Monday, August 23, 2010
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်အောင်မြင်စွာကျင်းပပြီးစီးခြင်း
အိုကေအာအက်စ်အိုမှကြီးမှူးကျင်းပသော ကရင့်ရိုးရာချည်ဖြူ ဖွဲ့ ပွဲအခမ်းအနားကိုသြဂုတ်လ ၂၂ ရက် နေ့ တွင်နောင်လကန် (ကတိုင်ထောင်)ဘုန်းကြီးကျောင်း၊ဒေါင်ထလိုင်ရပ်ကွက်၊ပါထော်မြို့ နယ် လပ်ဘူရီခရိုင် တွင်အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။
အခမ်းအနားကို မနက် ၉း၀၀ အချိန်တွင် ထိုင်းအမျိုးသားအလံနှင့်ကရင့်အမျိုးသားအလံကို
အလေးပြုပြီး အကျန်ဝတ်ဘိုလိုမှ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ ပါသည်။။
အခမ်းအနားသို့ တက်ရောက်လာသော မျိုးချစ်ကရင်လူမျိုးများကို လပ်ဘူရီနယ်မြေခံမှ ပိုးကရင်ဘာသာဖြင့်အကျန်ဝတ်ဘိုလိုက ကရင်လူမျိုးများနှင့်ပတ်သက်ပြီးသိမှတ်ဖွယ်ရာ အသိပညာ၊ဗဟုသုတတွေကို ဝေမျှပြောဆိုသွားပြီး စကောကရင်ဘာသာဖြင့် ဆရာမောရစ် မှ ကရင့်ရိုးရာချည်ဖြူ့ ပွဲအကြောင်းသိမှတ်ဖွယ်ရာများကို မိန့် ခွန်းပြောကြားခဲ့ ပါသည်။
ပရိတ်သတ်ပေါင်းအယောက်တစ်ထောင်နီးပါးတက်ရောက်ပြီးဘောလုံးအားကစားဝါသနာ
ရှင်များအနေဖြင့်ဘောလုံးအသင်း(၁၈)သင်းပြိုင်ပွဲဝင်ကစားခဲ့ကြပါသည်။။
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲလှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်ကြည့်ရှုနိုင်ပါသည်။။
Friday, August 13, 2010
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အောင်မြင်စွာကျင်းပပြီးစီးခြင်း
(၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အခမ်းအနားကို သြဂုတ်လ(၁၂) ရက်၊၂၀၁၀ တွင်ပြည်ပရောက်မျိုးချစ်လူငယ်များက ဘန်ကောက်တစ်နေရာတွင်အောင်မြင်စွာကျင်းပခဲ့ပါသည်။။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ပြည်ပရောက်ကရင်အမျိုးသားလူငယ်အဖွဲ့ များအားလုံးဝိုင်းဝန်းပါဝင် ပူးပေါင်းတဲ့အတွက် ကျမတို့ အိုကေအာအက်စ်အို အနေ နဲ့ အရမ်းပဲကျေးဇူးတင်ပါတယ်......
အခမ်းအနားကို မနက်၉း၀၀ နာရီမှာစတင်ပြီး မနက် ၁၁း၀၀ နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ ပါတယ်... ကရင့်အာဇာနည်နေ့ လှုပ်ရှားမှုဓာတ်ပုံတွေကို အောက်မှာကြည့်ရှုနိုင်ပါ
တယ်။။။
အခမ်းအနားမှတက်ရောက်လာသောမျိုးချစ်လူငယ်များအမှတ်တရပုံရိပ်
အားလုံးကိုကျေးဇူးအထူးတင်ရင်း
ပြည်ပရောက်မျိုးချစ်လူငယ်များ
OKRSO

| အခမ်းအနားမှူးနန်းကြည်ကြည်ဝင်းမှအခမ်းအနားအစီအစဉ်ကိုဖတ်ကြားခြင်း် |
| ကျဆုံးသွားသောစောဘဦးကြီးနှင့်အာဇာနည်ခေါင်းဆောင်ကြီးများအားဂါရ၀ပြုခြင်း |
| လေးစားရသောတိုင်းရင်းသားတစ်ယောက်အကြောင်းကို စောသမော့အဲမှဖတ်ကြားခြင်း |
| စောဘဦးကြီးမိန့်ခွန်းတစ်ချို့ ကောက်နုတ်ချက်ကိုစောလူးဘွေဒို မှဖတ်ကြားခြင်း |
| (၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အဖွင့်မိန့် ခွန်းကိုကရင်စာပေနှင့်ယဉ်ကျေးမှုတာဝန်ခံ စောဘီးဘီမှပြောကြားခြင်း |
| (၆၀)နှစ်မြောက်ကရင့်အမျိုးသားအာဇာနည်နေ့ အပိတ်မိန့် ခွန်းကိုအထွေထွေအတွင်းရေးမှူးချုပ်နန်းဖေါင်အွာမှပြောကြားခြင်း |
အခမ်းအနားမှတက်ရောက်လာသောမျိုးချစ်လူငယ်များအမှတ်တရပုံရိပ်
အားလုံးကိုကျေးဇူးအထူးတင်ရင်း
ပြည်ပရောက်မျိုးချစ်လူငယ်များ
OKRSO
Wednesday, July 14, 2010
ကရင့်ရိုးရာချည်ဖြူဖွဲ့ ပွဲတော်ဖိတ်ကြားခြင်း
OKRSO မှဦးဆောင်ကျင်းပမဲ့ (၂၇၄၉) ခုနှစ်၊ချည်ဖြူဖွဲ့ ပွဲတော်အတွက် အားလုံးသောမိတ်ဆွေများကို ဒီ ကနေ လေးစားစွာအသိပေးဖိတ်ကြားအပ်ပါတယ်....
ပွဲတော်ရဲ့ အသေးစိတ်အစီအစဉ်တွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်...
ပွဲတော်အတွက်လိုအပ်မယ့်အကြံပြုစာတွေ။စာတမ်းတွေကို မောင်နှမများပေးပို့ ချင်ရင်တော့
okrso_karen@hotmail.com မှာပေးပို့ လို့ ရပါတယ်....
အားလုံးသောမျိုးချစ်ကရင်မောင်နှမများကို လေးစားစွာဖိတ်ကြားရင်း...........
ကရင့်ရိုးရာပွဲတော်ကို အတူတူဆင်နွဲကြပါစို့ .........
ဘန်ကောက်မှ အိုကေအာအက်စ်အိုမိသားစု

Monday, July 5, 2010
ဇွန်လကွန်ပြူတာသင်တန်းအောင်မြင်စွာပြီးဆုံးခြင်း
OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တစ်လပြည့်ကွန်ပြူတာနှင့်အင်္ဂလိပ်စာသင်တန်းကိုဇွန်လ (၇) ရက်နေ့ မှဇွန်လိုင်လ( ၄ )ရက်နေ့ အထိ တစ်လတာကွန်ပြူတာကျောင်းဆင်းပွဲအခမ်းအနားကို
ဇွန်လိုင်လ (၄) ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်.......
သင်တန်းမှာအခြေခံကွန်ပြူတာနှင့်အခြေခံအင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး
စနေနေ့ မှာတော့ကရင်စာပေကိုသင်ကြားပေးပါတယ်........
ဒီသင်တန်းတစ်သုတ်မှာကျောင်းသူကျောင်းသား (၁၀) ယောက်စီနှင့် ဖွင့်လှစ်သင်ကြားပေးပြီး
ကျောင်းသူ၊ကျောင်းသားတွေ ရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သင်ယူလေ့လာနိုင်ရေးအတွက် အိုကေအာအက်စ်အိုက အခြေခံကျကျတတ်သင့်တတ်ထိုက်တဲ့ လိုအပ်မှုတွေ ဖြည့်ဆည်း
ပေးခဲ့ တာဖြစ်ပါတယ်.............
သင်တန်းဆင်းပွဲအခမ်းအနား လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်...
မေလကွန်ပြူတာသင်တန်းအောင်မြင်စွာပြီးဆုံးခြင်း
OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တစ်လပြည့်ကွန်ပြူတာနှင့်အင်္ဂလိပ်စာသင်တန်းကိုမေလ ၅ ရက်နေ့ မှဇွန်လ ၅ရက်နေ့ အထိ တစ်လတာကွန်ပြူတာကျောင်းဆင်းပွဲအခမ်းအနားကို
ဇွန်လ ၅ ရက်နေ့ တွင်ကျင်းပပြုလုပ်ခဲ့ ပါတယ်.......
သင်တန်းမှာအခြေခံကွန်ပြူတာနှင့်အခြေခံအင်္ဂလိပ်စာကို အဓိကသင်ကြားပေးပြီး
စနေနေ့ မှာတော့ကရင်စာပေကိုသင်ကြားပေးပါတယ်........
သင်တန်းတစ်သုတ်မှာကျောင်းသူကျောင်းသား (၈) ယောက်စီနှင့် ဖွင့်လှစ်သင်ကြားပေးပြီး
ကျောင်းသူ၊ကျောင်းသားတွေ ရဲ့ လိုအပ်ချက်အရ အဆင့်မြင့်သင်ယူလေ့လာနိုင်ရေးအတွက် အိုကေအာအက်စ်အိုက အခြေခံကျကျတတ်သင့်တတ်ထိုက်တဲ့ လိုအပ်မှုတွေ ဖြည့်ဆည်း
ပေးခဲ့ တာဖြစ်ပါတယ်.............
နောင်အခါမှာသူတို့လေးတွေအားလုံးကရည်မှန်းချက်တွေ ကိုယ်စီနှင့်
အနာဂတ်ဘ၀တက်လမ်းအတွက်တစ်စုံတစ်ခုကိုမိမိရရစုပ်ကိုင်ရရှိလိမ့်မယ်
လို့ မျှော်လင့်မိပါတယ်.........
သင်တန်းဆင်းပွဲအခမ်းအနား လှုပ်ရှားမှုဓာတ်ပုံတွေကိုအောက်မှာကြည့်ရှုနိုင်ပါတယ်...
အကြံပြုချက်များပေးချင်လို့ ရှိရင် okrso_karen@hotmail.com ကို
ဆက်သွယ်အကြံပြုနိုင်ပါတယ်.....

အပတ်စဉ် တနင်္ဂနွေကျောင်းဖွင့်ပွဲအောင်မြင်စွာဖွင့် လှစ်ပြီးစီးခြင်း
OKRSO မှဦးဆောင်ဖွင့်လှစ်သော အပတ်စဉ် တနင်္ဂနွေကျောင်းဖွင့်ပွဲအခမ်းအနားကိုဇွန်လ
(၆) ရက်နေ့ ၂၀၁၀ တွင် ခေါင်တိန်ဘုရားကျောင်းမှာအောင်မြင်စွာဖွင့် လှစ်ပြီးစီးခဲ့ ပါတယ်....
သင်တန်းကာလကတော့ဇွန်လကနေ စက်တင်ဘာလထိ (၄)လတာ သင်တန်းချိန်ဖြစ်ပါတယ်...ဒီသင်တန်းမှာတော့ထိုင်းနှင့်အင်္ဂလိပ်စာကို အထူးပြုသင်ကြားပေးတာဖြစ်ပါတယ်...........
ထိုင်းစာကို အဆင့် ၂ ဆင့်နှင့် အင်္ဂလိပ်စာကိုတော့ အဆင့် ၃ ဆင့်ခွဲခြားသင်ကြားပေးပါတယ်....
ဘန်ကောက်မှာများသောအားဖြင့် လာရောက်အလုပ်လုပ်ကိုင်ကြသောကရင်လူငယ်တွေကို သူတို့ အားလပ်ရက်တစ်ရက် တနင်္ဂနွေလိုနေ့ မျိုးမှာလာရောက်သင်ကြားခွင့်ရတဲ့ အတွက်
သူတို့ အတွက်တက်လမ်းတစ်စုံတစ်ခုတော့ရှာဖွေတွေ့ ရှိလိမ့်မယ် လို့ အို ကေအာအက်စ်အိုအ
နေ နဲ့ မျှော်လင့်မိပါတယ်....
စေတနာနှင့် လာရောက်သင်ကြားပေးသောဆရာ၊ဆရာမများကိုလည်းအထူး
ကျေးဇူးတင်ရှိမိပါကြောင်း.........
ကျောင်းဖွင့် ပွဲအခမ်းအနားမှလှုပ်ရှားမှုပုံတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်....
Monday, June 14, 2010
(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်
ဇွန်လ (၁၄)ရက်နေ့ တွင်ကျရောက်သော(၁၈) နှစ်ပြည့် OKRSOနှစ်ပတ်လည်အထိမ်းအမှတ်ကို အိုကေအာအက်စ်အိုရုံး ဘန်ကောက်တွင် ဇွန်လ (၁၄) ၊၂၀၁၀ မှာ ကျင်းပပြီးစီးခဲ့ပါသည်။။
၁၉၉၂ ဇွန်လ (၁၄)ရက်နေ့ တွင် စတင်ဖွဲ့ စည်းခဲ့သော အိုကေအာအက်စ်အိုရဲ့ သက်တမ်းဟာအခုဆိုရင်
(၁၈ )နှစ်ပြည့်ပြီးဖြစ်သည်။။ အိုကေအာအက်စ်အို အခုလိုအမြဲတမ်းရပ်တည်နိုင်တာကလည်း လူမှုရေးစိတ်ဓာတ်အပြည့်နှင့်မျိုးချစ်စိတ်အားထက်သန်စွာ သမိုင်းပေးတာဝန်ကိုကျေပွန်စွာ ထမ်းဆောင်လာခဲ့ သော ကရင်အမျိုးသားခေါင်းဆောင်များနှင့်ကရင်လူငယ်တွေကို လက်ရှိ OKRSO မှ တာဝန်ထမ်းဆောင်နေကြသောကျမတို့ အဖွဲ့ ဝင်တွေများမှတဆင့်အထူးပင်ကျေးဇူးတင်မိပါတယ်။။
ပခုံးပြောင်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ကြရုံမက မိမိတို့ ရဲ့ မိခင်အဖွဲ့ အစည်း ထာဝရရှင်သန်ရပ်တည်နိုင်အောင်
အမြဲတမ်းအဖွဲ့ ဝင်အနေ နှင့် အိုကေအာအက်စ်အို ဆက်လက်တိုးတက်အောင်မြင်မှုရအာင် ကျမတို့ လက်ရှိလူငယ်များနှင့် လုပ်ဖော်ကိုင်ဖက်တွေကိုယ်စားဒီကနေပဲ ဖွင့်ဟပြောကြားလိုပါတယ်..
အဝေးရောက် အိုကေအာအက်စ်အိုမိသားစုဝင်တွေကို ဒီအီးမေးလ်ကနေတဆင့်အကြံပေးနိုင်ပါကြောင်း
(okrso_karen@hotmail.com)
ဒီ (၁၈)ကြိမ်မြောက်နှစ်ပတ်လည်အခမ်းအနားကို စည်စည်ကားကားမကျင်းပနိုင်ပေမယ့်လည်းမအားလပ်တဲ့ကြားက
လာရောက်အင်းအားဖြည့်ပေးတဲ့အတွက်လည်းအရမ်းကိုကျေးဇူးတင်ရှိမိပါတယ်.....
နှစ်ပတ်လည်အခမ်းအနားမှတ်တမ်းတွေကို အောက်မှာကြည့်ရှုနိုင်ပါတယ်....
လက်ရှိတာဝန်ထမ်းဆောင်နေသော အိုကေအာအက်စ်အိုမိသားစု
ဘန်ကောက်

Friday, June 11, 2010
မြန်မာဒုက္ခသည် အရေး အမေရိကန် ၀န်ကြီး အထူး စိုးရိမ်
အမေရိကန် လူဝင်မှု ကြီးကြပ်ရေးနှင့် ဒုက္ခသည်များ ဆိုင်ရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး အဲရစ် ရှဝပ် (ဇ်) က မြန်မာ စစ်အစိုးရ အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို ကျင်းပရန် စီစဉ်နေ ချိန်၌ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည် တသိန်း လေးသောင်း ကျော်၏ အရေးကို အထူး စိုးရိမ်မိကြောင်း ယမန်နေ့က ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သော ထိုင်းအစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးပွဲ၌ ၀န်ကြီး အဲရစ် ရှဝပ်(ဇ်) က သတင်းထောက်များကို ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခုရှိသည်။ ယင်း ဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ယနေ့အထိ ထွက်ပြေးလာကြသူများ ရှိနေကြောင်း သိရသည်။
အဲရစ် ရှဝပ်(ဇ်)က လာမည့် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ စစ်အစိုးရက ဆက်လုပ်နေသည့် ဖိနှိပ်မှုနှင့် တင်းကျပ်မှု များသည် ပြည်တွင်း အခြေအနေကို ပြောင်းလဲစေနိုင်ရန် အခွင့်အရေး မဆို စလောက်သာ ရှိစေမည်ဟု ပြောသည်။
“တကယ်လို့သာ ဖြစ်လာမယ်ဆိုရင် ဒီရွေးကောက်ပွဲဟာ ဖိနှိပ်ခံရမှုကို ကြောက်နေရတဲ့ မြန်မာ နိုင်ငံသားတွေနဲ့ အကာအကွယ်မဲ့ နေတဲ့ နိုင်ငံပြင်ပမှာရောက်နေသူတွေအတွက် လိုအပ်တဲ့ ပြောင်းလဲမှုတွေ ဖြစ်လာမှာ မဟုတ်ပါဘူး”ဟု ၎င်းက ဆိုသည်။
တချိန်တည်းမှာပင် အဲရစ် ရှဝပ်(ဇ်) အပါအ၀င် ဘန်ကောက်သံရုံးမှ တာဝန်ရှိသူ ၇ ဦးခန့်သည် မယ်လ ဒုက္ခသည်စခန်းသို့ ယနေ့ ရောက်ရှိလာပြီး စခန်းတာဝန်ရှိသူများက လိုအပ်သော အကူအညီများကို တင်ပြခဲ့ကြသည်ဟု မယ်လ ဒုက္ခသည်စခန်း ဥက္ကဌ စောထွန်းထွန်းက ဧရာဝတီသို့ ပြောသည်။
ဒုက္ခသည်စခန်းတွင် ယခုလတ်တလော သွေးလွန်တုပ်ကွေးနှင့် ၀မ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသော အခြေအနေများကို တင်ပြ ကြောင်း စောထွန်းထွန်းက ဆိုသည်။
အဲရစ် ရှဝပ်(ဇ်)သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP)နှင့် မြန်မာ ဒီမိုကရေစီ အင်အားစု (Forum for Democracy in Burma) အပါအ၀င် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့ ၁၅ဖွဲ့မှ တာဝန်ရှိ သူများကို စနေနေ့တွင် တွေ့ဆုံရန်ရှိကြောင်း သိရသည်။

မြန်မာ ယာယီပတ်စပို့စ်ကိုင်သူများ ပြည်ပြန်ဝင်ခွင့် တရားဝင်လုပ်ရမည်
ယာယီပတ်စပို့စ်ကိုင် မြန်မာရွှေ့ပြောင်း အလုပ်သမားများ မြန်မာပြည်သို့ပြန်လျှင် ယခင်ကကဲ့သို့ တိတ်တဆိတ်ပြန်၍ မရတော့ဘဲ တရားဝင် ပြည်ပြန်ဝင်ခွင့် အသိအမှတ်ပြု တံဆိပ်တုံးထု၍ သွားလာရတော့မည်ဖြစ်သည်။
ယခင်ကာလက မိမိတို့၏ သာရေးနာရေးကိစ္စများအတွက် မြန်မာပြည်သို့ပြန်လျှင် တိတ်တဆိတ် ပြန်နေကြသော ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနမှ သတိထားမိလာ၍ တရားဝင်သွားလာရမည်ဖြစ်သော ပြည်ပြန်ဝင်ခွင့် (re-entry) တံဆိပ်တုံးထု၍သာ သွားလာရတော့မည်ဖြစ်သည်။
ပြီးခဲ့သည့် တနင်္လာနေ့မနက်၌ မဲဆောက်မြို့အဝင် တောင်ပေါ်ရှိ ရဲနှင့် လူဝင်မှုကြီးကြပ်ရေး စစ်ဆေးရေးဂိတ်တွင် အများပြည်သူသုံး ခရီးသည်တင်ကားကြီးပေါ်တွင်ပါလာသူ ယာယီပတ်စ်ပို့ကိုင်သူ မြန်မာ (၄) ဦးအား လူဝင်မှုကြီးကြပ်ရေးသို့ ပို့ဆောင်ခဲ့ပြီး တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုခဲ့ရသည်ဟု ကိုယ်တိုင်ပါဝင်ခဲ့သူ မချောစုက ပြောသည်။
၎င်းက “ကျမနဲ့အတူ ကားပေါ်မှာ ပါလာတဲ့ ပတ်စပို့စ်ကိုင်တဲ့သူ (၄) ယောက်ကို ခေါ်ချသွားတယ်။ ပြီးတော့ တောမောရုံးကို သူတို့ကားနဲ့ခေါ်သွားတယ်။ အဲဒီမှာ တုံးထုပြီး ဘတ် (၁,၀၀၀) ပေးရတယ်၊ မဲဆောက်ကို သွားတာပါလို့ပြောရင် ဟိုကလူကို လာခေါ်ခိုင်းလို့ ပြောတယ်” ဟု ဆိုသည်။
ယခုအခါ ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာနနှင့်နီးစပ်သော ကားစီးသူတို့ပင်လျှင် လူဝင်မှုကြီကြပ်ရေးရုံးသို့ တိုက်ရိုက်သွားရကာ တုံးထုရကြောင်း သိရသည်။
ခရီးသည်တင်ကားငယ်ဖြင့် သွားခဲ့သူ မသူဇာက “ကျမတို့ကို ဖုန်းနံပါတ်ပေးထားတာရှိတယ်။ အကယ်၍ ဘန်ကောက်ကနေ သွားမယ်ဆိုရင် တဦးကို ဘတ် (၅၀၀) ပေးရတယ် အိမ်တိုင်ရာရောက် လာခေါ်တယ်။ အဲဒီဂိတ်ရောက်ရင် ရဲကပြောတယ်။ ဒီကားက တောမောရုံးကိုပဲ တိုက်ရိုက်သွားရမယ်နော်လို့ပြောတယ်” ဟုဆိုသည်။
ယခုအခါတွင် မြန်မာအလုပ်သမားများ ဝင်ထွက်သွားလာမှုများ၍ ယခင်ကကဲ့သို့ သာမာန်ခရီးသည်တင် လိုင်းကားများ တင်မကဘဲ ဘန်ကောက်နှင့် မဲဆောက် ကားအငယ်များဖြင့် ပြေးဆွဲနေမှုများလည်း ရှိနေပြီဖြစ်သည်။
သို့အတွက် မဲဆောက်ဒေသသို့ သွားလာရန်ရှိသော အလုပ်သမားများအတွက် အဆင်ပြေချောမွေ့နိုင်သော်လည်း ထိုသို့အတင်းအကျပ် တုံးထုခိုင်းမည်ဆိုပါက ထိခိုက်နစ်နာမည်ဟု အလုပ်သမားများက ပြောဆိုနေကြသည်။
နှစ်နိုင်ငံသဘောတူညီချက်များအရ ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများသည် ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ ခရီးသွားလာခွင့် ရရှိရမည်ဖြစ်သည်။
တရားဝင်ထုတ်ပြန်ထားသော ဥပဒေအရ ယာယီပတ်စပို့စ် ကိုင်ဆောင်ထားသူများသည်လည်း တိုင်းပြည်ဖြတ်ကျော် သွားလာမည်ဆိုပါက ဤသို့တရားဝင် ပြည်ဝင်၊ ပြည်ထွက်တံဆိပ်တုံး ထုရမည်သာဖြစ်ပြီး၊ ထိုအခကြေးငွေမှာ အခြားကမ္ဘာပတ် ပတ်စပို့စ်ကိုင်ဆောင်ထားသူများကဲ့သို့ ဘတ်ငွေ (၁,၀၀၀) ကို တိုင်းပြည်အတွင်း ပြန်လည်ဝင်ရောက်ခွင့်အဖြစ် ပေးသွင်းကြရမည်ဖြစ်ကြောင်း နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ် လုပ်ထုံးလုပ်နည်း ကြေညာကတည်းကပင် ပါရှိပြီးဖြစ်သည်။
(၂) နှစ်ဗီဇာ ရရှိထားသော သက်တမ်းအတွင်း အချိန်မရွေး ဝင်ထွက်သွားလာလိုပါက ဘတ်ငွေ (၃,၈၀၀) ကို လူဝင်မှု ကြီးကြပ်ရေးဌာနသို့ အပြီးပြတ်ပေးသွင်း၍ ရသည်။ ဤသည်မှာ (multiple re-entry) ဟုခေါ်သည့် ဗီဇာသက်တမ်း ရှိကာလအတောအတွင်း အကြိမ်ရေ မည်မျှဖြစ်စေ ပြည်ဝင်၊ ပြည်ထွက်သွားလာခွင့်ကို ဆိုလိုသည်။
ဆက်လက်သိရှိရသည်မှာ မြန်မာပြည်ဘက်အခြမ်းသို့ဝင်လျှင် အဝင်နှင့်အထွက် တိုင်းအတွက် မြန်မာငွေ (၃၀၀) ကျပ်စီကို ပြည်ဝင်၊ ပြည်ထွက်ကြေးအဖြစ် ပေးဆောင်ရပြီး၊ ယာယီပတ်စပို့စ်အား ထိုရုံး၌ အပ်နှံထားရှိရကာ မိမိမှတ်ပုံတင်ဖြင့် ဆက်လက်သွားလာရသည်ဟု သိရသည်။ သို့သော် မြန်မာစစ်ဆေးရေးဂိတ်များမှ အမေးအမြန်းထူမှုနှင့် လာဘ်စားမှုများကို ရှောင်ကြဉ်ချင်၍ မိမိအစီအစဉ်ဖြင့် သွားလာသူများလည်း ရှိကြသည်။

Tuesday, June 1, 2010
ရွှေ့ပြောင်းအလုပ်သမားများလည်း လျော်ကြေးခံစားခွင့်ရှိ
ထိုင်းနိုင်ငံတွင် ဆန္ဒပြပွဲများကြောင့် နစ်နာခဲ့သူများအား ထိုင်းအစိုးရက အကူအညီပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မတ်လမှ မေလအတွင်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်တွင် ဖြစ်ပွားခဲ့သော ရာထူးမှအဖယ်ရှားခံခဲ့ရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တရာကို ထောက်ခံသည့် အင်္ကျီအနီဝတ် ဆန္ဒပြသမားများကြောင့် ဝင်ငွေနှင့်စီးပွားရေး ထိခိုက်နစ်နာခဲ့ရသော အသေးစားလုပ်ငန်းရှင်များနှင့် အလုပ်သမားများအား ထိုင်းအစိုးရက လျော်ကြေးပေးရာတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများလည်း ပါဝင်လျှောက်ထားခွင့် ရရှိခဲ့ကြောင်း ခေတ်ပြိုင်မှ စုံစမ်းသိရှိရသည်။
လျော်ကြေးတောင်းလျှောက်လွှာ သွားရောက်တင်ခဲ့သူ ကိုဘိုဘိုဇော်က “ကျနော့်ကို သူဌေးကပြောတယ်။ သူများတွေ (၂) လစာ လျော်ကြေးဖောင် သွားတင်နေကြတယ်။ မနေ့က နောက်ဆုံးဆိုတာနဲ့ လိုအပ်တဲ့ ပတ်စပို့ကော်ပီ၊ သူဌေးဆိုင်လိပ်စာ၊ မှတ်ပုံတင်ကော်ပီတွေနဲ့ မနေ့က သွားတင်လိုက်တယ်။ လခကတော့ တလ (၁၂,၅၀၀) ဆိုတော့ နှစ်လစာ (၂၅,၀၀၀) တင်ထားတယ်။ သူတို့ပြောတာက (၂) ရက် (၃) ရက်နေရင် တီဗွီကနေ ဘယ်သူလျော်ကြေးရတယ်ဆိုတာ ကြေညာပေးမယ်တဲ့။ အလုပ်ရှင်တွေကတော့ (၄) ရက်နေ့လား၊ (၅) ရက်နေ့လားမသိဘူး နောက်ဆုံးတင်ရမယ်တဲ့” ဟု ပြောသည်။
အဆိုပါအစီအစဉ်သည် ဧပြီ (၂၇) ရက်၌ ကျင်းပသော ဝန်ကြီးများအစည်းအဝေး ဆုံးဖြတ်ချက်အရ အင်္ကျီနီဝတ်များ၏ ဆန္ဒပြပွဲများကြောင့် ရာချပရာဆောင်လမ်းဆုံနှင့် အနီးပတ်ဝန်းကျင်တွင် ရောင်းဝယ်ဖောက်ကားနေကြသည့် ထိခိုက်နစ်နာခဲ့သူ အလုပ်ရှင်နှင့် အလုပ်သမားများကို အကူအညီပေးခြင်းဖြစ်သည်။
ထိုအစီအစဉ်အရ ထိုင်းနိုင်ငံရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဘဏ်မှ ဘတ်ငွေ (၅) ဘီလီယံကို အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းရှင် (၂,၀၀၀) ခန့်အား ဘတ်ငွေ (၃) သန်းအထိ ငွေချေးပေးသွားမည်ဖြစ်သည်။
ငွေချေး အတိုးနှုန်းထားမှာလည်း အလွန်သက်သာမည်ဖြစ်ပြီး တနှစ်အတွင်း ငွေပြန်ဆပ်ရန် မလိုဘဲ ချေးငွေကာလမှာ သက်တမ်း (၅) နှစ်ရှိမည်ဖြစ်သည်။ အခွန်ကင်းလွတ်ခွင့်ကို ၂၀၁၀ စက်တင်ဘာလအထိ (၆) လတိတိ ခွင့်ပြုမည်ဖြစ်သည်။
အလယ်အလတ်နှင့် ဝင်ငွေနည်းပါးသူများအတွက် အစိုးရအိမ်ရာဆိုင်ရာဘဏ်မှ ကိုယ်ပိုင်အိမ်ရာ ပိုင်ဆိုင်မှုအတွက် ကူညီမည်ဖြစ်ကာ ဆန္ဒပြပွဲကြောင့် အကြွေးတင်နေသည့် တသီးပုဂ္ဂလများအား အချက် (၃) ချက်အပေါ် မူတည်၍ ကူညီသွားမည်ဟု ဆိုသည်။
အဆိုပါအချက်များမှာ လစဉ်အတိုးကို အရစ်ကျပေးသွင်းစေပြီး (၁၀၀) ဘတ်ထက်မနည်း ပေးသွင်းရမည်။ ပထမနှစ်နှင့် ဒုတိယနှစ်များတွင် အတိုးနှုန်းထားသည် (၂) ရာခိုင်နှုန်းရှိမည်ဖြစ်ပြီး တတိယနှစ်မှ ကန်ထရိုက်သက်တမ်း ကုန်ဆုံးသည်အထိ (၁) ရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်သည်။
ရေရှည်အကြွေးပေးစနစ်ကို တည်ဆောက်သွားမည် ဖြစ်သည့်အတွက် ဈေးနှုန်းသက်သာစွာ အရစ်ကျ ပြန်လည်ပေးဆပ်ရမည်ဖြစ်ပြီး လိုအပ်သည့် စာရွက်စာတမ်းများကို ဇွန် (၃၀) ရက် နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်သည်။
လိုအပ်သော အသေးစိတ် သတင်းအချက်အလက်များကို သိလိုပါက ဖောက်သည်ဆက်ဆံရေးဌာန၊ အစိုးရအိမ်ရာဆိုင်ရာဘဏ်၊ ဖုန်းနံပါတ် (၀၂-၆၄၅၉၀၀၀) သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
အလုပ်သမားများသည် လူမှုဖူလုံရေးရန်ပုံငွေ လုပ်သား (၃.၅) ရာခိုင်နှုန်းနှင့် အလုပ်ရှင် (၅) ရာခိုင်နှုန်း ထည့်ဝင်ထားပါက ဘတ်ငွေ (၁၅,၀၀၀) ရရှိမည်ဖြစ်ပြီး ထည့်ဝင်ထားခြင်းမရှိသော သာမန်အလုပ်သမားများသည် ဘတ်ငွေ (၇,၅၀၀) ကို (၂) လစာ ရရှိခံစားရမည်ဖြစ်သည်။
အချို့သော လုပ်ငန်းများ (အထူးသဖြင့် အနှိပ်ခန်း အလုပ်သမများ) တွင် အလုပ်လုပ်ကိုင်နေကြသော အလုပ်သမားများ၏ ခံစားခွင့်အတွက်လည်း အလုပ်သမားအရေး လုပ်ဆောင်နေသော အဖွဲ့အစည်းအချို့က ဆောင်ရွက်မှုများ ရှိနေကြသည်။
ခေတ်ပြိုင်မှကိုးကားသည်။။

ယာယီပတ်စပို့များ ထိုင်းဘက်တွင် ထုတ်ပေးရန် ညှိနှိုင်း
ယာယီပတ်စပို့ ထုတ်ပေးရေးရုံးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် အလားအလာကောင်းများ ရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။
နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်များ၏ ရှိခဲ့သော အခက်အခဲနှင့် နောင်လာမည့်ကာလအတွင်း ဖြစ်ပေါ်တိုးတက်လာနိုင်မှု အခြေအနေများအား ရနောင်းခရိုင်ဝန် မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် မေ (၂၈) Nation Channel တွင် သတင်းဖော်ပြပါရှိသည်။
နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်သည် ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြား အပြန်အလှန် ဆောင်ရွက်ရသည့် အဆင့်ပေါင်း (၂၅) ဆင့်ရှိပြီး ရှုပ်ထွေးပွေလီသည့်အပြင် မြန်မာအာဏာပိုင်များဘက်မှလည်း လုပ်ဆောင်မှု နှေးကွေးခဲ့ကြောင်း၊ ထို့အတွက် ကြိမ်ဖန်များစွာ ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီးသည့်နောက် ယခုကဲ့သို့ ထိုင်းနိုင်ငံဘက်တွင် ရုံးဖွင့်လှစ်နိုင်မည့် အနေအထားများ ရှိလာခြင်းဖြစ်ကြောင်း၊ ယင်းသို့ဖွင့်လှစ်နိုင်ပါက စိစစ်ရေးလုပ်ငန်း ပိုမိုလျင်မြန်စွာ လုပ်ဆောင်နိုင်လိမ့်မည်ဖြစ်ကြောင်း မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများနှင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
၎င်းက “ယခင်ကာလက အဓိကအခက်အခဲကတော့ ထိုင်း၊ မြန်မာ နှစ်နိုင်ငံစလုံးမှာ လုပ်ဆောင်ရတဲ့ ရှုပ်ထွေးပွေလီပြီး အဆင့်များစွာပါဝင်တဲ့ နိုင်ငံသားစိစစ်ရေးပြုမှု စနစ်ကြောင့်ပါ။ ဒါပေမယ့်လို့ အဓိကကျတဲ့အချက်က မြန်မာအာဏာပိုင်တွေသာ ထိုင်းနိုင်ငံဘက်အခြမ်းမှာ အခြေစိုက်ရုံးတွေ ဖွင့်လှစ်နိုင်မယ်ဆိုရင် ဒီအခက်အခဲတွေ အများကြီး လျှော့ဆင်းသွားမှာပါ။ နောက်ထပ်အဓိက ကျတာတခုကတော့ ဒီဟာကို ဆုံးဖြတ်လုပ်ကိုင်ပိုင်ခွင့်ကို ဗဟိုအစိုးရတွေကနေ တိုက်ရိုက်မချုပ်ကိုင်ဘဲ ခရိုင်ဒေသ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့်ပေးရင် ပိုကောင်းလာမှာပါ။ အရင်တုန်းကဆိုရင် ဒီလုပ်ငန်းစဉ်ဟာ ဗဟိုအာဏာ ပိုင်တွေကို တင်ပြရတာဖြစ်တဲ့အတွက် အလွန်ကိုနှေးကွေးစေပြီး တနေ့မှ (၄၀၀) ခန့်သာ ပြီးစီးနိုင်ပါတယ်။ ဒါကြောင့် (၁.၅) သန်းရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဟာ စောင့်ဆိုင်းနေရဆဲရှိပါတယ်” ဟုဆိုသည်။
ပြီးခဲ့သည့်မေ (၂၇) ရက်တွင် မြန်မာပြည်တွင်း၌ပြုလုပ်သော ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများ၏ နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်အခြေအနေ ရှင်းလင်းပွဲ၌လည်း မေ (၂၆) ရက်နေ့အထိ စင်တာ (၃) ခုမှ ယာယီနိုင်ငံကူးလက်မှတ် (၉၀,၉၁၈) ဦးသာ ထုတ်ပေးရသေးကြောင်း သိရပြီး မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံတဘက်ကမ်း ရနောင်းမြို့တွင် ယာယီပတ်စပို့ ထုတ်ပေးရေးစင်တာကို ပြောင်းရွှေ့ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မြင့်က အစီရင်ခံသည်။
ရနောင်းမြို့၌ ယာယီပတ်စပို့ ထုတ်ပေးရေးရုံးကို လာမည့်ဇွန် (၆) ရက်တွင် စတင်ဖွင့်လှစ်မည်ဟု သိရှိရပြီး ရုံးအဆောက်အဦကို ဘန်ကလင်းဘက်တွင် တည်ဆောက်နေသည်မှာ ပြီးစီးသွားပြီဖြစ်ကြောင်း ရနောင်းမြို့ခံတဦးက ပြောသည်။
ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ (IOM) ၏ ဧပြီ (၂၇) ရက် အစီရင်ခံစာအရ နိုင်ငံသားစိစစ်ရေးလျှောက်လွှာ တင်သွင်းထားသူပေါင်း (၈၂၂,၀၉၃) ဦးရှိပြီး ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ခွင့် ရရှိထားသူ အရေအတွက်မှာ (၇၁,၃၉၀) ဦး ရှိပြီဖြစ်ကြောင်း သိရှိရသည်။
ယမန်နှစ်က နောက်ဆုံးအကြိမ် ဖွင့်လှစ်ပေးသော ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခွင့် စာရင်းတွင် မြန်မာနိုင်ငံသား အလုပ်သမားဦးရေမှာ (၁.၁) သန်းရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီလကုန်အထိ လက်မှတ်သက်တမ်း ပြန်လည် တိုးခွင့်ပြုခဲ့ရာတွင် မြန်မာအလုပ်သမား (၈) သိန်းကျော်သာ သက်တမ်းဆက်ခဲ့ပြီး (၃) သိန်းခန့်မှာ တရားမဝင် အလုပ်သမားများအဖြစ်သို့ ထပ်မံကူးပြောင်းသွားခဲ့ပြီးဖြစ်သည်။
ထိုသို့ တရားမဝင် အလုပ်သမားများအား ဖမ်းဆီးပြန်ပို့မည်ဟု ထိုင်းအစိုးရက တရားဝင်ကြေညာထားသော်လည်း ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာမှုများ ဆက်လက်ရှိနေဆဲဖြစ်သည်။
ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ စုစုပေါင်း (၂) သန်းခန့်ရှိမည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများမှ ခန့်မှန်းထားကြသည်။

Wednesday, May 26, 2010
ထိုင်း ၀န်ကြီးချုပ်ဟောင်း သက်ဆင် အကြမ်းဖက်သမား သတ်မှတ်ခံရ
ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို ဘန်ကောက်မြို့ အဓိကရုဏ်း ဖြစ်ပွားမှုနှင့် ပတ်သက်၍ ရာဇ၀တ်မှု ဆိုင်ရာ တရားရုံးက အကြမ်းဖက် သမားအဖြစ် သတ်မှတ်ခဲ့ပြီး ဖမ်းဆီးရန် ယနေ့ အမိန့် ထုတ်ပြန်လိုက်သည်။
ဝန်ကြီး ချုပ်ဟောင်း အပါအ၀င် အကြမ်းဖက် လုပ်ရပ်များ လုပ်ကိုင် ခဲ့သည်ဟု သံသယ ရှိသော ရှပ်နီ ခေါင်းဆောင် ၉ ဦးကို ဖမ်းဆီး ခွင့်ပြုရန် ထိုင်း အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့မှ တရားရုံးသို့ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု ယနေ့ထုတ် The Nation သတင်းစာတွင် ရေးသား ထားသည်။
အဆိုပါ ခေါင်းဆောင် များထဲမှ ၀ိဖူထလန်၊ ဖာရပ် နှင့် ကျိန်ဒေါ့ကျစ် တို့ကိုမူ ပက်ချဘူရီ ခရိုင် ချအမ်းမြို့ရှိ နရဲစွမ် စခန်းတွင် ထိန်းသိမ်း ထားပြီး ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရာ့ချပရစုန် စခန်းကို ထိုင်းစစ်တပ်က ၀င်ရောက် ရှင်းလင်းစဉ် လက်နက် ချခဲ့သည့် ဆန္ဒပြ ခေါင်းဆောင် ကျသူဖွန် ဖုန်ဖန်မှာ ထိုင်းလွှတ်တော် အမတ်တဦး ဖြစ်သည့်အတွက် ထိုင်းအစိုးရက ပြန်လည် လွှတ်ပေးခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံသည့် ခေါင်းဆောင်တဦးဖြစ်သော စေဒန်ဟု လူသိများသည့် ဗိုလ်ချုပ် ခတ်သိယဆဝပ် ဒီဖွန်(Khattiya Sawasdipol)သည်လည်း မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲတွင် စာလာဒန်နှင့် လုမ္ပနီ လမ်းဆုံ ရှပ်နီများ စခန်းချရာ နေရာ၌ ဦးခေါင်းကို သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရပြီးနောက် သေဆုံးသွားခဲ့သည်။
ထိုင်းနိုင်ငံတွင် မတ်လ ၁၂ ရက်နေ့ကတည်း ရှပ်နီတို့၏ ဆန္ဒပြပွဲများကို စတင်ခဲ့ရာ လူပေါင်း ၈၀ ကျော် သေဆုံးခဲ့ပြီး ဒဏ်ရာရသူ စုစုပေါင်း ၁၄၀၀ ကျော် ရှိသည်ဟု သိရသည်။
နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းတွင်လည်း အကြီးအကျယ် ထိခိုက်မှုရှိခဲ့သည့် အပြင် ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများတွင် Central World၊ Carre four ၊ Big C ၊ Zen စသည့် ကုန်တိုက်ကြီးများ အပါအ၀င် အဆောက်အဦးပေါင်း ၄၀ နီးပါး မီးရှို့ ဖျက်ဆီးခံခဲ့ရသည်။
၎င်းဆုံးရှုံးသွားသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နိုင်ရန် အစိုးရက ဘတ် ၅၀ ဘီလီယံ ကူညီမည်ဖြစ်ကြောင်း ယနေ့ ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။
ယခုအခါ ဘန်ကောက်မြို့ရှိ ကျောင်များ၊ ရုံးများ ပြန်လည်ဖွင့်လှစ်ပြီး စီးပွားရေး လုပ်ငန်းကြီးများ ပုံမှန်လည်ပတ်နေပြီ ဖြစ်ကြောင်း
ဘန်ကောက်မြို့ ဆူကွန်ဗစ်လမ်းတွင် နေထိုင်သည့် မြန်မာလူမျိုး ဦးဇော်မင်းက ဧရာဝတီသို့ ပြောသည်။
“မနေ့ကတော့ ကျောင်းနဲ့ရုံး အတော်များများ ဖွင့်ပြီ၊ လမ်းပေါ်မှာလည်း တော်တော်လေး ရှင်းရှင်းလင်းလင်း ဖြစ်သွားပြီ”ဟုဆို သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဘန်ကောက်မြို့စည်ပင်သာယာရေး ၀န်ထမ်းများ ၊ ကျောင်းသားများ၊ထိုင်းစစ်တပ် နှင့် ရပ်ကွက်နေ ပြည်သူများ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများကို လုပ်ကိုင်ကြကြောင်း ၎င်းကဆိုသည်။
သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန်ပြန်လည် လုပ်ဆောင်နေပြီး ဘတ်စ်ကားလိုင်းများ၊ ကောင်းကင်မြို့ပတ်ရထားနှင့် မြေအောက်ရထားလိုင်းများလည်း ပြန်လည်ပြေးဆွဲ နေပြီဖြစ်ကြောင်း၊ သို့သော် ရာ့ချပရစုန် ဘူတာတွင် ရပ်နားခြင်းမရှိကြောင်း သိရသည်။
အစိုးရက ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို လာမည့် တနလာင်္နေ့အထိ ထပ်မံတိုးမြှင့်ခဲ့သော်လည်း အချိန်ကိုမူ ည ၁၂နာရီမှ နံနက် ၄နာရီအထိ လျော့ချပေးခဲ့သည်။
ဖလိန်ကျစ် ဘူတာအနီးတွင် နေထိုင်သည့် မြန်မာအမျိုးသမီး တဦးကလည်း“စကိုင်းထရိန်းပေါ်က ပျက်စီးနေတဲ့ Central Worldကုန်တိုက်ကြီးကို မြင်ရတော့ လူတွေအားလုံး အထူးအဆန်း လက်ညှိုးထိုးပြီး ၀ိုင်းကြည့်ကြတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရာမ ၄ လမ်းမကြီးတွင် မီးလောင်ထားသော တာယာများ၊ အမှိုက်များကို အနီးရှိရပ်ကွက်တွင် နေထိုင်သူများက လာရောက် ရှင်းလင်းကြကြောင်း ၎င်းက ဆိုသည်။
ရာမ ၄ လမ်းတွင် ကားများပုံမှန်သွားလာနေသော်လည်း လျှပ်စစ်မီးပေးသည့် ဌာနကြီးမှာ မီးရှို့ခံရသည့်အတွက် လျှပ်စစ်မီး ရရှိရန် ပြန်လည်ပြင်ဆင် နေရကြောင်း၊ Central World၊ Zen ကုန်တိုက်ကြီးများနှင့် ဖောက်ထွင်းခံရသည့် ဘန်ကောက်ဘဏ်ကိုလည်း ပြန်လည်ပြင်ဆင်နေကြောင်း၊ လုံခြုံရေးတပ်များ ဆက်လက်ချထားကြောင်းသိရသည်။
အ၀တ်အထည်များကို လက်ကားရောင်းချသည့် ပသူးနမ်းဈေး အနီးရှိ မီးလောင် ကျွမ်းထားသည့် Big C နှင့် တခြားသော ကုန် တိုက်ကြီးများ မီးလောင်ထားသည့်အတွက် ယင်းနေရာများတွင် မြန်မာအလုပ်သမားများ အခြေအနေမှာ ပုံမှန်ပြန်ဖြစ်ရန် မလွယ် ကူသေးကြောင်း စားသောက်ဆိုင်တွင် လုပ်ကိုင်သည့် မော်လမြိုင်မြို့သူ မအေး ကလည်း ပြောသည်။
“အရင်က အလုပ်လုပ်ရင် တနေ့ ဘတ် ၄၀၀ ရတယ်၊ အလုပ်မရှိတာ ဆန္ဒတွေ စပြကတည်းကပဲ၊ အခုတော့ သူဌေးမ က ပြန်ဖွင့်ဖို့ လုပ်နေတယ်”ဟု ၎င်းကဆိုသည်။
Big C ကုန်တိုက်ကြီး အနီးတ၀ိုက်တွင် မီးလောင်ကျွမ်းထားသည့် ဒဏ်ကြောင့် ရုတ်တရက်ပြိုကျလာမည်ကို စိုးရိမ်သည့်အတွက် သွပ် ပြားများ နှင့် ကာရန်ထားကြောင်း၊ ဆန္ဒပြပွဲများ ပြီးဆုံး၍ ဈေးဆိုင်များ ပြန်လည်ဖွင့်လှစ်နိုင်သည့် အတွက် ၀မ်းသာကြောင်း မော်လမြိုင်မြို့သူ မအေးကပြောဆိုသည်။

Subscribe to:
Posts (Atom)