ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ်တွင် ကျရောက်သော ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာတော်ကို ထိုင်းအသံလွှင့်ဠာန(Thai PBS)တွင် သြဂုတ်လ (၁၈)ရက်နေ့ နံနက်(၈း၀၀ မှ ညနေ ၄း၀၀အထိ OKRSO မှကြီးမှူးကျင်းပခဲ့ပါသည်။ ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်သို့ ထိုင်းနိုင်ငံရောက်OKRSO ကရင်အဖွဲ့ ဝင်များ၊ ကရင်လူမှုအဖွဲ့ အစည်းများ၊ကရင့်ရိုးရာနှင့်ယဉ်ကျေးမှုဆိုင်ရာထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ များ ပအိုဝ့်တိုင်းရင်းသားလူငယ်များနှင့် တစ်ခြားသော မျိုးချစ်ကရင်လူငယ်လူထုများ တစ်ထောင်ခန့် တက်ရောက်ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော် အခမ်းအနားမှတ်တမ်းဓာတ်ပုံများကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။
Sunday, August 18, 2013
Wednesday, August 14, 2013
ကရင်သက္ကရာဇ် (၂၇၅၂)ခုနှစ် ဘန်ချလွန်ကရင့်ရိုးရာချည်ဖြူဖွဲ့  ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း
ကရင်သက္ကရာဇ် (၂၇၅၂) ခုနှစ် ကရင့်ရိုးရာချည်ဖြူဖွဲ့ မင်္ဂလာပွဲတော်အခမ်းအနားကို ၁၁၊၈၂၀၁၃ ခုနှစ်တွင် ထိုင်းနိုင်ငံဘန်ကောက်မြို့ ရှိ ဘန်ချလွန် ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
ကရင့်ရိုးရာ ချည်ဖြူဖွဲ့ မင်္ဂပွဲတော် အခမ်းအနား ဖြစ်မြောက်အောင် တာဝန်ယူ ဦးဆောင်ပေးသော မာန်ကျဝ်သန်းထွန်းလေးက အဖွင့် အမှာစကားပြောကြားပြီး ၊အခမ်းအနားမှူးအဖြစ် စောထီ့ဝါးမှ တာဝန်ယူကျင်းပပေးခဲ့ပါသည်။
ဧည့်သည်တော်အဖြစ် ထိုင်းဥပဒေအရာရှိ Mr.Surapong ကလည်း နုတ်ခွန်း ဆက်အမှာစကားပြောကြား ပေးခဲ့ပြီး ဒိန်းမတ်နိုင်ငံမှပြန်လည်ရောက်ရှိလာသော OKRSO ဥက္ကဌဟောင်း မန်းအာကာကျော်ကလည်း အဖွင့်မိန့် ခွန်းစကားများဖြင့် အသီးသီးပြောကြားခဲ့ပါသည်။
ကရင့်ရိုးရာချည်ဖြူဖွဲ့ လိပ်ပြာခေါ်ပွဲ မှာတော့ နာမည်ကြီးကရင်အဆိုတော် အဲမိက်မှ လိပ်ပြာခေါ်အစီအစဉ် (ပျူးလာ ပျူးလာ ပျူးလာ) ရွတ်ဆိုဆုတောင်းပေးမှုဖြင့် ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲ အစီအစဉ်ကို တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပါသည်။
အဲဒီနောက် ဖျော်ဖြေရေးအစီအစဉ်ဖြင့် အခမ်းအနားသို့  မြန်မာပြည်မှ နာမည်ကြီး ကရင် အဆိုတော်တစ်ချို့ နှင့် ထိုင်းနိုင်ငံမှ အဆိုတော်တစ်ချို့ လည်းလာရောက် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာယဉ်ကျေးမှု အနေဖြင့် OKRSO ကရင်လူငယ်ကျောင်းသားအဖွဲ့ မှ ကရင့်ရိုးရာ လိပ်ပြာခေါ်ဆိုပွဲအက ၊တောင်ယာဆူးထိုးအကဖြင့် သော်လည်းကောင်း ၊ OKCG ကရင်လူငယ်အဖွဲ့ ကလည်း ကရင့်ရိုးရာယဉ်ကျေးမှု အကဖြင့်အသီး သီးသွားရောက်ဖျော်ဖြေခဲ့ပါသည်။
OKRSO ဥက္ကဌဟောင်း မန်းအာကာကျော်မှ မိန့် ခွန်းနုတ်ဆက်စကားပြောကြားခြင်း
ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ
ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ
ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ
ဘန်ချလွန်လက်ချည်ပွဲပုံရိပ် များ
OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရိုးရာယဉ်ကျေးမှုဖြင့် ဖျော်ဖြေတင်ဆက်ခြင်း

OKRSO ကျောင်းသားလူငယ်အဖွဲ့ မှ ရန်ပုံငွေရှာဖွေခြင်း

Sunday, June 16, 2013
Subscribe to:
Posts (Atom)