Friday, October 16, 2009

အားတက်စေသည့်... စကားလုံးများ....

၁။ ခုအရေးကြီးတာတွေဟာ နောင်ကော အရေးကြီးဦးမှာလား

ကိုယ်လုပ်နေတာ၊ လုပ်ရမယ့်အလုပ်တွေက သိပ်အရေးကြီးနေတယ်လို့ထင်ရင် အချိန်ရွှေ့ ကြည့် လိုက်ပါ။ အခုကိစ္စတွေက နောင်တစ်နှစ်အကြာမှာ ဘာတွေဖြစ်လာမလဲ။ ဘယ်လိုဖြစ်လာမလဲ ဆိုတာမျိုး စဉ်းစားလိုက်တာကို အချိန်ရွှေ့တယ်လို့ခေါ်တာပါ။ အဲလိုရွှေ့ကြည့်လိုက်ရင် အရေးကြီးတယ်ဆိုတဲ့ ထင်နေတဲ့ ကိစ္စတွေဟာ အရေးမကြီးတော့တာကိုတွေ့ရပါမယ်။ ကားပျက်သွားတာ၊ မီးမလာတာ၊ ခြေထောက်ကျိုးသွားတာ၊ လူကြီးအဆူခံရတာ…စတဲ့အသေးအဖွဲတွေကို ကိုယ့်ရဲ့စိတ်ထဲ ထည့်မိလို့  စိတ်ရှုပ်ရတာ လူတိုင်းဖြစ်ဖူးမှာပါ။ အဲဒါတွေကြောင့်စိတ်ပင်ပန်းမခံပါနဲ့။ ကိုယ့်စိတ်ဓာတ်အင်အားကျဆင်းပါတယ်။ အရင်နှစ်တွေက ဖြစ်ရပ်တွေပြန်စဉ်းစားကြည့်ပါ။ အခုတော့ ဘာဖြစ်သေးလဲ။ ကြုံသမျှကို ပေါ့ပေါ့တန်တန် ဖြတ်ကျော်ဖို့ အဖြစ်ကလေးလုပ်ပြီး အချိန်ကုန်အောင်စောင့်နေဖို့ပြောတာမဟုတ်ပါဘူး။ အဲလိုလုပ်နေရင် အလုပ်ပြုတ်မှာပါပဲ။ လျှောမွှေးကို ဗာရာဏသီမချဲ့ဖို့ပြောတာပါ။ ဘ၀ကိုအရှိအတိုင်း လက်ခံဖို့ပြောတာပါ။ ပြသနာရှိရင်လဲ ရှိနေတယ်လို့ အသိအမှတ်ပြုလိုက်ပါ။ အသေးအမွှားကို အကြီးမချဲ့ဖို့ အရေးကြီးကြောင်း ပြောတာပါ။ စိတ်မကောင်းစရာ တွေကြုံလာရင်လက်ခံလိုက်ပါ။ ပြီးရင် ပိုကောင်းမယ့်နည်းလမ်းကို စဉ်းစားဖို့သာဖြစ်ပါတယ်။ ပြသနာကို ဒီလိုချဉ်းကပ်လိုက်တော့ စိတ်ဆင်းရဲတာလည်းနည်းပါးသွားမယ်။ အောင်မြင်ရေးလမ်းစတွေလဲ တွေ့ လာလိမ့်မယ်။

လောကကြီးဟာ မတရားပါလားလို့ တွေးမိရင် မတရားမှုဆိုတာလဲရှိတတ်တာပဲ။ ငါတောာ့ခံလိုက်ရပြီ။ ငါ့လိုခံလိုက်ရတဲ့လူတွေအများကြီးပဲလို့ တွေးလိုက်ပါ။ သူတို့အပေါ် ကိုယ်ချင်းစာစိတ်မွေးပြီး ကူညီဖို့ နည်းလမ်းတွေရှာကြည့်ထားရမယ်၊ဒါမှကြုံရင်ကူညီနိုင်မှာဆိုတာမျိုးတွေးပါ။

၂။ စိတ်ဖိစီးမှုကိုလျှော့ချပါ။

လောကမှာ ကပြောင်းကပြန်တွေတွေ့ ရတတ်ပါတယ်။ အလုပ်ပင်ပန်းလို့ စိတ်တင်းကျပ်နေတာကို တောင့်ခံထားတတ်တဲ့လူစားမျိုးကို ချီးမွမ်းချင်စိတ်ပေါ်လာတာမျိုးပေါ့။ ဖိစီးမှုဆိုတာ ၀န်ထုပ်ဝန်ပိုး ဖြစ်လာတတ် တာမို့  ကြာတော့ မနိုင်ဝန်ထမ်းမိတာဖြစ်လာတာပေါ့။ အဲဒီအခါမျိုးကျတော့လည်း ခံနိုင်ရည်အား တိုးမြှင့်ပေးသနားပါဆိုတာမျိုးတွေဖြစ်လာရော။ ဖိစီးမှုဆိုတဲ့ သဘောက ၀န်နဲ့အား၊ လေးနဲ့မြှား သဘောမျိုးမို့ များများခံနိုင်လေ များများထမ်းရလေပါပဲ။ ဒဏ်ခံနိုင်အားကို တိုးမြှုင့်ပေးတာဟာ ကုထုံးမဟုတ်ပါဘူး။ ၀န်ထုပ် ၀န်ပိုးတွေ များလာပြီလို့ သိလိုက်ရတဲ့အချိန်မှာ ကိုယ့်အရှိန် ကိုယ်လျှော့နိုင်ဖို့ပါပဲ။ လုပ်ရမယ့် စာရင်းတွေ ကြည့်လိုက်ပါ။ သိပ်များလွန်းနေရင် ဘယ်အချက်မှာလျှော့ပြီး လမ်းခိုးလျှောက် အသက်၀၀ရှုရမလဲဆိုတာ ကြည့်ပါ။ စိတ်ဖိစီးမှုဆိုတာ snow-ball effect ရှိပါတယ်။ နှင်းဖြူဖြူအခဲလေးကို လုံးပြီး ဆင်ခြေလျှောအတိုင်း ပစ်ချရင် လိမ့်ဆင်းရင်းဆင်းရင်းနဲ့ နှင်းခဲတွေထပ်ထပ်ကပ်ပြီး ကြာလေ အလုံးကြီးဖြစ်လာတတ်ပါတယ်။ အရွယ် ငယ်တုန်းမှာ ဖမ်းပြီး ရပ်တန့်လို့ရပေမယ့် အလုံးကြီးပြီး အရှိန်သိပ်ရလာတဲ့အခါမျိုးကြရင် သူ့ သဘော သူဆောင်တာကို ထိန်းဖို့ခက်ပါလိမ့်မယ်။ ဖိစီးမှုနဲ့ အလုပ်လုပ်ရတာ ထင်သလောက်ခရီးမရောက်ပါဘူး။ တွန်းအားတွေရှိမှ ပိုအလုပ်လုပ်ဖြစ်တယ်ဆိုတာမှာ အဲဒီတွန်းအားဟာmotivation ဖြစ်ပါတယ်။ Stress ရှိနေရင် အလုပ်ကောင်းကောင်း မထွက်ပါဘူး။ ခဏလောက် စိတ်လွတ်ကိုယ်လွတ် နားပြီး အပန်းဖြေလိုက်။ ဖိစီးမှုတွေ လျှော့ပြီး လုပ်ရကိုင်ရတာ ပိုပြီးတွင်ကျယ်လာတာတွေ့ လိမ့်မယ်။

၃။ သူမှန်တယ်လို့ သာ များများတွေး

"မှန်ကန်မှုကိုလိုလားတာလား၊ ကိုယ့်ကျေနပ်မှုကိုလိုလားတာလား"လို့  ကိုယ့်ကိုကိုယ် ပြန်မေးနေ သင့်တဲ့ မေးခွန်းပါ။ "အမှန်တရားဟာ ကိုယ့်အတွက် စိတ်ချမ်းသာစရာ ဖြစ်ချင်မှ ဖြစ်မယ်၊ ကိုယ်ကျေနပ်နေတဲ့ အဖြေဟာ အမှန်တရား ဖြစ်ချင်မှဖြစ်မယ်။"

မှန်တဲ့ဘက်ကပဲ ရပ်တည်နေရင် ပတ်ဝန်းကျင်နဲ့ ထိပ်တိုက်တွေ့ ရတာတွေ ရှိလာတတ်ပါတယ်။ ကိုယ်မှန်ရင် သူများက မှားရတော့မယ်။ ဒီတော့ မှားတယ်အပြောခံရတဲ့လူကလဲ အပြင်းအထန်ခုခံကာကွယ် တော့မယ်။ ကိုယ်ကလည်းပြန်ငြင်းရတော့မယ်။ သူတို့ ရဲ့အထင်မှား အမြင်မှားတွေကို ရွေးချယ်သန့်စင်ပေးဖို့  တာဝန်ကြီးရှိသလိုပုံစံမျိုးနဲ့ ဆုံးမရတော့မယ်။ ဒီလို တည့်မတ်ပေးလိုက်တဲ့အတွက် တဘက်လူမှာ အလိမ္မာတွေ တိုးပြီး ကိုယ့်ကိုကျေးဇူးတင်မယ်လို့  ထင်နေတယ်မလား။ မှားပါတယ်။ တက်တက်စင်မှားပါတယ်။ ကိုယ့်ကို အဲဒီလို တိုက်ခိုက်ချေချွတ်ခြင်းခံလိုက်ရတဲ့အခါမျိုးမှာ အဲဒီလိုကျေးဇူးတင်ဖူးလို့လား။ လူဆိုတာကိုယ်ကပဲ ဆရာကြီးလုပ်ချင်တာ၊ ကိုယ့်လာဆရာလုပ်ရင် မုန်းတတ်ကြတာ။ အမှန်တရားဆိုတာ ကိုယ်လက်ခံပြီး ရပ်တည်ပေးရမယ်ဆိုတာ မှန်ပါတယ်။ Yes, But ဆိုတာမျိုးနဲ့ ချဉ်းကပ်သင့်ပါတယ်။ ကိုယ့်ခံယူုချက်မပြောင်းဘဲ မေတ္တာထားပြီး အလျှော့ပေးကြည့်ပါ။ သူ့ ဘက်ကကြည့်ရင် မှန်ကောင်းမှန်နေလိမ့်မယ်လို့ တွေးကြည့်ပါ။

နောက်တစ်ခုကသည်းခံလိုက်ပါ။ သည်းခံတတ်ဖို့ဆိုတာ လေ့ကျင့်ယူရ၊ မွေးယူရပါတယ်။ ကိုယ်က စိတ်တိုတတ်တဲ့လူ၊ စိတ်ဆတ်တဲ့သူ ဆိုရင် "ငါးမိနစ်ကျင့်စဉ် "ကို စမ်းကြည့်ပါ။ စိတ်တိုမိတော့မယ်ဆိုတာနဲ့ ဒီငါးမိနစ်အတွင်း ငါဘာမဆိုသည်းခံလိုက်တော့မယ် ဆိုတာမျိုး ဆုံးဖြတ်လိုက်ပါ။ အဲဒီလို ငါးမိနစ်လေးပေါင်း များစွာ ဖြစ်လာရင် သည်းခံရဲတဲ့ အကျင့်ရလာပါလိမ့်မယ်။တော်ရုံတန်ရုံ သည်းခံနိုင်စွမ်းရှိလာရင်ပဲ အောင်မြင်မှု တွေရလာပါမယ်။ သေရေးရှုင်ရေးမဟုတ်တဲ့ အသေးအဖွဲလေးတွေမှာ သည်းခံနိုင်ဖို့က နှလုံးသွင်းတတ်ဖို့ လိုပါတယ်။ ဘယ်လိုလဲဆိုတော့" ဒါဟာ အသေးအဖွဲပဲ၊ သည်းခံလိုက်ရင်ရတယ်"လို့  နှလုံးသွင်းတတ်ဖို့ပါ။

၎။ ကိုယ့်ဘက်ကစလျှော့

တစ်ယောက်နဲ့တစ်တယောက် ခွန်းကြီးခွန်းငယ်တွေ ဖြစ်လာတဲ့အခါမှာ "ငါမှန်တာပဲ၊ ငါ့ဘက်က ဘာလို့ စလျှော့ရမှာလဲ၊ သူလာတောင်းပန်ပစေပေါ့ "ဆိုတာမျိုး သဘောထားတတ်ကြပါတယ်။ လာပြီးမတောင်းပန်သရွေ့ လည်း မကျေနိုင်မချမ်းနိုင် ဖြစ်ပြီး စိတ်ထဲမှာ အကျိတ်အခဲကြီးဖြစ်တတ်ပါတယ်။ ဒီအသေးအမွှားလေးကြောင့် ကိုယ့်စိတ်ထဲမှာ အနာတရဖြစ်နေရတာကို စဉ်းစားလိုက်ပါ။ သူလည်းပဲ စိတ်ဆင်းရဲနေမှာပဲ၊ ကိုယ့်ဘက်ကစပြီး လျှော့လိုက်ရတာ ဘာဝန်လေးတာမှတ်လို့  ဆိုတာမျိုး စဉ်းစားကြည့်လိုက်ပါ။ ငြိမ်းချမ်းမှုတစ်ခုအတွက် ခြေလှမ်းတစ်လှမ်း စလှမ်းလိုက်ရတာ ကောင်းတဲ့အလုပ်ပါ။ ကိုယ့်ဘက်ကလျှော့လည်း သူကတင်းမာနေမြဲပဲ ဆိုရင်ကော။ကိုယ့်ဘက်ကလျှော့လိုက်ရင် ကိုယ့်စိတ်ငြိမ်းချမ်းမယ်။ သူ့အပူ သူဆက်မွေးမမွေးဆိုတာ သူ့ တာဝန်၊ သူ့ အလုပ်ပါ။ အသေးအမွှားကိုမေ့တတ်ပြီး စိတ်ငြိမ်းချမ်းမှုကို တည်ဆောက်ယူနို်င်တာ ကိုယ့်အရည် အချင်း၊ ကိုယ့်အမြတ်ပါ။

၅။ ကိုယ့်ကိုယ်ကို မကန့်သတ်ပါနဲ့

ဒါကိုငါလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့ စကားဟာ "နံရံ" ဖြစ်ပါတယ်။လေးဘက်လေးတန် နံရံကြီးဖြစ် ပါတယ်။ ဒီနံရံကို ကိုယ်တိုင်တည်ဆောက်လိုက်တာပါ။ အပျက်သဘောနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်လိုက် တာပါ။မကန့် သတ်ပါနဲ့။ မလုပ်နိုင်ပါဘူး။ လုပ်ရင်လဲဖြစ်မှာ မဟုတ်ဘူးဆိုတာ ကိုယ့်စိတ်ကို ကန့်သတ်လိုက် တာပါ။ ကန့်သတ်လိုက်တာနဲ့ တပြိုင်နက် ဟိုတုန်းကကျရှုံးခဲ့တာတွေကိုပဲ ပြန်တွေးမိလျက်သားဖြစ်သွားမှာပါ
စာရေးဆရာဖြစ်ချင်ပေမယ့် ငါစာမရေးတတ်ပါဘူးလို့တွေးပြီး ဘာမှမရေးဖြစ်တဲ့လူတွေအပုံကြီးပါ

ကျွန်တော့အတွေ့ အကြုံအရပြောရရင် Computer စတဲ့ကျွမ်းကျင်မှုဆိုင်ရာတွေ လေ့လာတော့မယ်ဆိုရင် ကိုယ့်ထက်ပိုတော်တဲ့လူတွေကြည့်ပြီး "ငါကသူ့ လိုမတော်ဘူး၊ ဖြစ်မှာမဟုတ်ပါဘူးလို့" အားလျှော့ပြီး ဆက်မလုပ်ဖြစ်တာပါ။ အဲလိုလူတွေရှိတယ်ဆိုရင် အထိရောက်ဆုံးအကြံပေးပရစေ။ "ကိုယ်လုပ်မယ့်ပညာရပ်(သို့မဟုတ်) အလုပ်ကိုစိတ်ဝင်စားမှုအပြည့်နဲ့ တတ်မြောက်ချင်တယ်ဆိုတဲ့ထက်သန်စိတ်နဲ့ လူတိုင်းမွေးတည်းက မတတ်ဘူး၊ သူများလုပ်နိုင်ရင် ငါလဲလုပ်နိုင်ရမယ်ဆိုပြီး ဇွဲ ရှိရှိ ကြိုးစားပါ "။ ဒီစကားဟာကျွန်တော်လက်တွေ့ ကျင့်သုံးလို့အကျိုးရှိလို့ မိတ်ဆွေတို့ကိုပြောတဲ့ တန်ဖိုးရှိတဲ့စကားပါ။

နောက်တစ်ခုက ကျွန်တော့ကို လူတစ်ယောက်ကပြောဘူးတယ်။ "လောကမှာကိုယ့်ရဲ့စွမ်းအင်တွေ ကိုနှိမ်ထားတာ တစ်ယောက်ပဲရှိတယ်တဲ့၊ အဲဒါ မိမိကိုယ်တိုင်ပါပဲ "တဲ့။ စိတ်စေရာ ဖြစ်နေ၊ လှုပ်ရှားနေရတဲ့ လူ့ ဘ၀မှာကိုယ့်ရဲ့စိတ်စွမ်းအင်ကို ကောင်းကောင်းအသုံးချနိုင်တဲ့လူက တစ်နေ့မှာ သူဖြစ်ချင်တာတွေ ဖြစ်လာမှာပါ။
အကြောင်းပြချက်တွေအမျိုးမျိုးပေးပြီး ကိုယ့်ကိုယ်ကိုယ် ကန့်သတ်နေတာဟာ မိမိကိုယ်ကိုယ် ပြန်နှိပ်စက်နေ သလိုဖြစ်ပါလိမ့်မယ်။

၆။ အရှုပ်ထဲမှာရှင်းအောင်နေ

မုန်တိုင်းဆိုတာ လေပွေဝဲကတော့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ ရဲ့ဗဟိုချက်ဖြစ်တဲ့ Eye Of The Strom ဟာလုံးဝငြိမ်နေပါတယ်။ အရှုပ်အထွေးကြားမှာ အေးဆေးတည်ငြိမ်စွာနေလို့ရတဲ့ နေရာရှိသေးတယ်ဆိုတဲ့ သဘောကိုတွေးယူပါ။ လူမှုလောကရဲ့ ပြသနာအရှုပ်အထွေးကြားမှာ တည်ငြိမ်အေးချမ်းတဲ့နေရာကို လေ့ကျင့်ယူ ရပါတယ်။ ရှာချင်စိတ်လဲရှိနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ရင်းနဲ့ဘာအရှုပ်အထွေးနဲ့ကြုံကြုံ ခေါင်းအေးအေးနဲ့ နေနိုင်လာတာတွေ့ လာမယ်။ မုန်တိုင်းအလယ်မှာ နေထိုင်နည်းကိုရလာမယ်။

၇။ ရေထဲက ငါး၊ ပိုက်ထဲက ငါး

စိတ်ရောဂါ အတိုင်ပင်ခံတွေဆီ ရောက်လာကြတဲ့ "လူနာ " အများစုဟာ ကိုယ်လုပ်နိုင်တာထက် ကိုယ်လုပ်ချင်တာအပေါ် ပိုပြီး အာရုံရောက်နေကြတဲ့သူတွေပါ။ "လောဘအရင်းခံတဲ့ အပျက်စိတ်ပါပဲ။" မရောင့်ရဲ တတ်တဲ့လူဟာ ဆင်ကိုမျိုချင်တဲ့ မြွေလိုပဲဆိုတဲ့ရှေးစကားတစ်ခုရှိပါတယ်။ လောဘနောက်ကိုလိုက်ရင်း လိုက်ရင်းနဲ့လုပ်ချင်တာ၊ လိုချင်တာ၊ ဖြစ်ချင်တာတွေများပြီး ကြာတော့လောကကြီးကို အပျက်မြင်လာတဲ့ မပျော်ရွှင်သူကြီးဖြစ်လာပါတယ်။ ကိုယ့်မှာတကယ်ရှိတာကို အာရုံစိုက်လိုက်ရင်ဒီပြသနာရှင်းသွားပါတယ်။ ကိုယ့်ချစ်သူကိုမကျေနပ်ဖြစ်လာရင် သူ့ ကောင်းကွက်ကလေးကိုတွေးကြည့်ပါ။ နိုင်ငံခြားကကျောင်း မတက်နိုင် သေးရင် တက်နိုင်တဲ့သင်တန်းအရင်တက်ပါ။ ၀င်ငွေနည်းတယ်လို့ ထင်ရင် အလုပ်ရှိတာတော်သေးတယ်လို့ တွေးပါ။ အလုပ်က စိတ်ပျက်စရာကောင်းတယ်၊အောက်တန်းကျတယ်လို့ ထင်ရင် အဲဒီအလုပ်ကိုပဲ စိတ်ဝင်တစားနဲ့ ကောင်းကောင်းလုပ်ကြည့်ပါ။

ရေထဲကငါးဟာ ကိုယ့်ဟာမဟုတ်၊ ပိုက်ထဲက ငါးသာကိုယ့်ငါး ဆိုတဲ့သဘောကို နားလည်နိုင်ပါစေ။

၈။ ရောက်ရာအရပ်မှာပျော်အောင်နေ

ဘ၀ဆိုတာ မျှော်လင့်ချက် တစ်ခုပြီးတစ်ခု ကူးပြီးရှင်သန်နေတာဖြစ်တယ်လို့ ပြောကြတယ်။ ပညာရှိ တစ်ဦးကတော့ ဘ၀ဆိုတာ မျှော်လင့်ချက်အိမ်မက်တွေမက်ရင်း လုပ်ရပ်တစ်ခုမှတစ်ခု ကူးပြောင်းသွားတာလို့ ဆိုတယ်။ There will be a better tomorrow. ဆိုတဲ့စကားမျိုးဟာ မျှော်လင့်ချက်နဲ့ ရှင်သန်လိုစိတ်ကို တွန်းအားပေးပါတယ်။ လူဆိုတာ တစ်နေ့တော့ ကောင်းလာမှာပါ။ Someday something will turn up. ဆိုတဲ့ မျှော်လင့်ချက်မျိုးကိုထားကြစမြဲပါ။တစ်ချို့ ကအဲဒီလိုကောင်းလာဖို့ ပြင်ဆင်မှုတွေလုပ်ကြတယ်။ တစ်ချို့ကြတော့ ကံကောင်းလာဖို့ ကိုပဲ ထိုင်စောင့်နေတတ်ကြတယ်။

ဘာပဲဖြစ်ဖြစ် အခုလက်ရှိအဆင့်ကိုတော့မေ့လို့မရဘူး။ လက်ငင်းအခြေအနေမှာ ပျော်အောင်တတ်မှ ရှေ့ ဆက်ဖို့ အားအင်တွေရှိလာမယ်။ကိုယ်တကယ်နေထိုင်ရတာ ပစ္စုပန်ဘ၀အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ မပျော်ဘဲ နောက်အဆင့်ကျမှ ပျော်မယ်လို့ ဆုံးဖြတ်ထားတဲ့လူဟာ မပျော်ရဖို့ များပါတယ်။ လက်ရှိကိုယ့်ဘ၀ အဆင့်ကို မွေ့ လျော်စိတ်နဲ့ ဖြတ်သန်းရင်း ရှေ့ ဆက်တက်ဖို့ ကြိုးစားတာပဲကောင်းပါတယ်။

၉။ လုပ်တတ်ဖို့ လိုသည်

Don't work harder, work smarter ဆိုတဲ့ စကားလေးက တိုတိုနဲ့  တော်တော်တာသွားပါတယ်။ ဆန်စဉ်ရာကျည်ပွေ့ လိုက်နေရရင် ကြုံတာတွေအာလုံး ကောက်လုပ်နေရရင် လူတော်မဖြစ်ဘဲ၊ လူလျှော်ဖြစ် သွားမယ်။
ဘာအရေးကြီးဆုံးလဲ စဉ်းစား၊
ဘယ်ဟာကို ဘယ်အချိန် အပြီးလုပ်ရမလဲ ဆုံးဖြတ်၊
အချိန်ဇယားဆွဲ၊
လုပ်စရာရှိတာကိုဘယ်လိုလုပ်ရမလဲ၊ ဘယ်သူ့ တွေကို တာဝန်ခွဲဝေထမ်းဆောင်ခိုင်းမလဲ၊
အနှောင့်အယှက်တွေကို စိတ်မာမာနဲ့ ရင်ဆိုင်ငြင်းဆို၊

အဲဒီလို လုပ်ရာမှာ အလုပ်ပိုတွင်မယ့်ခေတ်ပေါ်ပစ္စည်းကိုသုံး။
အဲဒါမျိုးကို Smart Working လို့ ခေါ်တယ်။

၁၀။ ရေးကြီးခွင်ကျယ်ကိုရှောင်..ဘ၀ဆိုတာ အရေးပေါ်လုပ်ငန်းမဟုတ်

လူတော်တော်များများဟာ အလုပ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်ပြီးအလုပ်နဲ့ပဲ လုံးထွေးရစ်ပတ်ပြီး မိသားစု ကိုမေ့ထားတတ်ကြတယ်။ဘ၀မျှော်မှန်းချက်တွေကိုနေ့စဉ်လုပ်ငန်းနဲ့ဖုံးဖိတတ်တယ်။လုပ်စရာတွေပေါ်လာတိုင်း လိုက်ဖြေရှုင်းရင်းနဲ့  စိတ်ငြိမ်ဆေးတွေ သောက်ပြီး ရပ်တည်ရတဲ့ဘ၀ကိုရောက်ရတယ်။ ကျွန်တော် အပါအ၀င် ဘယ်သူမဆို အသေးအဖွဲကို ပုံကြီးချဲ့ ဖူးကြတာပါပဲ။ အနီးကပ်အသေးအဖွဲကိုပဲမြင်တတ်ရင် အရှည်အဝေးကို မေ့တတ်ပါတယ်။ သစ်ပင်ကိုပဲဂရုစိုက်နေရင် သစ်တောကိုမေ့သွားလိမ့်မယ်။ ပေါ့ပေါ့ပါးပါး အေးအေးချမ်းချမ်း နေတတ်ဖို့ ကြိုးစားသင့်ပါတယ်။ အားလုံးအရေးကြီးတယ်ဆိုတဲ့  အဖြစ်မျိုးကို ပြန်စစ်ဆေးသင့်ပါတယ်။ တချို့ အသေးအဖွဲတွေကို အသေးအဖွဲလို့ပဲ မြင်တတ်အောင်ကြိုးစားပါ။ လမ်းတွေ့ သမျှကို လိုက်ကြည့်ပြီး စိတ်ဝင်တစား လုပ်နေရင် လိုရာခရီးမရောက်ဘူးဆိုတာ သတိရပါ။

၁၁။ ကိုယ့်ဘ၀ထဲမှာ ပေါက်စတွေကော၊ အရွယ်အိုတွေရောရှိနေတာ တွေးကြည့်ပါ

ဒီနည်းလမ်းကတော့ သူတပါးအပေါ်မှာ မကျေနပ်စိတ်တွေ ပေါ်လာတဲ့အခါမှာ အောင်အောင်မြင်မြင် သုံးနိင်တဲ့ နည်းဖြစ်ပါတယ်။ ကိုယ့်အပေါ် စိတ်ဒုကပေးနေတဲ့တစ်စုံတစ်ယောက်ကို ကလေးပေါက်စ တစ်ယောက် အဖြစ် စိတ်ကူးထဲမြင်အောင်ကြည့်လိုက်ပါ။ ဘာမှမသိသေးတဲ့ လူမမယ်လေးပေါ့။ ပြီးရင်အဲဒီလူကိုပဲ နောက်ထပ် နှစ်ရှစ်ဆယ်လောက် ထည့်ပေါင်းပြီး လူအိုကြီးတစ်ယောက်အသွင် မြင်ကြည့်လိုက်ပါ။ ကလေးဆိုတာ ဘာမှမသိ လို့မှားကြတာ၊ လူအိုကြီးတွေကျတော့ အတိတ်ကမှားခဲ့တာကိုတွေးပြီး ၀မ်းနည်းကြေကွဲနေတာ။ အဲဒီလို တွေးကြည့်ရင်မေတ္တာစိတ်တွေ စီးဝင်လာပါလိမ့်မယ်။ခွင့်လွှတ်နိုင်လာပြီး စိတ်နှလုံးအေးချမ်းသွားပါလိမ့်မယ်။ အပျက်စိတ်တွေ၊ ဒေါသတွေပေါ်လာရင် ဒီလို ကုစားကြည့်ကြပါ။


mail မှလာသောစာတစ်စောင်မှအသုံးဝင်မည်ထင်ပြီးတင်လိုက်ခြင်းပါ.....

OKRSO'S မိသားစု

Tuesday, October 13, 2009

ဘန်ကောက်စက်ရုံလုပ်သားများ ကထိန်သင်္ကန်းကပ်လှူ














ဘန်ကောက်မြို့ရှိ မြန်မာဒကာ၊ ဒကာမများစုပေါင်း၍ ယမန်နေ့က ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် ကထိန်သင်္ကန်းကပ်ပွဲကို အကြီးအကျယ် ကျင်းပနိုင်ခဲ့သဖြင့် နောက်လာမည့် မြန်မာစာသင်သားရဟန်းတော်များအတွက် လမ်းပွင့်သွားစေကြောင်း အဆိုပါကျောင်းတိုက်မှ စာသင်သား သံဃာတဦးဖြစ်သည့် ဦးကုဏ္ဍလက မိန့်ကြားသည်။

“ဦးဇင်းတို့ မြန်မာစာသင်သား ရဟန်းတော်တွေအနေနဲ့ ဘန်ကောက်မှာ စာလာသင်တဲ့အခါ နေထိုင်ရေးက အရမ်းအခက်အခဲ ဖြစ်ခဲ့ကြပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မြန်မာစာသင်သား သံဃာတော်များကို နေထိုင်ခွင့်ပေးတဲ့ ကျောင်းတိုက် အတော်ရှားပါတယ်။ အခုဒီ ၀ပ်တလုံးဆရာတော်ကြီးကတော့ မြန်မာစာသင်သား ရဟန်းအများအပြားကို နေထိုင်ခွင့် ပေးထားတဲ့အပြင် မြန်မာဒကာ၊ ဒကာမတွေရဲ့ ကထိန်ပွဲပြုလုပ် လှူဒါန်းခွင့်ကိုလည်း ခွင့်ပြုပေးခဲ့တဲ့အတွက် ဦးဇင်းတို့ လက်ထက်သာမက နောင်လာမယ့် မြန်မာစာသင်သား ရဟန်းတော်တွေအတွက်ပါ အလားအလာကောင်းတွေ ရှိသွားစေတာ ဖြစ်ပါတယ်” ဟု အဆိုပါသံဃာတော်က မိန့်ဆိုသည်။

မြန်မာစာသင်သား ရဟန်းတော်များသည် သီရိလင်္ကာ၊ အိန္ဒိယ၊ နိပေါနှင့် ထိုင်းနိုင်ငံတို့တွင် အများဆုံး စာပေသင်ကြားနေကြရာ ထိုင်းနိုင်ငံတွင် မြန်မာဘုန်းကြီးကျောင်း မရှိခြင်းကြောင့် သီတင်းသုံးနေထိုင်ရေးအတွက် အခက်တွေ့ကြရသည်။

“ဒီမှာက မြန်မာဘုန်းကြီး ကျောင်းထိုင်တဲ့ကျောင်း မရှိသေးဘူး။ ဦးဇင်းတို့အနေနဲ့ မဟာချူလာလောင်ကွန် ဗုဒ္ဓတက္ကသိုလ် တက်ခွင့်ရပေမယ့် နေထိုင်ရေးကျတော့ အခက်တွေ့ကြရတယ်။ ၀ပ်တလုံးဆရာတော်ကြီးက အရိပ်ခိုလှုံခွင့်ပေးထားလို့သာ အခုလို မြန်မာရဟန်းတော်တွေ များများစုဝေး သီတင်းသုံးခွင့်ရခဲ့ကြတာ” ဟု ဦးပညာက မိန့်ဆိုသည်။

ဘန်ခဲ ၀ပ်တလုံးကျောင်းတိုက်တွင် မြန်မာစာသင်သားရဟန်းတော် (၅၂) ပါးအပြင် ကမ္ဘောဒီးယား၊ လာအို၊ ဘင်္ဂလားဒေရှ့်မှ စာသင်သား ရဟန်းများကို ကျောင်းထိုင်ဆရာတော်ကြီးက နေထိုင်ခွင့်ပြုထားသည်။

ဝပ်တလုံးကျောင်းထိုင်ဆရာတော် ဖရမဟာဘုန်းထိန်ဇုတိနြေ္ဓာက “ထိုင်း၊ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုဆိုတာ နိုင်ငံတွေ ကွဲပြားနေပေမယ့် ဗုဒ္ဓဘာသာဝင်တွေ အများဆုံးရှိနေကြတာမို့ ဘုန်းကြီးအနေနဲ့ကတော့ အားလုံးဟာ အတူတူပဲလို့ မြင်မိတယ်” ဟု မိန့်ဆိုသည်။

မြန်မာစာသင်သားရဟန်းအများအပြား သီတင်းသုံးနေသည့် အဆိုပါကျောင်းတိုက်တွင် ယမန်နေ့က ဖလန်ဆန်စာထုပဒီ၊ ဖုထပူချာ (၄၄)၊ ဖိကာစင် ၆၂/၁ စသည့် အထည်ချုပ်စက်ရုံ (၃) ရုံမှ မြန်မာလုပ်သားများ ဦးဆောင်၍ ကထိန်သင်္ကန်းကပ်လှူပွဲ ကျင်းပရာ မြန်မာ ဒကာ၊ ဒကာမ (၁,၀၀၀) ခန့် လာရောက်လှူဒါန်းခဲ့ကြသည်။

“အရင်က ကျနော်တို့အနေနဲ့ လှူချင်တန်းချင်ရင်တောင် အခက်အခဲတွေရှိခဲ့ပါတယ်။ အခုတော့ ဒီကျောင်းမှာ မြန်မာသံဃာတွေလည်းရှိ၊ ဆရာတော်ကလည်း ခွင့်ပြုဆိုတော့ ပထမအကြိမ် ကထိန်သင်္ကန်းကပ်ပွဲ လုပ်နိုင်ခဲ့ကြတာပါ။ အလုပ်သမားတွေမှာ အလုပ်လုပ်ခွင့်ကတ်ရှိပေမယ့် နယ်ကျော်အခက်အခဲရှိပါတယ်။ ဒါပေမယ့် အဖမ်းအဆီးမရှိအောင် ၀ပ်တလုံးဆရာတော်က စီစဉ်ပေးခဲ့တဲ့အတွက်လည်း ဒီလောက်များများစားစား လာရောက်နိုင်ကြတာပါ။ ဒီလောက် လူများလိမ့်မယ်လို့ ကျနော်တို့ ထင်မထားခဲ့ဘူး”ဟု ကထိန်ပွဲဖြစ်မြောက်ရေး ဦးဆောင်စီစဉ်ခဲ့သူတဦးဖြစ်သည့် ကိုရေချမ်းက ပြောသည်။

အထည်ချုပ်စက်ရုံများမှ မြန်မာလုပ်သားများဦးဆောင်သော ကထိန်သင်္ကန်းကပ်ပွဲတွင် ဘတ်ငွေ (၁၃၀,၀၀၀) ကျော် လှူဒါန်းနိုင်ခဲ့ကြပြီး ငါးထပ်ကျောင်းဆောင် တည်ဆောက်ရေးအတွက်လည်း ဘတ်ငွေ (၂၄,၀၀၀) ကျော် လှူဒါန်းခဲ့ကြသည်။

“ကျနော်တို့ရဲ့ ချွေးနဲစာလေးတွေထဲက တလလောက်ကြိုစုပြီး လှူဒါန်းခဲ့ကြတာပါ။ အခုလို လှူဒါန်းခွင့်ရတဲ့အတွက် အများကြီး ပီတိဖြစ်ရပါတယ်။ နောက်နှစ်တွေမှာလည်း ဆက်လုပ်ဖြစ်သွားအောင် ကြိုးစားကြမှာပါ။ ကျနော်တို့ စက်ရုံတွေက တလတခါလည်း ဆွမ်းကပ်နေပါတယ်။ နောက်ပြီး မြန်မာအလုပ်သမတွေစုပေါင်းပြီး ဓမ္မစင်္ကြာ ၀တ်အသင်းလည်း ဒီကျောင်းကို အခြေပြုပြီး ဖွဲ့ထားနိုင်ပါပြီ” ဟု စက်ရုံလုပ်သားတဦးက ပြောသည်။

ခေတ်ပြိုင်မှကိုးကားသည်။

လေ့လာရေးခရီးမှတ်တမ်း (Bangkok)

အောက်တိုဘာ (၁၁)ရက် ၊၂၀၀၉

OKRSO Sunday Language မှကျောင်းသူ၊ကျောင်းသားများနှင့်ဆရာ၊ဆရာမများ ဘန်ကောက်မှာရှိတဲ့နာမည်ကြီးဘုရားကျောင်းနှင့်ဘုန်းကြီး ကျောင်းတွေကို လေ့ လာရေး
ခရီးစဉ်တစ်ခုအဖြစ်သွားခဲ့ကြပါတယ်။
ကျောင်းခဏလေးရပ်နားတဲ့အချိန်မှာ ဗဟုသုတလည်းရအောင် ၊ အမြင်လည်းလန်းဆန်းအောင်သွားခဲ့ကြခြင်းလည်းဖြစ်ပါတယ်။

လေ့လာရေးခရီးမှတ်တမ်းဓာတ်ပုံများကိုအောက်မှာကြည့် ရှုနိုင်ပါတယ်......
















































































Saturday, October 10, 2009

ရပ်ကွက်မှူးများ အိမ်ထောင်စုလူဦးရေစာရင်း လာရောက်ကောက်ခံခဲ့

အောက်တိုဘာလ ၁၀ရက်။ နော်ဖြူသင်း (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရပ်ကွက်များတွင် ယခင်လဆန်းပိုင်းမှစ၍ လူဦးရေစာရင်းများကို အိမ်တိုင်းစေ့ လိုက်လံကောက် ယူခဲ့သည်ဟု သိရသည်။

သက်ဆိုင်ရာ ရပ်ကွက်မှူးများသည် ၎င်းတို့ရပ်ကွက်ရှိ နေအိမ်များသို့ သွားရောက်ကာ အိမ်ထောင်စုစာရင်းတွင် ပါရှိသည့် အိမ် သားများ၏ အမည်၊ အသက်နှင့် လူဦးရေ အရေအတွက်တို့ကို မေးမြန်းရေးမှတ်သွားကြောင်း ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက် တွင် နေထိုင်သူတဦးက ပြောပြခဲ့သည်။


သို့သော် ယင်းသို့ကောက်ခံရသည့် အကြောင်းရင်းကိုမူ ရပ်ကွက်မှူးများက တိတိကျကျ ပြောဆိုနိုင်ခြင်းမရှိဘဲ အထက်မှ ညွှန် ကြားချက်ကြောင့်သာဖြစ်ကြောင်း ရပ်ကွက်သားများကို ပြန်လည်ဖြေကြားခဲ့သည်ဟု အမှတ်(၉)ရပ်ကွက်မှ အမျိုးသမီးတဦးက ယခုလို ပြောသည်။

“ကျမတို့က မေးတာပေါ့။ ဘာအတွက် ကောက်တာလဲလို့။ အဲဒါကို ရပ်ကွက်မှူးက မသိဘူး အထက်က ကောက်ခိုင်းလို့ လာ ကောက်ရတာလို့ပဲပြောတယ်။ တချို့အိမ်တွေက သူတို့သားသမီးတွေ တောင်ပေါ်(ထိုင်းနိုင်ငံ)မှာ သွားပြီး အလုပ်လုပ်ကြတာ ရှိတယ်လေ။ ဒါပေမဲ့ သူတို့က လူဦးရေစာရင်း လာကောက်ရုံသက်သက်ပဲ။ အိမ်သားတွေအားလုံး ရှိမရှိကိုတော့ ဘာမှမမေး သွားဘူး”ဟု ဆိုသည်။

ယခုလို လူဦးရေစာရင်း လာရောက်ကောက်ခံခြင်းကို သြဂုတ်လကုန်ပိုင်းကစ၍ သက်ဆိုင်ရာ အာဏာပိုင်များက စတင်လုပ် ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့် တိုင်းအသီးသီးတွင်ရှိသည့် လူဦးရေစာရင်းများကို ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နေပြည် တော်သို့ ပို့ဆောင်ရန်ဖြစ်သည်ဟုလည်း ပြောဆိုနေကြသည်။


Tuesday, October 6, 2009

mail မှလာသောစာတစ်စောင်

Serious Thinking


2009/9/27 ရက်စွဲနဲ့ စာဖတ်သူတဦးရဲ့ အကြံပြုချက်ကို အခြေပြုပြီးဆွေးနွေးတင်ပြလိုက်
ပါတယ်။ အမည်နဲ့ email လိပ်စာကိုတော့ လျှို့ဝှက်ထားပါတယ်။

စာဖတ်သူတဦးထံမှ အကြံပြုစာ

"ကျွန်တော်တို့ တိုင်းပြည်မှာ အင်ဂျင်နီယာတွေ၊ Scientists တွေ၊ ရူပဗေဒပညာရှင်တွေ ပိုလိုအပ်နေပါတယ်။
ဒါပေမယ့်ဆရာဝန်တွေသာဖြစ်ချင်တဲ့သူများနေတာတော့ ၀မ်းနည်းစရာပါ။ စာတော်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ အယူအဆမှားကြီးကလည်းလူတိုင်းမှာ ရှိနေတာတော့မကောင်းဘူးဗျာ။
အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်ထွက်လာကြပါစေဗျာ။ ဒီလို မေးတွေပို့မဲ့အစား လူတွေကို ပညာပေးနိုင်တဲ့မေးလ် မျိုးပို့ကြပါလား။"

Serious Thinking မှ ပြန်ကြားချက်

အကြံပေးတာကျေးဇူးတင်ပါတယ်။ ပညာပေးနဲ့ ပတ်သက်ပြီး မြန်မာပြည်သူအများစုအကျိုးရှိမယ့် ဘယ်လိုအကြောင်းအရာမျိုးပို့သင့်တယ်ဆိုတာ
အကြံပေးစေချင်ပါတယ်။ ကြိုးစားပြီးတင်ပြသွားပါ့မယ်။ အချိန်အခက်အခဲကြောင့် လူနည်းစုဘဲ အကျိုးရှိမယ့် နည်းပညာပိုင်းဆိုင်ရာမျိုးကိုတော့ မတင်ပြနိုင်တာ နားလည်ပေးစေချင်ပါတယ်။

လူကြီးမင်းရဲ့ ယူဆချက်ဖြစ်တဲ့ ပညာရှင်တွေလိုအပ်နေတယ် ဆိုတာကို အားလုံးက သဘောတူကြမှာပါ။ စာတော်သူတိုင်းဆရာဝန်သာဖြစ်ရမယ်ဆိုတဲ့ အယူအဆကိုလဲ လူကြီးမင်းလိုဘဲ ကျွန်တော်တို့လဲလက်မခံပါဘူး။ ဒါပေမယ့် ဒီပြဿနာနှစ်ခုစလုံးရဲ့ အရင်းအမြစ်ကိုတော့ တူးဆွကြည့်ဖို့လိုပါပြီ။ ပြီးရင်လဲ တိုင်းပြည်အတွက် ၀ိုင်းဝန်းအဖြေရှာကြဖို့ တိုက်တွန်းချင်ပါတယ်။ တိုင်းပြည်ကောင်းမှ အားလုံးသာတူညီမျှကောင်းစားကြမှာပါ။ လွယ်ကူတဲ့အဖြေမရှိဘူး ဆိုတာတော့ ကြိုပြောထားပါရစေ။

မြန်မာပြည်မှာ ဒီလိုပညာရှင်တွေ မရှိတာမဟုတ်ပါဘူး။ ထူးချွန်တဲ့ မြန်မာပြည်ဖွား ပညာရှင်တွေ နိုင်ငံတကာမှာ ပြန့်ကျဲနေပါတယ်။ အမေရိကန်ရဲ့ နာမည်ကျော် CDC ဓါတ်ခွဲခန်း, ဆွစ်ဇလန် ဂျီနီဗာက WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချူပ်၊ ကုလသမဂ္ဂရုံးချုပ်၊ ကမ္ဘကျော်တက္ကသိုလ်ကြီးတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာပညာရှင်တွေ။ .... အာရှ၊ ဥရောပ၊ အမေရိက၊ သြစတြေးလျ တိုက်ကြီးတွေရဲ့ နိုင်ငံပေါင်းစုံမှာ အောင်မြင်နေတဲ့ မြန်မာ ရူပဗေဒပညာရှင်တွေ၊ အင်ဂျင်နီယာတွေ၊ ဆရာဝန်တွေ၊ ဓါတုဗေဒပညာရှင်တွေ၊ သိပ္ပံပညာရှင်တွေ၊ စီးပွားရေးပညာရှင်တွေ တော်တော်များနေပါပြီ။ သူတို့ထဲမှာ အသက် ၇၀ ကျော် အရွယ် ကနေ မနေ့တနေ့က ကျောင်းဆင်းခဲ့တဲ့ ပညာရှင်အထိတွေ့ရပါတယ်။ ဘာကြောင့်သူတို့ပြည်ပထွက်လာကြတာလဲ။ တိုင်းပြည်ကို မချစ်ဘူးလို့ ပစ်စလက်ခတ် မစွပ်စွဲလိုက်ပါနဲ့။ တိုင်းပြည်ကချစ်တာကို မခံရလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။

တချို့က ပညာကို အာဏာလောက်၊ ဥစ္စာလောက် တန်ဖိုးထားမခံရဘူး။ ဆရာဝန်တယောက်၊ အင်ဂျင်နီယာတယောက်၊ စီးပွားရေးပညာရှင်တယောက်၊ သိပ္ပံပညာရှင်တယောက်ဟာ မြန်မာပြည်မှာ ထိုက်တန်တဲ့ ချီးမြှင့်မှု၊ လေးစားမှု၊ တန်ဖိုးထားမှု ရဖို့ခဲယဉ်းနေပါပြီ။ အာဏာပိုင်အဖွဲ့အစည်းကအစ အရပ်ထဲကသာမန်လူအဆုံး ပညာရှင်တွေကို အကျင့်ပျက်လာဘ်စား (corrupt) တဲ့ စစ်ဗိုလ်တယောက်လောက်၊ အကောက်ခွန်ဝန်ထမ်းလောက်၊
ဓါတ်ဆီဆိုင်ဝန်ထမ်းလောက် အထင်မကြီးကြတော့ဘူး။ လူအများက ငွေနဲ့ အာဏာကိုပဲ ကြည့်ပြီးချီးမွမ်းအားကျနေကြတာ ၀မ်းနည်းစရာအဖြစ်မှန်ပါ။

ပညာမတတ်တဲ့ လူလည်ဖျံကျ ၀ိသမသမားတွေက တိုက်ဆောက်ကားစီး ဘီယာသောက်နေတဲ့ အချိန်မှာ တသက်လုံးကြိုးစားလာရတဲ့ ပညာရှင်တွေက ဘတ်စ်ကားတိုးစီးနေရတယ်။ တချို့ဆရာဝန်လေးတွေဆို အစိုးရပေးတဲ့ တလ ၈၀၀၀၀ နဲ့ မလောက်လို့ ညနေဘက်မှာ ဆေးခန်းကို ပြေးပြီးငွေရှာနေရတယ်။ လုပ်သက်နှစ် ၂၀ လောက်ရှိတဲ့ ကျောင်းအုပ်ကြီးတဦးရဲ့လခဟာ မနေ့ကကျောင်းဆင်းတဲ့ စစ်တိုက်စရာမလိုတဲ့
ဗိုလ်တယောက်ရဲ့ လခထက်နည်းပါတယ်။ တခြားအခွင့်အရေးတွေကလည်း အပြတ်အသတ်ကွာပါတယ်။ ဒါတင်ပဲလား။ မပြီးသေးပါဘူး။

လုပ်ငန်းခွင်ထဲမှာ ကြည့်ပါ။ အတွေ့အကြုံရင့် ပညာရှင်တွေက အောက်ပိုင်းရာထူး၊ ဒီပညာတွေကို လုံးစေ့ပတ်စေ့နားမလည်တဲ့ စစ်ဗိုလ်တွေက ထိပ်ပိုင်းနေရာတွေမှာ ။ ဒီပညာရှင်တွေရဲ့ အတတ်ပညာကိုလည်း အသုံးချဖို့ စီမံကိန်းတွေက မရှိ။ စီးပွားရေးစီမံခန့်ခွဲမှုညံ့ဖျင်းမှုကြောင့် တိုင်းပြည်စီးပွားရေးကလဲ အရှိန်အဟုန်နဲ့ တရစပ်ထိုးကျနေပါတယ်။ ဒီတော့ပညာရှင်တွေအတွက် ထိုက်တန်တဲ့ အလုပ်အကိုင်တွေကမရှိ။

ဒီလောက်ဆိုရင် ပညာရှင်တွေလိုအပ်နေတယ်ဆိုတဲ့ ပထမပြဿနာရဲ့အရင်းအမြစ်ကို မြင်နိုင်လောက်ပြီထင်ပါတယ်။

လူကြီးမင်းရဲ့ ဒုတိယအချက်ကို ဆက်ဆွေးနွေးပါမယ်။

စာတော်တဲ့သူတွေကို မိဘတွေက ဆရာဝန်အင်ဂျင်နီယာပဲ ဖြစ်စေချင်နေကြတယ်။ ဘာကြောင့်လဲ။ အဖြေက ရိုးရိုးလေးပါ။ လူတွေဟာ မိမိဘ၀တိုးတက်ဖြစ်ထွန်းချင်လို့ အပင်ပန်းခံ၊ ငွေကုန်အချိန်ကုန်ခံပြီး ပညာသင်ကြတာပါ။ ကြိုးစားမှုအတွက် ဆုလာဘ် (Incentives) ကို လူတိုင်းလိုချင်ကြပါတယ်။ ဆရာဝန်အင်ဂျင်နီယာပညာရပ်တွေနဲ့ ပြည်တွင်းမှာ အခြေအနေမကောင်းရင်ပြည်ပမှာ အလုပ်ရှာရလွယ်တယ်၊ ၀င်ငွေကောင်းတယ်။

သင်ကြားရေးစနစ်ကို လည်းကြည့်ပါဦး။ လူကြီးမင်းပြောတဲ့ ရူပဗေဒ၊ ဓါတုဗေဒ၊ သိပ္ပံပညာရပ်တွေကို စာရွက်ပေါ်မှာတောင် ကောင်းကောင်းသင်ဖို့
အခြေအနေမရှိတော့ပါဘူး။ ဓါတ်ခွဲခန်းခေါ်တဲ့ Laboratory ဆိုတာအဝေးကြီးမှာကျန်နေခဲ့ပါပြီ။ ပို့ချမယ့်ဆရာအများစုလည်း ဘ၀ရှေ့ရေးအတွက်
နိုင်ငံခြားထွက်ကုန်ကြပါပြီ။ ရှေ့ကပညာရှင်တွေ ရုန်းကန်နေရတာကို မြင်နေတဲ့ လူငယ်တွေက ပညာတတ်ချင်စိတ်ပေါ်လာမလား၊ အကျင့်ပျက် လာဘ်စားချင်စိတ်ပေါ်လာမလား ...... စဉ်းစားလို့ရပါတယ်။

အရည်အချင်းရှိတဲ့ ပညာရှင်တွေပေါ်လာစေချင်ရင် သူတို့အတွက် ကောင်းမွန်သင့်တော်တဲ့ အသိုင်းအ၀ိုင်း (rewarding environment) ဖန်တီးဖို့လိုပါတယ်။ ပန်းမရှိတဲ့ ကန္တာရမှာ လိပ်ပြာလာနားမှာမဟုတ်ပါဘူး။

တိုင်းပြည်မှာ စနစ်က အကြီးအကျယ်မှားနေပြီး၊ အများစုက အမှားကို နားမလည်တာဟာ အဓိကပြဿနာပါ။ ဖြစ်သင့်တာကို သိကြပြီး ကိုယ့်အနီးအနားဝန်းကျင်ကို ပြုပြင်ချင်စိတ်လေးပေါ်လာအောင် ကျွန်တော်တို့ ဒီ mail တွေ အပင်ပန်းခံပြီး အန္တရာယ်ကြားက ဖြန့်ဝေနေတာပါ။ ဒါဟာလဲ ပညာပေးတာပါပဲ။ ဒီအတွက် ဘယ်သူ့ဆီကမှ ဘာအခွင့်အရေးမှ မရပါဘူး။ ကိုယ့်ပြည်သူတွေကို အမြင်ကျယ်စေချင်လို့၊ တိုးတက်စေချင်လို့ပါ။ မြန်မာတွေ မျက်စိပွင့်ကြဖို့ကောင်းပါပြီ။ ကိုရီးယားကားလေးကြည့်၊ ဘီယာလေးမူး၊ ဘောပွဲလေးလောင်း၊ နှစ်လုံးထီလေးထိုး၊ ကိုယ့်ဝမ်းစာလေးပဲရှာပြီး ချောင်သလိုနေမယ် ဆိုရင်တော့ နောင်လာနောက်သားတွေအတွက် တိုင်းပြည်အပျက်ကြီးကိုပဲ အမွေချန်ခဲ့ရမှာပါ။

တိုင်းပြည်အတွက်အရေးပါတဲ့ ဒီကိစ္စတွေကို လူတိုင်းသိထားသင့်ပါတယ်။ နိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်ပြီးဆန္ဒပြမှ မဟုတ်ပါဘူး။
ကိုယ့်ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းအတွက် ကိုယ့်အနားမှာ တတ်စွမ်းသမျှတာဝန်ယူပြီး ကောင်းအောင်ပြုပြင်တာ နိုင်ငံရေးပါပဲ။ ဒါဗိုလ်ချုပ်ပြောခဲ့တဲ့ စကားပါ။ အလွန်အဓိပ္ပါယ်ရှိပါတယ်။

နိုင်ငံတကာမှာ management, public administration, psychology စတဲ့ အဆင့်မြင့်ပညာရပ်တွေမှာ ဒီအတွေးအခေါ်တွေကို အလေးထား သင်ကြားပါတယ်။
ကျွန်တော်တို့လူမျိုးတွေရော မသိသင့်ဘူးလား။



--
We need justice, peace and equity. Are you part of the problem or part of
the solution?
Serious Thinking

Monday, October 5, 2009

တစ်လပြည့်အခြေခံကွန်ပြူတာသင်တန်းဆင်းပွဲ

တစ်လပြည့်အခြေခံကွန်ပြူတာသင်တန်းဆင်းပွဲအခမ်းအနား


အောက်တိုဘာလ(၄)ရက်၂၀၀၉ ခုနှစ်တွင် OKRSO ရုံးတည်ရှိရာဘန်ကောက်တွင် စက်တင်ဘာလမှအောက်တိုဘာလထိ ကွန်ပြူတာတက်ရောက်သင်ကြားသော ကျောင်းသူ၊ကျောင်းသားများအတွက်သင်တန်းဆင်းပွဲတစ်ရပ်ကိုကျင်းပပြု
တာဖြစ်ပါတယ်။

အဆိုပါသင်တန်းဆင်းပွဲကို သင်တန်းသား၊သင်တန်းသူများ၊ ကွန်ပြူတာသင်ကြားပေးသော ဆရာ၊ဆရာများ OKRSO အဖွဲ့ ဝင်များနှင့် ပညာရေးတာဝန်ခံများ၊ကရင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ဝင်များ အသီးသီးတက်ရောက်ခဲ့ကြပါတယ်။


သင်းတန်းဆင်းပွဲရဲ့လှုပ်ရှားမှု ဓာတ်ပုံများအောက်မှာကြည့်လို့  ရပါတယ်။

အဝေးရောက်မိသားစုအဖွဲ့ ဝင်များလည်း လို အပ်သောအကြံဥာဏ်များလည်းပေးနိုင်တယ်။


















အခမ်းအနားမှုး နန်းဖြူဖြူမှအခမ်းအနားအစီအစဉ်ဖတ်ကြားခြင်း
















OKRSO chairman မှအဖွင့် မိန့် ခွန်းပြောကြားခြင်း


















English စာသင်ကြားပေးသောMr.Richard မှမိန့် ခွန်းပြောကြားခြင်း



















Computer သင်ကြားပေးသောဆရာစောထူးမှမိန့် ခွန်းပြောကြားခြင်း



















ကွန်ပြူတာသင်ကြားပေးသောဆရာမမှမိန့် ခွန်းပြောကြားခြင်း
















ကွန်ပြူတာကျောင်းသားမန်းကျော်ဌေး မှ ဆရာ၊ဆရာမများက
ိုကျေးဇူးတင်စကားပြောကြားခြင်း














Englishစာသင်ကြားပေးသောဆရာကိုနန်းအိဖြိုးမှ
ကျေးဇူးတင်စကားပြောကြားခြင်း





























































































































































Friday, October 2, 2009

Computer ကျောင်းသားများရဲ့ ဖန်တီးမှုများ

စက်တင်ဘာလ ၃ ရက် က နေ အောက်တိုဘာလ ၄ ရက်၂၀၀၉ ထိ အချိန်ပြည့်ကွန်ပြူတာကျောင်းသူ၊ကျောင်းသားတွေရဲ့ ဖန်တီးထားသော လက်ရာများဖြစ်ပါတယ်။
သူတို့ ကိုယ်တိုင်တည်းဖြတ်ထားတဲ့ ဗီဒီယိုနှင့်သူတို့ ရဲ့ 
ကိုယ်ပိုင်ခွေ တွေကိုတတ်ကျွမ်းမှုလည်းဖြစ်အောင်၊
အိမ်ပြန်လက်ဆောင်လည်းဖြစ်အောင်ရည်ရွယ်လုပ်ဆောင်တာဖြစ်ပါတယ်။

အားလုံးပဲ အကြံပြုချက်များပေးနိုင်ပါသည်။
















student name-နန်းဆန်းကေသွယ်(မိစံကျေးရွာ)














student name-မန်းကျော်ဌေး( ကြာအင်းဆိပ်ကြီးမြို့ နယ်)














student name-Saw Thit Sar (ပြည်ထောင်စု၊ဘားအံ)













student name-နန်းအိဖြိုး(ကျုံဒိုး)











student name-စောကျော်ဘီး (ဒုံရင်း)















student name-နန်ကြည်ကြည်ဝင်း (ပြည်ထောင်စု၊ဘားအံ)












student name- နိုင်းနိုင်း (ချောင်းဆုံမြို့ နယ်)














student name- စောကျော်ဝင်း (ကော့ကရိတ်)




ကျေးဇူးတင်ပါသည်။

OKRSO's မိသားစ

ထိုင်းရောက် မြန်မာလုပ်သားတချို့ ပိတ်လှောင်စေခိုင်းခံရ

VOA
ပြည်တွင်းမှာ အဓမ္မလုပ်အား စေခိုင်းမှုတွေနဲ့ ကြုံနေရတဲ့ မြန်မာနိုင်ငံသားတွေဟာ ပြည်ပထွက် အလုပ်လုပ်ကိုင်ရာမှာလည်း ဒီလိုအခြေအနေတွေနဲ့ ကြုံနေရပါတယ်။ ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသက မြန်မာအလုပ်သမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ အခြေအနေတွေကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လတွင်းမှာ ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေ မဟာချိုင်ဒေသက ပုစွန်လုပ်ငန်းခွင်တခုကို ၀င်ရောက်စီးနင်းခဲ့ရာမှာ လှောင်ပိတ်စေခိုင်းခံနေရတဲ့ မြန်မာအလုပ်သမား ၅၀ ကျော်ကို ကယ်တင်နိုင်ခဲ့ပါတယ်။ သူတို့ဟာ တရက်ကို နာရီ ၂၀ အလုပ်လုပ်ရပြီး လုပ်ခ ဘတ် ၅၀ သာ ရတယ်လို့ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂ (FTUB) က ပြောပါတယ်။ကယ်တင်ခံရသူတွေထဲ ကလေးလုပ်သားတွေလည်း ပါတယ်လို့ FTUB ရွှေ့ပြောင်း အလုပ်သမားရေးရာ တာဝန်ခံ ဦးတင်ထွန်းအောင်က ပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ လလောက်ကလည်း ထောင်လိုထားပြီး အလုပ်သမားတွေကို ခိုင်းနေတဲ့ စက်ရုံမျိုးလည်း ကျနော်တို့ ကယ်ခဲ့ဖူးတာ ရှိတယ်။ အဲဒီမှာလည်း အသက်မပြည့်တဲ့ ကလေးတွေ ပါတယ်လေ။ အဲဒါတွေက လက်ရှိဖြစ်နေတဲ့ အနေထားပေါ့နော်”ခုလို စစ်ဆေးမှုတွေ ရှိပေမယ့် စက်ရုံပိုင်ရှင် အများစုဟာ ကြိုတင် သတင်းရထားတာကြောင့် တရားမ၀င် အလုပ်သမားတွေနဲ့ ကလေးလုပ်သားတွေကို ယာယီ ထုတ်ပယ်ထားကြတယ်လို့ အလုပ်သမားအရေး လုပ်သူတွေက ပြောကြပါတယ်။မကြာခဏဆိုသလို အရေးယူခံရပေမဲ့လည်း ဥပဒေအရ ထိရောက်စွာ အရေးယူမှု မရှိသေးဘူးလို့ ဦးတင်ထွန်းအောင်က ဆက်ပြောပါတယ်။“ဒီလို ကလေးအလုပ်သမားတွေ၊ မတရား အချိန်ကြာမြင့်စွာ ခိုင်းစေမှုတွေက မဟာချိုင် နယ်မြေဒေသမှာ မှုခင်းတော်တော်များများ ကျနော်တို့ ဖော်ထုတ်ခဲ့ဖူးတာ ရှိပါတယ်။

ဒါပေမဲ့ ကျနော်တို့မြင်တာက ထိုင်းအစိုးရ ကိုယ်တိုင်ကိုကလည်း ဒီဟာတွေကို သူတို့ ဖုံးဖိချင်တယ်။ နောက်ပြီး နယ်မြေမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကလည်း နယ်မြေခံ အာဏာပိုင်တွေနဲ့ ပူးပေါင်းမှုရှိတဲ့အတွက် အရေးယူ ဆောင်ရွက်မှုတွေဟာ ထိရောက်သင့်သလောက် မထိရောက်ဘူး။ အထူးသဖြင့် ဒီစက်ရုံတွေကို ထိုင်းအာဏာပိုင်တွေရော၊ နိုင်ငံတကာကရော ၀င်ရောက်စစ်ဆေးပြီး ဖမ်းဆီးအရေးယူပေမဲ့ ကျနော်တို့မြင်တာ ဒီစက်ရုံသည် ဆက်ပြီး အလုပ်လုပ်ခွင့် ရှိနေတယ်၊ ဒီစက်ရုံက ပစ္စည်းတွေကို ဆက်ထုတ်နေတာ တွေ့ရတယ်။ အဲဒီလို ထိရောက်စွာ အရေးယူမှု မရှိတဲ့အတွက် ဒီလိုမျိုး အလုပ်ရှင်တွေရဲ့ ချိုးဖောက်မှုတွေ ပိုပြီး ရှိလာတဲ့ အနေအထား တွေ့ရတယ်။”ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်တို့က ပုစွန်လုပ်ငန်းခွင်တွေမှာ အလုပ်ချိန်များများ လုပ်ရပေမယ့် လုပ်ခနည်းနည်းသာရပြီး ကလေးအလုပ်သမားတွေကိုလည်း သုံးနေဆဲလို့ အမေရိကန်အခြေစိုက် Solidarity Center ရဲ့ သုတေသနစာတမ်း တစောင်မှာ ဖော်ပြထားပါတယ်။

ထိုင်းဟာ ပုစွန်တင်ပို့တဲ့ ထိပ်တန်းနိုင်ငံဖြစ်ပြီး ပုစွန်ကုန်ချော တင်ပို့ထုတ်လုပ်မှုရဲ့ ၄၀% ဟာ မဟာချိုင်ဒေသက ဖြစ်တယ်လို့လည်း သုတေသနစာတမ်းက ဆိုပါတယ်။ ဒီနှစ်ထဲ ရေချို၊ ရေငံ ငါးဖမ်းလုပ်ငန်းနဲ့ ရေထွက်ပစ္စည်း လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသား ၃၈၀,၀၀၀ နီးပါး မှတ်ပုံတင်ခဲ့ကြတယ်လို့ ထိုင်းအလုပ်သမား ၀န်ကြီးဌာနရဲ့ စာရင်းအရ သိရပါတယ်။

okrso's မိသားစု

Thursday, October 1, 2009

မလေးရှားတွင် ယူအန် မှတ်ပုံတင်ပေးမည့်သတင်း ထိုင်းနယ်စပ် ဒုက္ခသည်အထိ ဂယက်ရိုက

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက မလေးရှားနိုင်ငံတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတို့အား ရှေ့လတွင် ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် သောင်းချီထုတ်ပေးမည့် သတင်းကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များက မလေးရှားနိုင်ငံသို့ ကူးပြောင်းရန် စီစဉ်နေကြကြောင်း သိရသည်။

ထိုင်းနိုင်ငံ စံခရဘူရီခရိုင်၊ ဘန်တောင်ယန်း ဒုက္ခသည်စခန်းတွင် (၃) နှစ်ကြာ နေထိုင်ခဲ့သော်လည်း ဒုက္ခသည်အသိအမှတ်ပြု လက်မှတ် မရရှိသေးသူ ကိုနိုင်အောင်မွန် ဆိုသူက “အခု မလေးရှားမှာ ယူအန်က ဒီလိုလုပ်လို့ ဒီစခန်းထဲက ကတ်မရှိသေးတဲ့ သူတွေအားလုံးလိုလို မလေးရှားကို ကူးချင်နေကြတယ်။ ဒါပေမယ့် ပိုက်ဆံတတ်နိုင်တဲ့သူတွေပဲ သွားနိုင်ကြတာပေါ့။ မယားနဲ့ သားသမီးနဲ့ လူတွေကျတော့ သွားဖို့က မလွယ်ဘူးလေ။ ဒါပေမယ့် ဖြစ်နိုင်ရင်တော့ ကတ်မရှိတဲ့သူအားလုံးက သွားချင်နေကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

မလေးရှားရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်းအလုပ်သမားတို့အား ယခုကဲ့သို့ အရေအတွက် အများအပြားအဖြစ် ဒုက္ခသည် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးခြင်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး မွန်တိုင်းရင်းသားများအတွက် ဒုက္ခသည်အသိအမှတ်ပြု လက်မှတ် (၃,၀၀၀) ခန့် ပါရှိကြောင်းလည်း မလေးရှားနိုင်ငံရှိ မွန်ကယ်ဆယ်ရေးအဖွဲ့မှ ကိုပါအေးနွန်က ပြောသည်။

"မလေးရှားကို ရောက်နေတဲ့ တရားမဝင် မွန်တိုင်းရင်းသားတွေကိုလည်း ဒုက္ခသည်အဖြစ် အခုလို အသိအမှတ်ပြုပေးဖို့ နှစ်ဆန်းပိုင်းတုန်းက မွန် (၅,၀၀၀) လောက် စာရင်းသွင်းထားကြတယ်။ အဲဒါကြောင့် လာမယ့်အောက်တိုဘာ (၁၅) ရက်နေ့ ကျရင် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရသူ (၃,၀၀၀) လောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုမှာ ဖြစ်တယ်” ဟု ကိုပါအေးနွန်က ပြောသည်။

ဘန်ကောက်မြို့မှ ထိုင်းတောင်ပိုင်း ဟတ်ယိုင်နယ်စပ်ကတဆင့် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့ရောက်ရှိရန် လူတဦးအတွက် တရားမဝင်လမ်းကြောင်းမှ စရိတ်စကအဖြစ် ဘတ်ငွေ (၂) သောင်းခွဲ ကုန်ကျကြောင်း သိရသည်။

မလေးရှားနိုင်ငံတွင် ယခုကဲ့သို့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးမည်ဆိုခြင်းကို ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်တို့က အခွင့်အရေးကောင်းတရပ်အဖြစ် မြင်ကြသောကြောင့် ထိုင်းနိုင်ငံမှ ထွက်ခွာသွားသူ အများအပြားရှိကြောင်း တက်ခ်ခရိုင်မှ ဒုက္ခသည်လက်မှတ်ရရန် (၂) နှစ်ကျော် စောင့်ဆိုင်းနေသူတဦးက ပြောသည်။

၎င်းက “မဲဆောက်ဘက်က စခန်းတွေက လုပ်ကိုင်တာ ကြာတယ်လေ။ မျှော်လင့်ချက်လည်း နည်းတယ်။ အပြင်ထွက်ပြီး အလုပ်လုပ်လို့မရဘူး။ ကိုယ့်ပိုက်ဆံရှိမှ နေလို့အဆင်ပြေတယ်။ ဒါကြောင့် မလေးရှားမှာ ခေါ်ပြီဆိုတာနဲ့ သွားချင်ကြတာပေါ့။ ဟိုမှာက အဲဒီကတ်ရရင် အလုပ်လည်း လုပ်လို့ရတယ်။ အကူအညီတွေလည်း ရတယ်။ လုံခြုံရေးအတွက်လည်း မစိုးရိမ်ရဘူးလေ” ဟု ပြောသည်။

မလေးရှားနိုင်ငံမှ ဒုက္ခသည်အသိအမှတ်ပြုလက်မှတ် ရရှိထားသည့် မြန်မာနိုင်ငံသားများအနက် ရိုဟင်ဂျာမှာ အများဆုံးဖြစ်ပြီး ချင်း၊ ကချင်၊ ရခိုင်နှင့် မွန်တို့လည်း ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူ (၆) ထောင်မှ သောင်းဂဏန်းနီးပါး ရှိကြသည်။

ခေတ်ပြိုင်

Tuesday, September 29, 2009

မြန်မာနှင့် အမေရိကန်ပြည်ထောင်စုက တိုက်ရိုက်ဆက်ဆံသွားမည်

အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ဆက်ဆံပြောဆိုမှုများ ပြုလုပ်သွားမည်ဖြစ်သကဲ့သို့ တဖက်၌လည်း ပိတ်ဆို့တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု အမေရိကန်အစိုးရက တရားဝင် ထုတ်ဖော်ပြောကြားလိုက်သည်။

အမေရိကန်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ်ဘဲလ်က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပေါ်လစီသစ်တရပ်ကို ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရအာဏာပိုင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများ စတင်ပြုလုပ်ရန် ရည်ရွယ်ကြောင်းလည်း မစ္စတာ ကမ်ဘဲလ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

“ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးလမ်းကြောင်း ချမှတ်သွားဖို့အတွက် မြန်မာအာဏာပိုင်တွေနဲ့ တိုက်ရိုက် စတင်ပြောဆိုဆွေးနွေးဖို့ ရည်ရွယ်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားပြီး ပိတ်ဆို့တားမြစ်မှုများကိုမူ မြန်မာနိုင်ငံတွင် လူ့အခွင့်အရေးများ တိုးတက်ကောင်းမွန်မှု မရှိမချင်း ဆက်လက်ထားရှိသွားမည်ဟု မစ္စတာ ကမ်ဘဲလ်က ပြောဆိုသည်။

၎င်းက “အခုအချိန်မှာ ဒဏ်ခတ်အရေးယူမှုတွေကို ရုပ်သိမ်းပေးလိုက်ရင် မှားယွင်းတဲ့လက္ခဏာအသွင် ဆောင်သွားပါလိမ့်မယ်။ အမေရိကန်အစိုးရရဲ့ အဓိက စိုးရိမ်ပူပန်မှုတွေအပေါ် မြန်မာအာဏာပိုင်တွေက အရေးတယူဆောင်ရွက်ပေးမှသာ ပိတ်ဆို့တားမြစ်မှုတွေကို ရုပ်သိမ်းပေးဖို့ ကျနော်တို့ ဆွေးနွေးနိုင်လိမ့်မယ်လို့ မြန်မာအစိုးရကို ပြောရမှာပါ” ဟု ရှင်းလင်းပြောဆိုခဲ့သည်။

ပြီးခဲ့သည့် (၇) လခန့်မှစ၍ အမေရိကန်သမ္မတ အိုဘားမားအစိုးရက မြန်မာစစ်အစိုးရအပေါ် ချမှတ်ခဲ့သည့် အထီးကျန်ထားရေး ပေါ်လစီနှင့် ချဉ်းကပ်ဆက်ဆံသည့် ပေါ်လစီ (၂) ခုစလုံးကို ပြန်လည်သုံးသပ်ပြီး မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်ရေးအတွက် ပေါ်လစီသစ်တရပ်ကို ရှာဖွေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပိတ်ဆို့တားမြစ်မှုတခုတည်းဖြင့် မြန်မာပြည်သူလူထု မျှော်လင့်တောင့်တနေသည့် ရလဒ်များကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

မစ္စတာကမ်ဘဲလ်၏ ပြောကြားချက်အရ အမေရိကန်ပြည်ထောင်စုအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ အားလုံးအား လွှတ်ပေးရေး၊ လူ့အခွင့်အရေးများ လေးစားလိုက်နာရေး၊ လက်နက်ကိုင် တိုင်းရင်းသား လူမျိုးစုများနှင့် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ အတိုက်အခံပါတီနှင့် တိုင်းရင်းသားပါတီတို့မှ ခေါင်းဆောင်များနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ်များ ဖော်ဆောင်သွားရန်အတွက်လည်း မြန်မာစစ်အစိုးရအား ဖိအားပေးသွားမည်ဟု သိရှိရသည်။

သက္ကရာဇ် ၂၀၁၀ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မြောက်စေရေးအတွက် အမေရိကန်အစိုးရက ဆက်လက်ဖိအားပေးသွားမည်ဟု မစ္စတာကမ်ဘဲလ်က ပြောကြားသည်။

ထို့အပြင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ တိုးမြှင့်ပေးသွားမည်ဖြစ်ပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းဆက်ဆံရေးအရာရှိတဦး ခန့်အပ်ရန်အစီအစဉ်ရှိကြောင်းလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကမ်ဘဲလ်က ပြောကြားခဲ့သည်။

ခေတ်ပြိုင်မှကိုးကားသည်။

Monday, September 28, 2009

Monthly Computer Training (Sep-Oct,2009)







































































O.K.R.S.O မှဖွင့်လှစ်သောတစ်လပြည့် ကွန်ပြူတာသင်တန်းကို O.K.R.S.O ရုံးဘန်ကောက်မှာ
စက်တင်ဘာ(၃)ရက်နေ့ မှစတင်ပြီးသင်တန်းသား၊သင်တန်းသူ(၈)ယောက် နှင့်
သင်တန်းဆရာ(၂)ယောက်တို့ ကအချိန်ပြည့်သင်တန်းကိုသင်ကြားပို့ ချပေးနေပါသည်။















သင်တန်းကာလအတွင်းမှာကွန်ပြူတာတက်ရာက်သင်ကြားသော
ကျောင်းသူကျောင်းသားများအတွက် အမေရိကန်က Volunteer ဆရာ Mr. Richard က
Basic English ကို (Monday -Wednesday)အချိန်က (1:00 pm _4:00pm)မှာသင်ကြားပေးနေပါသည်။


ဒီအချိန်ပြည့်သင်တန်းကိုလာမည့်အောက်တိုဘာလ(၄) ရက်နေ့ တွင် သင်တန်းဆင်းပွဲကျင်းပပြုလုပ်မှာဖြစ်ပါတယ်။

နောက်လာမည့် အောက်တိုဘာလအတွက် အချိန်ပြည့်သင်တန်းကို ပြန်လည်ဖွင့်လှစ်ရန်အတွက်ကျောင်းသားများစတင်လက်ခံနေပါပြီး
တက်ရောက်လိုသောသင်တန်းသား၊သင်တန်းသူများ OKRSO ပညာရေးကော်မတီမှတိုက်ရိုက်ဆက်သွယ်နိုင်ပါတည်။

OKRSO 's မိသားစု

ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကချင်နှင့် မွန်တိုင်းရင်းသားခေါင်းဆောင် အချို့တို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်အစိုးရ အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ (Kachin State Progressive Party - KSPP) ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာ တူးဂျာနှင့် မွန်အမျိုးသားတို့အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီတွင် ပါဝင်သူ နိုင်မင်းနွယ်စိုးတို့အား ယခုအချိန်သည် နိုင်ငံရေးလှုပ်ရှားမှု စတင်ရန် စောသေးသည်ဟု အကြောင်းပြကာ မီဒီယာများသို့ ဆက်သွယ်စကားပြောခြင်း မလုပ်ကြရန် စစ်အစိုးရအာဏာပိုင်တို့က လာရောက်သတိပေးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။

ကချင်ပြည်နယ် တိုးတက်သောပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာတူးဂျာကိုလည်း အလားတူသတိပေးခဲ့ကြောင်းနှင့် ယခင်သီတင်းပတ်အတွင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည့် ၎င်း၏ တွေ့ဆုံမေးမြန်းချက်များနှင့် သက်ဆိုင်နိုင်ကြောင်း ကချင်ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောသည်။

၎င်းက “နအဖတွေက တူးဂျာတို့ရဲ့လုပ်ရပ်တွေကို မကြိုက်လို့မဟုတ်ဘူး။ ရွေးကောက်ပွဲ ဝင်ကြမယ့်သူတွေပဲ ဆိုတော့လေ။ အခု သတိပေးတာက မီဒီယာတွေဆီကို ခင်ဗျားတို့ message တွေပေးတာ စောနေတယ်။ နအဖဘက်က ပါတီထောင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ထွက်လာပြီးလို့ Register လုပ်ခွင့်ရပြီးမှ မီဒီယာတွေနဲ့တွေ့ဆုံပါ။ ဒီလိုမျိုး သတိပေး ခေါ်ပြောတာ။ ဦးသုဝေတို့ ဒီမိုကရက်တစ်ပါတီရဲ့သတင်းတွေကိုလည်း နအဖက ပိတ်ထားတယ်” ဟု ပြောသည်။

“မင်းနွယ်စိုးကိုလည်း ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က နအဖရဲအရာရှိတွေက လာခေါ်သွားတယ်။ ဒီ မွန် (၁၅) ဦး ကော်မတီအဖွဲ့ရဲ့ လစဉ် ပုံမှန်အစည်းအဝေးတွေကို မလုပ်နဲ့ဦး။ ဒီနိုင်ငံရေးလှုပ်ရှားမှုတွေကို မစနဲ့ဦး။ အချိန်စောသေးတယ်။ အဲဒီလို သတိပေးပြီး ပြန်လွှတ်လိုက်တယ်” ဟု နိုင်မင်းနွယ်စိုးနှင့် နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ထိုသို့သတိပေးမှုကြောင့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီ၏ လစဉ် ပုံမှန်အစည်းအဝေးကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၄) ရက်တွင် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။

ယခုလဆန်းပိုင်းထုတ် စစ်အစိုးရသတင်းစာများတွင်မူ ကချင်နှင့် မွန်တိုင်းရင်းသားတို့သည် ရွေးကောက်ပွဲအတွက် ပါတီဖွဲ့စည်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ချီးကျူးရေးသားခဲ့သည်။

ဝါရင့် ရှမ်းနိုင်ငံရေးသမား ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ပဒမဖ) ကလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အင်အားကြီးပါတီတရပ်အဖြစ် ရပ်တည်သွားနိုင်ရန် ရည်ရွယ်၍ အဆိုပါ ကချင်ပြည်နယ် တိုးတက်သောပါတီနှင့် မွန်(၁၅) ဦး ကော်မတီတို့အား လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

မွန်အမျိုးသားတို့အား ကိုယ်စားပြုမည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦး ကော်မတီတွင် မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (MNDF) မှ ခေါင်းဆောင်အချို့နှင့် မွန်ပြည်သစ်ပါတီမှ နုတ်ထွက်ထားသူ ခေါင်းဆောင်အချို့လည်း ပါဝင်သည်။

ခေတ်ပြိုင်မှကိုးကားသည်။

Every Sunday Language School (Final exam)27.9.09















စာမေးပွဲဖြေဆိုနေကြသော O.K.R.S.O ကျောင်းသူကျောင်းသားများ






















































O. K. R .S. O အဖွဲ့ က ဖွင့်လှစ်သောအပတ်စဉ်တနင်္ဂနွေနေ့ တိုင်း
(English and Thai language)သင်တန်း(May_October,2009)ကို
ပြီးခဲ့တဲ့ (27.9.2009) နေ့  ရက်တွင်သင်တန်းရဲ့နောက်ဆုံးစာမေးပွဲကို ကျောင်းသားကျောင်းသူများအားလုံးကလာရောက်ဖြေဆိုခဲ့ကြပါတယ်။
သင်တန်းကာလ(၅)လအတွင်းမှာ ဆရာ၊ဆရာမများသင်ကြားပို့ ချပေးသော
ပညာ၊ဗဟုသုတများကို မိမိတို့ ကျောင်းသူ၊ကျောင်းသားများအနေနှင့်ရရှိလိုက်သော
အသိပညာတို့ ကိုအကျိုးရှိရှိပြန်လည်အသုံးချပြီးအနာဂတ်မှာကိုယ့်ရဲ့ လူမျိုးအတွက် လမ်းပြလုပ်နိုင့်တဲ့ခေါင်းဆောင်ကောင်းလေးများဖြစ်ပါစေလို့
O.K.R.S.O's မိသားစုမှဆုတောင်းရင်း............နောက်လာမည့်(November to March,2010)သင်တန်းကိုလာမည့်အောက်တိုဘာလ(၂၅) ရက်နေ့ တွင်ကျောင်းသားအသစ်များစတင်လက်ခံမှာဖြစ်ပါတယ်။
ကျောင်းလာတက်ချင်သောကျောင်းသူကျောင်းသားများ
အောက်ပါဖုန်းနံပတ်များမှတဆင့်ပညာရေးတာဝန်ခံများကိုဆက်သွယ်နိုင်ပါသည်။

phone numbers:
080-5896991,
089-7666405,
082-3539424,
0897611258


O.K.R.S.O မိသားစုမှပညာရေးကော်မတီ

တရားမဝင် ဝင်ရောက်နေသည့် တရုတ်နိုင်ငံသားများ

မကြာသေးခင်က တိုက်ပွဲများဖြစ်ပွားခဲ့သည့် ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်နယ်ရှိ အပစ်ခတ်ရပ်ဒေသအတွင်း တရားမဝင် ဝင်ရောက်နေထိုင်ကြသည့် တရုတ်နိုင်ငံသားများ အမြန်ပြန်လာရန် သက်ဆိုင်ရာ နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက နှိုးဆော်ထားသည်။အပစ်ခတ်ရပ်အဖွဲ့များ ထိန်းချုပ်ရာဒေသအတွင်း တရားမဝင်နည်းလမ်းဖြင့် နယ်စပ်ဖြတ်ကျော်ပြီး စီးပွားရေး လုပ်ကိုင်နေကြ သူများနှင့် လောင်းကစားလုပ်ကြသူများအားလုံး ပြန်လာကြရန် အပစ်ခတ်ရပ်အဖွဲ့များမှတဆင့် တရုတ်အာဏာပိုင်များက ယခုလ (၂၅) ရက်တွင် နှိုးဆော်ထားသည်ဟု ကိုးကန့်ဒေသရှိ ချင်းရွှေဟော်မြို့မှ ကုန်သည်တဦးက ပြောသည်။၎င်းက “ဘာလက်မှတ်မှမရှိဘဲ နေနေကြတဲ့ တရုတ်တွေကို ပြန်ခိုင်းနေတာ။ လက်မှတ်တွေ ဂိတ်မှာလုပ်ခဲ့ပြီး ပြန်ဝင်လို့တော့ ရတယ်။ ဒီဘက်ထဲမှာရှိနေတဲ့ သူတို့တရုတ်တွေကို ပြန်ပြီးစာရင်းကောက်ချင်တဲ့ သဘောနဲ့တူတယ်။ (၁၅) ရက်စာ နေထိုင်ခွင့်ပဲ ပေးတယ်။ ဈေးဆိုင်လာဖွင့်တဲ့သူတို့၊ ဒီမှာလာပြီး အလုပ်လုပ်နေတဲ့သူတို့ အားလုံး (၁၅) ရက်တခါ တရုတ်ဂိတ်တွေမှာ နယ်စပ် ဖြတ်ကျော် လက်မှတ်လုပ်ရမယ်။ ပြီးရင် ဒီဘက်ကို ပြန်ဝင်ပေါ့” ဟု ပြောသည်။တရုတ်နိုင်ငံသားများ မြန်မာပြည်ဘက်သို့ ဝင်ထွက်သွားလာမှုအပေါ် နယ်စပ်ဒေသ တရုတ်အာဏာပိုင်များက ဝင်ထွက်ခွင့် လက်မှတ်ကို အစောပိုင်းကာလများကဲ့သို့ အလွယ်တကူ ထုတ်မပေးတော့ဘဲ တင်းကျပ်မှုများရှိနေသည်ဟု အဆိုပါဒေသခံက ပြောသည်။ရှမ်းပြည်အရှေ့ပိုင်း၊ အထူးဒေသ (၄) မိုင်းလားဒေသအတွင်း ရှိနေကြသည့် တရုတ်နိုင်ငံသားများနှင့် ရှမ်းပြည်နယ်၊ အထူးဒေသ (၂)၊ ဝပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ဌာနချုပ်ရှိရာ ပန်ဆန်းနှင့် မိုင်းမောမြို့အပါအဝင် ဒေသအတွင်းရှိ တရုတ်နိုင်ငံသားများအနေဖြင့်လည်း အလားတူ နယ်စပ်ဖြတ်ကျော်ခွင့်လက်မှတ် ရယူပြီးမှသာ နေထိုင်ခွင့်ရှိသည်ဟု အဆိုပါဒေသအတွင်းရှိ ဒေသခံများက ပြောသည်။ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်အရှေ့မြောက်ပိုင်း၊ ကိုးကန့်ဒေသအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် မြန်မာပြည်ဘက်တွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု တရုတ်အာဏာပိုင်များက တရားဝင်ထုတ်ဖော်ပြောဆိုထားသည်။၂ဝဝဝ ပြည့်နှစ်၊ နိုဝင်ဘာလအတွင်း ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်း၊ မုံးကိုးဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း လီနင်မင် ဦးဆောင်သည့် မုံးကိုးကာကွယ်ရေး တပ်ဖွဲ့တွင် ကြေးစားစစ်သားအဖြစ် ဝင်ရောက်လုပ်ခဲ့ကြသူများ အပါအဝင် တရုတ်နိုင်ငံသား အနည်းဆုံး (၅ဝ) ထက်မနည်း သေဆုံးခဲ့သည်ဟု မုံးကိုးတပ်ဖွဲ့ အာဏာသိမ်းအရေးအခင်းကို စောင့်ကြည့်လေ့လာသူများက ခန့်မှန်းထားကြသည်။တရုတ်အာဏာပိုင်များက တိုက်ပွဲများ တစုံတရာဖြစ်လျှင် တရုတ်နိုင်ငံသားများ တိုက်ပွဲဖြစ်ရာဒေသအတွင်း မည်ရွေ့မည်မျှ ရှိနေသည်သို သိရှိနိုင်ရန် ယခုကဲ့သို့ ကြိုတင်စာရင်းပြုစုချင်သကဲ့သို့ အပစ်ခတ်ရပ်အဖွဲ့နယ်မြေထဲ သွားရောက်ခွင့်ကိုလည်း ကန့်သတ်ထားချင်ပုံရကြောင်း တရုတ်-မြန်မာနယ်စပ် အကဲခတ်များက ယူဆနေကြသည်။
ခေတ်ပြုင်မှကိုးကားယူသည်။

Sunday, September 27, 2009

ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသားပေးပို့

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်း ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းစာကို ဦးဉာဏ်ဝင်းက ပြုစုခဲ့ပြီး အတည်ပြုချက် ရယူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့ နေ့လယ် ၂း၃၀ နာရီတွင် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုဆိုသည်။

အဆိုပါစာတွင် အရေးယူပိတ်ဆို့မှုများ ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ပတ်သက်၍ ရေးသားထားကြောင်း သိရသည်။

“ဒေါ်အောင်ဆန်း စုကြည်က အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အမြင်သစ်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးချင်တယ်လို့ ပြောလို့ အဲဒီစာကို ကျနော်ပြုစုတယ်၊ ဒီနေ့ သွားအတည်ပြုတယ်၊ သဘော တူတယ်၊ လက်မှတ်ထိုး ပြီးပြီ၊ အရေးယူပိတ်ဆို့မှုတွေကို ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ဖို့နည်းလမ်း တွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်တဲ့ဟာတွေကို အကျိုး အကြောင်းရေးတဲ့စာပါ၊ ကျနော် ဒီနေ့ သွားယူတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။

စာတွင်ရေးသားထားသည့် အသေးစိတ် အကြောင်းအရာများကို မပြောဆိုနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အချိန် ၂နာရီ နီးပါး တွေ့ဆုံဆွေးနွေးခဲ့သဖြင့် ပြန်လည် ရောက်ရှိသည့် အချိန်တွင် အဆိုပါစာကို ပေးပို့ရန် အချိန်မမီတော့ကြောင်း၊ သို့သော်လည်း အမြန်ဆုံးပေးပို့နိုင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောဆို သည်။

၎င်းစာတွင် အရေးယူပိတ်ဆို့မှုရုတ်သိမ်းရေး အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရေး စသော အကြောင်းအရာများကိုလည်း ထည့်သွင်း ရေးသားထားနိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။

၂၀၀၇ ခုနှစ်ကလည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် စစ်အစိုးရနှင့်အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုကမ်းလှမ်းခဲ့ဖူးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ အရေးယူပိတ်ဆို့မှုများကို ဒီမိုကရေစီရေး ဖိနှိပ်မှုများနှင့် လူအခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာစစ်အစိုးရ အပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်နိုင်ငံအနေနှင့် သမ္မတ ကလင်တန် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများကို တားမြစ်ပိတ်ပင်ခြင်း၊၂၀၀၃ ခုနှစ် သမ္မတ ဂျော့ဘုရှ် လက်ထက်တွင် မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေး ဥပဒေ ပြဌာန်း၍ မြန်မာပြည်မှ အမေရိကန်သို့ ကုန်ပစ္စည်းများ တင်သွင်းခွင့်နှင့် စစ်ခေါင်းဆောင်များ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ ၂၀၀၈ ခုနှစ်တွင် လွှတ်တော် အမတ် တွမ်လန်းတို့စ်၏(Tom Lantos Block Burmese JADE Act 2008) အရ မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်ခြင်း စသည့် ဒဏ်ခတ် အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။

ဥရောပသမဂ္ဂကလည်း ၁၉၉၆ခုနှစ်မှ စတင်၍ မြန်မာစစ်ခေါင်းဆောင် မိသားစုဝင်များ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ မြန်မာပြည်အား လက်နက်ရောင်းချခွင့်ကို တားမြစ်ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။

အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။

မစ္စ ဟီလာရီ ကလင်တန်၏ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်း ဆက်ဆံမည် ဟူသောပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် လိုသည်ဟု ပြောကြား ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံရန် အာဏာပိုင်များကို မကြာသေးမီက တောင်းဆိုထားကြောင်းလည်း သံတမန် အသိုင်းအ၀န်း၏ အဆိုရ သိရသည်။

ယင်းတောင်းဆိုချက်နှင့် ပတ်သက်၍ တစုံတရာ မသိရှိရကြောင်း ဦးဉာဏ်ဝင်းက ငြင်းဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထိုအပြစ်ဒဏ်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံ တင်သွင်းခဲ့သည်။ တရားရုံးက လျှောက်လဲချက် ကြားနာရန် စက်တင်ဘာလ ၁၈ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂ရက်နေ့တွင် ကြားနာမည်ဟု ဆိုကာ ထပ်မံ ရုံးချိန်းပေးခဲ့သည်။

Friday, September 25, 2009

ကျပ် (၅,ဝဝဝ) တန် ဂယက်ကြောင့် ရွှေဈေးကွက်ရပ်ဆိုင်း

နအဖစစ်အစိုးရက ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူအသစ်ထုတ်ဝေမည်ဆိုသည့် သတင်းကြောင့် စီးပွားရေး ဈေးကွက်အတွင်း ကမောက်ကမ ဖြစ်ကုန်ပြီး ရွှေဈေးကွက်လည်း ဈေးပင် မဖွင့်နိုင်တော့ကြောင်း ရွှေကုန်သည်တဦးက ပြောသည်။

၎င်းက “ဒီနေ့ ရွှေကုန်သည်များအသင်း အမှုဆောင်တွေ အားလုံး ရွှေဘုံသာလမ်းက သူတို့ ရုံးခန်းမှာ ရောက်နေကြတယ်။ ဒီနေ့ ဘယ်ဈေးပေါက်နေလဲ ဈေးမဖွင့်ပေးရဲသေးဘူး။ ဈေးကို ပုံမှန်အတိုင်း ဖွင့်ပေးလိုက်ရင် အာဏာပိုင်တွေ ရန်ရှာမှာစိုးလို့ ဘယ်သူမှ မလုပ်ရဲဘူး။ ရွှေဈေးဟာ မနေ့က ဈေးပိတ်ချိန် အကယ်ဒမီ ခေါက်ရွှေ တကျပ်သား ကျပ် (၅၇၆,ဝဝဝ) ပတ်ဝန်းကျင် ရှိတယ်။ ည (၈) နာရီသတင်းမှာ ကျပ် (၅,ဝဝဝ) တန် ထုတ်မယ်ဆိုပြီးလည်း ကြေညာလိုက်ရော တကျပ်သား ကျပ် (၆) သိန်း စဖြစ်တယ်။ ဒီနေ့ ဆိုင်ဖွင့်ချိန် ဝယ်ဈေးဟာ (၅၉ဝ,ဝဝဝ) ဖွင့်ထားပေးတယ်။ ဒါပေမယ့် ရောင်းဈေးကိုတော့ (၆) သိန်းအထက်မှာ ထားတယ်။ ရောင်းဈေး ဝယ်ဈေး အများကြီးဟနေတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ပဲ။ အရောင်းအဝယ်က ရှိတော့ရှိတယ်။ နည်းတယ်။ အမှန်တကယ် ဒေါ်လာပေါက်ဈေးအပေါ်မှာ ချိန်ပြီးတော့ အရောင်းအဝယ် လုပ်နေကြတယ်” ဟု ပြောသည်။

အလားတူ ဒေါ်လာဈေးကွက်မှာလည်း ကြာသပတေးနေ့ ညနေ ဒေါ်လာပေါက်ဈေး တဒေါ်လာ (၁,ဝ၇၈) ကျပ် ရှိရာမှ ယနေ့ ပေါက်ဈေး (၁,၁၄ဝ) ခန့်အထိ တက်လာပြီး ရောင်းဈေးနှင့် ဝယ်ဈေးကိုမူ တဒေါ်လာ (၁၅) ကျပ်ခန့် ခွာထားကြောင်းသိရသည်။

“ချက်ချင်းဆိုသလို ဈေးတက်တာ၊ အရောင်းအ၀ယ်က လတ်တလောတော့ ရပ်သွားတယ်။ ဈေးပဲရှိတာ။ စောင့်ကြည့်နေကြတဲ့ သဘောပေါ့။ ဈေးတက်သွားတဲ့အတွက် ရောင်းမယ့်သူတွေတော့ လာတယ်၊ ၀ယ်လက်က အားနည်းသွားတယ်” ဟု မဟာဗန္ဓုလပန်းခြံလမ်းမှ ငွေအရောင်းအ၀ယ်ပွဲစားများက ပြောသည်။

ဒေါ်လာဈေး၊ ရွှေဈေးများကို ကြည့်ပါက တရက်အတွင်း (၅) မှ (၆) ရာခိုင်နှုန်း ခုန်တက်လာကြောင်း ဈေးကွက်အတွင်း စုံစမ်းသိရသည်။

အလားတူ နိုင်ငံခြားမှ မြန်မာနိုင်ငံအတွင်း ဟွန်ဒီ ငွေလွှဲလုပ်ငန်းမှာလည်း မြန်မာငွေဈေး (၆) ရာခိုင်နှုန်းခန့် ကျဆင်းသွား၍ ငွေလွှဲသူနှင့် ပြည်တွင်းမှ ငွေလက်ခံသူများ နစ်နာနေကြကြောင်း သိရသည်။

အိမ်ခြံမြေ ဈေးကွက်တွင်မူ စရန်ငွေ လက်ခံထားပြီးသူများအနေဖြင့် ဖြတ်ထားသည့်ဈေးနှုန်းအတိုင်း လက်ခံရမည် ဖြစ်သည့်အတွက် နစ်နာကြသော်လည်း နောက်ထပ် အရောင်းမရှိဘဲ ရပ်ဆိုင်းထားကြကြောင်း သိရသည်။

ယခုကဲ့သို့ ကျပ် (၅,ဝဝဝ) တန်အသစ် ထုတ်ဝေသည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်မှ စီးပွားရေးပညာရှင်တဦးက “ကျနော် သိသလောက် (၅,ဝဝဝ) တန်တွေက ရိုက်ထားပြီးတာ ကြာလှပြီ။ အခွန်ဦးစီးဌာနက မိတ်ဆွေတွေကလည်း ပြောပြကြတယ်။
ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တွေတုန်းက သတင်းစာရှင်းလင်းပွဲတွေမှာ မေးတိုင်း အစိုးရက ငြင်းခဲ့တယ်။ သူတို့ ဒီလို ငွေစက္ကူအကြီး ထုတ်လိုက်ရင် နဂိုကတည်းကမှ အခြေအနေမကောင်းတဲ့ ဈေးကွက်ကို မထိန်းနိုင်ဘဲ ကမောက်ကမ ဖြစ်သွားမှာကို စိုးရိမ်ပုံရတယ်။ ခုတော့ အတိုင်းအတာ တခုအထိ ငွေတန်ဖိုးကို သူတို့ ထိန်းနိုင်လို့ ထုတ်တာဖြစ်မယ်” ဟု ပြောသည်။

၎င်းက ဆက်လက်၍ လက်ရှိ မြန်မာပြည်၏ တန်ဖိုးအကြီးဆုံး ငွေစက္ကူ (၁) ထောင်တန်သည် (၁) ဒေါ်လာမျှပင် တန်ဖိုးမရှိသည့်အပြင် ထိုင်းဘတ် (၅ဝ) တန်ထက်လည်း နိမ့်နေကြောင်း၊ ထို့အပြင် ဘဏ်စနစ်က ပျက်နေသည့်အပြင် ဘဏ်ကတ်များ သုံးခြင်းကလည်း လုံးဝမရှိသည့်အတွက် ငွေပေးငွေယူ ကိစ္စများတွင် ငွေစက္ကူအများကြီး သုံးနေရသည့်အတွက် ထုတ်သင့်ကြောင်း ပြောဆိုသည်။

“ဒါပေမယ့် တတိုင်းတပြည်လုံးက သာမန်ပြည်သူတွေအတွက် တကယ်လိုအပ်နေတဲ့ (၂ဝ၊ ၅ဝ၊ ၁ဝဝ) တန်တွေကို ပိုပြီးထုတ်သင့်တယ်။ အဲဒီငွေစက္ကူတွေမရှိလို့ အောက်ခြေပြည်သူ သန်းပေါင်းများစွာ အခက်အခဲတွေ ကြုံနေရတယ်။ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေတယ်” ဟု အဆိုပါ စီးပွားရေးပညာရှင်က ပြောသည်။

ပြည်တွင်း၌ အမှန်တကယ် လိုနေသည့် ကျပ် (၂ဝ၊ ၅၀၊ ၁၀၀) တန်ငွေစက္ကူများကို ထုတ်ဝေပေးခြင်းမရှိဘဲ ယခုကဲ့သို့ တန်ဖိုးကြီး ငွေစက္ကူ ရိုက်ထုတ်ပေးခြင်းကို ရန်ကုန်မြို့မှ သာမန်ပြည်သူအများစုက ကြိုက်နှစ်သက်ခြင်းမရှိကြကြောင်း စုံစမ်းသိရှိရသည်။

“ဘာအတွက်ပဲဖြစ်ဖြစ် ကျပ် (၅,၀၀၀) တန် ထုတ်တဲ့အတွက် နောက်ဆက်တွဲဖြစ်လာမယ့် ပြဿနာတွေကတော့ အများကြီး ၀င်လာမှာပဲ။ လောလောဆယ်တော့ ဈေးနှုန်းတွေ တက်တယ်။ ဒါ ပထမဆုံး ပြည်သူတွေ ကြုံတွေ့ရတာပဲ” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ခေတ်ပြိုင်မှကိုးကားသည်။

နအဖစစ်အစိုးရ ကျပ် (၅,၀၀၀) တန် အသစ်ထုတ်မည်


















မြန်မာနိုင်ငံအတွင်း လာမည့်အောက်တိုဘာ (၁) ရက်မှ စတင်ကာ (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ် စတင်ထုတ်ဝေ သုံးစွဲတော့မည်ဖြစ်ကြောင်း စစ်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနများက ယမန်နေ့ညပိုင်းက ကြေညာလိုက်သည်။

အသစ်ထုတ်ဝေမည့် (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ်သည် အလျား (၁၅) စင်တီမီတာနှင့် အနံ (၇) စင်တီမီတာရှိကာ ထင်ရှားသောအရောင်မှာ အနီရောင်ဖြစ်ပြီး ရှေ့တွင် ဆင်ဖြူတော်ပုံ နှင့် နောက်တွင် လွှတ်တော်အဆောက်အဦပုံပါရှိကြောင်း ယနေ့ထုတ် နအဖသတင်းစာများတွင် ဖော်ပြထားသည်။

ယခုငွေစက္ကူသစ်ထုတ်ဝေသော်လည်း လက်ရှိသုံးစွဲနေဆဲ ငွေစက္ကူများကို ဆက်လက်သုံးစွဲခွင့်ရှိကြောင်း နအဖစစ်အစိုးရက ပြောကြားသည်။

ထိုကဲ့သို့ ငွေစက္ကူအသစ်ထုတ်ဝေခြင်းသည် လက်ရှိပြည်တွင်း၌ လည်ပတ်နေသည့် ငွေစက္ကူများကို ရုပ်သိမ်းပြီး ယင်းငွေများအစားထုတ်ပါက ငွေအရေအတွက်တိုးလာမည်မဟုတ်ကြောင်း၊ သို့သော် လက်ရှိသုံးစွဲနေသည့် ငွေများအပြင် နောက်ထပ်အသစ်ထုတ်မည်ဆိုလျှင် ငွေအရေအတွက်များ၍ ဈေးနှုန်းတိုးမှုများ ဖြစ်လာလိမ့်မည်ဟု မြန်မာ့စီးပွားရေးပညာရှင် ဦးမော်သန်းက ပြောသည်။

၎င်းက “ဥပမာဆိုပါစို့ ပစ္စည်းအရေအတွက်က (၁) ထောင်ရှိတယ်၊ လှည့်ပတ်နေတဲ့ ငွေက (၅) ထောင်ရှိတယ်ဆိုရင် ပစ္စည်းတခုရဲ့ဈေးနှုန်းက (၅) ကျပ်ဖြစ်မှာပေါ့။ ပစ္စည်းအရေအတွက်က (၁) ထောင်က (၁) ထောင်ပဲ ဘာမှမတိုးဘူး။ လှည့်ပတ်တဲ့ ငွေက (၅) ထောင်ကနေ (၅) သောင်းဖြစ်သွားတယ်ဆိုရင် ပစ္စည်းတခုရဲ့ ဈေးနှုန်းက (၅) ကျပ်ကနေ (၅) ဆယ်ဖြစ်သွားမှာပဲ” ဟု ပြောသည်။

မြန်မာနိုင်ငံအတွင်း လက်ရှိလှည့်ပတ်သုံးစွဲနေသော ငွေစက္ကူအမျိုးအစားများတွင် (၅) မူးတန်မှ (၁) ထောင်တန်အထိ ငွေစက္ကူအမျိုးအစား (၁၂) မျိုးရှိနေသည်။

ယင်းငွေများဖြင့် ငွေကြေးတန်ဖိုး မည်မျှလှည့်ပတ်သုံးစွဲနေသည်ကို စစ်အစိုးရဘက်မှ တရားဝင်ထုတ်ပြန်ခြင်းမပြုသည်မှာ (၁၀) စုနှစ်တခုကျော် ကြာခဲ့ပြီဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။

နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏာကို ထုတ်ဖော်မပြောသည့်အတွက် နိုင်ငံတကာ စီးပွားရေးပညာရှင်များ၊ ငွေကြေးရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခန့်မှန်းမှု ပြုလုပ်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ဦးမော်သန်းက ပြောသည်။

“လှည့်ပတ်နေတဲ့ငွေကြေးက ဘယ်နှစ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ တရားဝင်ပြောပြမှ မှန်းလို့ရတာပေါ့။ အဲဒီလိုမပြောလို့ သတင်းအချက်အလက် အသေအချာမသိရရင် စီးပွားရေးပညာရှင်တွေ၊ ငွေကြေးရင်းနှီးမြှုပ်နှံသူတွေကြားမှာ သို့လော သို့လောနဲ့ စိုးရိမ်စိတ်ပိုများစေပြီး ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတတ်တယ်။ လူတွေရဲ့ ယေဘုယျ စိတ်ပညာ (Psychology) အရကလည်း သို့လောသို့လော တွေးရရင် အဆိုးဘက်ကို ပိုများတတ်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။

မြန်မာ့ရုပ်သံများမှ ငွေစက္ကူသစ်ထုတ်ဝေမည့် သတင်းပေါ်ထွက်လာပြီးနောက် မြန်မာငွေဈေး ချက်ချင်းကျဆင်းသွားသည်ဟု စင်ကာပူတွင် ငွေကြေးဖလှယ်ရေးလုပ်ကိုင်နေသူတဦးက ပြောသည်။

၎င်းက “သတင်းကြေညာအပြီးမှာတင် ဒီဘက်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်ပြီး ငွေဈေးကထိုးကျသွားတယ်။ ကြားကြားချင်းတော့ မြန်မာငွေဈေး (၁၀) ရာခိုင်နှုန်းလောက်ကျတယ်။ အခုထိလည်း ငွေဈေးက မငြိမ်သေးဘူး။ အမြဲမပြတ် နားစွင့်နေကြရတာပဲ” ဟု ပြောသည်။

နအဖစစ်အစိုးရလက်ထက်တွင် ငွေစက္ကူအသစ်ထုတ်ဝေတိုင်း အရေအတွက်မည်မျှ ထုတ်ဝေသည်ကို ဖော်ပြထားခြင်း မရှိသကဲ့သို့ ယခု (၅,၀၀၀) ကျပ်တန် ငွေစက္ကူထုတ်ဝေရာတွင်လည်း မည်မျှ ထုတ်ဝေမည်ကို ထည့်သွင်းကြေညာခြင်းမပြုပေ။

ခေတ်ပြိုင်မှကိုးကားသည်။

Thursday, September 24, 2009

အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား



မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့်အတိုက်အခံနှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ပြောကြားလိုက်သည်။

“နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က direct engagement လုပ်ဖို့ရယ် sanction ကိုလည်း ဆက်လက်ဆောင်ရွက်မယ်ဆိုတာ ပြောတယ်။ အဲဒါကို ကျနော်တို့ပြောကြတော့ ဒေါ်အောင်ဆန်းစုကြည်က direct engagement က ကောင်းတာပေါ့တဲ့။ အရင်ကတည်းကလည်း သူလည်းကြုံကြိုက်တဲ့အခါတိုင်း ပြောနေတာပဲတဲ့။ direct engagement လုပ်တဲ့နေရာမှာတော့ အစိုးရနဲ့ချည်းပဲမဟုတ်ဘဲ အတိုက်အခံတွေ၊ ဒီမိုကရေစီရေးသမားတွေနဲ့ပါ လုပ်ရင်ပိုပြီးတော့ အကျိုးရှိမယ်လို့ သူအဲလိုပြောပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောသည်။

ဦးဉာဏ်ဝင်းနှင့်ရှေ့နေများသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကိစ္စ ဆွေးနွေးရန်အတွက် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒစ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။

အမေရိကန်သမ္မတ အိုဘားမားသည် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်နေပြီး ပြောင်းလဲလာမည့် မူဝါဒအသစ်နှင့်ပတ်သက်၍ မစ္စစ်ကလင်တန်က ယင်းသို့ ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူ အရာရှိ (၂) ဦးလာရောက်ပြီး အမေရိကန်အစိုးရက မူဝါဒအသစ်နှင့်ပတ်သက်၍ ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။

၎င်းက “သူတို့ပြောတာတော့ အမေရိကန်နိုင်ငံခြားရေးဝါဒရဲ့ ရှေ့ပြေးပေါ့ဗျာ။ ပါတဲ့အချက်တွေကတော့ sanction ကတော့ ဆက်ရှိနေမယ်ပေါ့။ တဖက်ကလည်း တပ်မတော်အစိုးရနဲ့ engagement ပေါ့၊ ပိုမိုနီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို
လုပ်သွားမယ်ပေါ့ဗျာ။ တချိန်တည်းမှာပဲ ဆန်ရှင်ကို တဖြည်းဖြည်းချင်း ဖျက်သိမ်းသွားမယ့်ဟာမျိုးကိုလည်း သူတို့ သဘောထားရှိတဲ့ သဘောပေါ့လေ။ ဒါဟာလည်း တဖက်က အစိုးရဘက်ကနေပြီးတော့ ကောင်းမွန်တဲ့ ပျော့ပျောင်းတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ နောက်ပြီးတော့ ဖမ်းထားတဲ့အကျဉ်းသားတွေ အစရှိသဖြင့်ပေါ့။ ဘက်ပေါင်းစုံကနေပြီးတော့ ပျော့ပျောင်းတဲ့အနေအထားမျိုးတွေ ပြသလာမယ်၊ ဆက်ဆံမှုတွေမှာ တိုးတက်ကောင်းမွန်တဲ့သဘောထားတွေ ရှိလာမယ်ဆိုရင်တော့ သူတို့ဘက်က တဖြည်းဖြည်းချင်းဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ဆိုလိုတာဖြစ်တယ်” ဟု ရှင်းပြသည်။

ထိုသို့အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးရေးမူဝါဒအသစ်နှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ကြိုဆိုသော်လည်း သတိဖြင့်ဂရုတစိုက်ကြိုရမည်ဖြစ်သည်ဟု ခေတ်ပြိုင်သို့ပြောသည်။

ခေတ်ပြိုင်မှကိုးကားယူသည်။