခါ စာရေးသူက စုပေါင်းလေ့ကျက်ရာမှပြန်ရောက်လာကြသည့် မိသားစုများကို စာသား မှန်များရရှိပြီး ဖြစ်ပါ သောကြောင့် မှားနေသည့်နေရာများတွင် မှန်သည့်စာသားများဖြင့် အစားထိုးကြရန် တိုက်တွန်းလိုက်သည့်အခါ၌ “အလိုလေးလေး မလုပ်ပါနဲ့တော့ သီချင်းစာလုံးကို ပြောင်းဘို့မပြောနဲ့ အခုလေးတင်သီချင်းကိစ္စနဲ့ အခြေအတင် ဖြစ်နေတာ နောက်နည်းနည်းသာ ဆက်ပြောမိလျင် ဒီဒုံးပျက်ဘို့ရှိတယ်”
အကြောင်းရင်းကိုသိလိုသဖြင့်မေးမြန်းကြည့်ရာ“တယောက်က  ဒီစာလုံးလေးကမှားနေတယ်၊
ဒီနေရာမှာ ဒီလိုရေးရတယ်၊ ဟိုနေရာမှာ ဒီလိုဆိုတာ လို့ပြောတော့ ဟေ့ငါတို့က တသက်လုံး ဒီလိုပဲဆိုလာက,လာတာ ဘာညာတွေဖြစ်ကုန်တော့မလို့ အခုဘကြီးပေး လိုက် တဲ့ စာသားတွေ သာသွားပြလိုက်လို့ကတော့ အကုန်သွားပြီ၊ ဒီနှစ်ဒီလိုပဲ ဆိုကြ က,ကြတာပေါ့ အချိန်နီးနေပြီ”
စာရှုသူများခင်ဗျား၊ ပွဲပျက်မည်စိုးသောကြောင့် မညီမညွတ်ဖြစ်မည်ကိုစိုးသောကြောင့် မိမိတို့ကရင် လူမျိုးအချင်း ချင်းကြား အချင်းများကြမည်စိုးသောကြောင့် အားနာခြင်းသည် မိမိတို့အသွေး အသားအတွင်း ဦးဏှောက်အ တွင်း ကိန်းအောင်းတည်တန့်နေသမျှ ကာလပတ်လုံး မည်သည့်ကိစ္စမျိုး၌မဆို ဆုတ်ယုတ်မြဲ ကျဆုံးမြဲ ဖြစ်နေ လိမ့်မည်ဟု ယူဆ,မိပါသည်။
သို့ဖြစ်သောကြောင့် စာရေးသူက ဤတေးသီချင်းကို ရေးစပ်သီကုံးထားခဲ့သူမှာကရင့်အမျိုးသားသံဃာတော် မုက္ကဒိကျေးရွာတွင်နေထိုင်သည့်ဆရာတော် (ဖူ့ကျာ်္ဘုံးက်ုတိက်)ဖြစ်ကြောင်း သံစဉ်ကို ဆရာ ခွဲါက႟င် ကျဝ်လေး ထည့်သွင်းတာဖြစ်ကြာင်း ဆရာ့ဆရာကြီးများ၏ စေတနာနှင့်ကြိုးစား အားထုတ်မှုများ ကို နောင်လာနောက်သား များဆက်လက်ထိန်းသိမ်းသွားရန်လို အပ်ကြောင်းများပြောဆိုလိုက်မိပါသည်။
“ကဲ အဘိုးကြီး သိပ်မောနေပြီ နားလိုက် မနက်ဆို ကလေးတွေအလုပ်သွားရဦးမယ် ဟိုအငယ်ကောင် လည်း ဆေးခန်းမှာ မျက်မှန်ကိစ္စသွားတွေ့ဘို့ရှိသေးတယ်၊ ရှင့်ကိုလည်း ဆရာဝန်လာတွေ့မှာ ဧည့်ခန်းတခု လုံးပွနေတာ ပဲ သိမ်းရ,ရှင်းရမယ်၊ နောက်နေ့မှ ရှင်ပြောချင် ရှင်းပြချင်တဲ့ကိစ္စတွေ ရှင်းပြပြောပြဟုတ်လား”
စာရေးသူသည် အိပ်ခန်းတွင်းရှိကွန်ပျူတာခုံပေါ်တွင်ထိုင်လျှက် ပြန်တွေးနေမိပါသည်၊ ဆရာ့ဆရာကြီးများ၏ လက်ရာမွန်ဖြစ်သောတေးသီချင်းများကို သင်ယူလေ့ကျက်ခဲ့သူများ၏ တိကျသေခြာမှုမရှိခြင်းကြောင့် ယခု မျိုး ဆက်သစ်လူငယ်လေးများမှားမှားယွင်းယွင်းဆက်လက်လေ့ကျက်နေကြရပြီဖြစ်ပါ၏။
နောင်မျိုးဆက်သစ်များလည်း ထိုနည်းအတိုင်းပင်ဖြစ်နေမည်ဖြစ်၏။
ပွဲဖြစ်ရုံလေးသဘောပိုက်ကာ လက်ပူတိုက်လုပ်ဆောင်မှုများကြောင့် မနက်ဖြန်ပေါင်းများစွာသည်လည်း တစုံတ ရာတိုးတက်လာမည်မဟုတ်သည်မှာ အသေအခြာပင်ဖြစ်၏။
အားနာခြင်းကြောင့် ပြုပြင်ရ,ကောင်းမှန်းသိပါလျှက် ရေငုံနှုတ်ပိတ်နေခဲ့ကြသူများကြောင့် မိမိတို့၏ရင်သွေးငယ် များ အမှားကိုအမှန်ထင်လျှက် ဘဝကိုရှေ့ဆက်ကြရတော့မည်ဖြစ်ပါ၏။
သို့ပါသော်လည်း အမှန်တရားကိုလက်ခံရဲသည့် သတ္တိမျိုးမွေးမြူလာနိုင်သည့်နေ့တနေ့ကို ဖန်တည်း တည်ထောင်နိုင်မည့်နေ့တနေ့သည် အမှန်တကယ်ရောက်ရှိလာပေလိမ့်မည်။
ထိုနေ့ကိုမျှော်ရင်း.....................။
ကျန်းမာချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
Monday, July 4, 2011
OKRSO ရက်စွဲများ အပိုင်း(၂)
Okrso Diary 2
Tuesday, June 21, 2011
OKRSO ရက်စွဲများအပိုင်း(၁)
Monday, June 20, 2011
OKRSO ရက်စွဲများအပိုင်း(၁)
2011 ဇွန်လ(14)ရက်မှာ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်
ရှောက်ရေးအဖွဲ့  OKRSO အဖွဲ့ ရဲ့ သက်တမ်းဟာ 19-နှစ်ပြည့်ခဲ့ပါပြီ။အဖွဲ့ အ 
စည်းနဲ့ ပါတ် သက်ပြီး အမှတ်ရစရာတွေ၊ပြောချင်တာလေးတွေတော့ 
ရပ်တည်နိုင်တယ်၊ ပြည်သူ့  အကျိုးတွေကိုဆက်လက်ဆောင်ရွက်နိုင်တယ်
ဆိုတာလည်းအဖွဲ့ အစည်းမှာ လုပ်ဆောင်ခဲ့တဲ့လူပုဂ္ဂိုလ်တွေရဲ့ ပေးဆပ်မှု၊ 
စွန့် လွတ်အနစ်နာ ခံမှုတွေရဲ့ သက်သေပါဆိုရင်လည်း မှား မယ်မထင်ပါ။
OKRSOအဖွဲ့  ဖြစ်ပေါ်လာရတာလည်းသမိုင်းရဲ့ တောင်းဆိုချက်ကြောင့်လို့ 
ဆိုရမှာပါ။ မြန်မာပြည်ရဲ့  ရှည်လျားတဲ့ပြည်တွင်းစစ်ဒဏ်ကြောင့် ပြည်သူတွေက
မိမိတို့ ရဲ့ နေရပ်ဌာနေတွေကိုစွန့် ခွါပြီး အသက်လုံခြုံရာ(သို့ ) ရေကြည်ရာမျက်
နုရာကိုထွက်ခွါသွားကြရတယ်။    ပြည်တွင်းစစ်ကါလတလျှောက်ရန်သူ
မဟာဗမာစစ်အုပ်စုကကျမတို့ ကရင်လူမျိုးကို ၊အဓိကပစ်မှတ်ထားပြီး
ယုတ်မာမှုနည်းပေါင်းစုံသုံးထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက်ကြောင့်က
ရင်လူမျိုးအများစုထွက်ပြေးကြရပြီးတချို့ ဆိုနယ်စပ်ဒုက္ခသည်စခန်းမှာ
တချို့ ဆိုအိမ်နီးချင်းနိုင်ငံနေရာအနှံ့ မှာ တရားမ၀င်ရွေ့ ပြောင်းအလုပ်
သမားဘ၀နဲ့ အသက် ဆက်လက်ရှင်သန်ဖို့ အတွက်မျက်နှာငယ်
စွာဘ၀ကိုရုန်း ကန်ကြရတယ်...
တရားမ၀င်ရွေ့ပြောင်းအလုပ်သမားအနေနဲ့ အများစုကတော့ ထိုင်းနိုင်ငံ
အတွင်းပိုင်းကိုရောက်လာကြတယ်။ ဘ၀အာမခံချက်မရှိ၊ တရားဝင်နေ
ထိုင်ခွင့်လည်းဘာအထောက်အထားမှမရှိတဲ့အတွက် ကျားကြောက်လို့  
ဆင်ကြီးကိုး၊ဆင်ကြီးကျားထက်ဆိုးနဲ့ အဖြစ်နဲ့ ထပ်မံရင်ဆိုင်ကြရပြန်တယ်။
ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံလို့ ဆိုပေမဲ့လူ့ အခွင့်အရေးတို့ ၊လူသားချင်း
စာနာတာတို့  ဘာမှမယ်မယ်ရရပြစရာမရှိပါဘူး။တရားမ၀င်ရွေ့ ပြောင်း
အလုပ်သမားတွေ ကို တခါတလေကြက်ခလေး၊ငှက်ခလေးလိုဘဲသဘော
ထားကြတယ်၊၊တချို့ ဆိုအရောင်းစားခံရ၊အသတ်ခံရ.အနိုင်ကျင့်စော်
ကါးခံရနဲ့ ဒုက္ခမျိုးစုံရင်ဆိုင်ကြရတယ်။
ဒီဒုက္ခရောက်တဲ့လူတွေကို ကူညီဖြေရှင်းဖို့ အတွက်အဖွဲ့ အစည်းတဖွဲ့ ရှိ
သင့်တယ်ဆိုတဲ့အသိ၊“ကိုယ့်လူမျိုးတွေကြုံတွေ့ နေရတဲ့ ဒုက္ခတွေကိုကိုယ် 
သာမကူညီရင် ဘယ်သူမှကူညီမှာမဟုတ်ဘူး”ဆိုတဲ့ အသိနဲ့ အမျိုးသားရေး
တာဝန်အမျိုးသားရေးအသိစိတ်ဓါတ်ရှိတဲ့၊OKRSOအဖွဲ့ ကိုစတင်တည်ထောင်
ခဲ့တဲ့ အကိုကြီး၊အမကြီးတွေက စတင်တည်ထောင်ခဲ့တာပါ။ 
အဖွဲ့ အစည်းတည်ထောင်တဲ့အဓိကရည်ရွယ်ချက်ကတော့ အကြောင်း
အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေမှာရောက်ရှိနေတဲ့ 
ကရင်လူမျိုးတွေကို လူမှုရေးအကူအညီပေးဖို့ ပါဘဲ။ဒါပေမဲ့ တကယ်တမ်း
လုပ်ဆောင်တဲ့အခါမှာကြတော့...တကယ်လူမှုရေးအကူအညီတွေ
လိုအပ်နေတဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေမဆို လက်လှမ်း
မှီသလောက်အတတ်နိုင်ဆုံး လူမှုရေးအကူအညီပေးသွားကြတယ်။ 
အဖွဲ့ အစည်းစတည်ခါစက လူမှုရေးလုပ်ငန်းတွေကို အဓိကထား
လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ခေတ်ကါလရဲ့ အနေအထားအရ 
အမျိုးသားရေး၊ပညာရေး၊ ရိုးရာယဉ်ကျေးမှု ဖေါ်ထုတ်မြှင့်
တင်ထိန်းသိမ်းရေး အလုပ်တွေပါလုပ်ဆောင်လာရတယ်.။
ခေတ်စနစ်ဆိုးကြောင့်စီးပွားရေးချွတ်ခြုံကျလာတာနဲ့ အမျှ မျိုးဆက်သစ် 
လူငယ် တွေလဲ ပညာကိုကောင်းစွာမသင်ယူရဘဲ၎င်းတို့ ရဲ့  မိသားစု
စားဝတ်နေရေးအဆင်ပြေရေးအတွက် ထိုင်းနိုင်ငံမှာ အိမ်ဖေါ်အလုပ်၊
အောက်ခြေအလုပ်ကြမ်းအမျိုးမျိုးနဲ့  ၀င်ရောက်လုပ်ကိုင်ကြရတယ်။
အချို့ ဆိုရင် ပညာရေးတပိုင်းတစ နဲ့ အရွယ်မတိုင်ခင် ဘ၀တိုက်ပွဲကို
ဆင်နွှဲကြရတယ်။ ကျမတို့ ကရင်အမျိုးသမီးတွေ အိမ်ဖေါ်အလုပ်တွေဝင်
လုပ်ရတာများတော့ အိမ်ဖေါ်အလုပ်မှန်သမျှ “မုနော်”အလုပ်လို့  
ဝမ်းနည်းဖွယ်ရာ(မဲဆောက်မြို့ နဲ့ နီးနားဒေသ တ၀ိုက်မှာ)
ခေါ်ဝေါ်ကြတာခုထိပါဘဲ။
ကိုယ့်ရပ်ကိုယ့်ရွာမှာ မျက်စိပိတ်နားပိတ်နဲ့ နေရ၊ အမျိုးသားရေး၊နိုင်ငံရေး
ဆိုတာလဲစိတ်မ၀င်စားအား၊ ပညာရေးမှာ ပိုပြီးအလှမ်းဝေးတဲ့အနေအထား
မှာရှိနေတော့...တချို့ ပညာရေးကိုဆက်လက်သင်ယူချင်သေးတဲ့သူ 
တွေအတွက်OKRSO အဖွဲ့ အနေနဲ့ ကူညီပေးခဲ့တာ 98 ခုနှစ်ကနေ ယနေ့ 
ထိပါဘဲ.။အပါတ်စဉ်သင်တန်း(ပညာရေး၊ကွန်ပျူတာသင်တန်း) အချိန်ပြည့်
ကါလတို၊ကါလရှည်သင်တန်း၊နိုင်ငံတကါတက္ကသိုလ်တွေမှာ ၀င်ခွင့်ရဖို့  
အတွက် အနီးကပ်သင်တန်းတွေဆက်တိုက်ဆိုသလို ပို့ ချပေးနေပါတယ်။ 
၎င်းသင်တန်းတွေနဲ့ ပူးတွဲပြီးကရင်စာပေ၊ရိုးရာယဉ်ကျေးမှုသင်တန်း
တွေပါပို့ ချခဲ့ပါတယ်။ အခုဆိုရင်အဖွဲ့ အ စည်းအနေနဲ့  ကရင်
လူငယ်တွေအတွက် ပညာရေးစင်တာတခုပါဖွင့်လှစ်နိုင်ခဲ့တယ်။
 ယခင်က ပြုစုပျိုးထောင်ပေးခဲ့တဲ့ကျောင်းသားတွေလဲ အချို့ ဆို 
ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာကျောင်းပြီးလို့ အဖွဲ့ အစည်းမှာ
ပြန်လည်ဝိုင်းဝန်းလုပ်ဆောင်တာလည်းတွေ့ ရပါတယ်။ 
အချို့ ဆိုရင်လည်း ကျောင်းတက်ရင်းနဲ့  အဖွဲ့ အစည်းအကျိုး၊ 
အမျိုးသားအကျိုးတွေ ၀ိုင်းလုပ်ကြပါတယ်...အခြားနိုင်ငံတကာ
မှာရောက်သွားကြတဲ့ OKRSO ကျောင်းသားအချို့ လည်း ကျောင်း
တွေပြီး သူတို့ နေထိုင်တဲ့ မြို့ ရွာတွေမှာရှိတဲ့ အမျိုးသားတွေအကျိုး
တွေပြန်လည်ထမ်းရွက်နေကြပြီ။။။ လူငယ်တွေကို ပညာရေးပြုစုပျိုး
ထောင်ပေးတာ OKRSO အဖွဲ့ အစည်းအနေနဲ့ ပုဂ္ဂိုလ်ရေးအရ၊ အဖွဲ့ 
အစည်းအရဘာမှကန့်  သတ်ချက်ထားတာမရှိသလို ဘာအကျိုးအမြတ်
မှလဲမျှော်လင့်ထားတာမဟုတ်ပါဘူး.မျှော်လင့်ချက်ထား.ကန့် သတ်ချက်
ထားလည်းရတဲ့ အရာမှမဟုတ်တာ....၊၊ အနာဂါတ်ကို လူငယ်တွေက
ပိုင်ဆိုင်တယ်ဆိုတဲ့စကားအရ သူတို့ တွေကို အတတ်နိုင်ဆုံးမြေတောင် 
မြှောက်ပေးမယ်တနေ့ ကျရင် ဒီလူငယ်တွေဟာ အမျိုးသားရေးအတွက် 
ဘာတွေလုပ်ဆောင်ရမလဲဆိုတာ သူတို့ ကိုယ်သူတို့ နားလည်လိမ့်မယ်လို့ 
ယုံကြည်ထားလို့ ပါ။
အဲဒါကတော့ ပညာရေးနဲ့ ပါတ်သက်တဲ့  တစိတ်တပိုင်းပါ။
နောက်တခုကျမပြောချင်တာက OKRSO အဖွဲ့ အစည်းနဲ့  လူမှုအသိုင်းအ၀ိုင်း၊
အမျိုးသားရေး၊ ရိုးရာယဉ်ကျေးမှုဖေါ်ထုတ်မြင့်တင်ထိန်းသိမ်းတဲ့ကဏ္ဍပါ။
အဖွဲ့ အစည်းအနေနဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေကို စတင်တည်ထောင်
ကတည်းက နှစ်စဉ်ဆိုသလိုပြုလုပ်ကျင်းပ၊ဖေါ်ထုတ်ခဲ့ပါတယ်။ ကျဉ်းမြောင်း
တဲ့အမြင်ရှိတဲ့သူ အကြည့်နဲ့ ကြည့်မယ်ဆိုရင်တော့ ဒါဟာ ပျော်ပွဲရွှင်ပွဲအနေ
နဲ့ ပဲလို့ ၊ သတ်မှတ်ကောင်းသတ်မှတ်မယ်။ အမှန်တကယ်တော့ အဲဒါလိုမျိုး
လုံးဝမဟုတ်ပါဘူး။ လူမျိုးတမျိုးလို့  ခေါ်တဲ့ပညတ်ချက်ထဲမှာ ငှင်းလူမျိုးရဲ့ 
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ၀ိသေသလက္ခဏာရှိရမယ်ဆိုတဲ့အချက်
ဟာ တခုအပါအ၀င်ဖြစ်ပါတယ်။ ရိုးရာယဉ်ကျေးမှုပွဲတော်တွေကို ဖေါ်
ထုတ်ကျင်းပခြင်းအားဖြင့် အမျိုးသားရေး၊လူမှုရေးအကျိုးတွေ အများ
ကြီးရရှိတာလည်းတွေ့ ရတယ်။
တကယ်တော့ ကိုယ့်ရပ်ရွာမအေးချမ်းလို့ ၊ မိသားစုစားဝတ်နေရေးအဆင်
မပြေလို့  မိဘတွေရဲ့  အရိပ်အောက်ကနေထွက်ခွါလာပြီး ဘ၀ကိုရုန်း
ကန်ကြရတယ်။အချို့ ဆိုရင် ကိုယ့်ရိုးရာယဉ်ကျေးမှုဆိုတာ ဘာမှန်းတောင်
မသိ၊ တခါမှလည်းမဆင်နွှဲဖူးပါ။ဒီဘက်နိုင်ငံရောက်တော့လည်း အလုပ်သမား
အခွင့်အရေးဘာမှမရှိ၊ ကိုယ့်ဘ၀လေးတွေက ပျော်ရွှင်တဲ့အချိန်၊နေ့ ရက်
တွေမရှိသလောက်ဘဲ...အချို့ ဆို...ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို
သွားရောက်ဆင်နွှဲနိုင်ဖို့  အချိန်တနှစ်ကြိုတင်ပြီးအလုပ်ရှင်တွေဆီမှာ
ခွင့်တောင်းထားရပါတယ်။ 
ရိုးရာယဉ်ကျေးမှုပွဲတော်မှာ အနှစ်နှစ်အလလက ခွဲခွါခဲ့တဲ့ ဆွေမျိုးမိတ်
ဆွေဟောင်းတွေ၊ မိတ်ဆွေသစ်တွေကို ဆုံတွေ့  ကြရတယ်၊ ကိုယ့်ရိုးရာ
ယဉ်ကျေးမှုအကြောင်း၊ အမျိုးသားရေးနဲ့ ပါတ်သက်တဲ့အကြောင်းအရာတွေ
ကိုလည်း တွေ့  ဘူးမြင်ဘူးသိရှိလာရတယ်၊၊စိတ်ဓါတ်ရေးရာအရလည်း
များစွာအကျိုးကျေးဇူးဖြစ်ပေါ်လာပါတယ်။ကါလကြာရှည်စွာ စိတ်တွေဖိစီး
လာခဲ့သမျှကို ဒီယဉ်ကျေးမှုပွဲတော်နေ့ တွေမှာ အတိုးချပြီးလာရောက်
ပျော်ရွှင်ကြတာကို တွေ့ ရတော့ စိတ်ထဲမှာ ကျေနပီတိဖြစ်မိတာတော့
အမှန်ပါဘဲ။နောက်တခုကတော့ OKRSO အဖွဲ့ အစည်းရဲ့  ပြုလုပ်ကျင်းပ
တဲ့ရိုးရာယဉ်ကျေးမှုပွဲတော်နဲ့ ပြည်သူတို့  ရဲ့ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍပါ။ 
ကရင်လူမျိုးတို့ ရဲ့ ရိုးရာယဉ်ကျေးမှုပွဲ လို့ ဆိုပေမဲ့ တကယ်တမ်း
ပွဲတော် ကိုလာ ရောက်ဆင်နွှဲတဲ့အခါကျတော့မြန်မာပြည်ဘွားတိုင်း
ရင်းသားလူမျိုးစုံအပြင် ထိုင်းနိုင်ငံသားတွေကအစအင်တိုက်အားတိုက်၊ 
စုစုစည်းစည်းတက်ရောက်အားပေးကြတယ်။ပွဲတော်စည်စည်ကားကားနဲ့  
အောင်မြင်စွာကျင်းပနိုင်ဖို့ အတွက်လည်းလူမျိုးပေါင်းစုံ အလွှာပေါင်းစုံက
နေလိုအပ်တဲ့အကူအညီကို တတတ်တအားကူညီအားပေး၊၀ိုင်းဝန်းလုပ် 
ဆောင်ကြတယ်။
ပွဲတော်ကျင်းပတဲ့အခါမှာ OKRSO အဖွဲ့ ဝင်တွေဘဲတာဝန်ယူကျင်းပတာ
မဟုတ်ဘဲ.ပွဲတော်မကျင်းပမှီ.အနယ်နယ်အရပ်ရပ်မှာရှိတဲ့နယ်မြေခံကိုယ်
စားလှယ်တွေအခြားကရင်အဖွဲ့ အစည်းများကိုဖိတ်ခေါ်ပြီးပွဲတော်ဖြစ်မြောက် 
်ရေးကော်မီတီကိုဖွဲ့ စည်းပြီးတော့မှ ပွဲတော်ကိုပြုလုပ်ကျင်းပကြတာပါ။
ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ပွဲတော်ဟာ တနှစ်ထက်တနှစ် 
ပိုပြီးစည်ကားလာတယ်။လူဦးရေတွေလည်း တကြိမ်ထက် တကြိမ် ပိုပြီးများ
လာပြီးOKRSO လည်းပြည်သူ၊ ပြည်သူလည်း OKRSO ဆိုသလို 
ပြည်သူတွေနဲ့ အဖွဲ့ အစည်းဟာ တသါးတည်းကျတာတွေ့ ရတယ်
။ပြည်သူတွေရဲ့  ထောက်ခံအားပေးမှု အပြည့်ရရှိပါတယ်။
ပွဲတော်ကျင်းပတဲ့အစီအစဉ်မှာလည်း သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်
တွေရဲ့ ဆုတောင်းမှုအစီအစဉ်တွေနဲ့ အလွန်ကျက်သရေရှိလှပါတယ်။
ရိုးရာယဉ်ကျေးမှုပွဲတော်ကို ကျင်းပခြင်းအားဖြင့် ကရင်လူမျိုးစုတွေအချင်းချင်း
အကြား၊ကရင်လူမျိုးနဲ့ အခြားတိုင်းရင်းသားလူမျိုးများအကြား၊ နားလည်မှု၊ 
ယုံကြည်လေးစားမှု၊စည်းလုံးညီညွတ်မှုတွေအတော်လေးရ ရှိလာတာတွေ့ 
ရပါတယ်။OKRSO အဖွဲ့ ရဲ့ လူထုစည်းရုံးရေးအင်အားကတော့ 
2004/5 ၀န်းကျင်လောက်မှာ အောင်မြင်မှုအထွတ်အထိပ်လို့ ဆိုနိုင်ပါတယ်
။ယဉ်ကျေးမှုပွဲတော်တွေကျင်းပတဲ့အခါမှာပရိသတ်သောင်းဂဏန်းဝန်း
ကျင်အထိတက်ရောက်အားပေးကြတယ်။ဘော်လုံးအားကစားပါဝင်ယှဉ်ပြိုင်
တဲ့အဖွဲ့  တွေလည်း အဖွဲ့ ပေါင်း40ကျော် 50 အထိရှိကြတယ်။
ယဉ်ကျေးမှုဒုံးယိမ်းအဖွဲ့ တွေလည်း 10-ဖွဲ့ အထိတက်ရောက် 
ဖျော်ဖြေကြတယ်။ ပွဲတော်ကိုတက်ရောက်ဆင်နွှဲတဲ့ပရိတ်သတ် 
တွေလည်းပြည်တွင်းပြည်ပ၊ အနယ်နယ်အရပ်ရပ်ကစုံစုံလင်လင်
တက်ရောက်နေတော့ကရင်လူမျိုးများနှင့် တိုင်းရင်းသားပေါင်း
စုံတို့ ရဲ့ “ဆုံရပ်”လို့  ခေါ်ရင်လည်း မှားမယ်မထင်ပါ။တက်ရောက်လာတဲ့
လူတွေက သူ့ ပွဲတော်ကိုယ့်ပွဲတော်လို့ သဘောမထားဘဲ အားလုံး
ရင်းနှီးစွာနဲ့ ပြောဆိုနှုတ်ဆက်ကြ၊၀ိုင်းလုပ်စရာရှိရင်လည်း ညီညွတ်
တက်ကြွစွာနဲ့  ကူညီရိုင်းပင်းကြတယ်။တကယ့်ကိုအနှစ်သာရပြည့်ဝတဲ့
ပွဲတော်တွေပါ။
OKRSO အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေနဲ့  ပါတ်သက်ပြီး “OKRSO ဟာ
နိုင်ငံရေး၊တော်လှန်ရေးသမားတွေရဲ့ လက်နဲ့ လှမ်းလို့ မမှီနိုင်တဲ့အရာတွေ
OKRSO ရဲ့  လက်နဲ့ လှမ်းလို့  မှီနိုင်တာတွေအများကြီးရှိတယ်”လို့ 
ကရင့်အမျိုးသားခေါင်းဆောင်တဦးက ကောက်ချက်ချ ဖွင့်ဟပြောခဲ့ဘူးပါတယ်။
နန်း
19/06/2011
ဒုတိယပိုင်းစောင့်မျှော်ဖတ်ရှုရန်...