Monday, August 23, 2010

ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း


အိုကေအာအက်စ်အိုမှကြီးမှူးကျင်းပသော ကရင့်ရိုးရာချည်ဖြူ ဖွဲ့ ပွဲအခမ်းအနားကိုသြဂုတ်လ ၂၂ ရက်      နေ့ တွင်နောင်လကန် (ကတိုင်ထောင်)ဘုန်းကြီးကျောင်း၊ဒေါင်ထလိုင်ရပ်ကွက်၊ပါထော်မြို့ နယ်  လပ်ဘူရီခရိုင် တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

အခမ်းအနားကို မနက် ၉း၀၀ အချိန်တွင် ထိုင်းအမျိုးသားအလံနှင့်ကရင့်အမျိုးသားအလံကို
အလေးပြုပြီး အကျန်ဝတ်ဘိုလိုမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါသည်။။ 

 အခမ်းအနားသို့ တက်ရောက်လာသော မျိုးချစ်ကရင်လူမျိုးများကို လပ်ဘူရီနယ်မြေခံမှ ပိုးကရင်ဘာသာဖြင့်အကျန်ဝတ်ဘိုလိုက ကရင်လူမျိုးများနှင့်ပတ်သက်ပြီးသိမှတ်ဖွယ်ရာ အသိပညာ၊ဗဟုသုတတွေကို ဝေမျှပြောဆိုသွားပြီး စကောကရင်ဘာသာဖြင့် ဆရာမောရစ် မှ ကရင့်ရိုးရာချည်ဖြူ့ ပွဲအကြောင်းသိမှတ်ဖွယ်ရာများကို မိန့် ခွန်းပြောကြားခဲ့ ပါသည်။


ပရိတ်သတ်ပေါင်းအယောက်တစ်ထောင်နီးပါးတက်ရောက်ပြီးဘောလုံးအားကစားဝါသနာ
ရှင်များအနေဖြင့်ဘောလုံးအသင်း(၁၈)သင်းပြိုင်ပွဲဝင်ကစားခဲ့ကြပါသည်။။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲလှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်ကြည့်ရှုနိုင်ပါသည်။။










Friday, August 13, 2010

(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အောင်မြင်စွာကျင်းပပြီးစီးခြင်း

(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ(၁၂) ရက်၊၂၀၁၀ တွင်ပြည်ပရောက်မျိုးချစ်လူငယ်များက ဘန်ကောက်တစ်နေရာတွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။။

အခမ်းအနားဖြစ်မြောက်ရေးအတွက် ပြည်ပရောက်ကရင်အမျိုးသားလူငယ်အဖွဲ့ များအားလုံးဝိုင်းဝန်းပါဝင် ပူးပေါင်းတဲ့အတွက် ကျမတို့ အိုကေအာအက်စ်အို  အနေ နဲ့ အရမ်းပဲကျေးဇူးတင်ပါတယ်......

အခမ်းအနားကို မနက်၉း၀၀ နာရီမှာစတင်ပြီး မနက် ၁၁း၀၀ နာရီအချိန်တွင်  အောင်မြင်စွာပြီးဆုံးခဲ့ ပါတယ်...   ကရင့်အာဇာနည်နေ့ လှုပ်ရှားမှုဓာတ်ပုံတွေကို အောက်မှာကြည့်ရှုနိုင်ပါ
တယ်။။။





အခမ်းအနားမှူးနန်းကြည်ကြည်ဝင်းမှအခမ်းအနားအစီအစဉ်ကိုဖတ်ကြားခြင်း်
ကျဆုံးသွားသောစောဘဦးကြီးနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအားဂါရ၀ပြုခြင်း


လေးစားရသောတိုင်းရင်းသားတစ်ယောက်အကြောင်းကို စောသမော့အဲမှဖတ်ကြားခြင်း
စောဘဦးကြီးမိန့်ခွန်းတစ်ချို့ ကောက်နုတ်ချက်ကိုစောလူးဘွေဒို မှဖတ်ကြားခြင်း
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အဖွင့်မိန့် ခွန်းကိုကရင်စာပေနှင့်ယဉ်ကျေးမှုတာဝန်ခံ စောဘီးဘီမှပြောကြားခြင်း






(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အပိတ်မိန့် ခွန်းကိုအထွေထွေအတွင်းရေးမှူးချုပ်နန်းဖေါင်အွာမှပြောကြားခြင်း


အခမ်းအနားမှတက်ရောက်လာသောမျိုးချစ်လူငယ်များအမှတ်တရပုံရိပ်

အားလုံးကိုကျေးဇူးအထူးတင်ရင်း

 ပြည်ပရောက်မျိုးချစ်လူငယ်များ
 OKRSO







Wednesday, July 14, 2010

ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်ဖိတ်ကြားခြင်း

OKRSO မှဦးဆောင်ကျင်းပမဲ့ (၂၇၄၉) ခုနှစ်၊ချည်ဖြူဖွဲ့ ပွဲတော်အတွက် အားလုံးသောမိတ်ဆွေများကို ဒီ ကနေ လေးစားစွာအသိပေးဖိတ်ကြားအပ်ပါတယ်....
ပွဲတော်ရဲ့ အသေးစိတ်အစီအစဉ်တွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်...
ပွဲတော်အတွက်လိုအပ်မယ့်အကြံပြုစာတွေ။စာတမ်းတွေကို မောင်နှမများပေးပို့ ချင်ရင်တော့
okrso_karen@hotmail.com မှာပေးပို့ လို့ ရပါတယ်....


အားလုံးသောမျိုးချစ်ကရင်မောင်နှမများကို လေးစားစွာဖိတ်ကြားရင်း...........
  ကရင့်ရိုးရာပွဲတော်ကို အတူတူဆင်နွဲကြပါစို့ .........









                             ဘန်ကောက်မှ အိုကေအာအက်စ်အိုမိသားစု

Monday, July 5, 2010

ဇွန်လကွန်ပြူတာသင်တန်းအောင်မြင်စွာပြီးဆုံးခြင်း





OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တစ်လပြည့်ကွန်ပြူတာနှင့်အင်္ဂလိပ်စာသင်တန်းကိုဇွန်လ (၇) ရက်နေ့ မှဇွန်လိုင်လ( ၄ )ရက်နေ့ အထိ တစ်လတာကွန်ပြူတာကျောင်းဆင်းပွဲအခမ်းအနားကို
ဇွန်လိုင်လ (၄) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်.......

သင်တန်းမှာအခြေခံကွန်ပြူတာနှင့်အခြေခံအင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး
စနေနေ့ မှာတော့ကရင်စာပေကိုသင်ကြားပေးပါတယ်........

ဒီသင်တန်းတစ်သုတ်မှာကျောင်းသူကျောင်းသား (၁၀) ယောက်စီနှင့် ဖွင့်လှစ်သင်ကြားပေးပြီး
ကျောင်းသူ၊ကျောင်းသားတွေ ရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သင်ယူလေ့လာနိုင်ရေးအတွက် အိုကေအာအက်စ်အိုက အခြေခံကျကျတတ်သင့်တတ်ထိုက်တဲ့ လိုအပ်မှုတွေ ဖြည့်ဆည်း
ပေးခဲ့ တာဖြစ်ပါတယ်.............


သင်တန်းဆင်းပွဲအခမ်းအနား လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်...





မေလကွန်ပြူတာသင်တန်းအောင်မြင်စွာပြီးဆုံးခြင်း

OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တစ်လပြည့်ကွန်ပြူတာနှင့်အင်္ဂလိပ်စာသင်တန်းကိုမေလ ၅ ရက်နေ့ မှဇွန်လ ၅ရက်နေ့ အထိ တစ်လတာကွန်ပြူတာကျောင်းဆင်းပွဲအခမ်းအနားကို
ဇွန်လ ၅ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်.......

သင်တန်းမှာအခြေခံကွန်ပြူတာနှင့်အခြေခံအင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး
စနေနေ့ မှာတော့ကရင်စာပေကိုသင်ကြားပေးပါတယ်........

သင်တန်းတစ်သုတ်မှာကျောင်းသူကျောင်းသား (၈) ယောက်စီနှင့် ဖွင့်လှစ်သင်ကြားပေးပြီး
ကျောင်းသူ၊ကျောင်းသားတွေ ရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သင်ယူလေ့လာနိုင်ရေးအတွက် အိုကေအာအက်စ်အိုက အခြေခံကျကျတတ်သင့်တတ်ထိုက်တဲ့ လိုအပ်မှုတွေ ဖြည့်ဆည်း
ပေးခဲ့ တာဖြစ်ပါတယ်.............

နောင်အခါမှာသူတို့လေးတွေအားလုံးကရည်မှန်းချက်တွေ ကိုယ်စီနှင့်
အနာဂတ်ဘ၀တက်လမ်းအတွက်တစ်စုံတစ်ခုကိုမိမိရရစုပ်ကိုင်ရရှိလိမ့်မယ်
လို့ မျှော်လင့်မိပါတယ်.........

သင်တန်းဆင်းပွဲအခမ်းအနား လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်...

အကြံပြုချက်များပေးချင်လို့ ရှိရင် okrso_karen@hotmail.com ကို

ဆက်သွယ်အကြံပြုနိုင်ပါတယ်.....

အပတ်စဉ် တနင်္ဂနွေကျောင်းဖွင့်ပွဲအောင်မြင်စွာဖွင့် လှစ်ပြီးစီးခြင်း


OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တနင်္ဂနွေကျောင်းဖွင့်ပွဲအခမ်းအနားကိုဇွန်လ
(၆) ရက်နေ့ ၂၀၁၀ တွင် ခေါင်တိန်ဘုရားကျောင်းမှာအောင်မြင်စွာဖွင့် လှစ်ပြီးစီးခဲ့ ပါတယ်....

သင်တန်းကာလကတော့ဇွန်လကနေ စက်တင်ဘာလထိ (၄)လတာ သင်တန်းချိန်ဖြစ်ပါတယ်...ဒီသင်တန်းမှာတော့ထိုင်းနှင့်အင်္ဂလိပ်စာကို အထူးပြုသင်ကြားပေးတာဖြစ်ပါတယ်...........

ထိုင်းစာကို အဆင့် ၂ ဆင့်နှင့် အင်္ဂလိပ်စာကိုတော့ အဆင့် ၃ ဆင့်ခွဲခြားသင်ကြားပေးပါတယ်....
ဘန်ကောက်မှာများသောအားဖြင့် လာရောက်အလုပ်လုပ်ကိုင်ကြသောကရင်လူငယ်တွေကို သူတို့ အားလပ်ရက်တစ်ရက် တနင်္ဂနွေလိုနေ့ မျိုးမှာလာရောက်သင်ကြားခွင့်ရတဲ့ အတွက်
သူတို့ အတွက်တက်လမ်းတစ်စုံတစ်ခုတော့ရှာဖွေတွေ့ ရှိလိမ့်မယ် လို့ အို ကေအာအက်စ်အိုအ
နေ နဲ့ မျှော်လင့်မိပါတယ်....

စေတနာနှင့် လာရောက်သင်ကြားပေးသောဆရာ၊ဆရာမများကိုလည်းအထူး
ကျေးဇူးတင်ရှိမိပါကြောင်း.........
ကျောင်းဖွင့် ပွဲအခမ်းအနားမှလှုပ်ရှားမှုပုံတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်....


Monday, June 14, 2010

(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်

ဇွန်လ (၁၄)ရက်နေ့ တွင်ကျရောက်သော(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်ကို အိုကေအာအက်စ်အိုရုံး ဘန်ကောက်တွင် ဇွန်လ (၁၄) ၊၂၀၁၀ မှာ ကျင်းပပြီးစီးခဲ့ပါသည်။။

၁၉၉၂ ဇွန်လ (၁၄)ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့သော အိုကေအာအက်စ်အိုရဲ့ သက်တမ်းဟာအခုဆိုရင်
(၁၈ )နှစ်ပြည့်ပြီးဖြစ်သည်။။ အိုကေအာအက်စ်အို အခုလိုအမြဲတမ်းရပ်တည်နိုင်တာကလည်း လူမှုရေးစိတ်ဓာတ်အပြည့်နှင့်မျိုးချစ်စိတ်အားထက်သန်စွာ သမိုင်းပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လာခဲ့ သော ကရင်အမျိုးသားခေါင်းဆောင်များနှင့်ကရင်လူငယ်တွေကို လက်ရှိ OKRSO မှ တာဝန်ထမ်းဆောင်နေကြသောကျမတို့ အဖွဲ့ ဝင်တွေများမှတဆင့်အထူးပင်ကျေးဇူးတင်မိပါတယ်။။

ပခုံးပြောင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြရုံမက မိမိတို့ ရဲ့ မိခင်အဖွဲ့ အစည်း ထာဝရရှင်သန်ရပ်တည်နိုင်အောင်
အမြဲတမ်းအဖွဲ့ ဝင်အနေ နှင့် အိုကေအာအက်စ်အို ဆက်လက်တိုးတက်အောင်မြင်မှုရအာင် ကျမတို့ လက်ရှိလူငယ်များနှင့် လုပ်ဖော်ကိုင်ဖက်တွေကိုယ်စားဒီကနေပဲ ဖွင့်ဟပြောကြားလိုပါတယ်..

အဝေးရောက် အိုကေအာအက်စ်အိုမိသားစုဝင်တွေကို ဒီအီးမေးလ်ကနေတဆင့်အကြံပေးနိုင်ပါကြောင်း
(okrso_karen@hotmail.com)


ဒီ (၁၈)ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားကို စည်စည်ကားကားမကျင်းပနိုင်ပေမယ့်လည်းမအားလပ်တဲ့ကြားက
လာရောက်အင်းအားဖြည့်ပေးတဲ့အတွက်လည်းအရမ်းကိုကျေးဇူးတင်ရှိမိပါတယ်.....

နှစ်ပတ်လည်အခမ်းအနားမှတ်တမ်းတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်....



လက်ရှိတာဝန်ထမ်းဆောင်နေသော အိုကေအာအက်စ်အိုမိသားစု
ဘန်ကောက်

Friday, June 11, 2010

မြန်မာဒုက္ခသည် အရေး အမေရိကန် ၀န်ကြီး အထူး စိုးရိမ်

အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ် (ဇ်) က မြန်မာ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေ ချိန်၌ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် တသိန်း လေးသောင်း ကျော်၏ အရေးကို အထူး စိုးရိမ်မိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ၀န်ကြီး အဲရစ် ရှဝပ်(ဇ်) က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိသည်။ ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေးလာကြသူများ ရှိနေကြောင်း သိရသည်။

အဲရစ် ရှဝပ်(ဇ်)က လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်အစိုးရက ဆက်လုပ်နေသည့် ဖိနှိပ်မှုနှင့် တင်းကျပ်မှု များသည် ပြည်တွင်း အခြေအနေကို ပြောင်းလဲစေနိုင်ရန် အခွင့်အရေး မဆို စလောက်သာ ရှိစေမည်ဟု ပြောသည်။

“တကယ်လို့သာ ဖြစ်လာမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ဖိနှိပ်ခံရမှုကို ကြောက်နေရတဲ့ မြန်မာ နိုင်ငံသားတွေနဲ့ အကာအကွယ်မဲ့ နေတဲ့ နိုင်ငံပြင်ပမှာရောက်နေသူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။

တချိန်တည်းမှာပင် အဲရစ် ရှဝပ်(ဇ်) အပါအ၀င် ဘန်ကောက်သံရုံးမှ တာဝန်ရှိသူ ၇ ဦးခန့်သည် မယ်လ ဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာပြီး စခန်းတာဝန်ရှိသူများက လိုအပ်သော အကူအညီများကို တင်ပြခဲ့ကြသည်ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။

ဒုက္ခသည်စခန်းတွင် ယခုလတ်တလော သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော အခြေအနေများကို တင်ပြ ကြောင်း စောထွန်းထွန်းက ဆိုသည်။

အဲရစ် ရှဝပ်(ဇ်)သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် မြန်မာ ဒီမိုကရေစီ အင်အားစု (Forum for Democracy in Burma) အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၁၅ဖွဲ့မှ တာဝန်ရှိ သူများကို စနေနေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

မြန်မာ ယာယီပတ်စပို့စ်ကိုင်သူများ ပြည်ပြန်ဝင်ခွင့် တရားဝင်လုပ်ရမည်

ယာယီပတ်စပို့စ်ကိုင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာပြည်သို့ပြန်လျှင် ယခင်ကကဲ့သို့ တိတ်တဆိတ်ပြန်၍ မရတော့ဘဲ တရားဝင် ပြည်ပြန်ဝင်ခွင့် အသိအမှတ်ပြု တံဆိပ်တုံးထု၍ သွားလာရတော့မည်ဖြစ်သည်။

ယခင်ကာလက မိမိတို့၏ သာရေးနာရေးကိစ္စများအတွက် မြန်မာပြည်သို့ပြန်လျှင် တိတ်တဆိတ် ပြန်နေကြသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ သတိထားမိလာ၍ တရားဝင်သွားလာရမည်ဖြစ်သော ပြည်ပြန်ဝင်ခွင့် (re-entry) တံဆိပ်တုံးထု၍သာ သွားလာရတော့မည်ဖြစ်သည်။

ပြီးခဲ့သည့် တနင်္လာနေ့မနက်၌ မဲဆောက်မြို့အဝင် တောင်ပေါ်ရှိ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တွင် အများပြည်သူသုံး ခရီးသည်တင်ကားကြီးပေါ်တွင်ပါလာသူ ယာယီပတ်စ်ပို့ကိုင်သူ မြန်မာ (၄) ဦးအား လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ခဲ့ပြီး တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုခဲ့ရသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ မချောစုက ပြောသည်။

၎င်းက “ကျမနဲ့အတူ ကားပေါ်မှာ ပါလာတဲ့ ပတ်စပို့စ်ကိုင်တဲ့သူ (၄) ယောက်ကို ခေါ်ချသွားတယ်။ ပြီးတော့ တောမောရုံးကို သူတို့ကားနဲ့ခေါ်သွားတယ်။ အဲဒီမှာ တုံးထုပြီး ဘတ် (၁,၀၀၀) ပေးရတယ်၊ မဲဆောက်ကို သွားတာပါလို့ပြောရင် ဟိုကလူကို လာခေါ်ခိုင်းလို့ ပြောတယ်” ဟု ဆိုသည်။

ယခုအခါ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနနှင့်နီးစပ်သော ကားစီးသူတို့ပင်လျှင် လူဝင်မှုကြီကြပ်ရေးရုံးသို့ တိုက်ရိုက်သွားရကာ တုံးထုရကြောင်း သိရသည်။

ခရီးသည်တင်ကားငယ်ဖြင့် သွားခဲ့သူ မသူဇာက “ကျမတို့ကို ဖုန်းနံပါတ်ပေးထားတာရှိတယ်။ အကယ်၍ ဘန်ကောက်ကနေ သွားမယ်ဆိုရင် တဦးကို ဘတ် (၅၀၀) ပေးရတယ် အိမ်တိုင်ရာရောက် လာခေါ်တယ်။ အဲဒီဂိတ်ရောက်ရင် ရဲကပြောတယ်။ ဒီကားက တောမောရုံးကိုပဲ တိုက်ရိုက်သွားရမယ်နော်လို့ပြောတယ်” ဟုဆိုသည်။

ယခုအခါတွင် မြန်မာအလုပ်သမားများ ဝင်ထွက်သွားလာမှုများ၍ ယခင်ကကဲ့သို့ သာမာန်ခရီးသည်တင် လိုင်းကားများ တင်မကဘဲ ဘန်ကောက်နှင့် မဲဆောက် ကားအငယ်များဖြင့် ပြေးဆွဲနေမှုများလည်း ရှိနေပြီဖြစ်သည်။

သို့အတွက် မဲဆောက်ဒေသသို့ သွားလာရန်ရှိသော အလုပ်သမားများအတွက် အဆင်ပြေချောမွေ့နိုင်သော်လည်း ထိုသို့အတင်းအကျပ် တုံးထုခိုင်းမည်ဆိုပါက ထိခိုက်နစ်နာမည်ဟု အလုပ်သမားများက ပြောဆိုနေကြသည်။

နှစ်နိုင်ငံသဘောတူညီချက်များအရ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိရမည်ဖြစ်သည်။

တရားဝင်ထုတ်ပြန်ထားသော ဥပဒေအရ ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသူများသည်လည်း တိုင်းပြည်ဖြတ်ကျော် သွားလာမည်ဆိုပါက ဤသို့တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုရမည်သာဖြစ်ပြီး၊ ထိုအခကြေးငွေမှာ အခြားကမ္ဘာပတ် ပတ်စပို့စ်ကိုင်ဆောင်ထားသူများကဲ့သို့ ဘတ်ငွေ (၁,၀၀၀) ကို တိုင်းပြည်အတွင်း ပြန်လည်ဝင်ရောက်ခွင့်အဖြစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်း ကြေညာကတည်းကပင် ပါရှိပြီးဖြစ်သည်။

(၂) နှစ်ဗီဇာ ရရှိထားသော သက်တမ်းအတွင်း အချိန်မရွေး ဝင်ထွက်သွားလာလိုပါက ဘတ်ငွေ (၃,၈၀၀) ကို လူဝင်မှု ကြီးကြပ်ရေးဌာနသို့ အပြီးပြတ်ပေးသွင်း၍ ရသည်။ ဤသည်မှာ (multiple re-entry) ဟုခေါ်သည့် ဗီဇာသက်တမ်း ရှိကာလအတောအတွင်း အကြိမ်ရေ မည်မျှဖြစ်စေ ပြည်ဝင်၊ ပြည်ထွက်သွားလာခွင့်ကို ဆိုလိုသည်။

ဆက်လက်သိရှိရသည်မှာ မြန်မာပြည်ဘက်အခြမ်းသို့ဝင်လျှင် အဝင်နှင့်အထွက် တိုင်းအတွက် မြန်မာငွေ (၃၀၀) ကျပ်စီကို ပြည်ဝင်၊ ပြည်ထွက်ကြေးအဖြစ် ပေးဆောင်ရပြီး၊ ယာယီပတ်စပို့စ်အား ထိုရုံး၌ အပ်နှံထားရှိရကာ မိမိမှတ်ပုံတင်ဖြင့် ဆက်လက်သွားလာရသည်ဟု သိရသည်။ သို့သော် မြန်မာစစ်ဆေးရေးဂိတ်များမှ အမေးအမြန်းထူမှုနှင့် လာဘ်စားမှုများကို ရှောင်ကြဉ်ချင်၍ မိမိအစီအစဉ်ဖြင့် သွားလာသူများလည်း ရှိကြသည်။