Sunday, September 23, 2012

ကရင်လူမျိုးများရဲ့ ရိုးရာယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်မှုနှင့်နေထိုင်လှုပ်ရှားမှုဘ၀ဓလေ့များကို (Thai PBS)မှ အစီအစဉ်တင်ဆက်ပြသခြင်း

ထိုင်းနိုင်ငံရောက် ကရင်မျိုးနွယ်စုများရဲ့ ရိုးရာ ယဉ်ကျေးမှုထိန်းသိမ်းမြှင့်တင်မှုနှင့်နေထိုင်လှုပ်ရှားမှု ဘ၀ဓလေ့များကို ထိုင်းအသံလွှင့်ဌာန Thai PBS မှစက်တင်ဘာလ (၂၁-၂၃)ရက်နေ့ အထိ သက်ဆိုင်ရာမျိုးနွယ်စုအလိုက်.. ထိုင်းအသံလွှင့်ဌာန Thai PBS တွင် (၃)ရက်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပါသည်။
နေ့ အလိုက်အစီအစဉ်များပြုလုပ်မှုမှတ်တမ်းဓာတ်ပုံများကို အောက်တွင်ကြည့်ရှုနိုင်ပါသည်။

photo by Hale Koto

Photo by Hale Koto


Photo by Hale Koto


Photo by Saw Eh Tho

Photo by Saw Eh Tho

Photo by Saw Eh Tho

Photo by Saw Eh Tho

Photo by Saw Eh Tho

Photo by Saw Eh Tho

Photo by Saw Eh Tho
Photo by Saw Eh Tho
Photo by Saw Eh Tho

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit Mee Linn Phyu

Photo credit San Mu (facebook)

Photo credit San Mu (facebook)



Sunday, September 2, 2012

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ မဲဆောက်မှာ ကျင်းပ

2012-09-01

ဒီကနေ့ ၀ါခေါင်လပြည့်နေ့မှာ ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောရဘုန်းတော်ကြီးကျောင်းမှာ မဲဆောက်ဒေသတွင်း ရောက်ရှိနေတဲ့ ကရင်တိုင်းရင်းသားတွေ စုပေါင်းပြီး ကျင်းပခဲ့ပါတယ်။

RFA

ကရင်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောရ ဘုန်းတော်ကြီးကျောင်းမှာ မဲဆောက်ဒေသတွင်း ရောက်ရှိနေတဲ့ ကရင် တိုင်းရင်းသားတွေ စုပေါင်းပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပခဲ့နေကြစဉ်။

အဆိုပါ ချည်ဖြူဖွဲ့မင်္ဂလာ အခမ်းအနားသို့ ကေအဲန်ယူ ကရင်အမျိုးသား အစည်းအရုံးက သ၀ဏ်လွှာ ပေးပို့ခဲ့ပြီး အဲဒီသ၀ဏ်လွှာမှာ ကရင်တိုင်းရင်းသား အားလုံးအနေဖြင့် ငြိမ်းချမ်းအေးဆေးစွာ နေထိုင်လိုသော ဆန္ဒအပါအ၀င် ကရင့်ရိုးရာ အစဉ်အလာတရပ်ကို သိရှိနားလည်အောင် ကြိုးစားဖော်ထုတ် ထိန်းသိမ်းဖို့ တိုက်တွန်းထားကြောင်း ကရင့်ရိုးရာ ချည်ဖြူဖွဲ့မင်္ဂလာ ကျင်းရေးကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံ မန်းမျိုးမြင့်က အခုလို ဖတ်ပြပါတယ်။

"ရိုးရာဓလေ့ယဉ်ကျေးမှုနှင့် စာပေစကားများကို ဖော်ထုတ်ထိန်းသိမ်း ကာကွယ်သမှုပြုကြပြီး လူ့ အခွင့်ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံမည့် တိုးတက်မှုနှင့် လွတ်လပ်မှုကို အခြားလူမျိုးများ ကဲ့သို့ တန်ဖိုးထားကာ ငြိမ်းချမ်းအေးငြိမ်းစွာ နေထိုင်လိုသော ဆန္ဒအပါအ၀င် အခြားကောင်းသော အရာများ ဖော်ပြလိုက်သောနေ့လည်း ဖြစ်သည်။"

ချည်ဖြူဖွဲ့မင်္ဂလာပွဲမှာ ကရင်တိုင်းရင်းသားတွေ အပါအ၀င်အခြားတိုင်းရင်းသားတွေနဲ့ နိုင်ငံခြားသားများလည်း လာရောက်တာ တွေ့ရပြီး လူပရိသတ် လေးထောင်ကျော် တက်ရောက်တာကို တွေ့ရပါတယ်။ ကရင့်ရိုးရာ အဆိုအကနဲ့ ခေတ်ပေါ် ဂီတပွဲတွေ လည်းပါဝင် ဖျော်ဖြေခဲ့ပါတယ်။
RFA မှကူးယူဖေါ်ပြသည်။

Wednesday, August 29, 2012

ဖားအံမြို့ ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်သို့ KNU ပထမဆုံးအကြိမ် ပါဝင်ဆင်နွဲခဲ့

သဂုတ်လ ၂၈ရက်၊ ၂၀၁၂ခုနှစ်။ စဖန်းရှောင်း (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုမှ ကြီးမှူးကျင်းပသော (၃၅)နှစ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ပွဲတော်ကို သြဂုတ်လ ၂၆ရက်နေ့က ဖားအံမြို့ရှိ ဇွဲကပင်ခမ်းမတွင် ကျင်းပခဲ့ရာ ကရင်အမျိုးသားအစည်းအရုံး-KNU မှ ခေါင်းဆောင်အချို့ ပထမဆုံး အကြိမ် တက်ရောက်ဆင်နွဲခဲ့သည်။


၎င်းလက်ချည်ပွဲကို KNU ၏ သစ်တောဌာန တာဝန်ခံ ပဒိုစောအားတိုးနှင့် မြ၀တီ ဆက်ဆံရေးရုံးတာဝန်ခံ ဒုဗိုလ်မှူးကြီးဖောဒို့တို့အပြင် ၀န်ကြီးချုပ် ဦးဇော်မင်းနှင့် ပြည်နယ်အစိုးရအဖွဲ့များ၊ ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ကရင်လူငယ်မောင်မယ်များ နှင့် သက်ကြီးရွယ်အို စုစုပေါင်း ၁၀၀၀နီးပါး တက်ရောက်ခဲ့ကြသည်ဟု သိရသည်။

KNU နှင့်အတူ လိုက်ပါသွားခဲ့သူ မန်းမျိုးမြင့်က “KNU ခေါင်းဆောင်တွေ အခုလို ဖားအံမှာလုပ်တဲ့ ချည်ဖြူဖွဲ့ပွဲကို တက်ရောက်ခွင့်ရတာ အင်မတန် ကောင်းပါတယ်။ လူတွေကလည်း ကြိုဆိုတာ၊ ၀မ်းသာတာ တွေ့ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ချည်ဖြူဖွဲ့ပွဲ တက်ရောက်သူ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာက “အခုလို တက်ရောက်လာတာ ၀မ်းသာပါတယ်။ ဒေသခံလူထုအားလုံးလည်း ၀မ်းသာကြပါတယ်။ ဒါပေမယ့် တချို့တော့ KNU နဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာ သိပ်မရဲကြ ဘူး။ ၁၇/၁(မတရားအသင်း ဆက်သွယ်တဲ့ပုဒ်မ)ကို မပယ်ဖျက်သေးတဲ့အခါကျတော့ ကြောက်ကြတာပေါ့နော်။ အဲဒီ တရားမ၀င်အသင်း ဆိုတာ မရှိတော့ဘူးဆိုရင် အားလုံးက ဒီထက် ပွင့်ပွင့်လင်းလင်း ဖြစ်လာလိမ့်မယ်လို့ထင်တယ်”ဟု ပြောသည်။




ယင်းအခမ်းအနားကို မနက်(၁၀)နာရီတွင် စတင် ကျင်းပခဲ့ပြီး အစီအစဉ်အရ ချည်ဖြူဖွဲ့ပွဲ အစဉ်အလာအတိုင်း ဦးဆောင်ကြသည့် လူကြီး သူမများက ရိုးရာလိပ်ပြာခေါ်ခြင်း၊ လက်ချည်မင်္ဂလာပြုခြင်း၊ ကရင်လူငယ်မောင်မယ်များက ရိုးရာသီချင်း သီဆိုခြင်းနှင့် ဧည့်ခံကျွေးမွေး ခြင်းများ ပြုလုပ်ခဲ့ကြသည်။

ကရင်လူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်းအစဉ်အလာအရ ကျင်းပသော ပွဲတော်များအနက် ၀ါခေါင်လအတွင်း ကျင်းပသည့် ချည်ဖြူဖွဲ့ ပွဲတော်သည် အပါအ၀င်ဖြစ်ပြီး မြန်မာနိုင်ငံရှိ တောင်ပေါ်၊ မြေပြန့် ကရင်လူမျိုးများသာမက ပြည်ပနိုင်ငံ အသီးသီးတွင် သွားရောက် အခြေ ချ နေထိုင်နေကြသော ကရင်လူမျိုးများလည်း အစဉ်အလာမပျက် ဆက်လက်ထိန်းသိမ်း ဆင်နွှဲကျင်းပကြသည်။

“ကရင်အမျိုးသားတွေ အခုလို စည်းစည်းလုံးလုံးနဲ့ တွေ့နိုင်မယ့် ပွဲတော်တွေကနေတဆင့် အမျိုးသားရေးကိစ္စတွေကို အမြဲတမ်း တွေ့ဆုံ ဆွေးနွေးကြမယ်ဆိုရင် ကျနော်တို့ ကရင်အမျိုးသားထုထဲမှာလည်း မကြာခင် ကျနော်တို့ ရည်မှန်းချက်တွေ ပြည့်ဝလိမ့်မယ်လို့ သုံးသပ်မိ ပါတယ်”ဟု မန်းမျိုးမြင့်က ဆက်ပြောသည်။

ယခု ပြုလုပ်သည့် ချည်ဖြူဖွဲ့ပွဲသည် ဖားအံမြို့နယ် အတိုင်းအတာအနေဖြင့် ကျင်းပခြင်းဖြစ်ပြီး ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းမှ ငွေကျပ်ဆယ်သိန်းနှင့် KNU မှ ငွေကျပ်သုံးသိန်း ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီထံ လှူဒါန်းခဲ့သည်ဟု သိရသည်။

ကရင်လူမျိုးတို့၏ ရှေးလူကြီးသူမများ အဆိုအရ ၀ါခေါင်လသည် မကောင်းဆိုးဝါးများ ပျော်မြူးသည့် လရာသီဖြစ်ပြီး ထိုမကောင်းဆိုးဝါး ၀ိညာဉ်များ မိမိတို့၏ သားသမီး၊ မြေး၊ မြစ်များအပေါ် လာရောက်စွဲကပ်ပါက မကောင်းသည့် အတိတ်နိမိတ်၊ ဘေးဥပါဒ် ကျရောက်တတ် သည်ဟု ယုံကြည်ကြကာ ၎င်းကို ကာကွယ်သည့်အနေဖြင့် လက်နှစ်ဖက်၏ လက်ကောက်ဝတ်တွင် ချည်ဖြူများ ချည်နှောင်ပေးခြင်း ဖြစ်
သည်။

ကေအိုင်စီမှကူးယူဖော်ပြသည်။

Thursday, June 28, 2012

ကေအဲန်ယူခေါင်းဆောင် တချို့နှင့် ဘန်ကောက်ရောက် ကရင်လူငယ်များတွေ့ဆုံ

ဘန်ကောက်ကို ခေတ္တရောက်ရှိလာသည့် ကေအဲန်ယူ ဗဟို သစ်တော ဌာန တာဝန်ခံ ပဒို စောအားတိုးနှင့် ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေး ဌာန တာဝန်ခံ ပဒိုစောလှထွန်းတို့သည် ဘန်ကောက်ရောက် ကရင်လူငယ်များနှင့် ဇွန်လ ၂၄ရက်နေ့ ညနေပိုင်းက တွေ့ဆုံ ဆွေးနွေးမှုတရပ် ပြုလုပ်ခဲ့သည်။


ကေအဲန်ယူ ခေါင်းဆောင်နှင့် OKRSO လူငယ်ခေါင်းဆောင်အချို့၊ ဓါတ်ပုံ-(နန်းမီးလင်းဖြူ)Facebook


အဆိုပါ တွေ့ဆုံပွဲတွင် တက်ရောက်လာသည့် ခေါင်းဆောင်နှစ်ဦးမှ လက်ရှိ မြန်မာ အစိုးရနှင့် ကေအဲန်ယူ တို့၏ ငြိမ်း ချမ်းရေး ဖြစ်စဉ်အခြေအနေများကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားပြီး တက်ရောက်လာ သူများကလည်း ၄င်းတို့ သိလိုသည်များကို မေးမြန်းခဲ့ကြသည် ဟု တွေ့ဆုံပွဲကို စီစဉ်သူ OKRSO ကော်မတီဝင်တဦးက ပြောဆိုသည်။
၎င်းက "အဓိက ကတော့ လက်ရှိ မြန်မာ အစိုးရနဲ့ ကေအဲန်ယူတို့ ငြိမ်းချမ်းရေး ဆွေးနွေးတဲ့ ဖြစ်စဉ်ကို ရှင်းပြပါတယ်။ ပဒိုအားတိုး ကတော့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ် ဘယ်လောက်ရောက်နေလဲဆိုတာထက် လှေကားထစ်လိုမျိုး တလှမ်းပြီး တလှမ်း ဆက်လှမ်းသွားဖို့ ပြောသွားတယ်။

နောက် မြန်မြန် ဆန်ဆန်လည်း မလုပ်ချင်ဘူး။ မြန်မြန်လျှောက်ရင် ခလုပ်တိုက်နိုင်တယ်လေ။ အရင်ကလည်းအမြဲအလိမ်ခံ ရတယ်ဆိုတော့ ဒီတခါတော့ သတိကြီးစွာနဲ့ ဆက်သွားမယ်။ လောလောနဲ့လည်း မသွားချင်ဘူး။ ဖြေးဖြေးနဲ့ မှန်မှန် သွားဖို့ အဲဒါကို အဓိကထား ပြောသွားပါတယ်"ဟု ဆိုသည်။



အဆိုပါ တွေ့ဆုံပွဲကို ဘန်ကောက်အခြေစိုက် OKRSOခေါ်သည့် အဝေးရောက် ကရင်ဒုက္ခသည်များ ဆိုင်ရာ လူမှု စောင့်ရှောက်ရေး အဖွဲ့မှ စီစဉ် ပြုလုပ်ခြင်းဖြစ်ပြီး OKRSOအဖွဲ့ဝင်လူငယ်များ၊ ဘန်ကောက်ရှိ ကရင်ယဉ်ကျေးမှု အဖွဲ့ လူငယ်များနှင့် အခြားတသီး ပုဂလိက ကရင်လူငယ်များက စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြသည်။
ထိုနေ့ နေ့ နေ့လည်ပိုင်းကလည်း OKRSOမှ ကျင်းပပြုလုပ်သည့် အနှစ် ၂၀ပြည့် မြောက်သည့် အခမ်းအနား ကိုကေ အဲန်ယူ ခေါင်းဆောင်များက တက်ရောက် အားပေးခဲ့ပြီး ကေအဲန်ယူမှ ပေးပို့သည့် သ၀ဏ်လွှာကို ပဒို စောလှထွန်းက ဖတ်ကြားခဲ့သည်။



"အဓိကတော့ ကျနော်တို့ အဖွဲ့ရဲ့ အနှစ် ၂၀ပြည့်မြောက်တဲ့ အခမ်းအနားကို ကေအဲန်ယူ ခေါင်းဆောင်တွေက လာရောက်အားပေးတာပဲ။ အဲဒါနဲ့ တဆက်ထဲ ညနေပိုင်းမှာ အဲလို တွေ့ဆုံ ပွဲလေး လုပ်သွားတာ ဖြစ်တယ်။
သူတို့ အခုလို လာရောက်အားပေးတဲ့ အတွက် ကျနော်တို့ အလွန်ပဲ ၀မ်းသာပြီး အားအင်တွေ ရရှိလာပါတယ် နောက် မရှင်းမလင်းတာတွေ ရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကိုလည်း ပိုမို သိရှိလာရပါတယ်"ဟု အဆိုပါ ကော်မတီဝင်ကပဲ ပြောဆိုသွားသည်။
ကေအဲန်ယူ ထိပ်ပိုင်း ခေါင်းဆောင်မှ ဘန်ကောက်ရောက် ကရင်လူငယ်နှင့် တွေ့ဆုံမှုသည် အပစ်ရပ် သွားရောက်ဆွေးနွေးပြီး သည့် နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ပြီး OKRSO၏ နှစ် ၂၀ပြည့် အခမ်းအနားကို ယခုလို ကေအဲန်ယူ ခေါင်းဆောင်တွေ တရားဝင် လာရောက်အားပေးသည်မှာ နှစ်၂၀အတွင်း ပထဆုံး အကြိမ်ဖြစ်သည်ဟုလည်း စုံစမ်းသိရှိရသည်။




ဓါတ်ပုံ-OKRSO Posted by အဲခေါင်သောင့်

(၂၀)နှစ်မြောက် OKRSO သဘောထားထုတ်ပြန်ချက်

Monday, June 25, 2012

OKRSO နှစ်(၂၀)မြောက်အခမ်းအနားကျင်းပပြီးစီးခြင်း

OKRSO နှစ် (၂၀)မြောက်အခမ်းအနားကို ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဇွန်လ (၂၄)ရက်နေ့ တွင် Student Christian Center (SCC) တွင်မွန်းလွဲ ၁း၀၀နာရီမှညနေ ၄း၃၀ ထိ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

OKRSO နှစ် (၂၀)မြောက်အခမ်းအနားကိုဖိတ်ကြားထားသောဧည့်ပရိတ်သတ်များနှင့်မျိုးချစ်ကရင်လူငယ် (၂၀၀)ကျော်တက်ရောက်အားပေးခဲ့ပါသည်။

အခမ်းအနားမှာ အခမ်းအနားမှူး အဖြစ် စောလှစိန်နှင့်နန်းဇီဇ၀ါသိန်းတို့ မှတာဝန်ယူပြီး အခမ်းအနားအစီအစဉ်အရ ဦးစွာပထမ ကရင့်အမျိုးသားအလံတော်ကို အလေးပြုခြင်း၊ OKRSO ဥက္ကဌ မန်းလှသိန်းမှ နှစ်(၂၀)မြောက် အခမ်းအနား မိန့် ခွန်းပြောကြားခြင်း၊ကရင်အမျိုးသားအစည်းအရုံးမှဧည့်သည်တော် ပဒိုအာတိုးမှဂုဏ်ပြုမိန့် ခွန်းပြောကြားခြင်း၊
TACDB မှဆရာဦးမြင့်ဝေက ကြွရောက်လာသော ကရင်လူငယ်များအား သြ၀ါဒမိန့် ခွန်းပြောကြားခြင်းနှင့် ဘန်ကောက်ရွှေ့ ပြောင်းအလုပ်သမားဆိုင်ရာအဖွဲ့ (MWG)ဆရာစောခူးက ဂုဏ်ပြု အမှတ်တရစကားပြောကြားခြင်းတို့ ဖြစ်သည်။

အဲဒီနောက်မှာ..နှစ်(၂၀)မြောက်အခမ်းအနားအတွက် အဖွဲ့ အစည်းအသီးသီးမှ ပေးပို့ လာသော သ၀ဏ်လွှာများကိုဖတ်ကြားခြင်းဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံးမှ ပေးပို့ လာသောသ၀ဏ်လွှာကို ပဒိုစောလှထွန်းမှ ဖတ်ကြားသွားပြီး OKRSO နှစ်(၂၀)မြောက်အခမ်းအနားစာတမ်းကိုတော့ ဆရာမ နန်းဖေါင်အွာမှ အသီးသီးဖတ်ကြားသွားခဲ့သည်။

နှစ်(၂၀)အတွင်း OKRSO အဖွဲ့ ရဲ့ လှုပ်ရှားမှုများကို ဦးဖေသန်းနှင့်ဆရာ စရှိုင်းတို့ မှကြွရောက်လာသော ကရင်လူငယ်မောင်မယ်များအတွက် စုံလင်စွာ ဆက်လက်တင်ပြခဲ့ပါသည်။

နှစ် (၂၀)အခမ်းအနား မိန့် ခွန်းပြောကြားခြင်းနှင့် သ၀ဏ်လွှာအသီးသီးဖတ်ကြားပြီးသွားသည့်နောက်မှာတော့ နှစ်(၂၀)အတွင်း အဖွဲ့ ဝင်အသီးသီးတို့ ရဲ့ လှုပ်ရှားမှု ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။


လူမှုရေးထူးချွန်ဆု...စောလာပုံးအွာ

သတင်းနှင့်ပြန်ကြားရေးထူးချွန်ဆု ....မန်းမျိုးမြင့်

စာပေနှင့်ယဉ်ကျေးမှု ထူးချွန်ဆု...စောဘီးဘီ၊နန်းမူးဟိလာ၊နန်းမူးနိုင်း၊နန်းယှူးခလိန်းဖေါင်

ပညာရေးထူးချွန်ဆု...နန်းမြင့်အောင်၊နန်းအေးအေးသန့် ၊နန်အေးသန္တာ

ကျန်းမာရေးပညာပေးထူးချွန်ဆု...နန်းဖေါင်အွာ၊နန်းသူဇာလွင်


စေတနာ့ဝန်ထမ်း ထူးချွန်ဆု...Mr.Richard

ကနေဒါမှ အလှူရှင်..ကိုထွန်းနေရှင် အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။


ဂုဏ်ပြုဆုများကိုပေးအပ်ချီးမြှင့်သည့်နောက်မှာတော့ နာယက မန်းစိပ်ပလောင်မှ ကျေးဇူးတင်စကားပြောကြားပြီး အပိတ်မိန့် ခွန်းကို မန်းမျိုးမြင့်မှ ပြောကြားခဲ့ပါသည်......


အဲဒီနောက်မှာတော့ OKRSO နှစ်(၂၀)မြောက် အခမ်းအနားအတွက်ဖျော်ဖြေရေးအစီအစဉ်ကို စောဘီးဘီမှ အခမ်းအနားမှူးအဖြစ်ဆက်လက်တင်ပြခဲ့ပြီး...



OKRSO Sunday School ကျောင်းသူ၊ကျောင်းသားများဒုံးအဖွဲ့ 

စောမူလာဖေါင် ကရင်လူငယ်ဒုံးအဖွဲ့ 

OKCG ကရင်လူငယ်အဖွဲ့ မှ အဖွဲ့ လိုက်သီချင်း

KUSG မှကျောင်းသူမလေး နော်စကီတာဝင်း တကိုယ်တော်သီချင်း

စောမူလာဖေါင် ကရင်စောင်းတူရိယာ တီးခတ်သီဆိုမှု

စောမူလျာ.ဖေါင်မှ ကရင်ပြည်ကိုလာလည်ပါ တေးသရုပ်ဖော် တင်ဆက်မှု

ဒုံရင်း ကရင်လူငယ် အဖွဲ့ လိုက်သီချင်း

SNG ကရင်လူငယ် အဖွဲ့ လိုက်သီချင်းများ


အခမ်းအနားပိတ်ပွဲအနေနှင့် စည်းလုံးခြင်းလို့ အမည်ရတဲ့ အောဟူ့ အောဟောင်သီချင်းဖြင့်အခမ်းအနား
ကိုအောင်မြင်စွာကျင်းပပြုလုပ်ခဲ့ပါသည်။

O.K.R.S.O နှစ်(၂၀)မြောက် အခမ်းအနားလှုပ်ရှားမှု မှတ်တမ်းများ
ကိုအောက်မှဆက်လက်ကြည့်ရှုနိုင်ပါသည်။






OKRSO ဥက္ကဠ မန်းလှသိန်းမှ အဖွင့် မိန့် ခွန်းပြောကြားခြင်း



ကရင်အမျိုးသားအစည်းအရုံးမှ ပဒိုအားတိုး မိန့် ခွန်းပြောကြားခြင်း



TACDB မှ ဆရာဦးမြင့်ဝေ မိန့် ခွန်းပြောကြားခြင်း



နာယက မန်းဆိင့်ပြင်မှ ကျေးဇူးတင်စကားပြောကြားခြင်း



နာယက မန်းဆိင့်ပြင်မှ TACDB ဆရာဦးမြင့်ဝေကို ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း



နာယက မန်းဆိင့်ပြင်မှသတင်းနှင့်ပြန်ကြားရေး ထူးချွန်ဆု ဂုဏ်ပြုလက်ဆောင် ပေးအပ်ခြင်း




OKRSO ဥက္ကဠ မန်းလှသိန်းမှ ကျန်းမာရေးလှုပ်ရှားမှုအသိပညာပေးထူးချွန်ဆုကို ဆရာမနန်းဖေါင်အွာအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း



OKRSO ဥက္ကဠ မန်းလှသိန်းမှ ကျန်းမာရေးလှုပ်ရှားမှုအသိပညာပေးထူးချွန်ဆုကို ဆရာမနန်းသူဇာလွင်အား (ကိုယ်စားနန်းဇာနည်မြင့်) ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း



ကရင်အမျိုးသားအစည်းအရုံးမှပဒိုစောလှထွန်းမှ ပညာရေးလှုပ်ရှားမှုထူးချွန်ဆု နန်းမြင့်အောင်အားပေးအပ်ခြင်း



အဖွဲ့ ဝင်ဟောင်းဦးမြင့်စိုးမှ စာပေနှင့်ယဉ်ကျေးမှုလှုပ်ရှားမှုထူးချွန်ဆု စောဘီးဘီအားပေးအပ်ခြင်း



ဆရာစရှိုင်းမှ စေတနာ့ဝန်ထမ်းဆရာ Mr.Richard အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း



OKRSO ဥက္ကဠ မန်းလှသိန်းမှ ကနေဒါမှခေတ္တခဏပြန်လာသော အလှူရှင် ကိုထွန်းနေရှင်အား ဂုဏ်ပြုလက်ဆောင်ပေးအပ်ခြင်း





ကရင်စောင်းတူရိယာဖြင့် စ၀်မူလျာ.ဖါန်(မုက္ကဒိ)မှဖျော်ဖြေတင်ဆက်ခြင်း



KUSG ကျောင်းသူမလေး နော်စကီတာဝင်းမှ ပိုးကရင်သီချင်းဖြင့်ဖျော်ဖြေတင်ဆက်ခြင်း