Monday, June 20, 2011
OKRSO ရက်စွဲများအပိုင်း(၁)
2011 ဇွန်လ(14)ရက်မှာ ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်
ရှောက်ရေးအဖွဲ့  OKRSO အဖွဲ့ ရဲ့ သက်တမ်းဟာ 19-နှစ်ပြည့်ခဲ့ပါပြီ။အဖွဲ့ အ 
စည်းနဲ့ ပါတ် သက်ပြီး အမှတ်ရစရာတွေ၊ပြောချင်တာလေးတွေတော့ 
ရပ်တည်နိုင်တယ်၊ ပြည်သူ့  အကျိုးတွေကိုဆက်လက်ဆောင်ရွက်နိုင်တယ်
ဆိုတာလည်းအဖွဲ့ အစည်းမှာ လုပ်ဆောင်ခဲ့တဲ့လူပုဂ္ဂိုလ်တွေရဲ့ ပေးဆပ်မှု၊ 
စွန့် လွတ်အနစ်နာ ခံမှုတွေရဲ့ သက်သေပါဆိုရင်လည်း မှား မယ်မထင်ပါ။
OKRSOအဖွဲ့  ဖြစ်ပေါ်လာရတာလည်းသမိုင်းရဲ့ တောင်းဆိုချက်ကြောင့်လို့ 
ဆိုရမှာပါ။ မြန်မာပြည်ရဲ့  ရှည်လျားတဲ့ပြည်တွင်းစစ်ဒဏ်ကြောင့် ပြည်သူတွေက
မိမိတို့ ရဲ့ နေရပ်ဌာနေတွေကိုစွန့် ခွါပြီး အသက်လုံခြုံရာ(သို့ ) ရေကြည်ရာမျက်
နုရာကိုထွက်ခွါသွားကြရတယ်။    ပြည်တွင်းစစ်ကါလတလျှောက်ရန်သူ
မဟာဗမာစစ်အုပ်စုကကျမတို့ ကရင်လူမျိုးကို ၊အဓိကပစ်မှတ်ထားပြီး
ယုတ်မာမှုနည်းပေါင်းစုံသုံးထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက်ကြောင့်က
ရင်လူမျိုးအများစုထွက်ပြေးကြရပြီးတချို့ ဆိုနယ်စပ်ဒုက္ခသည်စခန်းမှာ
တချို့ ဆိုအိမ်နီးချင်းနိုင်ငံနေရာအနှံ့ မှာ တရားမ၀င်ရွေ့ ပြောင်းအလုပ်
သမားဘ၀နဲ့ အသက် ဆက်လက်ရှင်သန်ဖို့ အတွက်မျက်နှာငယ်
စွာဘ၀ကိုရုန်း ကန်ကြရတယ်...
တရားမ၀င်ရွေ့ပြောင်းအလုပ်သမားအနေနဲ့ အများစုကတော့ ထိုင်းနိုင်ငံ
အတွင်းပိုင်းကိုရောက်လာကြတယ်။ ဘ၀အာမခံချက်မရှိ၊ တရားဝင်နေ
ထိုင်ခွင့်လည်းဘာအထောက်အထားမှမရှိတဲ့အတွက် ကျားကြောက်လို့  
ဆင်ကြီးကိုး၊ဆင်ကြီးကျားထက်ဆိုးနဲ့ အဖြစ်နဲ့ ထပ်မံရင်ဆိုင်ကြရပြန်တယ်။
ထိုင်းနိုင်ငံဟာ ဒီမိုကရေစီနိုင်ငံလို့ ဆိုပေမဲ့လူ့ အခွင့်အရေးတို့ ၊လူသားချင်း
စာနာတာတို့  ဘာမှမယ်မယ်ရရပြစရာမရှိပါဘူး။တရားမ၀င်ရွေ့ ပြောင်း
အလုပ်သမားတွေ ကို တခါတလေကြက်ခလေး၊ငှက်ခလေးလိုဘဲသဘော
ထားကြတယ်၊၊တချို့ ဆိုအရောင်းစားခံရ၊အသတ်ခံရ.အနိုင်ကျင့်စော်
ကါးခံရနဲ့ ဒုက္ခမျိုးစုံရင်ဆိုင်ကြရတယ်။
ဒီဒုက္ခရောက်တဲ့လူတွေကို ကူညီဖြေရှင်းဖို့ အတွက်အဖွဲ့ အစည်းတဖွဲ့ ရှိ
သင့်တယ်ဆိုတဲ့အသိ၊“ကိုယ့်လူမျိုးတွေကြုံတွေ့ နေရတဲ့ ဒုက္ခတွေကိုကိုယ် 
သာမကူညီရင် ဘယ်သူမှကူညီမှာမဟုတ်ဘူး”ဆိုတဲ့ အသိနဲ့ အမျိုးသားရေး
တာဝန်အမျိုးသားရေးအသိစိတ်ဓါတ်ရှိတဲ့၊OKRSOအဖွဲ့ ကိုစတင်တည်ထောင်
ခဲ့တဲ့ အကိုကြီး၊အမကြီးတွေက စတင်တည်ထောင်ခဲ့တာပါ။ 
အဖွဲ့ အစည်းတည်ထောင်တဲ့အဓိကရည်ရွယ်ချက်ကတော့ အကြောင်း
အမျိုးမျိုးကြောင့် ထိုင်းနိုင်ငံအတွင်းပိုင်းဒေသတွေမှာရောက်ရှိနေတဲ့ 
ကရင်လူမျိုးတွေကို လူမှုရေးအကူအညီပေးဖို့ ပါဘဲ။ဒါပေမဲ့ တကယ်တမ်း
လုပ်ဆောင်တဲ့အခါမှာကြတော့...တကယ်လူမှုရေးအကူအညီတွေ
လိုအပ်နေတဲ့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်တွေမဆို လက်လှမ်း
မှီသလောက်အတတ်နိုင်ဆုံး လူမှုရေးအကူအညီပေးသွားကြတယ်။ 
အဖွဲ့ အစည်းစတည်ခါစက လူမှုရေးလုပ်ငန်းတွေကို အဓိကထား
လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ ခေတ်ကါလရဲ့ အနေအထားအရ 
အမျိုးသားရေး၊ပညာရေး၊ ရိုးရာယဉ်ကျေးမှု ဖေါ်ထုတ်မြှင့်
တင်ထိန်းသိမ်းရေး အလုပ်တွေပါလုပ်ဆောင်လာရတယ်.။
ခေတ်စနစ်ဆိုးကြောင့်စီးပွားရေးချွတ်ခြုံကျလာတာနဲ့ အမျှ မျိုးဆက်သစ် 
လူငယ် တွေလဲ ပညာကိုကောင်းစွာမသင်ယူရဘဲ၎င်းတို့ ရဲ့  မိသားစု
စားဝတ်နေရေးအဆင်ပြေရေးအတွက် ထိုင်းနိုင်ငံမှာ အိမ်ဖေါ်အလုပ်၊
အောက်ခြေအလုပ်ကြမ်းအမျိုးမျိုးနဲ့  ၀င်ရောက်လုပ်ကိုင်ကြရတယ်။
အချို့ ဆိုရင် ပညာရေးတပိုင်းတစ နဲ့ အရွယ်မတိုင်ခင် ဘ၀တိုက်ပွဲကို
ဆင်နွှဲကြရတယ်။ ကျမတို့ ကရင်အမျိုးသမီးတွေ အိမ်ဖေါ်အလုပ်တွေဝင်
လုပ်ရတာများတော့ အိမ်ဖေါ်အလုပ်မှန်သမျှ “မုနော်”အလုပ်လို့  
ဝမ်းနည်းဖွယ်ရာ(မဲဆောက်မြို့ နဲ့ နီးနားဒေသ တ၀ိုက်မှာ)
ခေါ်ဝေါ်ကြတာခုထိပါဘဲ။
ကိုယ့်ရပ်ကိုယ့်ရွာမှာ မျက်စိပိတ်နားပိတ်နဲ့ နေရ၊ အမျိုးသားရေး၊နိုင်ငံရေး
ဆိုတာလဲစိတ်မ၀င်စားအား၊ ပညာရေးမှာ ပိုပြီးအလှမ်းဝေးတဲ့အနေအထား
မှာရှိနေတော့...တချို့ ပညာရေးကိုဆက်လက်သင်ယူချင်သေးတဲ့သူ 
တွေအတွက်OKRSO အဖွဲ့ အနေနဲ့ ကူညီပေးခဲ့တာ 98 ခုနှစ်ကနေ ယနေ့ 
ထိပါဘဲ.။အပါတ်စဉ်သင်တန်း(ပညာရေး၊ကွန်ပျူတာသင်တန်း) အချိန်ပြည့်
ကါလတို၊ကါလရှည်သင်တန်း၊နိုင်ငံတကါတက္ကသိုလ်တွေမှာ ၀င်ခွင့်ရဖို့  
အတွက် အနီးကပ်သင်တန်းတွေဆက်တိုက်ဆိုသလို ပို့ ချပေးနေပါတယ်။ 
၎င်းသင်တန်းတွေနဲ့ ပူးတွဲပြီးကရင်စာပေ၊ရိုးရာယဉ်ကျေးမှုသင်တန်း
တွေပါပို့ ချခဲ့ပါတယ်။ အခုဆိုရင်အဖွဲ့ အ စည်းအနေနဲ့  ကရင်
လူငယ်တွေအတွက် ပညာရေးစင်တာတခုပါဖွင့်လှစ်နိုင်ခဲ့တယ်။
 ယခင်က ပြုစုပျိုးထောင်ပေးခဲ့တဲ့ကျောင်းသားတွေလဲ အချို့ ဆို 
ထိုင်းနိုင်ငံတက္ကသိုလ်တွေမှာကျောင်းပြီးလို့ အဖွဲ့ အစည်းမှာ
ပြန်လည်ဝိုင်းဝန်းလုပ်ဆောင်တာလည်းတွေ့ ရပါတယ်။ 
အချို့ ဆိုရင်လည်း ကျောင်းတက်ရင်းနဲ့  အဖွဲ့ အစည်းအကျိုး၊ 
အမျိုးသားအကျိုးတွေ ၀ိုင်းလုပ်ကြပါတယ်...အခြားနိုင်ငံတကာ
မှာရောက်သွားကြတဲ့ OKRSO ကျောင်းသားအချို့ လည်း ကျောင်း
တွေပြီး သူတို့ နေထိုင်တဲ့ မြို့ ရွာတွေမှာရှိတဲ့ အမျိုးသားတွေအကျိုး
တွေပြန်လည်ထမ်းရွက်နေကြပြီ။။။ လူငယ်တွေကို ပညာရေးပြုစုပျိုး
ထောင်ပေးတာ OKRSO အဖွဲ့ အစည်းအနေနဲ့ ပုဂ္ဂိုလ်ရေးအရ၊ အဖွဲ့ 
အစည်းအရဘာမှကန့်  သတ်ချက်ထားတာမရှိသလို ဘာအကျိုးအမြတ်
မှလဲမျှော်လင့်ထားတာမဟုတ်ပါဘူး.မျှော်လင့်ချက်ထား.ကန့် သတ်ချက်
ထားလည်းရတဲ့ အရာမှမဟုတ်တာ....၊၊ အနာဂါတ်ကို လူငယ်တွေက
ပိုင်ဆိုင်တယ်ဆိုတဲ့စကားအရ သူတို့ တွေကို အတတ်နိုင်ဆုံးမြေတောင် 
မြှောက်ပေးမယ်တနေ့ ကျရင် ဒီလူငယ်တွေဟာ အမျိုးသားရေးအတွက် 
ဘာတွေလုပ်ဆောင်ရမလဲဆိုတာ သူတို့ ကိုယ်သူတို့ နားလည်လိမ့်မယ်လို့ 
ယုံကြည်ထားလို့ ပါ။
အဲဒါကတော့ ပညာရေးနဲ့ ပါတ်သက်တဲ့  တစိတ်တပိုင်းပါ။
နောက်တခုကျမပြောချင်တာက OKRSO အဖွဲ့ အစည်းနဲ့  လူမှုအသိုင်းအ၀ိုင်း၊
အမျိုးသားရေး၊ ရိုးရာယဉ်ကျေးမှုဖေါ်ထုတ်မြင့်တင်ထိန်းသိမ်းတဲ့ကဏ္ဍပါ။
အဖွဲ့ အစည်းအနေနဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေကို စတင်တည်ထောင်
ကတည်းက နှစ်စဉ်ဆိုသလိုပြုလုပ်ကျင်းပ၊ဖေါ်ထုတ်ခဲ့ပါတယ်။ ကျဉ်းမြောင်း
တဲ့အမြင်ရှိတဲ့သူ အကြည့်နဲ့ ကြည့်မယ်ဆိုရင်တော့ ဒါဟာ ပျော်ပွဲရွှင်ပွဲအနေ
နဲ့ ပဲလို့ ၊ သတ်မှတ်ကောင်းသတ်မှတ်မယ်။ အမှန်တကယ်တော့ အဲဒါလိုမျိုး
လုံးဝမဟုတ်ပါဘူး။ လူမျိုးတမျိုးလို့  ခေါ်တဲ့ပညတ်ချက်ထဲမှာ ငှင်းလူမျိုးရဲ့ 
ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ၀ိသေသလက္ခဏာရှိရမယ်ဆိုတဲ့အချက်
ဟာ တခုအပါအ၀င်ဖြစ်ပါတယ်။ ရိုးရာယဉ်ကျေးမှုပွဲတော်တွေကို ဖေါ်
ထုတ်ကျင်းပခြင်းအားဖြင့် အမျိုးသားရေး၊လူမှုရေးအကျိုးတွေ အများ
ကြီးရရှိတာလည်းတွေ့ ရတယ်။
တကယ်တော့ ကိုယ့်ရပ်ရွာမအေးချမ်းလို့ ၊ မိသားစုစားဝတ်နေရေးအဆင်
မပြေလို့  မိဘတွေရဲ့  အရိပ်အောက်ကနေထွက်ခွါလာပြီး ဘ၀ကိုရုန်း
ကန်ကြရတယ်။အချို့ ဆိုရင် ကိုယ့်ရိုးရာယဉ်ကျေးမှုဆိုတာ ဘာမှန်းတောင်
မသိ၊ တခါမှလည်းမဆင်နွှဲဖူးပါ။ဒီဘက်နိုင်ငံရောက်တော့လည်း အလုပ်သမား
အခွင့်အရေးဘာမှမရှိ၊ ကိုယ့်ဘ၀လေးတွေက ပျော်ရွှင်တဲ့အချိန်၊နေ့ ရက်
တွေမရှိသလောက်ဘဲ...အချို့ ဆို...ကိုယ့်ရဲ့ ရိုးရာယဉ်ကျေးမှု ပွဲတော်ကို
သွားရောက်ဆင်နွှဲနိုင်ဖို့  အချိန်တနှစ်ကြိုတင်ပြီးအလုပ်ရှင်တွေဆီမှာ
ခွင့်တောင်းထားရပါတယ်။ 
ရိုးရာယဉ်ကျေးမှုပွဲတော်မှာ အနှစ်နှစ်အလလက ခွဲခွါခဲ့တဲ့ ဆွေမျိုးမိတ်
ဆွေဟောင်းတွေ၊ မိတ်ဆွေသစ်တွေကို ဆုံတွေ့  ကြရတယ်၊ ကိုယ့်ရိုးရာ
ယဉ်ကျေးမှုအကြောင်း၊ အမျိုးသားရေးနဲ့ ပါတ်သက်တဲ့အကြောင်းအရာတွေ
ကိုလည်း တွေ့  ဘူးမြင်ဘူးသိရှိလာရတယ်၊၊စိတ်ဓါတ်ရေးရာအရလည်း
များစွာအကျိုးကျေးဇူးဖြစ်ပေါ်လာပါတယ်။ကါလကြာရှည်စွာ စိတ်တွေဖိစီး
လာခဲ့သမျှကို ဒီယဉ်ကျေးမှုပွဲတော်နေ့ တွေမှာ အတိုးချပြီးလာရောက်
ပျော်ရွှင်ကြတာကို တွေ့ ရတော့ စိတ်ထဲမှာ ကျေနပီတိဖြစ်မိတာတော့
အမှန်ပါဘဲ။နောက်တခုကတော့ OKRSO အဖွဲ့ အစည်းရဲ့  ပြုလုပ်ကျင်းပ
တဲ့ရိုးရာယဉ်ကျေးမှုပွဲတော်နဲ့ ပြည်သူတို့  ရဲ့ ပူးပေါင်းပါဝင်မှုအခန်းကဏ္ဍပါ။ 
ကရင်လူမျိုးတို့ ရဲ့ ရိုးရာယဉ်ကျေးမှုပွဲ လို့ ဆိုပေမဲ့ တကယ်တမ်း
ပွဲတော် ကိုလာ ရောက်ဆင်နွှဲတဲ့အခါကျတော့မြန်မာပြည်ဘွားတိုင်း
ရင်းသားလူမျိုးစုံအပြင် ထိုင်းနိုင်ငံသားတွေကအစအင်တိုက်အားတိုက်၊ 
စုစုစည်းစည်းတက်ရောက်အားပေးကြတယ်။ပွဲတော်စည်စည်ကားကားနဲ့  
အောင်မြင်စွာကျင်းပနိုင်ဖို့ အတွက်လည်းလူမျိုးပေါင်းစုံ အလွှာပေါင်းစုံက
နေလိုအပ်တဲ့အကူအညီကို တတတ်တအားကူညီအားပေး၊၀ိုင်းဝန်းလုပ် 
ဆောင်ကြတယ်။
ပွဲတော်ကျင်းပတဲ့အခါမှာ OKRSO အဖွဲ့ ဝင်တွေဘဲတာဝန်ယူကျင်းပတာ
မဟုတ်ဘဲ.ပွဲတော်မကျင်းပမှီ.အနယ်နယ်အရပ်ရပ်မှာရှိတဲ့နယ်မြေခံကိုယ်
စားလှယ်တွေအခြားကရင်အဖွဲ့ အစည်းများကိုဖိတ်ခေါ်ပြီးပွဲတော်ဖြစ်မြောက် 
်ရေးကော်မီတီကိုဖွဲ့ စည်းပြီးတော့မှ ပွဲတော်ကိုပြုလုပ်ကျင်းပကြတာပါ။
ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုကြောင့် ပွဲတော်ဟာ တနှစ်ထက်တနှစ် 
ပိုပြီးစည်ကားလာတယ်။လူဦးရေတွေလည်း တကြိမ်ထက် တကြိမ် ပိုပြီးများ
လာပြီးOKRSO လည်းပြည်သူ၊ ပြည်သူလည်း OKRSO ဆိုသလို 
ပြည်သူတွေနဲ့ အဖွဲ့ အစည်းဟာ တသါးတည်းကျတာတွေ့ ရတယ်
။ပြည်သူတွေရဲ့  ထောက်ခံအားပေးမှု အပြည့်ရရှိပါတယ်။
ပွဲတော်ကျင်းပတဲ့အစီအစဉ်မှာလည်း သက်ဆိုင်ရာဘာသာရေးခေါင်းဆောင်
တွေရဲ့ ဆုတောင်းမှုအစီအစဉ်တွေနဲ့ အလွန်ကျက်သရေရှိလှပါတယ်။
ရိုးရာယဉ်ကျေးမှုပွဲတော်ကို ကျင်းပခြင်းအားဖြင့် ကရင်လူမျိုးစုတွေအချင်းချင်း
အကြား၊ကရင်လူမျိုးနဲ့ အခြားတိုင်းရင်းသားလူမျိုးများအကြား၊ နားလည်မှု၊ 
ယုံကြည်လေးစားမှု၊စည်းလုံးညီညွတ်မှုတွေအတော်လေးရ ရှိလာတာတွေ့ 
ရပါတယ်။OKRSO အဖွဲ့ ရဲ့ လူထုစည်းရုံးရေးအင်အားကတော့ 
2004/5 ၀န်းကျင်လောက်မှာ အောင်မြင်မှုအထွတ်အထိပ်လို့ ဆိုနိုင်ပါတယ်
။ယဉ်ကျေးမှုပွဲတော်တွေကျင်းပတဲ့အခါမှာပရိသတ်သောင်းဂဏန်းဝန်း
ကျင်အထိတက်ရောက်အားပေးကြတယ်။ဘော်လုံးအားကစားပါဝင်ယှဉ်ပြိုင်
တဲ့အဖွဲ့  တွေလည်း အဖွဲ့ ပေါင်း40ကျော် 50 အထိရှိကြတယ်။
ယဉ်ကျေးမှုဒုံးယိမ်းအဖွဲ့ တွေလည်း 10-ဖွဲ့ အထိတက်ရောက် 
ဖျော်ဖြေကြတယ်။ ပွဲတော်ကိုတက်ရောက်ဆင်နွှဲတဲ့ပရိတ်သတ် 
တွေလည်းပြည်တွင်းပြည်ပ၊ အနယ်နယ်အရပ်ရပ်ကစုံစုံလင်လင်
တက်ရောက်နေတော့ကရင်လူမျိုးများနှင့် တိုင်းရင်းသားပေါင်း
စုံတို့ ရဲ့ “ဆုံရပ်”လို့  ခေါ်ရင်လည်း မှားမယ်မထင်ပါ။တက်ရောက်လာတဲ့
လူတွေက သူ့ ပွဲတော်ကိုယ့်ပွဲတော်လို့ သဘောမထားဘဲ အားလုံး
ရင်းနှီးစွာနဲ့ ပြောဆိုနှုတ်ဆက်ကြ၊၀ိုင်းလုပ်စရာရှိရင်လည်း ညီညွတ်
တက်ကြွစွာနဲ့  ကူညီရိုင်းပင်းကြတယ်။တကယ့်ကိုအနှစ်သာရပြည့်ဝတဲ့
ပွဲတော်တွေပါ။
OKRSO အဖွဲ့ ရဲ့ လုပ်ဆောင်ချက်တွေနဲ့  ပါတ်သက်ပြီး “OKRSO ဟာ
နိုင်ငံရေး၊တော်လှန်ရေးသမားတွေရဲ့ လက်နဲ့ လှမ်းလို့ မမှီနိုင်တဲ့အရာတွေ
OKRSO ရဲ့  လက်နဲ့ လှမ်းလို့  မှီနိုင်တာတွေအများကြီးရှိတယ်”လို့ 
ကရင့်အမျိုးသားခေါင်းဆောင်တဦးက ကောက်ချက်ချ ဖွင့်ဟပြောခဲ့ဘူးပါတယ်။
နန်း
19/06/2011
ဒုတိယပိုင်းစောင့်မျှော်ဖတ်ရှုရန်...
Saturday, June 11, 2011
19 နစ်ပြည့် OKRSO နှစ်ပတ်လည်အထိမ်းအမှတ်အောင်မြင်စွာ ကျင်းပပြီးစီးခြင်း
ဇွန်လ (၁၄) ရက်နေ့ တွင် ကျရောက်မည့် ၁၉ နှစ်ပြည့် OKRSO
သက်တမ်းပြည့်အထိမ်းအမှတ်ကိုဇွန်လ (၁၁)ရက်နေ့ ညနေ (၆း၃၀) တွင်
OKRSO ရုံးတည်ရှိရာ ဘန်ကောက်မြို့ တွင် အောင်မြင်စွာ 
ကျင်းပပြီးစီးခဲ့ပါသည်။
 အခမ်းအနားအစီအစဉ်အရ
  • ရှေးဦးစွာ အခမ်းအနားမစခင်..ကရင်အမျိုးသားအလံကို အလေးပြုခြင်း
  • OKRSO ဥက္ကဌ စောအဲယှူးမှ အဖွင့် အမှာစကားပြောကြားခြင်း၊
  • OKRSO သမိုင်းကြောင်းနှင့်ဖြစ်ပေါ်လာပုံ၊ ဖွဲ့ စည်းရခြင်းရည်ရွယ်ချက်များကို ဆရာမ နန်းဖေါင်အွာ မှ ဖတ်ကြားသွားခြင်း၊
  • OKRSO ပညာရေးပုံမှန်လည်ပတ်နိုင်ရေးအတွက် အကူအညီထောက်ပံပေးသော အင်္ဂလိပ်ဆရာ Richard နှင့်ဆရာ Tommy တို့ မှ ၁၉ နှစ်ပြည့်OKRSO အထိမ်းအမှတ် အမှာစကားပြောကြားခြင်း ၊
  • စေတနာဝန်ထမ်းအဖြစ် ABAC မှ တက္ကသိုလ် ကျောင်းသား ၊ဆရာ Christ မှ မျိုးဆက်သစ် ကရင်လူငယ်များကို ကရင်အမျိုးသားရေးစိတ်ဓာတ် နိုးကြားတက်ကြွစေရေးအတွက် သြ၀ါဒပေးခြင်း၊
  • ပြည်ပရောက်ကရင်စာပေနှင့် ယဉ်ကျေးမှုတာဝန်ခံ စောဘီးဘီမှ ၁၉ နှစ် ပြည့်OKRSO သက်တမ်းအထိမ်းအမှတ်အခမ်းအနားမှာ တက်ရောက်လာသော မျိုးဆက်သစ်ကရင်လူငယ်များအား ပိုးကရင်ဘာသာဖြင့် OKRSO ရေရှည်တည်တံ့နိုင်ရေးအတွက် အဘက်ဘက်မှ ပူးပေါင်းပါဝင်နိုင်ကြစေရန် စိတ်ဓာတ်အင်အားရရှိနိုင်ရေးအတွက် အားပေးစကားနှင့်လမ်းညွန်မှုများ ကို ရှင်းလင်းတင်ပြသွားခြင်း..
  • အခမ်းအနား သက်တမ်းပြည့် အထိမ်းအမှတ်ခွဲ အပြီးမှာ..တက်ရောက်လာသူများအားလုံးစည်းလုံးညီညွတ်ခြင်း သီချင်းဖြင့် အခမ်းအနားကို ရုတ်သိမ်းလိုက်ပါကြောင်း..ရေးသားတင်ပြလိုက်ပါသည်။ 
OKRSO စတင်တည်ထောင်စဉ်ကစလို့ ဒီနေ့ ၁၉ နှစ် ပြည့်သည့်ဒီနေ့ မှ စပြီး နောင်နှစ်ပေါင်းများစွာ အထိ...ရွှေရတု၊ ငွေရတု ၊စိန်ရတုအထိ OKRSO ဆက်လက်ခိုင်မြဲစွာ တည်တံပါစေကြောင်း..ဆုတောင်းလိုက်ပါသည်။
အခမ်းအနားမှ ဓာတ်ပုံတစ်ချို့ ကို အောက်မှာ ကြည့်ရှုအားပေးနိုင်ပါသည်၊
ကရင်အမျိုးသားအလံကို အလေးပြုခြင်း
အခမ်းအနားမှူးမှ အခမ်းအနားအစီအစဉ်ဖတ်ကြားခြင်း
စောဘီးဘီမှ မိန့် ခွန်းပြောကြားခြင်း
ကရင်အမျိုးသားစိတ်ဓာတ်မြင့်မားစေရန်အတွက် အားပေးစကားပြောကြားခြင်း
ဥက္ကဌ စောအဲယှူးမှ အဖွင့် မိန့် ခွန်းပြောကြားခြင်း
ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့်ဖွဲ့ စည်းရခြင်းရည်ရွယ်ချက်များကို ဆရာမ နန်းဖေါင်အွာမှ ဖတ်ကြားခြင်း
ရုံးထိုင်မှူးနန်းဖြူဖြူဝင်းမှ မိန့် ခွန်းပြောကြားခြင်း
ဆရာ Richard မှ ကျောင်းသူကျောင်းသားများကို သြ၀ါဒပေးခြင်း
ဆရာ Tommy မှ မိန့် ခွန်းပြောကြားခြင်း
စည်းလုံးညီညွတ်ခြင်းသီချင်းဖြင့် အခမ်းအနားရုတ်သိမ်းခြင်း
တက်ရောက်လာသူများအားလုံးနှင့် အမှတ်တရပုံ
အားလုံးကိုကျေးဇူးတင်ပါသည်။
Tuesday, June 7, 2011
သက်တမ်း 19နှစ်ပြည့် OKRSO အထိမ်းအမှတ်ကျင်းပမည့်အကြောင်း
သက်တမ်း ၁၉ နှစ်ပြည့်မည်ဖြစ်ပါသည်။
ဒီ ၁၉ နှစ်ပြည့် အစီအစဉ် အခမ်းအနားကတော့ သိပ်ပြီးထွေထွေ ထူးထူးမရှိပေမယ့်.. အနယ်နယ် အရပ်ရပ်မှာရှိသော OKRSO အဖွဲ့ ဝင်ဟောင်းများနှင့် လက်ရှိအဖွဲ့ ဝင်များအားလုံးသိရှိစေရန် ဒီနေရာကနေ အားလုံးကို အသိပေးပါသည်။
အဝေးရောက် OKRSO အဖွဲ့ ဝင်များအနေ နှင့် လည်း..OKRSO သမိုင်းကြောင်းနှင့် ပတ်သက်၍ လက်ရှိလူငယ်လူရွယ်များ သိသင့်သိထိုက်သော ဆောင်းပါးများဝေ ငှချင်တယ် ဆို ရင်ဖြင့်  ရေးသားပေးပို့ နိုင်ပါသည်။
ဘန်ကောက်မှ
OKRSO မိသားစု
Wednesday, June 1, 2011
ကရင်လူငယ်များအတွက် ဘန်ကောက်ပညာရေးစင်တာ
ဘန်ကောက်မှာ ရှိသော မြန်မာအလုပ်သမားများ အထူးသဖြင့် ကရင်လူမျိုးများအတွက် ပညာရေးစင်တာဖွံ့ ဖြိုးတိုးတက်အောင် ..တစ်ဘက်တစ်လမ်းက အလှူရှင် အမြဲ တမ်းရရှိရေးအတွက် OKRSO ရုံးမှဖွင့် လှစ်သော လစဉ် ကွန်ပြူတာ၊ထိုင်းစာ၊အင်္ဂလိပ်စာနှင့် ကရင်စာပေ သင်တန်းများ ပို့ ချလျက်ရှိပါသည်။
Facebook: Karenec Paw
Website: http://kareneducationalcenter.org/
OKRSO မိသားစု
ဘန်ကောက်
Monday, May 30, 2011
ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ရင်းနှီး မြှုပ်နှံမှုများကို ဆန့်ကျင်ကြောင်း ကရင်နှီးနှောဖလှယ်ပွဲမှ ဆွေးနွေး ဆုံးဖြတ်ခဲ့
မေလ ၂၉ရက်။ ကေအိုင်စီ
၈ကြိမ်မြောက် ကရင်အမျိုးသား စည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲမှ ကရင်ဒုက္ခသည်များကို နေရပ်ပြန်လည် မပို့ဆောင် ရေးနှင့် ကရင်ဒေသများတွင် ပြုလုပ်နေသည့် ဖွံ့ဖြိုးရေးစီမံကိန်းများနှင့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဆန့်ကျင် ရှုတ်ချကြောင်း ယမန်နေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။
ထိုကြေညာချက်တွင် နှီးနှောဖလှယ်ပွဲမှ ကရင်လူမျိုးများအကြား စည်းလုံးညီညွှတ်မှု ပိုမို အားကောင်းလာစေရေး၊ မြန်မာ ပြည်၏ လက်ရှိ နိုင်ငံရေးအခြေအနေများနှင့် ကရင်လူထုတစ်ရပ်လုံး၏ ခံစားနေရမှုများကို ဆွေးနွေးခဲ့ကြပြီး ထိုင်းနိုင်ငံအ တွင်း ရောက်ရှိနေသည့် သိန်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များအား ယာယီ လက်ခံထားပေးရန်နှင့် ပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်သေးရန် ထိုင်းအစိုးရနှင့် UNHCR တို့အား တောင်းဆိုထားသည်။
နှီးနှောဖလှယ်ပွဲ၏ ပြောရေးဆိုခွင့်ရှိသူ စောကနဲမီက “သူတို့(မြန်မာအစိုးရ)ကိုယ်သူတို့ အစိုးရလို့ ခံယူပြီး ကရင်တွေနယ် မြေမှာ ဖွံ့ဖြိုးရေးကို ဘမ်းပြပြီး Dam(ရေကာတာ)နေရာအဆင့်ဆင့် လာလုပ်တာဟာ နယ်မြေတွေ ဆုံးရှုံးပျက်စီးကုန်တယ်။ ဒီလို နားလှည့်ပါးရိုက်လာလုပ်တာ ဘယ်သူမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ကျနော်တို့တွေ ဖွံ့ဖြိုးမှုကို မလိုလားတာ မဟုတ်ဘူး။ နိုင်ငံတကာကို လိမ်လည်ပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သူတွေကို လုံးဝ လက်မခံနိုင်ဘူး။ ဒါကြောင့် ကျနော် တို့ Karen Unity Seminar အနေနဲ့ မတ်မတ်ရပ်ပြီး ဒါကို လုံးဝ ဆန့်ကျင်တာ၊ ရှုတ်ချတာ ဖြစ်တယ်။”ဟု ကေအိုင်စီကို ပြောသည်။
ဆက်လက်၍ သူက “ဒုက္ခသည်နဲ့ ပတ်သက်လို့ အတင်းအဓမ္မ ရွှေ့ခိုင်းပြောင်းခိုင်းတာတွေ မလုပ်ရဘူးဆိုတာ ဥပဒေရှိ တယ်။ ကျနော်တို့က တကမ္ဘာလုံးက ပြဌာန်းထားတဲ့ လူ့အခွင့်အရေး ဥပဒေအရဆိုပြီး ကိုယ့်ကိုယ်ကို သတ္တိပြတာတော့ မဟုတ်ဘူး။ ကျနော်တို့ အမှန်တရားဘက်မှာ ရှိတယ်ဆိုတာရယ်၊ ခိုင်မာတဲ့ အခြေခံ အကြောင်းရင်းတွေ ရှိတယ်ဆိုတာရယ် ပါ။”ဟု ရှင်းပြသည်။
၎င်းအပြင် အခုတက်လာသည့် ကြံ့ဖွံ့အစိုးရအနေဖြင့် အင်အားတောင့်တင်းပြီး အဆင့်မြင့်သည့် စစ်တပ်ကို ထူထောင်ပါက ကရင်ဒေသများအတွင်း ဆိုးဝါးသော လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆက်လက် ဖြစ်ပွားလာနိုင်ခြင်း၊ လူထု၏ အိုးအိမ် မြေယာများ ပိုမို ပျက်စီးဆုံးရှုံးလာနိုင်ခြင်းနှင့် လူသားများအပေါ် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသည့်အတွက် ကုလသမဂ္ဂ မှ စုံစမ်းစစ်ဆေးရေး ကော်မရှင် စေလွှတ်၍ ကြံ့ဖွံ့အစိုးရအား အရေးယူမှုများ ချက်ချင်း ဆောင်ရွက်သွားရန်လည်း နှီးနှော ဖလှယ်ပွဲက တောင်းဆိုလိုက်သည်။
ထိုနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းနှင့် ယူကေ၊ အမေရိကန်၊ ကနေဒါ၊ စင်္ကာပူ၊ သြစတြေးလျားနိုင်ငံများမှ ကရင်တိုင်းရင်းသား ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြသည်။
၈ကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွှတ်ရေး နှီးနှောဖလှယ်ပွဲ (ပုံ-ကေအိုင်စီ)
UK မှ စောဝင်းစတန်တောက “ကျနော် ဒီစီမီနာကို ပထမဆုံးရောက်လာတာပဲ။ ဆွေးနွေးမှုတွေအတွင်းမှာ အချေအတင် ငြင်းခုန်ဆွေးနွေးအဖြေရှာကြတာဟာ ဆုံမှတ်ကိုတွေ့ရှိသွားသလို စိတ်ဝင်စားမှုကောင်းတဲ့ တော်လှန်ရေးအတွေ့အကြုံ သဘောတရားတွေကိုလည်း ရရှိခဲ့ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။ ပြည်တွင်းကိုယ်စားလှယ်တဦးကလည်း “အခုလို ကရင်ကိုယ်စားလှယ်ကြီးတွေ ဒုက္ခအခက်အခဲကြားက မတူကွဲပြားတဲ့ အတွေးအခေါ် အယူအဆတွေကို ပြန်လည်ပေါင်းစည်းပေးဖို့ လာရောက်ဆွေးနွေးကြတာ အားရကျေနပ်မှု အတော်ရပါ တယ်။ နိုင်ငံရေး၊ အမျိုးသားရေးပန်းတိုင်ကို ဒီစီမီနာမှာ ရှင်းရှင်းလင်းလင်းကြီး တွေ့ခွင့်ရခဲ့တယ်။ ပြည်တွင်းမှာဆို ဘာဆို ဘာမှ သိခွင့်၊ လုပ်ခွင့်မရှိဘူး။”ဟု ဆိုသည်။
နှီးနှောဖလှယ်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဌ စောလှထွန်းက “နိုင်ငံတကာက ကိုယ်စားလှယ်တွေ၊ ခရိုင်ကိုယ်စားလှယ်တွေ နဲ့ ပြည်တွင်းကိုယ်စားလှယ်တွေ အခုလို လာရောက်တွေ့ဆုံပြီး ကရင်အမျိုးသားတွေရဲ့ စည်းလုံးမှုပြိုကွဲစေမယ့် အကြောင်း အရာတွေကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပြီး ကာကွယ်ပေးကြ၊ နည်းလမ်းအဖြေရှာကြတာဟာ အင်မတန်မှ အားရကျေနပ် မှု ရှိပါတယ်။”ဟု ပြောဆိုသည်။
မေလ ၂၄ရက်မှ ၂၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြုလုပ်ကျင်းပခဲ့သည့် ထိုနှီးနှောဖလှယ်ပွဲသို့ ပြည်တွင်း ပြည်ပရှိ ကရင်အဖွဲ့အစည်း(၄၂)ဖွဲ့မှ ကိုယ်စားလှယ်များ၊ မျိုးဆက်သစ် နိုင်ငံရေးကျောင်းသားကျောင်းသူများနှင့် လေ့လာ သူများ စုစုပေါင်း ၁၁၇ဦး တက်ရောက်ခဲ့ကြသည်။
ကေအိုင်စီ
Wednesday, May 25, 2011
မြန်မာ ၁၀၀ ကျော် ထိုင်းတွင် ရောင်းစားခံရ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် တရားဝင် အလုပ်လုပ်ရမည် ဟူသော မက်လုံးကို ယုံမိသဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှ အလုပ်သမား ရာနှင့်ချီ၍ ယခုလအတွင်း ရောင်းစားခံလိုက်ရသည်ဟု သိရသည်။
over_hundred_migrant_workers_sold_by_broker
ထိုင်းနိုင်ငံ၌ ရောင်းစားခံရသူ ကိုမင်းမင်းဦး၏ ဖခင် ဦးနိုင်ဦး (ဝဲဘက်) (ဓာတ်ပုံ - ဧရာဝတီ)
ငါးဖမ်းလုပ်ငန်းသို့ ရောက်သွားသူ တချို့က မိသားစုနှင့် အဆက်အသွယ် ပြန်ရသော်လည်း လွတ်မြောက်လာခြင်း မရှိသေးကြောင်း မဲဆောက်အခြေစိုက် ပြည်သူ့  စေတနာ့ဝန်ထမ်းအသင်းမှ ဗဟိုကော်မတီဝင် ကိုသိန်းဆန်းက ဧရာဝတီသို့  ပြောသည်။
“လွန်ခဲ့တဲ့အပတ်က အရောင်းစားခံရတဲ့ လူတွေရဲ့ ဆွေမျိုးသားချင်းတွေက ကျနော်တို့  အဖွဲ့ကို လာတိုင်တယ်။ ဒါကြောင့် ကျနော်တို့ အဖွဲ့ က လိုက်စုံစမ်းတော့ အခု သိထားသလောက် အမျိုးသမီးရော အမျိုးသားပါ ဆိုရင် တရာကျော် ရှိတယ်” ဟု ကိုသိန်းဆန်းက ဆိုသည်။
ရောင်းစားခံရသူတဦး၏ ဖခင်ဖြစ်သူ ဦးနိုင်ဦးက ၎င်း၏သားသည် ဘန်ကောက်မြို့အနီး၊ ချွန်ဘူရီခရိုင် အချောင်မြို့ ချောင်းစပယ်လမ်း ဝေလာဦး တံတားအနီး လှေနံပတ် (၇) တွင် ရောက်ရှိနေသည်ဟု ဆိုသည်။
“ကျနော့သား မင်းမင်းဦး ဖုန်းဆက်လာလို့ အခု သူတို့ဟာ ချွန်ဘူရီမှာ ရောင်းစားခံထားရကြောင်း သိရတာပါ” ဟု သူက ပြောသည်။
ထိုဒေသသို့ ရောက်သွားသူများမှာ ကိုမင်းမင်းဦး အပါအ၀င် အမျိုးသား ၅၉ ဦး ရှိသည်ဟု ဆိုသည်။
ရောင်းစားခံထားရသူများထဲတွင် ညီတော်စပ်သူ တဦးပါဝင်သော ကိုခိုင်မင်းထွန်းက “ယောက်ျားတွေကို လှေဆိပ်မှာ ရောင်းစားလိုက်တယ်။ မိန်းမတွေကိုတော့ ဘယ်မှာ ရောင်းစားထားလဲ မသိရဘူး” ဟု ပြောသည်။
သက်ဆိုင်ရာ ဆွေမျိုးသားချင်းများသည် အမှုမှန်ပေါ်ရေး၊ လူပွဲစားများကို အရေးယူနိုင်ရေးအတွက် ထိုင်းနှင့် မြန်မာ အာဏာပိုင်များထံသို့  ပွင့်ပွင့်လင်းလင်း တိုင်ကြားသင့်ကြောင်း ကိုသိန်းဆန်းက ပြောသည်။
နှစ်နိုင်ငံ အာဏာပိုင်တို့က လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရန် ၂၀၀၉ ခုနှစ်ကပင် သဘောတူထားပြီး ဖြစ်သည်။
ထိုင်းနိုင်ငံတွင်  မြန်မာပြည်သား အလုပ်သမား ၂ သန်းခွဲမှ ၄ သန်း အထိ ရှိနိုင်ကြောင်း အလုပ်သမားအရေး အဖွဲ့ အစည်းများက ခန့်မှန်းကြသည်။ အများစုမှာ တရားမ၀င် နေထိုင်လုပ်ကိုင်ကြသူများ ဖြစ်သည်။
ဧရာဝတီ
မြန်မာအတိုက်အခံများကို NGO များ မကူညီရန် ထိုင်းဖိအားပေး
မန်မာ အတိုက်အခံ အဖွဲ့အစည်းများကို အားပေးကူညီမှုများ မပြုလုပ်ကြရန် ထိုင်းနိုင်ငံ မဲဆောက်ဒေသ အခြေစိုက် အစိုးရမဟုတ်သည့် NGO အဖွဲ့များအား တာ့ခ် ခရိုင်ဝန်က တနင်္လာနေ့ မွန်းလွဲပိုင်းတွင် တွေ့ဆုံပြီး သတိပေး ပြောကြားလိုက်သည်။
Mae_Sot_NGO_meeting01
တနင်္လာနေ့က ပြုလုပ်သည့် အစည်းအဝေး (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ တာ့ခ် ခရိုင် မဲဆောက်မြို့ရှိ မြို့ပိုင်ရုံးတွင်ပြုလုပ်သည့် ထိုင်း အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာများ အပါအ၀င် မဲဆောက် အခြေစိုက် လှုပ်ရှားနေသည့် NGO အဖွဲ့အစည်း ၂၀ ခန့်နှင့် တွေ့ဆုံသည့် အစည်းအဝေးတွင် တာ့ခ်ခရိုင်ဝန် နိုင် စမာ့လွိုင်ဖာ့က ပြောကြားခြင်းဖြစ်သည်။
၎င်းက“NGO တွေအနေနဲ့ကိုယ့်အလုပ်ကို ရိုးရိုးသားသားလုပ်ကိုင်ကြဖို့ ပြောချင်တယ်၊ မြန်မာအတိုက်အခံ အဖွဲ့တွေကို အားပေး ကူညီတာတွေ မလုပ်ကြဖို့ သတိပေးချင်တယ်၊ တချို့ NGO တွေက မြန်မာအတိုက်အခံတွေကို အားပေးကူညီမှုလုပ်နေတာတွေကို မလုပ်ကြဖို့ ပြောချင်ပါတယ်”ဟု ဆိုသည်။
အစည်းအဝေးတွင်ခရိုင်ဝန်က ယခုလ ၁၁ ရက်နေ့က မဲဆောက်အနီးရှိ မဲ့ကစာရွာတွင် မြန်မာ တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့တခုသို့ပေးပို့မည့် တပ်ဖွဲ့အမှတ်တံဆိပ်ပါ စစ်ယူနီဖောင်းအစုံ ၃၀၀ နှင့် အမှတ်တံဆိပ်ပါ စစ်သုံး စွပ်ကြယ်လက်တို အင်္ကျီ ၂၆၂ ထည်ကို ထိုင်းနယ်ခြားစောင့်တပ် က ဖမ်းဆီးရရှိမှုကိုလည်း ရည်ညွန်းကာ ထည့်သွင်းပြောကြားခဲ့သည်။
ခရိုင်ဝန်၏အဆိုအရ မဲဆောက်ဒေသအတွင်း အခြေစိုက်ကာ ဒုက္ခသည်စခန်းအတွင်း လုပ်ကိုင်နေသည့် NGO အဖွဲ့ ၂၀ ခန့်ရှိပြီး အခြားပြင်ပတွင်လုပ်ကိုင်နေသည့် NGO အဖွဲ့မှာ  ၆၀ ခန့်ရှိသည်ဟု သိရသည်။
သတိပေးထားသည့်အတိုင်း လိုက်နာခြင်းမရှိသည့် NGO အဖွဲ့အစည်းများမှာ အရေးယူခြင်းခံရမည်ဟု အစည်းအဝေးအပြီး တွင် နိုင် စမာ့လွိုင်ဖာ့က ဒေသခံ သတင်း ထောက်များကို ပြောကြားသည်။
မြန်မာဒုက္ခသည်များနှင့် ပတ်သက်၍လည်း ဒုက္ခသည်များ စခန်းအပြင်ထွက်ကာ သစ်ခုတ်ခြင်း၊ မူးယစ်ဆေးဝါးများရောင်း ၀ယ်သုံးစွဲခြင်းများကို တွေ့ရှိပါက ဒုက္ခသည်အဖြစ်မှ ပယ်ဖျက်ပြီး အရေးယူခံရမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
မြန်မာအတိုက်အခံ ခေါင်းဆောင်တဦးက“ထိုင်းနယ်စပ်မှာ သွားလာလှုပ်ရှားနေတာမှန်ပေမယ့် ထိုင်းနိုင်ငံရဲ့အချုပ်အခြာကို ထိခိုက်စေမယ့်အနေအထားတွေကိုတော့ ဘယ်အဖွဲ့ကမှမလုပ်ပါဘူး၊ မြန်မာဘက်မှာ လတ်တလောဖြစ်နေတဲ့ တိုက်ခိုက်မှုတွေနဲ့ အခြားကိစ္စတွေကို မြန်မာအတိုက်အခံအဖွဲ့တွေက ထိုင်းနယ်မြေကိုအသုံးချပြီး လုပ်နေတယ်လို့ မြန်မာနယ်ခြား ကော်မတီ ကနေတဆင့် ထိုင်းဘက်ကိုအရေးဆို တိုင်ကြားတာတွေရှိတယ်၊ အခုဖြစ်တဲ့ကိစ္စကလည်း ပတ်သက် ဆက်နွယ် မှုတွေရှိတယ်၊ ပြောရရင်တော့ မြန်မာဘက်က ဖိအား ပေးလို့”ဟု ဧရာဝတီသို့ ပြောသည်။
၎င်းအစည်းအဝေးသို့ ထိုင်း ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့၊ ထိုင်း စစ်တပ်၊ ထိုင်းရဲ၊ လူဝင်မှု ကြီးကြပ်ရေး(လ၀က)၊ နယ်ခြား စောင့်တပ်ဖွဲ့နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ထိုင်း-မြန်မာ နယ်စပ် တလျှောက် ကူညီ ညစောင့်ရှောက်ရေး ညွန့်ပေါင်း အသင်း(TBBC) အပါအ၀င် NGO အဖွဲ့များမှ တာဝန်ရှိသူများ၊ မြန်မာဒုက္ခသည်စခန်းများမှ စခန်းဥက္ကဌများ တက်ရောက်ခဲ့ကြသည်။
ဧရာဝတီ 
Monday, May 23, 2011
လူကုန်ကူးသည့်ထိုင်းရဲ အဖမ်းခံရ
မြန်မာ နိုင်ငံသားများကို ထိုင်းနိုင်ငံ တွင်းသို့ တရားမ၀င် သယ်ဆောင်လာသည့် ထိုင်းရဲတပ်ဖွဲ့ပိုင် အချုပ်ကားတစီးကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ပြင်ရှိ ထိုင်း စစ်တပ် စစ်ဆေးရေးဂိတ် (ဟွေ့ဟင်ဖွန်ဂိတ်) က စနေနေ့ညနေ ၆ နာရီခန့်တွင် ဖမ်းဆီး လိုက်သည်။
Maesot_Burmese_migrants
ထိုင်း ရဲအချုပ်ကားနှင့် လိုက်ပါလာသည့် မြန်မာများ (ဓာတ်ပုံ - ဧရာဝတီ)
အဖမ်းခံရသည့် အချုပ်ကားသည် တာ့ခ်ခရိုင် တာ့ခ်မြို့ရဲစခန်းမှဖြစ်ပြီး တရားမ၀င်နယ်စပ်ဖြတ်ကျော်မှုဖြင့် အဖမ်းခံရသည့် မြန်မာနိုင်ငံသား ၇၁ ဦးကို မြန်မာနိုင်ငံ မြ၀တီမြို့ဘက်သို့ သွားရောက်ပို့ဆောင်ပြီး အပြန်တွင် မြန်မာနိုင်ငံသား ၁၀ ဦးကို အခ ကြေးငွေယူ၍ သယ်ဆောင်လာစဉ် အဖမ်းခံရခြင်းဖြစ်သည်။
၎င်းအချုပ်ကားကို မောင်းနှင်လာသည့် ထိုင်း ရဲတပ်ကြပ်ကြီး ၀ိရတ်လီလာစ၀မ် ကို မဲဆောက် အခြေစိုက် အမှတ် ၄ ဒေ သဆိုင်ရာကွပ်ကဲရေး တပ်မှ ဗိုလ်မှူးကြီး ပစံဆယ်ဆီရီရတ် နှင့် တပ်ဖွဲ့ ၀င်များက ဖမ်းဆီးခဲ့ပြီး မဲဆောက် ရဲစခန်းသို့ လွှဲ
ပြောင်း ပေးအပ်ခဲ့ဖြစ်ကြောင်း ဒေသခံ အာဏာပိုင် အသိုင်းအ၀ိုင်းမှ သိရသည်။
အဖမ်းခံရသည့် မြန်မာများမှာ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၄ ဦးဖြစ်ပြီး ကားရှေ့ခန်းတွင် ထိုင်းဘတ်ငွေ ၃၄၂၀၀ နှင့် အတူ ထိုင်း စစ်တပ်က စစ်ဆေးတွေ့ရှိခဲ့မှုကို ယာဉ်မောင်း တပ်ကြပ်ကြီး က ၀န်ခံ ထွက်ဆိုခဲ့သည်။
မဲဆောက်မြို့၏ ရဲမင်းကြီး ဗိုလ်မှူးကြီး ဒေးချား ၀ထနဖနုံ က အဆိုပါ ယာဉ်မောင်း ရဲတပ်ကြပ်ကြီး ကို တရားဥပဒေ နှင့် အညီ အရေးယူသွားမည်ဟု ဒေသခံ သတင်းထောက်များကို ပြောကြားသည်။
မဲဆောက်မြို့မှ ထိုင်း ရှေ့နေ တဦးက“ထိုင်းဥပဒေမှာပြဌာန်းထားတာက ဒါမျိုးဆိုရင် အဲဒီ ရဲဝန်ထမ်းဟာ အစိုးရ၀န်ထမ်း အဖြစ်က ထုတ်ပယ်ခံရမယ်၊ ပြီးရင် အနည်းဆုံး ထောင်ဒဏ် ၅ နှစ် ကျခံရနိုင်တယ်”ဟု ပြောဆိုသည်။
“မြန်မာတွေ ထိုင်းနိုင်ငံအတွင်းကို ခိုးဝင်နေတာကတော့ နည်းလမ်း ပေါင်းစုံပဲ၊ ဒါပေမယ့် အခုလိုမျိုး ရဲတပ်ဖွဲ့ပိုင်ကားတွေအသုံးပြီး လုပ်တာမျိုးအရင်က မရှိသလောက်ဘဲ၊ ကျနော့် အမြင် အရပြောရရင် အခုမှဖမ်းမိပေမယ့် ဒီမတိုင်ခင်က ဘယ်  လောက်အထိ လုပ်ခဲ့လည်းဆိုတာ စဉ်းစားစရာတော့ဖြစ်တယ်၊ နောက်ပြီး ဒါမျိုးက တဦးတယောက်တည်း လုပ်လို့ရတာမဟုတ်ဘူးဟု”ဟု မဲဆောက် အခြေစိုက် ၀ါရင့် ထိုင်း သတင်းထောက် တဦးက ပြောသည်။
ယခင်ကလည်း မဲဆောက်တွင် ထိုင်း စစ်တပ်ပိုင် ကားများကို အသုံးပြု၍ မြန်မာများကို ထိုင်း နိုင်ငံတွင်းသို့ ခိုးသွင်းမှုများအား ဒေသခံ အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ရှိခဲ့သည်။
Maesot_Thai_police_car
အဖမ်းခံရသည့် ထိုင်း ရဲအချုပ်ကား (ဓာတ်ပုံ - ဧရာဝတီ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ရောက်ရှိနေသည့် ကရင်ပြည်နယ် ဘားအံမြို့မှ အမျိုးသမီး တဦးက“ကျမတို့ ဘားအံ က လူ တွေ ဘန်ကောက်တက်မယ်ဆိုရင် လူကယ်ရီက ရွာအထိလာခေါ်ပါတယ်၊ တယောက်ကို မြန်မာငွေ ကျပ် ၅ သိန်း ပေး ရ တယ်၊ မဲဆောက်ကနေဘန်ကောက်ကို ကားနဲ့တိုက်ရိုက်ပဲ၊ အဆက်အသွယ်ကောင်းဖို့တော့ လိုတယ်၊ တချို့ဘန်ကောက် မရောက်ဘဲ အဖမ်းခံရပြီး ပိုက်ဆံဆုံးသွားတဲ့ လူတွေလည်းရှိတယ်”ဟု ပြောသည်။
ယခု ဖမ်းဆီးထားသူများအား လတ်တလောတွင် မဲဆောက် ရဲစခန်း၌ ထားရှိကြောင်း၊ ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၀ ဦးကိုမူ မြန်မာနိုင်ငံဘက် ပြန်ပို့မည်ဖြစ်ကြောင်း ဒေသခံ ထိုင်း အာဏာပိုင်များက ပြောဆိုသည်။
မဲဆောက်မှတဆင့် နည်းလမ်းပေါင်းစုံဖြင့် ထိုင်းနိုင်ငံတွင်းသို့ အလုပ်အကိုင်ရှာဖွေရန် ခိုးဝင်သည့် မြန်မာများကို ဒေသခံ အာဏာပိုင်များက မကြာခဏဖမ်း ဆီးရမိမှုမှာ လစဉ်နီးပါးရှိကြောင်း မဲဆောက် ရဲစခန်း၏ မှတ်တမ်းများအရ သိရသည်။
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသော ရွှေ့ပြောင်း မြန်မာအလုပ်သမား အနည်းဆုံး ၂ သန်းခွဲမှ ၄ သန်းအတွင်း ရှိနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများက ခန့်မှန်းကြသည်။
ဧရာဝတီ
Friday, May 20, 2011
အထိန်းသိမ်းခံ မြန်မာ ၃၁ ဦး အိန္ဒိယအစိုးရ လွှတ်ပေးပြီ
အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ ပရက်စီဒင်စီ အကျဉ်းထောင်တွင် ၁၂ နှစ်ကျော်ကြာ ထိန်းသိမ်းခံထားရသော ကရင်နှင့် ရခိုင် တော်လှန်ရေးသမား ၃၄ ဦးအနက် ၃၁ ဦးတို့ ယနေ့ နေ့လယ်က အမှုမှ ကွင်းလုံးကျွတ် ပြန်လည် လွတ်မြောက်လာပြီ ဖြစ်သည်။
alt
အိန္ဒိယတွင် အဖမ်းခံထားရသည့် မြန်မာ ၃၄ ဦး၊ ယခုအခါ ၎င်းတို့ထဲမှာ ၃၁ ဦး လွတ်မြောက်လာပြီ ဖြစ်သည် (ဓာတ်ပုံ - နရိဉ္စရာ)
လွတ်မြောက်လာသူ ၃၁ ဦးထဲတွင် အပါအဝင်ဖြစ်သော ရခိုင်အမျိုးသား ကိုဓညလင်းက “နေ့လည် ၁ နာရီ ၅၅ က လွတ်ပါတယ်။ ရခိုင် ၂၂ ယောက်၊ ကရင် ၉ ယောက် လွတ်ပါတယ်။ ကျန်တဲ့ ရခိုင် ၂ ယောက်နဲ့ ကရင် ၁ ယောက် ကတော့ ပေါ့ဘလဲကို ပြန်သွားရပါဦးမယ်။ ကျနော်တို့ အခု လေယာဉ်ကွင်းသွားတဲ့ လမ်းမှာ ရောက်နေပါပြီ။ ဒေလီကိုတော့ ည ၁၁ နာရီလောက် ရောက်မယ်ထင်ပါတယ်” ဟု ပြောပြသည်။
ဆက်လက်၍ ၎င်းက ယခုကဲ့သို့ အမှုမှ ကွင်းလုံးကျွတ် လွှတ်ပေးခဲ့သည့်အတွက် အိန္ဒိယအစိုးရအပါအဝင်၊ ကူညီပေးသူများ၊ အဖွဲ့အစည်းများကို ကျေးဇူးတင်သည်ဟု ဆိုသည်။
“သူတို့ ဒီလို မကူညီပေးရင် ကျနော်တို့ လွတ်လာမှ မဟုတ်ပါဘူး။ ထောင်ထဲမှာ နေရတာကြာတော့ ပင်ပန်းလွန်းလှပါပြီ အပြင်မှာ ဘာတွေဖြစ်နေတယ်ဆိုတာလည်း ကျနော်တို့ မသိတော့ဘူး။ ဒေလီရောက်မှပဲ အပြင်က အခြေအနေတွေ လေ့လာပြီး ဘာဆက်လုပ်ရမလဲ စဉ်းစားမယ်” ဟု သူက ပြောသည်။
မြန်မာ ၃၄ ဦး၏ ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ပေးနေသော ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) ၀န်ကြီး ဒေါက်တာတင့်ဆွေကလည်း မလွတ်မြောက်သေးသည့် ၃ ဦးမှာ ပေါ့ဘလဲကျွန်းတွင် တခြား အမှုအနည်းငယ် ကျန်ရှိနေသေးကြောင်း ဧရာဝတီကို ရှင်းပြသည်။
အဆိုပါ ၃ ဦးသည်လည်း ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိပြီးသား ဖြစ်သောကြောင့် မကြာမီ ပြန်လည် လွတ်မြောက် လာနိုင်သည်ဟု သိရသည်။
လွတ်မြောက်လာသည့် ၃၁ ဦးသည် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ဒုက္ခသည်အဖြစ် အသိအမှတ် ပြုကြောင်း လက်မှတ်များ ရထားပြီးဖြစ်၍ အိန္ဒိယနိုင်ငံတွင် နေထိုင်ခွင့်အဆင့်အထိ ရမည်ဟု မျှော်လင့်ကြောင်း ဒေါက်တာတင့်ဆွေက ပြောသည်။
“သူတို့လွတ်လာရင် သူတို့ကို ဘယ်သူက ကူညီစောင့်ရှောက်မလဲဆိုတာ အိန္ဒိယအစိုးရက စိုးရိမ်တော့ ဒေလီမှာရှိတဲ့ မြန်မာ အသိုင်းအ၀န်းကနေ ကျနော်တို့ တာဝန်ယူပါတယ်လို့ ကာလကတ္တား တရားရုံးအထိကို တင်ထားတာရှိတယ်။ အဲဒါကြောင့် ဒီက ဗမာအဖွဲ့အစည်းတွေဆီကို ရောက်လာမယ့် သဘောပါ” ဟု သူက ဆိုသည်။
နယူးဒေလီရှိ ဘားမားစင်တာ ဒေလီက လွတ်မြောက်လာသူတို့၏ စားဝတ်နေရေး၊ ကာလကတ္တားမှ နယူးဒေလီ သွားရန်အတွက် ခရီးစရိတ် စသည်တို့ကို အာမခံ ကူညီပေးမည်ဖြစ်ကြောင်း တရားရုံးသို့ တင်ပြထားခဲ့သည်ဟု ဘားမားစင်တာဒေလီမှ ကိုကင်မ်က ပြောသည်။
တတိယနိုင်ငံများတွင် ၎င်းတို့ အခြေချနေထိုင်နိုင်မည့် လုပ်ငန်းစဉ်များအတွက်ကိုမူ အဆင့်ဆင့် ဆောင်ရွက်ရဦးမည် ဖြစ်ကြောင်း၊ ထိုသူတို့ လွတ်မြောက်လာချိန်တွင် အခြေချ နေထိုင်ခွင့်ပေးရန် ချက်သမ္မတ နိုင်ငံက ကမ်းလှမ်းခဲ့ဖူးကြောင်း သိရသည်။
ဒေါက်တာတင့်ဆွေက “ဒါကတော့ ကာယကံရှင်တွေရဲ့ သဘောလည်းပါမယ်။ သူတို့ ဆန္ဒအပေါ် မူတည်ပြီးတော့ ဒီက အသိုင်းအ၀န်းက အကုန်လုံး ၀ိုင်းလုပ်ပေးကြရမှာပါ” ဟု ဆိုသည်။
ဆက်လက်၍ သူက “အိန္ဒိယအစိုးရက ဒုက္ခသည်တွေနဲ့ ပတ်သက်ရင် စာနာမှုအပြည့်နဲ့ ကူညီထားတာ အင်မတန်မှ ကျေးဇူး တင်ပါတယ်။ နှစ်နိုင်ငံရဲ့ အစိုးရချင်း ဆက်ဆံရေးက တပိုင်းပေါ့လေ။ သက်ရောက်မှု ရှိတဲ့ အပိုင်းလည်း ရှိပေမယ့် အခုလို စာနာမှု ထားတဲ့အတွက် အင်မတန် ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။
၁၉၉၈ ခုနှစ်က အိန္ဒိယရေပိုင်နက်အတွင်းရှိ လန်းဖောလ်ကျွန်းသို့ အိန္ဒိယထောက်လှမ်းရေးအဖွဲ့၏ သဘောတူညီချက်အရ ရောက်လာသော ရခိုင်အမျိုးသား ညီညွတ်ရေးပါတီ (NUPA) နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) တို့မှ ရခိုင်နှင့် ကရင်တိုင်းရင်းသားများ ပါဝင်သည့် အဆိုပါ ၃၄ ဦးကို ၁၉၉၈ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် အိန္ဒိယရေတပ်က ဖမ်းဆီးခဲ့သည်။
ထို့နောက် လက်နက်ခဲယမ်းများ လက်ဝယ်တွေ့ရှိမှုဖြင့် အက်ဒမန်ကျွန်းစု ပေါ့ပ်ဘလဲမြို့တွင် ၈ နှစ်ကျော်ကြာ အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။ ထိုအတောအတွင်း ၎င်းအဖွဲ့မှ ခေါင်းဆောင် ၆ ဦးတို့မှာ ကွပ်မျက်ခံခဲ့ရပြီး ကျန်သူများကိုမူ ကာလကတ္တား အကျဉ်းထောင်သို့ ပို့ဆောင်၍ လက်နက်ခဲယမ်းနှင့် ဖောက်ခွဲရေးပစ္စည်းများ ကိုင်ဆောင်မှု၊ နိုင်ငံပိုင်နက်အတွင်း တရားမ၀င် ခိုးဝင်မှုတို့ဖြင့် အိန္ဒိယဗဟို ထောက်လှမ်းရေးအဖွဲ့ (CBI) က ၂၀၀၆ အောက်တိုဘာလတွင် တရားလိုပြု တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
အမှုများကို စီရင်ချက်ချချိန်က သူတို့အား နိုင်ငံခြားသားမူ (ပုဒ်မ -၁၄) ဖြင့် ထောင်ဒဏ် ၁ နှစ် ၃ လ နှင့် ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ ပေါက်ကွဲ စေတတ်သော လက်နက် ခဲယမ်းမီးကျောက်များ ပိုင်ဆိုင်မူ ပုဒ်မ ၅ (ဘီ) ဖြင့် ထောင် ၁ နှစ် ၃ လနှင့် ဒဏ်ငွေ ရူပီး ၂၀ဝ၀၊ လက်နက်မှုပုဒ်မ ၂၅ (ဘီ) ဖြင့် ထောင်ဒဏ် ၆ လနှင့် ဒဏ်ငွေရူပီး ၂၀ဝ၀ ချမှတ်ခဲ့ရာ ထိန်းသိမ်းခံ ရက်များကို လျှော့ရက် ခံစားခွင့်ဖြင့် လွတ်မြောက်ရမည် ဖြစ်သော်လည်း အိန္ဒိယနိုင်ငံအတွင်း နေထိုင်ခွင့် မရှိသောကြောင့် လွတ်မြောက်ရန် ကြန့်ကြာ နေခဲ့ရသည်။
နောက်ပိုင်းတွင် UNHCR နှင့် အိန္ဒိယပြည်ထဲရေး ၀န်ကြီးဌာနအပါအ၀င် တခြားသော ကူညီဆောင်ရွက်သူ များကြောင့် ဒုက္ခသည်အဖြစ် အသိအမှတ်ပြု လက်မှတ်ရရှိခဲ့ပြီး ယခုကဲ့သို့ လွတ်မြောက်လာရခြင်း ဖြစ်သည်။
Thursday, March 24, 2011
ပြင်းအား ၇ ငလျင် ရွှေတြိဂံကို ဗဟိုပြုလှုပ်
မြန်မာ၊ ထိုင်း၊ လာအိုနယ်စပ်က ရွှေတြိဂံနယ်မြေကို ဗဟိုပြုပြီး မြေငလျင်ကြီးတခု လှုပ်ခတ်သွားခဲ့ပါတယ်။ ပြင်းအား ၇ ရှိတဲ့ ဒီမြေငလျင်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့၊ နေပြည်တော် အပါအ၀င် မြို့တော်တော်များများက သိရှိ ခံစားလိုက်ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။ မြန်မာနိုင်ငံ အရှေ့မြောက် ဒေသကို ဗဟိုပြုပြီး ပြင်းထန်တဲ့ မြေငလျင်တခု ဒီကနေ့ ဒေသစံတော်ချိန် ညပိုင်းမှာ လှုပ်ခတ်သွားခဲ့ပါတယ်။ မြန်မာ၊ ထိုင်း၊ လာအို ၃ နိုင်ငံ ထိစပ်နေတဲ့ ရွှေတြိဂံနယ်မြေမှာ ပြင်းအား ၇ ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ကနေ မိုင် ၇၀ အကွာ အနက် ၆ မိုင် ဖြစ်တယ်လို့ USGS လို့ခေါ်တဲ့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက စာထုတ်ပြန်ပါတယ်။ ဒီငလျင်လှုပ်တာကို မြန်မာနိုင်ငံက မြို့တော်တော်များများမှာ ခံစားသိလိုက်ပါတယ်။ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့နဲ့ ထိစပ်တဲ့ မြို့တွေဖြစ်တဲ့ တာချီလိတ်၊ မယ်ဆိုင် စတဲ့ ဒေသတွေမှာလည်း ရိုက်ခတ်ခဲ့တာ ရှိတယ်လို့ မယ်ဆိုင်မြို့ခံ တယောက်က သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
“ကျနော်တို့ အခု အိမ်အပြင်မှာ ရပ်နေကြတယ်။ အိမ်ထဲကို ဘယ်သူမှ မ၀င်ရဲကြဘူး၊ ဒီတ၀ိုက်လုံးမှာ။ မယ်ဆိုင်မှာ ကျနော်တို့က ရှိနေတာလေ။ ငလျင်က တော်တော်လေး ပြင်းပြင်းထန်ထန်ကို လှုပ်တယ်။ အိမ်တွေ ဘာတွေဆို လုံးဝ တုန်သွားတာ။ တမြို့လုံးလိုလို အခု ဒီမှာ လူတွေက အိမ်အပြင်မှာပဲ ရောက်နေကြတယ်။ အဲဒီအချိန်မှာ အနည်းဆုံး လေးငါးမိနစ်လောက်ကို ကောင်းကောင်းကြီး လှုပ်ပြီးတော့မှ ရပ်သွားတယ်။ ရပ်သွားပြီး ခဏနေတော့ နောက်တခါ ပြန်လှုပ်တယ်။ လှုပ်ပြီး နည်းနည်းလေး ငြိမ်ပြီးတော့မှ အခုတခါ မိနစ်ပိုင်းလေးလောက်မှာ နောက်တခါ ပြန်လှုပ်တယ်။”
စက္ကန့်အပိုင်းအခြားတွင်း ၃ ကြိမ်လောက် ဆက်တိုက်လှုပ်ခဲ့ပေမဲ့ ပထမအကြိမ်လောက်တော့ မပြင်းဘူးလို့လည်း ပြောပါတယ်။ ဒီငလျင်ကြောင့် အခုချိန်ထိ ပျက်စီးဆုံးရှုံးမှု စာရင်းကိုတော့ မသိရသေးဘူးလို့လည်း မယ်ဆိုင် ဒေသခံက ပြောပါတယ်။
“ပထမတော့ တော်တော်ပြင်းတယ်။ အခုနောက်ပိုင်းတော့ တဖြည်းဖြည်းနဲ့ လျော့သွားပြီ။ အပျက်အစီးတော့ ရှိနိုင်တဲ့ အနေအထားရှိတယ်။ ဒါပေမဲ့ ကျနော်တို့လည်း အပြင်အထိ သိပ်မကြည့်ဘူးပေါ့။ အနီးအနားမှာ မြင်တာတော့ တချို့အိမ်တွေရဲ့ အပေါ်က ခေါင်မိုးအောက်မှာ မပူအောင် ၃ ပြားထည့်ထားတာ၊ အဲဒါတွေ ပြုတ်ကျတာတွေတော့ ဒီအနီးအနားလေးမှာ နည်းနည်းတွေ့တယ်။ အခုထိတော့ ဘာမှ မကြားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဖုန်းလိုင်းတွေက တော်ရုံတန်ရုံ ဆက်လို့မရဘူး ဖြစ်နေတယ်။”
အလားတူ လွိုင်ကော်မြို့မှာလည်း တမိနစ်ကျော်လောက် ငလျင်လှုပ်ခဲ့တယ်လို့ လွိုင်ကော်ဒေသခံ တဦးက ပြောပါတယ်။
“ခုနတုန်းကတော့ မကြာလိုက်ဘူးပေါ့။ တမိနစ်နီးပါးလောက် ရှိမယ်ထင်တာပဲ။ နည်းနည်းလေး သိသိသာသာလေးတော့ လှုပ်သွားတယ်။ ထိုင်နေရင်လည်း ခုံတွေက လှုပ်သွားတယ်။ ပုလင်းတွေ ဘာတွေဆိုလည်း လှုပ်သွားတယ်။ သိသာသွားတယ်ပေါ့။ ၈ နာရီ ၁၅ မိနစ်လား ၂၀ လား၊ အဲဒီလောက်တော့ ရှိမယ်။ အဲဒီဝန်းကျင်လောက်မှာ ရှိမယ်။ အပျက်အစီး ထိခိုက်တာတော့ မရှိလောက်ဘူးလို့ ထင်တာပဲ။ တအား ပြင်းထန်တာတော့ မဟုတ်ဘူး။ သိသာတယ်၊ အဲဒီတခုလောက်ပဲ။”
ဒီကနေ့ မြန်မာစံတော်ချိန် ည ၈ နာရီ နောက်ပိုင်းမှာ ငလျင်လှုပ်ခဲ့တဲ့ အကြောင်းကို မြန်မာနိုင်ငံအတွင်းက ဒေသခံတချို့ ပြောပြခဲ့တာ ဖြစ်ပါတယ်။
မယ်ဆိုင်မြို့မှာ နောက်ဆက်တွဲ လှုပ်ခတ်မှုတချို့ကို ခံစားရတယ်လို့လည်း မြို့ခံတွေက ပြောပြပါတယ်။ ထိုင်း၊ မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်တဲ့ တာချီလိတ်မှာလည်း ငလျင်လှုပ်ခတ်တဲ့အတွက် အိမ်ပြင်မှာ ထောင်ထားတဲ့ မော်တော်ဆိုင်ကယ်တွေ လဲပြိုကျတဲ့အထိ ဖြစ်ခဲ့သလို မီးတွေလည်း ပြတ်တောက်သွားတယ်လို့ နယ်ခံတွေက ပြောပါတယ်။
မသင်းသီရိ
စိတ်ကြွဆေး ရောင်းဝယ်မှုနှင့် မြန်မာ ၃ ဦး ဘန်ကောက်တွင် အဖမ်းခံရ
မြန်မာနိုင်ငံသား ၃ ဦးကို ရာဘ (ခေါ်) မက်သာ အဖက်တမင်း စိတ်ကြွဆေးပြား ၃ သိန်းကျော်နှင့် အတူ ဘတ်ငွေ ၅ သိန်း  ၆ သောင်း တို့ကို ထိုင်း အာဏာပိုင်များက ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြီးခဲ့သောအင်္ဂါနေ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်း သတင်း များအရ သိရသည်။
pic002-yaba-mm
စိတ်ကြွဆေးပြားများနှင့် အတူ ဖမ်းဆီးခံထားရသည့် မြန်မာ နိုင်ငံသား ၃ ဦး(ဓာတ်ပုံ - ONCB)
အဆိုပါ မြန်မာနိုင်ငံသားများကို ဘန်ကောက်မြို့ရှိ တက္ကသိုလ်အရှေ့ တနေရာတွင် ထိုင်းရဲများက သတင်းအရ ၀င်ရောက် ဖမ်း ဆီး ခဲ့ပြီး သက်သေခံပစ္စည်းများအဖြစ်စိတ်ကြွဆေးပြား ၂၀၀၀၀၀ အပြင် ကားတစီး၊ ဘဏ်စာအုပ် ၃ အုပ်နှင့် ဘတ်ငွေ ၅၆၀၀၀၀ တို့ကို သိမ်းဆည်းရမိကြောင်း Office oF The NARCOTICS CONTROL BOARD(ONCB) ၏ အင်တာနက် စာမျက် နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ဖမ်းမိထားသော တရားခံများ၏ နေထိုင်သော အခန်းများ၌ ဆက်လက်ရှာဖွေမှုပြုလုပ်ခဲ့ရာစိတ်ကြွဆေးပြား ၁၂၁၆၀၀ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး စုစုပေါင်း ၃၂၁၆၀၀ ရှိကြောင်း ONCB က ဆိုသည်။
အဖမ်းခံရသူများသည် ဘန်ကောက်မြို့သို့ တရားမ၀င် လာရောက် အလုပ်လုပ်ကိုင်နေပြီး ဘန်ကောက် အနီးတ၀ိုက် တွင် လည်းစိတ်ကြွဆေးပြားများ ရောင်းချနေကြောင်း ၎င်း သတင်း၌ ရေးသားထားသည်။ 
အဖမ်းခံရသူများသည် အသက် ၂၅ အရွယ် တဦး အပါအ၀င် အသက် ၂၈ နှစ် နှင့် ၃၆ နှစ် အရွယ်များဖြစ်ပြီး ဖမ်းမိထားသောစိတ်ကြွ ဆေးပြားများ၏ တန်ဖိုးမှာ ခန့်မှန်းခြေ ဘတ် သန်း ၁၀၀ ခန့် ရှိပြီး အမေရိကန် ဒေါ်လာဖြင့် ၃၃၀၀၀ ခန့်ရှိကြောင်း သိရ သည်။
တရားခံများကို မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရှိရသကဲ့သို့ ဥပဒေအရ မည်သို့ အရေးယူဆောင်ရွက်မှုများကို ယင်း သတင်းတွင် ဖော်ပြထားခြင်း မရှိပေ။
ယခု မတ်လဆန်းပိုင်းတွင်လည်း အသက် ၂၃ နှစ်နှင့် ၁၉ နှစ် အရွယ် မြန်မာ အမျိုးသမီး ၂ ဦးတို့ကို ဘန်ကောက်မြို့တွင် စိတ်ကြွ ဆေးပြား ၃ သိန်းနှင့် အတူ ဖမ်းဆီးမိခဲ့ကြောင်း ONCB က ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဧပြီလ အတွင်းကလည်း မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် ထိုင်းစစ်တပ်တို့ ထိုင်း-မြန်မာ နယ်စပ်တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မူးယစ်ဆေးသယ်ဆောင်သူ ၃ ဦး သေဆုံးပြီး စိတ်ကြွဆေးပြား ၂ သိန်း ဖမ်းဆီးမိခဲ့သည်။
မူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်အတွင်းရှိ တချို့သော တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့များက ထုတ်လုပ် နေကြပြီး တာချီလိတ်မြို့ဘက်မှ ထိုင်းနိုင်ငံအတွင်းသို့ သယ်ဆောင်ရောင်းချမှုများ ရှိကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ယင်း ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့ တဖွဲ့ ဖြစ်သော ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများကို အာရှတွင် အမြောက်အမြား ကျယ်ပြန့်စွာ ထုတ် လုပ်နေသည့်အဖွဲ့ တဖွဲ့ဖြစ်ကြောင်း အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ကဆိုသည်။
တချိန်တည်းတွင်ပင် မြန်မာအာဏာပိုင်များကလည်း မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံဒေသတွင် မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးနေသူဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေ သူ ဖြစ်သည်။
သန်းထိုက်ဦး 
Wednesday, March 23, 2011
လစ်ဗျားကို ကုလသမဂ္ဂ အရေးယူမှု ထိုင်း ထောက်ခံ
လစ်ဗျားနိုင်ငံအပေါ် ကုလသမဂ္ဂက စစ်ရေးအရ အရေးယူခြင်းကို ထိုင်းနိုင်ငံက ထောက်ခံကြောင်း ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။
အတိုက်အခံ နိုင်ငံရေးသမားများနှင့် ဆန္ဒပြပြည်သူများအပေါ် အကြမ်းဖက်နှိမ်နင်းနေသည့် လစ်ဗျားအစိုးရခေါင်းဆောင် ဗိုလ်မှူးကြီး ဂဒါဖီ၏တပ်များအား ကုလသမဂ္ဂ လုံခြုံရေးကောင်စီက စစ်ရေးအရ အရေးယူခြင်းကို ကုလသမဂ္ဂ အဖွဲ့ဝင်တနိုင်ငံအနေဖြင့်ထောက် ခံကြောင်း၊ သို့သော် စစ်ဆင်ရေးတွင် ပါဝင်ရန် ထိုင်းတပ်ဖွဲ့ဝင်များကို စေလွှတ်မည်မဟုတ်ကြောင်း ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ ထနီထောင်ဟပ်က်(Thani Thongphakdi)က ယမန်နေ့က ပြောသည်။
thai-libyaထိုင်းနိုင်ငံသည် ကုလသမဂ္ဂ၏ စစ်ရေးအရ အရေးယူမှုအပေါ် ထောက်ခံသည့် အရှေ့တောင်အာရှ နိုင်ငံများ အသင်း (အာဆီယံ) အတွင်း ပထမဆုံး နိုင်ငံဖြစ်သည်။
လစ်ဗျားနိုင်ငံတွင် ထိုင်လူမျိုး အလုပ်သမား ထောင်နှင့်ချီ၍ အလုပ်လုပ်ကိုင်နေရာ ပြီးခဲ့သည့်လကတည်းက ထိုင်းအစိုးရမှပြန်လည် ခေါ်ယူပေးပြီး ဖြစ်ကြောင်း၊ ယခုအခါတွင် မိသားစုရှိသည့် အလုပ်သမား ၈၆ ဦးသာ ကျန်ရှိတော့ကြောင်းလည်း ထနီထောင်ဟပ်က် က ဆက်လက် ပြောသည်။
“၄၀ ကျော်ကျော်လောက်က ဆက်နေမယ် ဆုံးဖြတ်တယ်၊ သူတို့ ပြန်မယ်ဆိုရင် ကျနော်တို့ ဘေးကင်းရာကို ပို့ပေးမှာပါ၊ ဒါပေမယ့် မကြာခင်မှာတော့ အခြေအနေတွ ပုံမှန်ဖြစ်မယ်လို့ မျော်လင့်တယ်”ဟု ၎င်းက ဆိုသည်။
ယခုအခါ အလုပ်သမား ၈၆ ဦးတွင် ၃၅ ဦးမှာ မြို့တော် ထရီပိုလီတွင်ရှိပြီး ၁၅ ဦးမှာ လစ်ဗျား အတိုက်အခံများထိန်းချုပ်ရာ ဘင်ဂါဇီ မြို့၌ အလုပ်လုပ်ကိုင်နေကြောင်း၊ ကျန်အလုပ်သမားများသည် တခြားသောမြို့များတွင် အလုပ်လုပ်ကိုင်နေကြောင်း၊ ၎င်း အလုပ် သမားများ ထိုင်းနိုင်ငံသို့ ပြန်လာရေးအတွက် ထိုင်းသံရုံးမှ ကြိုးပမ်းနေကြောင်း မစ္စတာ ထနီထောင်ဟပ်က် က ပြောဆိုသည်။
လစ်ဗျားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ထောင်နှင့်ချီသော ထိုင်းလူမျိုးအလုပ်သမားများကို ပြီးခဲ့သည့်လကတည်းက ထိုင်း အစိုးရ က လေယာဉ်များ၊ သင်္ဘောများဖြင့် သွားရောက်ခေါ်ယူခဲ့ပြီးဖြစ်သည်။
အာဖရိကတိုက် မြောက်ပိုင်း တူနီးရှားနိုင်ငံမှ အစပြုခဲ့သည့် အာဏာရှင်အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် အီဂျစ်၊ ဂျော်ဒန်၊ ယီမင် စသည့်နိုင်ငံများသို့ ကူးစက်သွားရာ၊ ယခုအခါတွင် ရေနံထွက်ရှိရာ နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ၊ အိုမန်၊ ကာတာ၊ ဘာရိန်း စသည့်နိုင်ငံများအပြင် အာဏာရှင် နိုင်ငံတနိုင်ငံဖြစ်သည့် ဆီးရီးယားနိုင်ငံတွင်လည်း ဆန္ဒပြမှုများ ဖြစ်ပွားနေပြီဖြစ်သည်။
ထိုဆန္ဒပြပွဲများကြောင့် တူနီးရှားနိုင်ငံကို နှစ်ပေါင်းများစွာအုပ်ချုပ်ခဲ့သည့် သမ္မတ ဘင်အလီ မိသားစု ဆော်ဒီအာရေဗျ နိုင်ငံသို့ ထွက်ပြေးခဲ့ရသကဲ့သို့ အီဂျစ် သမ္မတ ဗိုလ်ချုပ်ကြီး ဟော့စနီ မူဘာရက် လည်း ရာထူးမှ နုတ်ထွက်ပေးခဲ့ရသည်။
လစ်ဗျားနိုင်ငံတွင်လည်း ပြီးခဲ့သည့်လကတည်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြခဲ့ပြီး ရေနံထွက်ရှိရာ ဘင်ဂါဇီမြို့အပါအ၀င် မြို့များစွာ ကို အတိုက်အခံများက သိမ်းပိုက်ခဲ့သည်။ သမ္မတ ဗိုလ်မှူးကြီး ဂဒါဖီကမူ ၎င်းတို့အား သစ္စာဖောက်များဟု စွပ်စွဲကာ လေယာဉ်၊ တင့်ကား စသည့် လက်နက်ကြီးများ သုံးစွဲကာပြင်းထန်စွာ နှိမ်နင်းခဲ့သည်။
ထိုသို့ လေကြောင်း အားသာချက်ကိုယူပြီး အပြစ်မဲ့ ပြည်သူများကိုပါ သတ်ဖြတ်နှိမ်နင်းသည့်အတွက် လစ်ဗျားနိုင်ငံအပေါ် လေကြောင်း မပျံသန်းရေးဇုန်သတ်မှတ်ရန် ပြီးခဲ့သည့် မတ်လ ၁၇ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ် နိုင်ငံများက တိုက်လေယာဉ်များ၊ ဗုံးကြဲလေယာဉ်များ၊ ဒုံးပျံများ အသုံးပြုကာ ဗိုလ်မှူးကြီး ဂဒါဖီ သစ္စာခံတပ်များကို တိုက်ခိုက်နေပြီ ဖြစ်သည်။
ရန်ပိုင်
လေဘေးသင့် ရေလုပ်သား ၁၀၀၀ ခန့် မကယ်နိုင်သေး
လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ပင်လယ်ထဲတွင် မျောနေသော မြန်မာရေလုပ်သား ၁၀၀၀ ခန့် ကယ်ဆယ်ရန် ကျန်ရှိနေသေးကြောင်း မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က ယနေ့ ပြောသည်။
kawthaung01အဆိုပါ ရေလုပ်သားများနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ဦးထွန်းလွင်၏ ကိုယ်ပိုင် အင်တာနက် စာမျက်နှာ တွင် ရေးသားဖော်ပြထားခြင်း ဖြစ်သည်။
ပင်လယ်ထဲသို့ မျောသွားသူများသည် ကျိုက္ခမီ၊ ရေးနှင့် ကိုကိုးကျွန်းများအထိ မျောပါသွားခဲ့ကြကြောင်း၊ ယခု အချိန်အထိ လူ ပေါင်း ၁၀၀၀ ခန့်ကိုမူ ပြန်လည် ဆယ်ယူမရရှိသေးကြောင်း ၎င်း၏ သတင်း၌ ဖော်ပြထားသည်။
လေပြင်း တိုက်ခတ်မှုကြောင့် ရေလုပ်သားများ၏ လှေများ၊ ၀ါးဖောင်များသည် အနောက်တောင်ဘက်အရပ် ပင်လယ်ပြင်သို့ လွင့်မျောသွားခဲ့ပြီး ဟိုင်းကြီးကျွန်းတွင် လူ ၇၀၀ ခန့် သောင်တင်နေကြောင်းလည်း ဦးထွန်းလွင်က ဆိုသည်။  
တပ်မတော် ရေယာဉ်များက ရေလုပ်သား ၆၀၀ ခန့်ကို သော်လည်းကောင်း တခြားသော ငါးဖမ်း ရေယာဉ် များက လူ ၂၀၀ ခန့်ကို သော်လည်းကောင်း ဆယ်ယူ ရရှိခဲ့ကြောင်း သိရသည်။ 
ပြီးခဲ့သော မတ်လ ၁၉ ရက်နှင့် ၂၀ ရက်တွင် ပင်လယ်ပြင်၌ ငါးဖမ်းနေသည့် သင်္ဘာကြီးများက ကယ်တင်၍ ကော့သောင်းမြို့သို့ ရေလုပ်သား၂၀၀ ကျော် ပို့ဆောင်ခဲ့ပြီး ယမန်နေ့ကလည်း ၂၀ ခန့် ထပ်မံ ရောက်ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ယခုအခါ ရေလုပ်သားများကို ကော့သောင်းမြို့ရှိ အောင်သုခ ရပ်ကွက် အမှတ်(၁) အထက်တန်းကျောင်းတွင် အစိုးရအာဏာ ပိုင်များက ယာယီ နေရာချပေးထားပြီး လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။
ကော့သောင်းမြို့သို့ ရောက်ရှိလာသော ရေလုပ်သားများသည် ဧရာဝတီတိုင်း အတွင်းရှိ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ၊ မြောင်းမြ မြို့နယ်များမှ ဒေသခံများဖြစ်ပြီး အသက် ၂၀ ကျော်မှ ၅၀ ၀န်းကျင်ရှိကြောင်း ဒေသခံများက ပြောသည်။
ဒေသခံများပြောဆိုချက်အရ လာမည့် မတ်လ ၂၄ ရက်နေ့တွင် အာဏာပိုင်များက ၎င်း ရေလုပ်သားများကို ကော့သောင်း မြို့တွင် ပြေးဆွဲနေသော ခရီးသည်တင် သင်္ဘာများဖြင့် မိမိနေထိုင်ရာ ဒေသများသို့ ပြန်ပို့ရန် စီစဉ်ထားကြောင်း သိရသည်။
ရေလုပ်သားများသည် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်၌ ၀ါးဖောင်များဖြင့် ငါးဖမ်းနေစဉ် လေပြင်းမုန်တိုင်း တိုက်ခတ်မှု ဒဏ်ခံခဲ့ရပြီး ပင်လယ်ထဲ၌ မျောနေရာ ငါးဖမ်းယာဉ်များက တွေ့၍ ယခုကဲ့သို့ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ရေလုပ်သားများကို ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် ခဲ့ရာ ယနေ့အထိ တပ်မတော်(ရေ) စစ် ရေယာဉ်များ၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများက ရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်း ရေလုပ်သားများ အနက် ၃၁၅၂ ဦးကို သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါးကုသမှုများ၊ အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ကူညီ စောင့်ရှောက်ပေးထားကြောင်း ရေးသားထားသည်။ 
အာဏာပိုင်များက ကျန်ရှိနေသော ရေလုပ်သား ၂၀၀ ကျော်ကို မည်သည့်နေရာတွင် စောင့်ရှောက်ထားခြင်းနှင့် အသေးစိတ် ကိုမူ သတင်းစာ ၌ ဖော်ပြထားခြင်း မရှိပေ။
လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာ တနိုင်ငံလုံးတွင်လည်း လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း အပါအ၀င် မိုးသက်လေပြင်းများ တိုက်ခတ်မည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကလည်း မတ်လ ၁၄ ရက် နေ့က သတင်း ထုတ်ပြန်ထားသည်။
သန်းထိုက်ဦး