Sunday, September 5, 2010

မဲဆောက်တွင် အဖမ်းအဆီးကြမ်း၊ အလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရ

မဲဆောက်တွင် အဖမ်းအဆီးကြမ်း၊ အလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် နေထိုင် လုပ်ကိုင်နေသော အလုပ်သမားများကို အာဏာပိုင်များက ယမန်နေ့မှ စတင်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည့် အတွက် မြန်မာအလုပ်သမား ထောင်နှင့်ချီ ဖမ်းဆီးခံရပြီး ထောင်နှင့်ချီ၍ ရှောင်တိမ်း ပုန်းအောင်းနေ ကြရကြောင်း သတင်း ရရှိသည်။

Mae-Sot-Workers
မြန်မာ အလုပ်သမားများ အဖမ်းအဆီး ခံရမည်ကို စိုးရိမ်၍ ဤကဲ့သို့ ရှောင်တိမ်းနေကြရ (ဓာတ်ပုံ - ဧရာဝတီ)
ယမန်နေ့က မဲဆောက် မြို့ပြင်ရှိ စက်ရုံများကို စတင်ဝင်ဖမ်းရာ အလုပ်သမားများက ကြိုတင်ထွက်ပြေးတိမ်းရှောင်၍ နီးစပ်ရာ ဘုန်းကြီးကျောင်းများနှင့် တောထဲတောင်ထဲတွင် ပုန်းအောင်းနေခဲ့ကြရသည်ဟု ရောင်ခြည်ဦး အလုပ်သမား အဖွဲ့တာဝန်ခံ ကိုမိုးဆွေက ပြောပြသည်။

ယင်းသို့ ပုန်းအောင်းနေစဉ် ဖာဒေးရွာ ဘုန်းကြီးကျောင်းအတွင်းမှ အလုပ်သမား ငါးရာ ကျော် အဖမ်းခံခဲ့ရပြီး ကျောင်း ထိုင် ဘုန်းကြီးကိုပါ ထိုင်း အာဏာပိုင်များက တရားရုံးသို့ ဆင့်ခေါ်ထားကြောင်း သိရသည်။


“ဖမ်းတာကတော့ တအားကို ဖမ်းနေတယ်။ စာရင်းအတိအကျ ကျနော်တို့ မပြောနိုင်သေးဘူး။ ထောင်နဲ့ချီပြီး အဖမ်းခံ ထားရတာကိုတော့ ပြောနိုင်ပါတယ်။ အခုလို ဖမ်းတာဟာ ဇွန်လ ၂ ရက်နေ့က ထိုင်းဝန်ကြီးချုပ်က ဖမ်းဆီးဖို့ လက် မှတ် ထိုး ထုတ်ပြန်ထားတဲ့ အစီအစဉ်ကြောင့်ဖြစ်မှာပါ။ သူက အောက်တိုဘာလ မတိုင်မီမှာ ဖမ်းပြီး ပြန်ပို့မယ်ဆိုပြီး အမိန့် ထုတ်ထားတာ ရှိတယ်”ဟု ကိုမိုးဆွေက ပြောသည်။

ထိုင်းနိုင်ငံသို့ နည်းမျိုးစုံဖြင့် တရားမ၀င် လာရောက် လုပ်ကိုင်နေသော ရွှေ့ပြောင်း အလုပ်သမား အရေးနှင့် ပတ်သက် ၍ “နှိမ်နင်းရေး၊ ဖမ်းဆီးရေးနှင့် တရားစွဲဆိုရေး အထူးဌာန” ဖွင့်လှစ်ရန် ညွှန်ကြားချက်ကို ထိုင်းဝန်ကြီးချုပ် အဖိဆစ်  ဝေ့ချာချီဝက ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် လက်မှတ်ထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

မဲဆောက်တွင် ယခုတကြိမ် ဖမ်းဆီးခြင်းမှာ အလွန်ဆိုးရွားကြောင်း တိမ်းရှောင်နေရသူ မြန်မာ အလုပ်သမား ကိုကျော်သူ က ပြောသည်။

“အခုဖမ်းတာက ရဲရော တော်မော(လ၀က)ရော နယ်ခြားစောင့်ရဲနဲ့ စစ်သားတွေပါ ပါတယ်။ ဒီ ဘုန်းကြီးကျောင်းထဲကို အလုပ်သမားတွေ ၀င်နေတယ်ဆိုရင် အဲဒီကျောင်းကို ၀ိုင်းလိုက်ကြတာပဲ။ တွေ့ တဲ့လူကို ဆွဲတာပဲ။ ၂၀၀၈ တုန်းက မြန်မာပြည်ကို နာဂစ် ၀င်သလို အခု မဲဆောက်မှာ အဖိဆစ် နာဂစ်မွှေတယ်လို့ ပြောရမလိုဘဲ”ဟု ၎င်းက ဆိုသည်။

မဲဆောက်မြို့နယ် မြစ်ကမ်းနဖူးရှိ စက်ရုံများမှ အလုပ်သမားများမှာ စက်တင်ဘာလ ၂ ရက်နေ့ကပင် မြန်မာနိုင်ငံ မြ၀တီ မြို့ဘက်ကမ်းသို့ ကူးကာ တိမ်းရှောင်နေကြကြောင်း သိရသည်။

“မနေ့က ညနေ ၃ နာရီလောက်မှာ စက်ရုံ အလုပ်ရုံ အသီးသီးက အလုပ်ရှင်တွေက အလုပ်သမားတွေကို ၃ ရက် လောက် ရှောင်နေဖို့ ပြောတယ်။ ဒါကြောင့် မနေ့ညနေကတည်းက မြ၀တီဘက်ကမ်းကို ကူးနေကြတာတွေ ရှိတယ်။ ကျနော်တို့ သိရသလောက် မြ၀တီဘက်ကို ကူးသွားတာ သုံးထောင်ကျော် လေးထောင်လောက် ရှိတယ်”ဟု  မြန်မာ အလုပ်သမား ကွန်ယက်(Burmese Workers’ Network) မှ တာဝန်ခံ ကိုစိုးက ပြောသည်။ 

မြ၀တီဘက်ကမ်းရှိ ဘုန်းကြီးကျောင်းများတွင် မဲဆောက်မှ ထွက်ပြေး တိမ်းရှောင်လာကြသော အလုပ်သမားများဖြင့် ပြည့်နေကြောင်းလည်း သိရသည်။

မဲဆောက်ရှိ ဘုန်းကျောင်းတကျောင်းတွင် ပုန်းအောင်းနေကြသည့် အလုပ်သမားများကို ကိုယ်တိုင်တွေ့မြင်ခဲ့ရ၍ စိတ် မကောင်း ဖြစ်ရသည်ဟု သီးလေးသီးအငြိမ့်အဖွဲ့ မှလူရွှင်တော် ပန်းသီးက ပြောဆိုသည်။

“မနေ့က ကျနော်တို့ ကျောင်းကြီးထဲကို ဗီဒီယို ရိုက်စရာရှိလို့ ၀င်သွားတာဗျာ ပုန်းနေကြတဲ့ အလုပ်သမားတွေ မနည်း ဘူးဗျ။ အနည်းဆုံး တရာ နှစ်ရာ လောက်ရှိမယ်။ ရဲက ကျောင်းဝင်းကို ၀ိုင်းထားတာတွေ့ တော့  အလုပ်သမားတွေ အတွက် တော်တော် စိတ်မကောင်းဖြစ်ရတယ်။ အခုဟာက မဲဆောက်မှာ ခလုပ်တိုက်မိရင် ရဲ။ ပြောင်ပြောင်မြင်ရင် ရဲပဲဗျို့”ဟု ဆိုသည်။

အလားတူ တောထဲသို့ထွက်ပြေးတိမ်းရှောင်နေစဉ် ရဲက ၀ိုင်းမိ၍ ယမန်နေ့က အလုပ်သမား လေးဆယ်ကျော် ဖမ်းဆီး ခံထားရကြောင်း၊ တိမ်းရှောင်နေရသူများထဲတွင် အမျိုးသမီး အများစုပါဝင်၍ စိုးရိမ်ဖွယ်ရာအခြေအနေရှိကြောင်း ယင်း အလုပ်သမားများကို အကူအညီပေးနေသော အဝေးရောက် ဧရာဝတီ လူမှုရေး အသင်း ဥက္ကဌ ကိုသောင်းလှိုင်က ပြော သည်။

“ဖာထစ်ဆိုတဲ့ နေရာမှာ ၄၂ ယောက် အဖမ်းခံသွားရတယ်လို့ အခုပဲသတင်းရပါတယ်။ ကျနော်တို့က အဲသလို ပြေးနေ တဲ့ သူတွေကို လိုက်လံကူညီစောင့်ရှောက်ဖို့  ကြိုးစားနေတာပါ။ ပြေးနေတဲ့သူတွေထဲမှာ မိန်းကလေး ၇၅ ရာခိုင်နှုန်း လောက်ရှိတယ်။ ပြီးတော့ အခုက တုပ်ကွေးကလည်း အရမ်းဖြစ်နေကြတယ်။ မိုးကလည်း ရွာနေတယ်ဆိုတော့ ကျန်းမာရေး အတွက်လည်း စိုးရိမ်ရတယ်။ နောက်ပြီး ပုလိပ်ရန်ကတဘက် မိုးချုပ်လာရင် လမ်းသရဲ ရန်ကလည်း ကြောက်ရသေးတယ်”ဟု ၎င်းက ပြောဆိုသည်။

ယနေ့မှစ၍ စက်တင်ဘာလ ၅ ရက်နေ့အထိ အလုပ်သမား လက်မှတ်မရှိသူများဖြင့် လည်ပတ်နေသော အလုပ်ရုံများ ပိတ်ထားရသည်ဟုလည်း ၎င်းကဆိုသည်။

ထိုင်းနိုင်ငံတွင် မြန်မာ ရွှေ့ပြောင်း အလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအထိ ရှိမည်ဟု အလုပ်သမားရေးရာ အဖွဲ့များက ခန့်မှန်းထားကြပြီး ယင်းတို့အနက် အလုပ်သမား ၁ သန်း ၃ သိန်းခန့်သာ ယာယီ နိုင်ငံကူး လက်မှတ် ပြုလုပ်ရန် လျှောက်ထားကြောင်း သိရသည်။

Wednesday, September 1, 2010

ဗိုက်မှောက်နေရသည့် ဘ၀များ” အစီရင်ခံစာ ဖြန့်ချိ

“ဗိုက်မှောက် နေရသည့် ဘ၀များ” အမည်ရှိ အစီရင်ခံစာနှင့် ပတ်သက်၍ သတင်းစာ ဆရာများအား ရှင်းလင်းခြင်းနှင့်  ဖြန့်ချိခြင်း အခမ်းအနားကို ယနေ့နံနက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြား သတင်းထောက်များကလပ် (F.C.C.T) တွင် ကျင်းပခဲ့သည်

fcct-nd-burma
“ဗိုက်မှောက်နေရသည့် ဘဝများ” အစီရင်ခံစာ ရှင်းလင်းပွဲ မြင်ကွင်း (ဓာတ်ပုံ - ဧရာဝတီ)
လူ့အခွင့်အရေး မှတ်တမ်း ကွန်ယက်၊ မြန်မာနိုင်ငံ (ND - Burma) မှ ထုတ်ဝေသော ယင်း အစီရင်ခံစာသည် နအဖ စစ်အစိုးရ လက်အောက်တွင် မတရား အခွန် ကောက်မှုများ၊ ခြစားမှု များကြောင့် ဒုက္ခ ပင်လယ်ဝေ နေရသော မြန်မာပြည်သူများ၏ ပကတိ ဖြစ်စဉ်ကို နိုင်ငံအ၀န်း လက်လှမ်းမီ သရွေ့လေ့လာ တင်ပြထားခြင်း ဖြစ်သည်။

အုပ်ချုပ်ခံ ပြည်သူလူထု တရပ်လုံး အတိဒုက္ခ ရောက်နေရပြီး စစ်ဗိုလ်ချုပ်ကြီးများ၊ ၎င်းတို့နှင့် နီးစပ်သူများ၊ ဆွေမျိုး အသိုင်းအ၀န်း များကသာ ကြီးပွားပြီးရင်း ကြီးပွားချမ်းသာ နေကြသည် ဆိုသည့် အချက်ကို နိုင်ငံတကာ အသိုင်းအ၀န်းမှ သိရှိလာစေရန် မီးမောင်း ထိုးပြသည့် အနေနှင့် ဤအစီအရင် ခံစာကို ဖြန့်ချိသည်ဟု ND-Burma အဖွဲ့ မှ ပြောခွင့်ရ ပုဂ္ဂိုလ်တဦးဖြစ်သူ မလွေးဒါန်းဇျား (မလိုည်းဒါန်းဇျား) ဆိုသည်။

“ကျမတို့မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံနဲ့မှ မတူတဲ့ အခွန်ကောက်ခံခြင်းမျိုး ကျင့်သုံးနေပါတယ်။ သူတို့ ကောက်နေတာက ၀င်ငွေ ဘယ်လောက်ရှိရင် ဘယ်လောက်အခွန်ဆောင်ရမယ် ဆိုတဲ့ သတ်မှတ်ချက်လည်း မရှိဘူး။ အစိုးရက တရားဝင် ရာဖြတ်တွေ ဘာတွေနဲ့ ကောက်တာ မဟုတ်ဘူးလေ။ အခွန်ဦးစီးက တကယ်စည်းကျပ်ထားတာကို လာကောက်တာ မဟုတ်ဘဲနဲ့ ကြံ့ဖွံ့ ကလည်း လာကောက်တယ်။ ရယက၊ ရဲနဲ့ စစ်သားကလည်း ကောက်တယ်။ အဖမ်းခံရမှာကို ကြောက်လို့ မပေးနိုင်လည်း ပေးနေကြရတယ်။ ဒါကို နိုင်ငံတကာက သိစေဖို့ ဒီအစီရင်ခံစာကို ထုတ်ဝေခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ရှင်းပြသည်။

ယနေ့ အစီရင်ခံစာနှင့် ပတ်သက်၍ ရှင်းလင်းပွဲတွင် အင်္ဂလိပ်ဘာသာနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် ၂ ဦး၊ မြန်မာဘာသာနှင့် ပြောခွင့်ရ ပုဂ္ဂိုလ် ၂ ဦး ထားရှိသည်။

ရှင်းလင်းပွဲတွင် ND-Burma အဖွဲ့ မှ ကိုဟန်ကြီး၊ မချယ်ရီဇာဟောင်းနှင့် Dr. Alison Vicary (Researcher at Burma Economic Watch) တို့က ရှင်းလင်းကြပြီး သတင်းထောက်များ သိလိုသည်တို့ကို ဖြေကြား ပေးခဲ့သည်။

Dr. Alison Vicary က “မြန်မာနိုင်ငံအတွက် သင့်တင့် ကောင်းမွန်တဲ့ အခွန်စနစ်တရပ် လိုနေတာတော့ အမှန်ပါပဲ။ ခက်တာက မြန်မာနိုင်ငံဆိုတာ စစ်နိုင်ငံလိုဖြစ်နေတော့ ဘယ်စနစ်မှလည်း လွယ်လွယ်ကူကူနဲ့ အောင်မြင်မယ် မထင်ဘူး။ အခု လုပ်နေတာကတော့ ပြည်သူအတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘဲ စစ်အာဏာရှင် အသိုင်းအ၀န်း အတွက် သက်သက်ပဲ အကျိုးများနေတာကို တွေ့ ရတယ်” ဟု ဆိုသည်။

စာမျက်နှာ ၁၄၀ ပါဝင်သော အဆိုပါ အစီရင်ခံစာကို အပိုင်း ၃ ပိုင်းခွဲ၍ ရေးသားထားရာ ခေါင်းစဉ်ခွဲများမှာ အခွန်ကောက်ခံရေး စနစ်တရပ်၏ အခြေခံ လက္ခဏာများ၊ မြန်မာနိုင်ငံ အခွန်ကောက်မှု စနစ်၏ စီးပွားရေးအရ အကျိုးသက်ရောက်မှုများ၊ မြန်မာနိုင်ငံတွင် အခွန်ကောက်ခံမှုစနစ်၏ လူ့အခွင့်အရေးအပေါ် စီးပွားရေးအရ သက်ရောက်မှုများ ဟူ၍ဖြစ်သည်။

ဤအစီရင်ခံစာကို ထုတ်ဝေနိုင်ရန်အတွက် ၂၀၀၇ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံအနှံ့အပြားမှ အချက်အလက်များကို ကောက်ယူ စုဆောင်းခဲ့ကြသည်။

မတရားအခွန်ကောက်မှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် နမ်းခမ်းမြို့နယ်မှ ထော်လာဂျီသမားတဦးက “သူတို့က အခွန်ကောက်တဲ့နေရာမှာ ဘာဥပဒေမှ ရှိတာမဟုတ်ဘူး။ သူတို့က အဖွဲ့တွေကြားထဲမှာ ဂိတ်တွေ ဖြန့်ချ၊ ခွဲဖွင့်ပြီး ငွေတောင်းတာပဲ။ ပိုဆိုးတာက တောင်းတဲ့ ပမာဏကို မပေးမနေရဆိုပြီး ငွေလက်ခံရရှိကြောင်း ဖြတ်ပိုင်း လေးတောင် ပေးတာမဟုတ်ဘူး။ ငွေလက်ခံဖြတ်ပိုင်းရှိရင် ကျနော်တို့ အခွန်ဆောင်ပြီးပြီလို့ ပြောလို့ရတယ်” ဟူ၍ ရင်ဖွင့်သည်ကို အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။

အလားတူ အခွန်မပေးနိုင်သဖြင့် မိမိရပ်ရွာများကို စွန့်ခွာကာ ထွက်ပြေးသူများလည်း ရှိကြောင်း သံဖြူဇရပ်မြို့နယ်မှ မွန်တိုင်းရင်းသားတဦးက “အလုပ်လုပ်ဖို့ အချိန်လည်းမရှိဘူး၊ သူတို့ကို ပေးစရာ ပိုက်ဆံလည်း မရှိတော့ဘူး။ ထမင်းနပ်မှန်အောင် စားစရာလည်း မရှိတော့ဘူး” ဟု ပြောဆိုသည်ကို အစီရင်ခံစာ၌ ဖော်ပြရေးသားထားသည်။

နအဖ အာဏာပိုင်များသည် လူထုထံမှ အခွန်အခများကို မတရားသဖြင့် နည်းမျိုးစုံနှင့် ကောက်ခံလျက် ရှိသော်လည်း စစ်စရိတ်အတွက် အစိုးရဘက်ဂျက်၏ ၅၀ ရာခိုင်နှုန်းကျော်ကို အသုံးပြုလျက်ရှိပြီး ကျန်းမာရေး လူမှုရေးနှင့် ပညာရေးအတွက် ၅ ရာခိုင်နှုန်းခန့်ကိုသာ အသုံးပြုသည်ကို တွေ့ ရကြောင်း အစီရင်ခံစာကဆိုသည်။

ND - Burma အဖွဲ့ တွင် အဖွဲ့ ငယ်ပေါင်း ၁၃ ဖွဲ့ ပါရှိသည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၊ ရခိုင်ပြည်လုံးဆိုင်ရာ ကျောင်းသားလူငယ်များ အစည်းအရုံး၊ မြန်မာ့ရေးရာအဖွဲ့၊ မြေကမ္ဘာအခွင့်အရေး အပြည်ပြည် ဆိုင်ရာ လှုပ်ရှားမှုအဖွဲ့၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ လူ့အခွင့်အရေး မှတ်တမ်းတင်ဌာန၊ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)၊ မွန်ပြည် လူ့အခွင့်အရေး ဖောင်ဒေးရှင်း၊ ကချင်အမျိုးသမီး အစည်းအရုံး (ထိုင်းနိုင်ငံ)၊ လားဟူအမျိုးသမီး အစည်းအရုံး၊ ပလောင်အမျိုးသမီးအစည်းအရုံး၊ တအောင်းကျောင်းသားလူငယ်များ အစည်းအရုံးနှင့် ရိုးမ (၃) သတင်းဌာနတို့ ဖြစ်သည်။


ဘစောတင်

တိုင်းရင်းသားပါတီများက မိမိတို့ဒေသတွင် အနိုင်ရမည်ဟု ယုံကြည်

နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည့် တိုင်ရင်းသား နိုင်ငံရေးပါတီများ အနေနှင့် ၎င်းတို့ဒေသများ၌ သေချာပေါက် အနိုင်ရမည်ဟု
karenParty
ကရင်ပြည်သူ့ပါတီ ဆိုင်းဘုတ်တင် အခမ်းအနားမြင်ကွင်း
ယုံကြည်နေကြကြောင်း တိုင်းရင်းသား ပါတီ ခေါင်းဆောင်များက ဧရာဝတီသို့ပြောသည်။

တိုင်းရင်းသားပါတီ များအနေဖြင့် မိမိတို့ ပြည်နယ်၏ မဲဆန္ဒနယ် အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီး လွှတ်တော် သုံးရပ် စလုံး၌ ပါဝင်ကြမည် ဖြစ်သော်လည်း မဲဆန္ဒနယ် အပြည့်အ၀ကို ၀င်ရောက် မပြိုင်ကြနိုင်တော့ကြောင်း ပါတီ ခေါင်းဆောင်များက ဆိုသည်။

“ကျနော်တို့ မွန်ပြည်နယ်မှာ ၁၀ မြို့နယ်ရှိပေမယ့် အချိန်မရတော့တဲ့အတွက် မြို့နယ် ၇ ခုမှာပဲဝင်ပြိုင်နှိင်တော့မယ်။ ပြိုင်တာတော့ လွှတ်တော် သုံးရပ် စလုံးမှာ ပါဝင်မှာဖြစ်ပါတယ်” ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေ
သိမ်း ကပြောသည်။

မွန်ပါတီသည် မွန်ပြည်နယ်အပြင် ကရင်ပြည်နယ် ( ဘားအံမြို့) တွင်လည်း တိုင်းရင်းသားရေးရာ ကိုယ်စားလှယ်အနေနှင့် တဦးပါဝင် ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အပြင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေပါတီ (ကြံ့ဖွံ့)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ပါတီ (တ.စ.ည) တို့က အဓိက ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မွန်လူမျိုးများကို ကိုယ်စားပြုထားသည့် တခုတည်းသော ၎င်းတို့၏ ပါတီကသာ အနိုင်ရမည်ဟု ယုံကြည်ထားကြောင်း ဦးနိုင်ငွေသိမ်းက ရှင်းပြသည်။ ထိုပါတီမှ ကိုယ်စားလှည်လောင်း ၃၅ ဦး ပါဝင်မည် ဟုလည်းဆိုသည်။

တိုင်းရင်းသားပါတီများ အနက် ကိုယ်စားလှယ်လောင်း အများဆုံးဖြစ်သော ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ သည်ရှမ်းပြည်၏ မဲန္ဒနယ် ၅၅ ခုရှိသည့်အနက် မြို့နယ်အများစုတွင် ၀င်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း အထက်ပိုင်းရှိ မြို့နယ် တချို့တွင်လည်း ၀င်ပြိုင်သွားမည်ဟု ပါတီ၏ ဗဟိုအလုပ်မှုဆောင် ဦးစိုင်းလှကျော်က ပြောသည်။

ရှမ်းပါတီသည် လွှတ်တော်သုံးရပ် စလုံးတွင် ၀င်ပြိုင်မည်ဖြစ်ပြီး အမျိုးသားလွှတ်တော်၌ ၁၅ ဦး၊ ပြည်သူ့ လွှတ်တော်တွင် ၄၅ ဦး၊ ပြည်နယ် လွှတ်တော် တွင် ၉၇ ဦး စသည်ဖြင့် စုစုပေါင်း ၁၅၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဟု ဦးစိုင်းလှကျော်က ဆက် ရှင်းပြ သည်။ ရှမ်းပြည်နယ်တွင် မဲဆန္ဒနယ် ၁၁၄ ခု၊ ကချင်တွင် ၁၇ ခု၊ စစ်ကိုင်းတွင် ၆ ခုနှင့် မန္တလေးတွင် တနေရာ ၀င်ပြိုင်သွားမည် ဟုလည်း သူက ဆိုသည်။

ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားပါတီ အနေဖြင့် အဓိက ၀င်ပြိုင်မည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ( RNDP) နှင့်  မြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအင်အားစု (ရခိုင်ပြည်) ပါတီ၂ ခု သာရှိသည်ဟု သိရပြီး မြို၊ ခမီ စသည့် တိုင်းရင်းသားပါတီ အနည်းငယ် ရှိကြောင်းသိရသည်။

ထိုပါတီများအနက် RNDP သည် ပြည်နယ်၏ မြို့နယ် ၁၇ ခုအနက် မဲဆန္ဒနယ် ၁၂ ခုတွင် လွှတ်တော် သုံးရပ်စလုံး၌ ကိုယ်စားလှယ်လောင်း ၄၅ နေရာ ၀င်ပြိုင်သွားမည်ဟု ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်ကပြောသည်။  ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့တွင်လည်း ၁ နေရာစီဝင်ပြိုင်သွားမည်ဟုလည်း ၎င်းကဆိုသည်။

ရခိုင်တိုင်းရင်းသား ပါတီများသည် ကြံ့ဖွံ့၊ တ.စ.ည ပါတီတို့နှင့် အဓိကယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ဒေသခံတိုင်းရင်းသား များ၏ ထောက်ခံမှုကို အပြည့်အ၀ ရရှိထား၍ အနိုင်ရမည်ဟု ယုံကြည်ကြောင်းလည်း ဒေါက်တာအေးမောင်က ပြောသည်။

တိုင်းရင်းသားပါတီ များသည် မိမိတို့ဒေတွင်အနိုင်ရကြမည်ဟု ယုံကြည်နေကြသော်လည်း နိုင်ငံရေးလေ့လာသူများကမူ ကြံ့ဖွံ့ပါတီ၏ မသမာပြုမှုကို ခံရမည်ဖြစ်၍ တိုင်းရင်းသားပါတီခေါင်းဆောင်များ ယုံကြည်ထားသကဲ့သို့ ဖြစ်မလာနိုင်ကြောင်း ပြောဆိုဝေဖန်ကြသည်။

ပြည်ပအခြေစိုက် ကချင်သတင်းဌာနမှ အယ်ဒီတာ ကိုနော်ဒင်းကလည်း တိုင်းရင်းသား ပါတီများအနေဖြင့် အပြည့်အ၀ နေရာမရနိုင်ဟု သုံးသပ်သည်။

“လွတ်လွတ်လပ်လပ်သာ ယှဉ်ပြိုင်ခွင့် ရမယ်ဆိုရင်တော့ တိုင်းရင်းသားပါတီတွေဟာ ကြံ့ဖွံ့ပါတီ၊ တစည ပါတီတို့ရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်လာမယ်။ ဥပမာ- ဒေါက်တာတူးဂျာ ပါတီဆိုရင် စည်းရုံးရေး တအားကောင်းတယ်။ သူ့ပါတီကို ခွင့်ပြု လိုက်မယ် ဆိုရင် သူတို့နဲ့ အဓိက ပြိုင်ရတော့မယ်။ အဲဒါကို စိုးရိမ်လို့ ဒေါက်တာတူးဂျာ ပါတီကို ချမပေးတာပါ” ဟု
ကိုနော်ဒင်းက ဆိုသည်။

သို့သော် ဒေါက်တာတူးဂျာပါတီဝင်များထဲမှ တသီးပုဂ္ဂလ ကိုယ်စားလှယ် တချို့ဝင်ပြိုင်ရန် ပြင်ဆင်နေကြောင်း ကြားသိရသည်။

ကချင်ပြည်နယ်တွင် စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ (ကချင်ပြည်) ပါတီတခုသာ ကချင်တိုင်းရင်းသား ကိုယ်စားပြု ယှဉ်ပြိုင်မည်ဖြစ်ပြီး မြို့နယ် ၆ ခု၌ လွှတ်တော် သုံးရပ် စလုံးမှ အမတ် ၇ ဦးစီ ၀င်ပြိုင်သွားမည်ဟု သိရသည်။

ချင်းပြည်နယ်တွင် ချင်းတိုင်းရင်းသားများ ကိုယ်စားပြု၍ ၀င်ပြိုင်မည့် ပါတီများမှာ ချင်းတိုးတက်ရေးပါတီနှင့် ချင်းအမျိုးသားပါတီတို့ဖြစ်သည်။ ထို ၂ ပါတီအနက် ချင်းတိုးတက်ရေးပါတီသည် ချင်းပြည်နယ်၏ မြို့နယ် ၉ ခု အပြင် စစ်ကိုင်းတိုင်းရှိ ကလေး၊ တမူး စသည်ဖြင့် မဲဆန္ဒနယ် ၁၁ ခုတွင် လွှတ်တော် သုံးရပ်စလုံး၌ ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ချင်း တိုးတက်ရေး ပါတီ၏ ဥက္ကဋ္ဌ ဦးလုံစီ ( Hlung Ce ) ကပြောသည်။ ချင်းပါတီမှ ကိုယ်စားလှယ် စုစုပေါင်း ၃၉ ဦး ၀င်ပြိုင်မည်ဟုသိရသည်။

ကရင်တိုင်းရင်းသားပါတီ များဖြစ်သော ကရင်ပြည်သူ့ပါတီနှင့် ပြည်ထောင်စုကရင်အမျိုးသားများအဖွဲ့ချုပ်ပါတီ တို့သည် ကရင်ပြည်နယ်အပြင် တခြားသော ပြည်နယ်၊ တိုင်းတချို့၌ပါ လွှတ်တော်သုံးရပ်စလုံး၌ ပါဝင်ယှဉ်ပြိုင်ကြမည် ဟုသိရသည်။

ကရင် ပြည်သူ့ပါတီသည် ကရင်ပြည်နယ်ရှိ သံတောင်မြို့နှင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တို့တွင် စုစုပေါင်း ကိုယ်စားလှယ်လောင်း ၄၃ ဦးပါဝင် ယှဉ်ပြိုင်သွားဟု ပါတီ၏ ဒုဥက္ကဋ္ဌ ၂ ဦးစောအေးကိုက ပြောသည်။

စစ်အစိုးရ ဦးဆောင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည်ဟု သြဂုတ်လ ၁၃ ရက် နေ့တွင်ကြေညာထားပြီး ၀င်ပြိုင်ရန် မှတ်ပုံတင်ခွင့် ရရှိထားသည့်ပါတီ ၄၂ ပါတီရှိသည်။

ခင်ဦးသာ

Monday, August 23, 2010

ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း


အိုကေအာအက်စ်အိုမှကြီးမှူးကျင်းပသော ကရင့်ရိုးရာချည်ဖြူ ဖွဲ့ ပွဲအခမ်းအနားကိုသြဂုတ်လ ၂၂ ရက်      နေ့ တွင်နောင်လကန် (ကတိုင်ထောင်)ဘုန်းကြီးကျောင်း၊ဒေါင်ထလိုင်ရပ်ကွက်၊ပါထော်မြို့ နယ်  လပ်ဘူရီခရိုင် တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနားကို မနက် ၉း၀၀ အချိန်တွင် ထိုင်းအမျိုးသားအလံနှင့်ကရင့်အမျိုးသားအလံကို
အလေးပြုပြီး အကျန်ဝတ်ဘိုလိုမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါသည်။။ 

 အခမ်းအနားသို့ တက်ရောက်လာသော မျိုးချစ်ကရင်လူမျိုးများကို လပ်ဘူရီနယ်မြေခံမှ ပိုးကရင်ဘာသာဖြင့်အကျန်ဝတ်ဘိုလိုက ကရင်လူမျိုးများနှင့်ပတ်သက်ပြီးသိမှတ်ဖွယ်ရာ အသိပညာ၊ဗဟုသုတတွေကို ဝေမျှပြောဆိုသွားပြီး စကောကရင်ဘာသာဖြင့် ဆရာမောရစ် မှ ကရင့်ရိုးရာချည်ဖြူ့ ပွဲအကြောင်းသိမှတ်ဖွယ်ရာများကို မိန့် ခွန်းပြောကြားခဲ့ ပါသည်။


ပရိတ်သတ်ပေါင်းအယောက်တစ်ထောင်နီးပါးတက်ရောက်ပြီးဘောလုံးအားကစားဝါသနာ
ရှင်များအနေဖြင့်ဘောလုံးအသင်း(၁၈)သင်းပြိုင်ပွဲဝင်ကစားခဲ့ကြပါသည်။။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲလှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်ကြည့်ရှုနိုင်ပါသည်။။










Friday, August 13, 2010

(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အောင်မြင်စွာကျင်းပပြီးစီးခြင်း

(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ(၁၂) ရက်၊၂၀၁၀ တွင်ပြည်ပရောက်မျိုးချစ်လူငယ်များက ဘန်ကောက်တစ်နေရာတွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ပြည်ပရောက်ကရင်အမျိုးသားလူငယ်အဖွဲ့ များအားလုံးဝိုင်းဝန်းပါဝင် ပူးပေါင်းတဲ့အတွက် ကျမတို့ အိုကေအာအက်စ်အို  အနေ နဲ့ အရမ်းပဲကျေးဇူးတင်ပါတယ်......

အခမ်းအနားကို မနက်၉း၀၀ နာရီမှာစတင်ပြီး မနက် ၁၁း၀၀ နာရီအချိန်တွင်  အောင်မြင်စွာပြီးဆုံးခဲ့ ပါတယ်...   ကရင့်အာဇာနည်နေ့ လှုပ်ရှားမှုဓာတ်ပုံတွေကို အောက်မှာကြည့်ရှုနိုင်ပါ
တယ်။။။





အခမ်းအနားမှူးနန်းကြည်ကြည်ဝင်းမှအခမ်းအနားအစီအစဉ်ကိုဖတ်ကြားခြင်း်
ကျဆုံးသွားသောစောဘဦးကြီးနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအားဂါရ၀ပြုခြင်း


လေးစားရသောတိုင်းရင်းသားတစ်ယောက်အကြောင်းကို စောသမော့အဲမှဖတ်ကြားခြင်း
စောဘဦးကြီးမိန့်ခွန်းတစ်ချို့ ကောက်နုတ်ချက်ကိုစောလူးဘွေဒို မှဖတ်ကြားခြင်း
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အဖွင့်မိန့် ခွန်းကိုကရင်စာပေနှင့်ယဉ်ကျေးမှုတာဝန်ခံ စောဘီးဘီမှပြောကြားခြင်း






(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အပိတ်မိန့် ခွန်းကိုအထွေထွေအတွင်းရေးမှူးချုပ်နန်းဖေါင်အွာမှပြောကြားခြင်း


အခမ်းအနားမှတက်ရောက်လာသောမျိုးချစ်လူငယ်များအမှတ်တရပုံရိပ်

အားလုံးကိုကျေးဇူးအထူးတင်ရင်း

 ပြည်ပရောက်မျိုးချစ်လူငယ်များ
 OKRSO







Wednesday, July 14, 2010

ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်ဖိတ်ကြားခြင်း

OKRSO မှဦးဆောင်ကျင်းပမဲ့ (၂၇၄၉) ခုနှစ်၊ချည်ဖြူဖွဲ့ ပွဲတော်အတွက် အားလုံးသောမိတ်ဆွေများကို ဒီ ကနေ လေးစားစွာအသိပေးဖိတ်ကြားအပ်ပါတယ်....
ပွဲတော်ရဲ့ အသေးစိတ်အစီအစဉ်တွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်...
ပွဲတော်အတွက်လိုအပ်မယ့်အကြံပြုစာတွေ။စာတမ်းတွေကို မောင်နှမများပေးပို့ ချင်ရင်တော့
okrso_karen@hotmail.com မှာပေးပို့ လို့ ရပါတယ်....


အားလုံးသောမျိုးချစ်ကရင်မောင်နှမများကို လေးစားစွာဖိတ်ကြားရင်း...........
  ကရင့်ရိုးရာပွဲတော်ကို အတူတူဆင်နွဲကြပါစို့ .........









                             ဘန်ကောက်မှ အိုကေအာအက်စ်အိုမိသားစု

Monday, July 5, 2010

ဇွန်လကွန်ပြူတာသင်တန်းအောင်မြင်စွာပြီးဆုံးခြင်း





OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တစ်လပြည့်ကွန်ပြူတာနှင့်အင်္ဂလိပ်စာသင်တန်းကိုဇွန်လ (၇) ရက်နေ့ မှဇွန်လိုင်လ( ၄ )ရက်နေ့ အထိ တစ်လတာကွန်ပြူတာကျောင်းဆင်းပွဲအခမ်းအနားကို
ဇွန်လိုင်လ (၄) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်.......

သင်တန်းမှာအခြေခံကွန်ပြူတာနှင့်အခြေခံအင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး
စနေနေ့ မှာတော့ကရင်စာပေကိုသင်ကြားပေးပါတယ်........

ဒီသင်တန်းတစ်သုတ်မှာကျောင်းသူကျောင်းသား (၁၀) ယောက်စီနှင့် ဖွင့်လှစ်သင်ကြားပေးပြီး
ကျောင်းသူ၊ကျောင်းသားတွေ ရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သင်ယူလေ့လာနိုင်ရေးအတွက် အိုကေအာအက်စ်အိုက အခြေခံကျကျတတ်သင့်တတ်ထိုက်တဲ့ လိုအပ်မှုတွေ ဖြည့်ဆည်း
ပေးခဲ့ တာဖြစ်ပါတယ်.............


သင်တန်းဆင်းပွဲအခမ်းအနား လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်...