Sunday, December 27, 2009

2749ကရင်နှစ်သစ်ကူးကျင်းပပြီးစီးခြင်းအခမ်းအနား

နှစ်စဉ် ပြာသိုလဆန် (၁)ရက်နေ့ ရောက်တိုင်း ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားများကို ပြည်တွင်း၊ ပြည်ပရှိ နေရာအနှံ့ အပြားတွင် ကရင်တိုင်းရင်းသားများက ကျင်းပလေ့ရှိရာ ထိုင်းနိုင်ငံတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသားများ ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားကို ၂၇၊ ၁၂၊ ၂၀၀၉ ခုနှစ်၊ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)က (Scared Heart Convent School Compus.klong Toei) ကျောင်းတွင် ဦးဆောင် ကျင်းပသည်။

ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)က ပြည်ပရောက်တွင် ရောက်ရှိနေသည့် ကရင်အမျိုးသားများ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့် အမျိုးသားရေးလက္ခဏာများ မပျောက်ပျက်ရလေအောင် ရည်ရွယ်ချက်ဖြင့် နှစ်စဉ် ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနား ကျင်းပခဲ့သည်။

နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် အမျိုးသားအလံတော်နှင့်အမျိုးသားသီချင်း အလေးပြုသီဆိုပြီး နှစ်သစ်ကူးဖြစ်ပေါ်လာပုံအကြောင်း ဖတ်ကြားသည်။ ထို့ နောက် ကရင်ရိုးရာဒုံးယိမ်းအက (သရုပ်ဖ်ါဒုံးယိမ်းအက)နှင့် တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။

နှစ်သစ်ကူးပွဲတော်သို့  မိမိတို့ အဖွဲ့ သ၀ဏ်လွှာနှင့် ကရင်လူငယ်အစည်းအရုံး (KYO)သ၀ဏ်လွှာတွင် ကရင်အမျိုးသားများ နိုင်ငံရေးနိုးကြားရန်၊ မိမိတို့  ဘာသာစကား၊ စာပေ ယဉ်ကျေးမှု ဖေါ်ထုတ်ထိန်းသိမ်းမြှင့်တင်ရန်၊ စည်းရုံးညီညွတ်ကြရန်နှင့် ညီညွတ်မှုကို ထိပါးမည်အရာများကို ရှောင်ရှားရန် အခမ်းအနားသို့  ပေးပို့ သည့် နှစ်သစ်ကူးမိန့် ခွန်းတွင် ပြောကြားသည်။




ပြည်ပရောက်ကရင်ဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)အဖွဲ့က ကရင်သက္ကရာဇ်(၂၇၄၉)ခုနှစ်၏ ကရင်နှစ်သစ်ကူးပွဲတော်အခမ်းအနားတရပ်ကို ၂၇-၁၂-၀၉- နေ့က ဘန်ကောက်မြို့တွင်ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။

















































Wednesday, December 23, 2009

ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရေး ပူးပေါင်းပါဝင်ကြရန် ထိုင်းတိုက်တွန်း

ထိုင်း-မြန်မာနှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ထုတ်ပေးနေသည့် (၂) နှစ်ဗီဇာသက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ် ထုတ်ပေးမှုသည် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် ထိုင်းအလုပ်သမားဥပဒေနှင့်အညီ တရားဝင်ဖြစ်စေသောကြောင့် ပူးပေါင်းပါဝင်ကြရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ပြောကြားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန လက်အောက်ခံ အလုပ်သမားရှာဖွေရေးဌာနမှ ဒုတိယ ညွှန်ကြားရေမှူးချုပ် နိုင်ဆူဖတ်ကုခွမ်က ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးမှု အနေအထားများနှင့် ပတ်သက်၍ မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် လုပ်ငန်းရှင်များကို မဲဆောက်မြို့၌ ရှင်းလင်းပွဲတရပ် ယနေ့ ပြုလုပ်ပြောကြားခြင်းဖြစ်သည်။

အဆိုပါရှင်းလင်းပွဲတွင် နိုင်ဆူဖတ်ကုခွမ်က “တရားဝင်ဗီဇာလက်မှတ်ရှိတဲ့အတွက် ထိုင်းတနိုင်ငံလုံးကို သွားလို့ရတယ်။ ဒါပေမယ့် အလုပ်ပြောင်းခွင့်တော့မရှိဘူး။ အလုပ်မလုပ်ဘဲ လျှောက်သွားနေမယ်ဆိုရင် အဲဒီအလုပ်သမားရဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို အလုပ်ရှင်က ရုပ်သိမ်းလိုက်ရင် အလိုအလျှောက် ပျက်ပြယ်ပြီးသားဖြစ်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

သို့သော် မဖြစ်မနေ အလုပ်ပြောင်းရမည်ဆိုပါက ပထမအလုပ်ရှင်ထံမှ ကျေနပ်လွှဲပြောင်းမှု ရရှိပြီးမှသာလျှင် အဆိုပါ အလုပ်သမားကို ဒုတိယအလုပ်ရှင်က လက်ခံနိုင်မည်ဟု ၎င်းက ဆက်လက်ရှင်းပြသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားမှတ်ပုံတင်ထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁) သန်းခန့် ရှိသော်လည်း မြန်မာနိုင်ငံမှ ထုတ်ပေးသည့် ယာယီနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများမှာ (၄) ထောင်ကျော်သာ ရှိသေးသည်။

(၅) လအတွင်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမှု (၄) ထောင်ကျော်သာရှိသဖြင့် မြန်မာဘက်က လုပ်ငန်းဆောင်ရွက်မှု နှေးကွေးမှုကြောင့်ဟု ထိုင်းဘက်ကဆိုသော်လည်း ယခုကဲ့သို့ဖြစ်ရခြင်းမှာ ထိုင်းရှိ မြန်မာအလုပ်သမားများနှင့် အလုပ်ရှင်တို့၏ ပူးပေါင်းပါဝင်မှု မရှိခြင်းကြောင့်ဖြစ်သည်ဟု မြန်မာဘက်က ပြောဆိုသည်။

တာ့ခရိုင် အလုပ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် လူမှုဖူလုံရေးဌာန ညွှန်ကြားရေးမှူး နိုင်ဖိဆုမ်ဆုံဝမ်န၀မ်နိက “ထိုင်းနိုင်ငံရဲ့ အလုပ်သမား လိုအပ်ချက်က အတော့်ကိုများတယ်။ ထိုင်းမှာ ရွှေ့ပြောင်းအလုပ်သမားတွေသာမရှိရင် ဘယ်လိုမှ လုပ်ငန်း လည်ပတ်လို့ ရမှာမဟုတ်ဘူး” ဟု ဒေသခံသတင်းထောက်များကို မဲဆောက်တွင်ကျင်းပခဲ့သည့် နိုင်ငံတကာရွှေ့ပြောင်း အလုပ်သမားနေ့တွင် ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားသည့် နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမား (၁၁) သိန်းရှိရာ မြန်မာအလုပ်သမားမှာ (၁၀) သိန်းခန့်ရှိသည်။ လာမည့် ၂၀၁၀ ခု ဖေဖေါ်ဝါရီလကုန်မတိုင်မီ ယာယီနိုင်ငံကူးလက်မှတ် ပြုလုပ်ရန် နောက်ဆုံးရက် သတ်မှတ်ထားပြီး သတ်မှတ်ရက် ကျော်လွန်နေထိုင်သူများကို ဖမ်းဆီးပြီး နေရင်းဒေသ ပြန်ပို့မည်ဟု ကြေညာထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နိုင်ဖောင်းစာဖလန်းစိုင်ကမူ သတ်မှတ်ကာလအတွင်း မပြီးစီးနိုင်သဖြင့် လက်မှတ်လုပ်ပေးမှုကို ရက်တိုးပေးရန်ရှိသဖြင့် အဖမ်းအဆီးကိစ္စနှင့်ပတ်သက်၍ အလုပ်သမားများ စိုးရိမ်စရာ မလိုတော့ကြောင်း ယခုလ (၂၀) ရက်တွင် ပြောကြားခဲ့သည်။


ရဲရင့်

Tuesday, December 22, 2009

(KNU)နှင့်(NCUB)ဥက္ကဌဗိုလ်ချုပ်ကြီးစောတာမလာဘော၏ အသက်(၉၀)ပြည့်နေ့မွေးနေ့ပွဲ

(KNU)နှင့်(NCUB)ဥက္ကဌဗိုလ်ချုပ်ကြီးစောတာမလာဘော၏ အသက်(၉၀)ပြည့်နေ့မွေးနေ့ပွဲကို ၂၂-၁၂-၀၉ ရက်နေ့နံနက်က ထိုင်းမြန်မာနယ်စပ်တွင် မဟာမိတ်အဖွဲ့အစည်းများက ဂုဏ်ပြု ကျင်းပခဲ့သည့် ဓါတ်ပုံမှတ်တမ်းများ။



























































ဓါတ်ပုံ ---- (OKRSO)

(OKRSO)၏ နှစ်သစ်သ၀ဏ်လွှာ


ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ် အတွက် ပြည်ပရောက် ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာ လူမှုစောင့်ရှောက်ရေးအဖွဲ့ (OKRSO)၏ နှစ်သစ်သ၀ဏ်လွှာ

ကရင်သက္ကရာဇ် ၂၇၄၉ ခုနှစ်၏ နှစ်သစ်အခါသာမယတွင် ကရင်အမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြစေရန် ဆုတောင်းမေတ္တာပို့ သလိုက်ပါသည်။

ကရင်အမျိုးသားအပေါင်းတို့ ၁၈၈၁ ခုနှစ် ဒေါကလူအဖွဲ့ ကြီး(KNA)စတည်ထောင်ခဲ့သည့် ကာလမှစ၍ ရေတွက်လျှင် ကရင်အမျိုးသားများ၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့် ရရှိရေးကြိုးပမ်းချက်တွင် နှစ်အားဖြင့် ၁၂၉ နှစ် ရှိခဲ့ပြီဖြစ်သည်။ ယခုအခါ မြန်မာပြည်ရှိ ကရင်အမျိုးသားများအားလုံးသည် လူမျိုးကြီးဝါဒ စစ်အာဏာရှင်ကြီးစိုးမှုအောက်သို့ ကျရောက် နေဆဲဖြစ်သည်။ ဤဖိနှိပ်ခံရသည့် အခြေအနေအတွင်း ကရင်အမျိုးသားများ ကြုံတွေ့ နေရသည့် ဘေးဒုက္ခများသည်လည်း အလွန်ကြီးမားလှပါသည်။ ဤသည် ကရင်ကံကြမ္မာ ကရင်ဖန်တီးမရရှိသည့်အတွက် ကရင်အမျိုးသားများ၏ ဆန္ဒနှင့်အညီဖြစ်သည့် တရားမျှတသည့် အကျယ်အ၀န်းရှိသည့် ကရင်ပြည်နယ် ထူထောင်ခွင့်မရရှိသည့်အတွက် ဖြစ်သည်။

ကရင်အမျိုးသားများသည် မြန်မာပြည်တွင်းသို့ှနှစ်ပေါင်း (၃၀၀၀)နီးပါးခန့် ကပင် အေးချမ်းစွာ ၀င်ရောက်အချေချနေထိုင်ခဲ့ပြီး မြန်မာပြည်အတွင်း ဗမာအမျိုးသားများပြီးလျှင် ဒုတိယလူဦးရေအများဆုံး လူမျိုးစုတစုလည်းဖြစ်ပါသည်။ ထို့ ကြောင့် အခြားလူမျိုးနည်းတူ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကို ရယူခံစားထိုက်သူများ ဖြစ်သည်။

OKRSO အဖွဲ့ သည် ကရင်အမျိုးသားများတိုးတက်ကြီးပွားရေးနှင့် လူမှုဒုက္ခပြဿနာများ လျှော့ပါးရန် တတ်နိုင်သ၍ ကူညီဖြေရှင်းရန်အတွက် ၁၉၉၂ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ ပြည်ပရောက်ကရင်အမျိုးသားဒုက္ခသည်များဆိုင်ရာလူမှုစောင့်ရှောက်ရေးအဖွဲ့ OKRSO ကို စဖွဲ့  စည်းတည်ထောင်ခဲ့စဉ်ကစပြီး ယနေ့ တိုင် ကရင်အမျိုးသားအရေးဆိုင်ရာ လူမှုရေး၊ ပညာရေးနှင့် စာပေယဉ်ကျေးမှုများကို ကြိုးပမ်းလုပ်ဆောင်ခဲ့ကြသည်။

ယခုအခါ ကရင်အမျိုးသားများအနေဖြင့် အမျိုးသားရေး၊ နိုင်ငံရေးနိုးကြားရန် အမျိုးသားရေးဆိုင်ရာတာဝန်ကို တက်ကြွစွာ ထမ်းဆောင်ကြရန် ကရင်အမျိုးသားအနေဖြင့် ခိုင်မာသောအမျိုးသားရေးစိတ်ဓါတ်ကို အခြေခံပြီး မိမိတို့ ၏ ဘာသာစကား၊ စာပေယဉ်ကျေးမှုနှင့် ရိုးရာဓလေ့များကို ထိန်းသိမ်းမြှင့်တင်ကြရန် အထူးလိုအပ်ပါသည်။

နိဂုံးအနေဖြင့် ဤနှစ်သစ်အခါသမယတွင် ကရင့်ကံကြမ္မာ ကရင်ဖန်တီးခွင့်ရှိရေး နှစ်သစ်စိန်သစ် မိမိတို့ ၏အမျိုးသားရေးကို ပိုမိုနိုးကြားရန် တိုက်တွန်းနိုးဆော်လိုက်ပါသည်။

နှစ်သစ်တွင် မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်ကြပါစေ။



Friday, December 18, 2009

ကရင်နှစ်သစ်ကူးပွဲတော် ဗုံးပေါက်ကွဲမှု ကေအန်ယူ ဖြေရှင်း

ကရင်ပြည်နယ် ဖာပွန်မြို့တွင် ဗုဒ္ဓဟူးနေ့က ကျင်းပသည့် ကရင်နှစ်သစ်ကူးပွဲတော်ည၌ ဗုံးပေါက်ကွဲခဲ့သဖြင့် လူအများ သေကျေဒဏ်ရာရရှိခဲ့သည့် ဖြစ်ရပ်သည် နအဖက ကေအန်ယူကို ချောက်တွန်းရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကေအန်ယူ ဒု-ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောကြားလိုက်သည်။

၎င်းက “အဲဒါမျိုး ကေအန်ယူက မလုပ်ဘူး။ နအဖက မဟုတ်မမှန် စွပ်စွဲတာ။ နအဖဆိုတာက တိုင်းရင်းသားတွေရဲ့ ရိုးရာ ယဉ်ကျေးမှုတွေကို စနစ်တကျ ဖျက်ဆီးနေတယ်။ ကရင်နှစ်သစ်ကူးရဲ့ ယဉ်ကျေးမှုကိုလည်း ဖျက်ဆီးပြီး တချက်ခုတ် နှစ်ချက်ပြတ် ဖန်တီးတာဖြစ်တယ်။ ပြည်သူတွေအနေနဲ့ အမြင်မမှားဖို့ လိုတယ်” ဟု ပြောသည်။

နအဖသည် ၂၀၁၀ ရွေးကောက်ပွဲအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြဿနာရှာခြင်းဖြစ်ကြောင်း၊ မိမိတို့ တပ်ဖွဲ့အနေဖြင့် ဖာပွန်မြို့အနီးပတ်ဝန်းကျင်တွင်ပင် စစ်ရေးလှုပ်ရှားမှုများ လုံးဝမရှိကြောင်း၊ မိမိတို့အမျိုးသား ကရင်နှစ်သစ်ကူး ပွဲတော်ကို နအဖက ဖျက်ဆီးခြင်းသာဖြစ်သည်ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွင် အရပ်သား (၇) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်သည် ကေအန်ယူ၏ လုပ်ရပ်ဖြစ်ကြောင်း ယနေ့ထုတ် စစ်အစိုးပိုင် မြန်မာ့အလင်းသတင်းစာတွင် စွပ်စွဲထားသည်။

ယခင်လ (၁၁) ရက်နေ့ကလည်း ဘားအံ၊ ရွှေဂွန်းပြေးဆွဲသည့် စောဥမ္မာအမည်ရှိ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဌာနပိုင် ခရီးသည်တင် နှစ်ထပ်သင်္ဘောကို တကောင်ဘိုးရွာတွင် ပစ်ခတ်ခံရ၍ ခရီးသည် (၃) ဦးသေဆုံးခဲ့မှုကိုလည်း နအဖက ကေအန်ယူကို စွပ်စွဲထားသည်။

တကောင်ဘိုးရွာသားတဦးမှ အဆိုပါ ပစ်ခတ်မှုတွင် ဒီကေဘီအေမှ ရဲမင်းပိုင်အဖွဲ့က တကောင်ဘိုးသင်္ဘောဆိပ်မှ ဒီကေဘီအေ အကောက်မှူး ဗိုလ်သိန်းတန်(ခေါ်) ဗိုလ်ဂျပု ကို စီးပွားရေး ပြဿနာများကြောင့် လာရောက်ပစ်သတ်ရာမှ ဘားအံသို့ ဆင်းမည့် အဆိုပါ နှစ်ထပ်သင်္ဘောကိုပါ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ရဲရင့်(ခေတ်ပြိုင်)










ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ဆန္ဒပြ တောင်းဆိုချက်အားလုံး ရရှိ

ထိုင်းနိုင်ငံ ပတ်ခ်ျဘူရီခရိုင်၊ စမုန်ဒေါရှိ SAHA FARM Co.Ltd ကြက်သားထုတ်လုပ်ရေး စက်ရုံတွင် မြန်မာရွှေ့ပြောင်း အလုပ်သမား (၅,၀၀၀) ခန့်က အလုပ်သမားအခွင့်အရေး တိုးမြှင့်ရရှိရေးအတွက် ယနေ့ ဆန္ဒပြတောင်းဆိုကြသည်။

ကျန်းမာရေးခွင့်ရက်ပင် ခံစားခွင့်မရှိဘဲ အလုပ်ချိန် တရက် (၁၂) နာရီ မနားတမ်း ခိုင်းစေမှု၊ အခြေခံလစာ အချိန်ပိုကြေး ခံစားခွင့် နည်းပါးမှုတို့ကို ပြင်ဆင်ပေးရန် အလုပ်ရှင်ထံ တောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ လိုက်လျော ညှိနှိုင်းမပေးဘူးဆိုရင် အလုပ်မဆင်းဘဲ ဆန္ဒပြမယ်။ ဒီနေ့ ရွှေ့ပြောင်းအလုပ်သမားနေ့လည်း ဖြစ်တယ်။ ဒီနေ့လည်း ကျနော်တို့ အလုပ်မဆင်းဘူး” ဟု အလုပ်သမားအခွင့်အရေး တောင်းဆိုဆန္ဒပြသူ ကိုကျော်ကျော်က ပြောသည်။

လုပ်သားတဦးချင်း အခြေခံလစာ ထိုင်းဘတ် (၄,၅၀၀)၊ အလုပ်ချိန် တရက် (၁၂) နာရီ၊ အချိန်ပိုကြေးအတွက် တနာရီ ဘတ် (၂၀) သာရရှိသည့်အတွက် လုပ်သားတဦး တလ အမြင့်ဆုံးဝင်ငွေ ဘတ် (၄,၉၅၀) သာရရှိကြောင်း သိရသည်။

မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်စေ့စပ် ညှိနှိုင်းပေးရန် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရ (NCGUB) က ထိုင်းရှေ့နေများကောင်စီကို အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။

“ထိုင်းရှေ့နေများ ကောင်စီကို အကြောင်းကြားထားတယ်။ အခု ဆန္ဒပြပွဲကို တရားဝင် ၀င်ရောက်ညှိနှိုင်းပေးဖို့ တိုက်တွန်း ထားပါတယ်” ဟု NCGUB ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားရေးရာ တာဝန်ခံ ကိုသက်ခိုင်က ပြောကြားသည်။

နံနက် (၇) နာရီခွဲမှ စတင်သည့်ဆန္ဒပြပွဲ ရလဒ်အဖြစ် နေ့လယ် (၁၁) နာရီတွင် စက်ရုံကြီးကြပ်သူများက နေ့စဉ် အလုပ်ချိန် (၁၂) နာရီမှ (၉) နာရီသို့ လျှော့ချပေးပြီး အချိန်ပိုအလုပ်ခကို တနာရီ ထိုင်းဘတ် (၃၀) ပေးမည်ဟု ကတိပြုလိုက်သော်လည်း
အလုပ်သမားများဘက်က ဆက်လက်တောင်းဆိုမှုများကြောင့် မွန်းလွဲ (၁) နာရီခွဲတွင် မြန်မာ အလုပ်သမားများ၏ တောင်းဆိုချက် (၅) ခုလုံးကို လိုက်လျောပေးလိုက်ကြောင်း သိရသည်။

“အလုပ်ချိန် (၈) နာရီသတ်မှတ်ဖို့၊ သတ်မှတ်ချိန်ထက်ကျော်ရင် OT အနေနဲ့ တနာရီ ဘတ် (၃၀) ပေးဖို့၊ လက်မှတ်ရပြီးသား အလုပ်သမားတွေကို လက်မှတ် (ဘတ်) ပေးကိုင်ဖို့၊ အစိုးရအားလပ်ရက်တွေမှာ စက်ရုံပိတ်ပေးဖို့နဲ့ ယာယီနိုင်ငံကူးလက်မှတ်ကို
နောက်ဆုံးအချိန်အထိ စောင့်ပြီး လုပ်ခွင့်ပြုဖို့ (ဖိအားအတင်းမပေးဖို့) မဖြစ်မနေလုပ်ရတော့မယ်ဆိုရင် လုပ်ကြပါမယ်ဆိုတဲ့ ကတိပေးကြတယ်” ဟု ဆန္ဒပြမှုကို ခေါင်းဆောင်ခဲ့သူ အလုပ်သမားက အချက်(၅) ချက်ကို ပြောပြသည်။

ယခု ကြက်သားထုတ်လုပ်ရေး စက်ရုံ၏ လုပ်ငန်းခွဲ စက်ရုံတခုတွင် ပြီးခဲ့သည့်လက ယခုကဲ့သို့ ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွားခဲ့ပြီး စက်ရုံကြီးကြပ်သူများက တောင်းဆိုချက်များကို လိုက်လျောမည်ဆိုကာ ကတိပျက်ခဲ့မှုကြောင့် ယခုတကြိမ် ထပ်မံတောင်းဆိုကြခြင်းဖြစ်သည်။

“တကယ်လို့ သူတို့ ကတိထပ်ဖျက်မယ်ဆိုရင် တရားဥပဒေကြောင်းအရ တိုင်ချက်ဖွင့်လို့ ရပါတယ်” ဟု ကိုသက်ခိုင်က ပြောကြားသည်။

SAHA FARM Co.Ltd က ကြက်နှင့် ကြက်ထွက်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းကို နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက်နေပြီး တရက် ကြက်ကောင်ရေ (၅) သိန်းကို အဆင်သင့် စားသောက်ကုန်အဆင့်အထိ ကုန်ချောထုတ်လုပ်နေသည်။


ှိ
စိုးမိုး


Wednesday, December 16, 2009

ညောင်လေးပင်ခရိုင်တွင် KNU မှကရင်နှစ်သစ်ကူးပွဲနေ့အခမ်းအနားကျင်းပ


ယနေ့တွင်ကျရောက်သည့် ကရင်သက္ကရာဇ် (၂၇၄၉) ခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအ နားတရပ်ကို (ကေအင်ယူ)မှ ညောင်လေးပင်ခရိုင်တွင် ကျင်းပခဲ့ရာ ကရင်အမျိုးသား (၁၅၀၀) ခန့်တက်ရောက်ခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအင်ယူ) လက်အောက်ခံ တပ်မဟာ(၃)အခြေစိုက် ညောင် လေးပင်ခရိုင်၏ ကျောက်ကြီးမြို့နယ်တွင် ကျင်းပခဲ့ပြီး ဒေသခံကရင်အမျိုးသားများက နှစ် သစ်ကူးဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ အမျိုးသားအလံတော်အား အလေးပြုခဲ့ကြသည်ဟု ခရိုင်တာဝန် ရှိသူတဦးကပြောသည်။

ညောင်လေးပင်ခရိုင်၏ မြန်မာပြည်လွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ (FBR)၏ တာဝန်ခံ စောစန်း က"အခမ်းအနားကို ဒီမနက်တပ်ရင်း(၉) စစ်ရေးပြကွင်းမှာလုပ်တယ် တပ်ရင်းမှူးဒုဗိုလ်မှူးကြီး စောပလယ့်နဲ့ ကျောက်ကြီးမြို့နယ်ဥက္ကဌပဒိုနဲထူးဗျိုင်း တို့တက်ရောက်ပြီးနှစ်သစ်ကူးမိန့်ခွန်း ပြောတယ် ပရိတ်သတ် ကတော့(၁၅၀၀)နီးပါးရှိတယ်"ဟုရွှေဖားစည် သို့ပြောသည်။

နယ်မြေဒေသ၏ လုံခြုံရေးအခြေအနေအရ ပွဲကျင်းပရာတွင် အခက်အခဲအချို့ရှိသော်လည်း ဒေသခံ ကရင်အမျိုးသားများ ထောင်ချီလာရောက်ခဲ့ကြပြီး မည်သည့်ပြဿနာမှမရှိဘဲ အောင် မြင်စွာကျင်းပနိုင်ခဲ့သည်ဟုလည်းပြောသည်။

ယခုနှစ်၏ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားတရပ်ကိုလည်း တပ်မဟာ(၅)အခြေစိုက် ဖါပွန်ခ ရိုင်တွင်ခမ်းနားစွာကျင်းပပြုလုပ်ခဲ့သည်ဟုကေအင်ယူ၏အဆင့်မြင့်ခေါင်းဆောင်တဦးကပြောသည်။

ကရင်နှစ်သစ်ကူးနေ့အတွက် ကေအင်ယူဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘော ပြောကြား သောမိန့်ခွန်းတွင် ကရင်အမျိုးသားများ ဖိနှိပ်ကျွန်ပြုမှုအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေး အရနိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲတစိတ်တ၀မ်းတည်း စည်းလုံးညီညွတ်ကြရန်နှင့် ရန်သူများ၏ လိမ်လည်လှည့်စားမှုများကို အထူးသတိရှိရန် တိုက်တွန်းပြောကြားထားသည်။

မဲဆောက်ဒေသတွင်းရောက် ကရင်အမျိုးသားများကလည်း နှစ်သစ်ကူးအခမ်းအနားများကို ကျင်းပကြပြီး ထိုင်းနယ်စပ်တလျှောက်ရှိ ကရင်ဒုက္ခသည်စခန်း(၇)ခုတွင်လည်း ကျင်းပပြုလုပ် ခဲ့ကြသည်။


Tuesday, December 15, 2009

ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီးစောတာမလာဘောက ပြောကြားသောမိန့်ခွန်း

ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားအပေါင်းတို့-
ခေါင်းဆောင်-ရဲဘော်အပေါင်းတို့-
ဒီကနေ့ဟာ ကရင်သက္ကရာဇ် (၂၇၄၉)ခုနှစ် သလေလဆန်း (၁)ရက်နေ့၊ ခရစ်သက္ကရာဇ် (၂၀ဝ၉)ခုနှစ် ဒီဇင် ဘာလ (၁၆)ရက်နေ့သည် ကရင်အမျိုးသား နှစ်သစ်ကူးမင်္ဂလာအခါသမယ ကျရောက်ချိန်ဖြစ်ပါတယ်။ ဒီလို နှစ်သစ် မင်္ဂလာနေ့မြတ်ကို ကြုံကြိုက်ပြန်ရတာဟာလည်း ထပ်မံဝမ်းမြောက်ဝမ်းသာ ဖြစ်ဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် နေရာဒေသ အသီးသီးမှာ နေထိုင်ကြတဲ့ကရင်အမျိုးသားတစ်ဦးစီတိုင်းကို ကိုယ်စိတ်နှစ်ဖြာကျမ်းမှုာ ချမ်းသာပါစေကြောင်း ဆုမွန် ကောင်းများပို့သရင်း နှစ်သစ်ကူးနုတ်ခွန်းဆက် အမှာစကားပြောလိုပါတယ်။


ပထမအနေနဲ့ မိမိတို့ကရင်အမျိုးသားဆိုတာ လူမျိုးငယ်လေးတစုမျှသာမဟုတ်ကြောင်းဦးစွာပြောကြားလို တယ်။ ဘီစီ ၇၃၉ ကစပြီး ဒီတိုင်းပြည်ထဲကို ဦးစွာပထမ ဝင်ရောက်လာခဲ့တဲ့ လူမျိုးတမျိုးဖြစ်သလို လွန်ခဲ့သော နှစ်ပေါင်း ထောင်ကျော်မှာ လွတ်လပ်ငြိမ်းချမ်းစွာ နေလာနိုင်ခဲ့လူတွေလဲဖြစ်ပါတယ်။ ဒါပေမဲ့သက်ဦးဆံပိုင် မွန်ဘုရင်။ ဗမာဘုရင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်ဖိနှိပ်ညှင်းပမ်းမှူကြောင့် ငြိမ်းချမ်းလွတ်လပ်စွာ မနေနိုင်ခဲ့ကြတော့တာ မဟာဗမာဝါဒီ စစ်အာဏာရှင် များရဲဏ္ဍ အုပ်စိုးတဲ့ခေတ် ယနေ့ကာလတိုင်အောင်ဖြစ်ပါတယ်။

ဒီနိုင်ငံမှာ ကရင်လူမျိုးဟာ လူမျိုးတမျိုး ဖြစ်တာနဲ့အညီ မိမိ တို့နဲ့ထိုက်တန်တဲ့ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အရေးကလည်းရရှိပြီး မိမိတို့ဖာသာ ကိုယ့်အားကိုယ်ကိုး တိုးတက် ကြီးပွားအောင် လုပ်နိုင်ခွင့်ရကြဘို့လိုတယ်။ ဒီနေရာမှာ အမျိုးသားရဲ့စကား။ စာပေနဲ့ရိုးရာ ယဉ်ကျေးမှူထိမ်းသိမ်း စောင့် ရှောက်ရေးကိစ္စဟာ အလွန်အရေးကြီးကြောင်း ထပ်မံအသိပေးလိုက်ပါတယ်။ ကရင့် တော်လှန်ရေးနဲ့ ကေအဲန်ယူ အဖွဲ့ အစည်းခေါင်းဆောင် ရပ်တည်နိုင်တဲ့အတွက် အရှေ့ဘက်မှ ကရင်အမျိုးသားတွေဟာ မိမိရဲ့ဘာသာစကားကို ပြောကြား ခွင့်ရပြီး ကရင်စာပေကိုလည်း အစုံလျင်သင်ယူခွင့်ရနေကြသေးတယ်။

မြစ်ဝကျွန်းပေါ့်၌မြို့ပြဒေသမှာရှိတဲ့ ကရင်အများစု ကြီးတော့ ဒီလိုအခွင့်အရေးတွေ အကြီးအကျယ်ဆုံးရှုံးနေလို့ ကရင်ဖြစ်ပြီး ကရင်စကားမပြောတတ်၊ ကရင်စာပေမရေး တတ်၊ မဖတ်တတ်ကြဘူး၊ တချိန်တည်းမှာဘဲ စာပေလည်းပျောက်၊ လူမျိုးပျောက်မဖြစ်အောင် ဝိုင်းဝန်းထိမ်းသိမ်းကြတဲ့ မြို့ပြနဲ့မြစ်ဝကဋ္ဌန်းပေါ်က ကရင်မျိုးချစ်တွေ။ ဘာသာရေးဘက်ဆိုင်ရာ ပုဂ္ဂိုလ် အဖွဲ့အစည်းများရဲ့ကဏ္ဍကိုလည်း အသိ အမှတ်ပြုကြရမှာဖြစ်တယ်။

အဲ့ဒီနေရာတွေမှာ ကရင်ဘာသာစကား ကရင်စာပေဟာ တစုံတရာရှင်သန်နေသေးတာ ဖြစ်တယ်။ ဒီကနေ့မှာ ကရင်အမျိုးသားအခွင့်အရေးတွက် တော်လှန်ရုန်းကန်တိုက်ပွဲဝင်နေကြရင်း ကရင်တော်တော် များများဟာ ကမ္ဘာ့အနှံ့ပြန့်နှံ့ ရောက်ရှိနေကြပြီးဖြစ်လို့ ကရင်လူမျိုးတမျိုးဤွှကမ္ဘာမြေပေါ်မှ လုံးဝဆိတ်သုန်း ပျောက် ကွယ်ခြင်း မရှိရလေအောင် ကိုယ့်အမျိုးသား ဘာသာစာပေစကားနဲ့ ရိုးရာအစဉ်လာကောင်းများကို အစွမ်းကုန်ထိမ်းသိမ်း ကြဘို့လိုတယ်။ ဒါကြောင့်ကရင်တိုင်းက ဒီကိစ္စအပေါ် အထူးအလေးနက်သတိပြုဘို့လိုတယ်။

ဒုတိယအနေဖြင့် ကရင်အမျိုးသားတို့၏ သမိုင်းကို ပြန်လည်ဆန်းစစ်ကြည့်လျင် အုပ်စိုးသူအဆက်ဆက် တို့၏ ဖိနှိပ်မှူ၊ သတ်ဖြတ်မှူအပေါင်းဖြင့် နာကျည်းဘွယ်ရာအဖြစ် ပြည့်နှက်လျက်ရှိနေပြီး ယနေ့ထိတိုင် မိမိတို့၏ မွေးရာပါအခွင့်အရေးများ ဆိတ်သုန်းလျက်ရှိသည်။ ကရင်အမျိုးသားအရေးသည် နိုင်ငံရေး ပြဿနာဖြစ်သည်နှင့် အညီ ကရင်အမျိုးသား ခေါင်းဆောင်များက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဿကိုကြိုးပမ်းဖြေရှင်းခဲ့သော်လည်း စစ်အာဏာရှင်အုပ်စုမှ လက်မခံသည့်အပြင် လက်နက်ဖြင့်ချေမှူန်းလာခဲ့သည့်အပေါ် ယနေ့ထက်တိုင် လက်နက် ကိုင် ခုခံတော်လှန်ရေးကို ကြံ့ကြံ့ခံဆင်နွဲနေရခြင်းဖြစ်သည်။

သို့ဖြစ်၍် ကရင်အမျိုးသားအရေး ကြိုးပမ်းဆောင်ရွက် ရာမှာ ဖိနှိပ်ကျွန်ပြုမှူအပေါင်းမှ လွတ်မြောက်နိုင်ရန် နိုင်ငံရေးအရ နိုးကြားပြီး ဘာသာအယူဝါဒ မခွဲခြားဘဲ တစိတ် တဝမ်းတည်း စည်းလုံးညီညွတ်ကြရန်၊ အမျိုးသား ရန်သူမသမာသူများ. လိမ်လည်လှည့်စားမှူများကို မခံကြရန် အထူးသတိရှိကြရန် လိုအပ်ပါသည်။

တတိယအနေနဲ့ အုပ်စိုးသူစစ်အစိုးရတို့သည် ကရင်တမျိုးသားလုံးအပေါ် ဖိနှိပ်ကျွန်ပြုယုံမက ကရင် အမျိုးသားထုအတွင်း အချင်းချင်းသတ်ဖြတ်ဖြိုခွဲခြင်း၊ လူငယ်လူရွယ်များ စာရိတျွှပျက်ပြားအောင် မူးယစ်ဆေးဝါး များနှင့် မြူဆွယ်ဖျက်ဆီးခြင်း၊ ဘာသာရေးအရ ဖြိုခွဲခြင်းများကို စနစ်တကျလုပ်ဆောင်လျက်ရှိသည်။ အုပ်စိုးသူ စစ်အာဏာရှင်အဆက်ဆက်တို့၏ ဖိနှိပ်မှူ၊ နှိပ်စက်ညှင်းပမ်းမှူ၊ မတရားသတ်ဖြတ်မှူများကို ခံစားလာရသည်မှာ တနေ့ထက်တနေ့ပိုပြီး ပြင်းထန်လာသည်။

အုပ်စိုးသူအဆက်ဆက်တို‹သည် ကရင်အမျိုးသားများအား နည်း ပရိယာယ်မျိုးစုံဖြင့် လူမျိုးတုံး သတ်ဖြတ်မှူမျိုးကို အစီအစဉ်ရှိရှိ စီမံချက်ဖြင့် ကျင့်သုံးလျက်ရှိပြီး တချိန်တည်းတွင် ကရင်အမျိုးသားနေထိုင်ရာ ဒေသအသီးသီးတွင် စစ်ရေးလှူပ်ရှားမှူအပြင်းအထန်ပြုလုပ်လျက် လယ်ခင်းယာခင်း များ ပတ်လည်အနှံ့မြေမြုပ်မိုင်း အများအပြားထောင်ခြင်း။ မြန်မာပြည်အရှေ့ခြမ်းနေ ကရင်လူထုများထံ တိုက်ရိုက်ဦးတည်တိုက်ခိုက်ခြင်းသည် ကိုယ်ချင်းစာနာမှူကင်းမဲ့သည့် လုပ်ရပ်ဖြစ်သည်။

နောက်ဆုံးအနေနဲ့ မှာကြားလိုတာကတော့ ၂၀၁၀ ခုနှစ်ဟာ ကရင်အမျိုးသားတွေအတွက် အလွန်တရာ စိုးရိမ်ဖွယ်ကောင်းတဲ့နှစ်တနှစ်ပါ။ ဘာကြောင့်လဲဆိုတော့ တိုင်းရင်းသားလူမျိုးတွေရဲ့ မွေးရာပါ ကိုယ်ပိုင်ပြဌာန်းခွင့်တွေကို အသိအမှတ်ပြုဖို့ လုံးဝဆန္ဒမရှိတဲ့ အာဏာရှင်အစိုးရဟာ သူတို့အတင်းအကြပ် ရေးဆွဲပြဌာန်းထားတဲ့ တိုင်းပြည်ရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုသုံးပြီး တိုင်းရင်းသားတွေကို ချေမှူန်းသုတ်သင်ဘို့ စီမံချက်တွေကို ချမှတ်အကောင်အ ထည်ဖော်နေတာကြောင့်ဖြစ်တယ်။

ကေအဲန်ယူ အမျိုးသားအစည်းအရုံးဟာ တိုင်းရင်းသားလူမျိုးများအတွက် မည်သည့် အာမခံချက် အခွင့်အရေးမှ မပါဝင်တဲ့ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲဆိုတာကို ဆန့်ကျင်နေတာဖြစ်တယ်။ ကေအဲန်ယူ အမျိုးသားအစည်းအရုံးရဲလှူပ်ရှားတိုက်ပွဲဝင်မှူမှန်သမျှဟာ နိုင်ငံရေးအဓိပယ်ဆောင်ပြီး မိမိလူမျိုးဖိ နှိပ်မှူက လွတ်မြောက်ပြီး လူမျိုးတမျိုးအဖြစ် ဂုဏ်သိက္ခာရှိစွာနဲ့ အသက်ရှင်နေထိုင်ဘို့ လွတ်လပ်ဘို့ (ဝါ) ကရင်ကံကြမ္မာကို ကရင်ဖန်တီးနိုင်ခွင့်ရမယ်။ ဒီမိုကရေစီပြည့်ဝတဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးဖြစ်တယ်။ ဒီလိုမျိုးနိုင်ငံရေး အရ ရုန်းကန်တိုက်ပွဲဝင်မှူဟာ ကရင်အမျိုးသားများရဲ့ဘဝကံကြမ္မာနဲ့ တိုက်ရိုက်သက်ဆိုင်နေတာဖြစ်လို့ ကရင်အမျိုးသား တိုင်းက ထမ်းရွက်ရမဲ့အမျိုးသားရေးတာဝန်ဖြစ်တယ်။

ဒါကြောင့် နေရာဒေသအသီးသီးမှာ ရောက်ရှိနေထိုင်ကြတဲ့ ကရင် တွေက ကရင်အမျိုးသားဘဝလွတ်မြောက်ရေးအတွက် ကျရာအခန်းကဏ္ဍကနေ ကိုယ်စီကိုယ်စီတာဝန်ယူပြီး တစိတ် တဝမ်းတည်း ညီညီဍွတ်ဍွတ် အောင်ပွဲရသည့်အထိ ဆက်လက်တိုက်ပွဲဝင်သွားကြရန်နှင့် ဒီနေ့ထူးနေ့မြတ်အခါ သမယမှာ ကရင်အမျိုးသားတရပ်လုံး KNU ဆောင်မှူအောက်တွင် ညီညီညွတ်ညွတ်၊ မားမားမတ်မတ်ရပ်ခံပြီး၊ ဘဝတူတိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီအင်အားစုများနှင့်အတူ လက်တွဲပြီး မိမိအောင်ပွဲပန်းတိုင် အရောက် ခွန်အားသစ်ဖြင့် ဆက်လက်ဦးတည် တိုက်ပွဲဝင်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။



Tuesday, December 8, 2009

မြ၀တီမှ ကျေးရွာဥက္ကဋ္ဌ သေနတ်ပစ်ခံရ၍ သေဆုံး


မြ၀တီမြို့ပြင်တောင်ဘက်ရှိ မဲထော့ကလေးကျေးရွာ ဥက္ကဋ္ဌ ဦးစိုးနိုင်သည် ယမန်နေ့ည (၈) နာရီခန့်က အမည်မသိ သေနတ်သမားတဦး၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်ဟု မျက်မြင်သက်သေတဦးက ပြောသည်။

“မနေ့ည (၈) နာရီလောက်မှာ ဘိလိယက်ထိုးနေတဲ့ ဥက္ကဋ္ဌကို ရုပ်ဖျက်ထားတဲ့ လူတယောက်က ၀င်လာပြီး သေနတ်အတိုနဲ့ ခေါင်းကို (၄) ချက်ပစ်ပြီး ထွက်ပြေးသွားတယ်၊ ဘယ်အဖွဲ့ကမှန်းမသိဘူး” ဟု ပြောသည်။

မဲထော့ကလေးရွာခံများက စီးပွားရေးပြဿနာများကြောင့် စီးပွားဘက်များ၏ လုပ်ကြံခြင်းဖြစ်နိုင်သည်ဟု ယူဆကြသော်လည်း မြ၀တီခရိုင်အာဏာပိုင်များက ကေအန်ယူအဖွဲ့၏ လုပ်ရပ်ဖြစ်နိုင်ကြောင်း ပြောပြီး စုံစမ်းမှုများပြုလုပ်လျက်ရှိသည်။

ဒေသအခြေစိုက် စိုက်ပျိုးရေးလုပ်ငန်းရှင်တဦးက “ဒီခွင်မှာ ပြောင်းစိုက်တဲ့ လုပ်ငန်းကများတယ်၊ ထိုင်းဘက်ကလည်း လာပြီး ရင်းနှီးလုပ်ကိုင်တာတွေ များတယ်။ ဒီလူက တာဝန်ကျေတယ်။ အပေါ်ကခိုင်းသလို လုပ်တယ်။ ဒီကေဘီအေနဲ့လည်း အဆင်မပြေတာတွေ ရှိတယ်။ သူ့ကြောင့် ဒီကေဘီအေက မူးယစ်ဆေးတွေ မကြာခဏ အဖမ်းခံရတာတွေရှိတော့ သူ့ကို တချို့က မကျေနပ်တာတွေတော့ များတယ်” ဟု ပြောသည်။

အဆိုပါဒေသတွင် အခြေစိုက်သည့် ဒီကေဘီအေကမူ ၎င်းတို့ ပါဝင်ပတ်သက်ခြင်းမရှိဟု မြ၀တီခရိုင်အာဏာပိုင်များကိုပြောပြီး အမှုမှန်ပေါ်ပေါက်ရန် စုံစမ်းပေးမည်ဟု ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၆) မှ ပြောရေးဆိုခွင့်ရှိသူ တပ်မှူးတဦးက “ဒီဒေသမှာ ကျနော်တို့ စစ်ရေးလှုပ်ရှားမှုတွေရှိပေမယ့် သူတို့အုပ်ချုပ်ရေးနယ်မြေအထိတော့ မသွားဘူး။ ဒါက သူတို့အချင်းချင်းဖြစ်တဲ့ ပြဿနာတွေပါ” ဟု ပြောသည်။

သေဆုံးသူမှာ ထိုင်းနှင့်မြန်မာ နိုင်ငံသားမှတ်ပုံတင် (၂) ခု ကိုင်ဆောင်ထားသူဖြစ်ပြီး စစ်ကိုင်း၊ ရွာသစ်ကြီး တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးကျောင်းဆင်းတဦး ဖြစ်သည်ဟု ၎င်း၏ဆွေမျိုးသားချင်းတဦးက ပြောသည်။

မြ၀တီမြို့ပြင်တောင်ဘက် (၃) မိုင်အကွာရှိ မဲထော့ကလေးရွာတွင် အိမ်ခြေ (၄၅၀) ခန့်ရှိပြီး လူဦးရေ (၁,၀၀၀) ခန့် နေထိုင်ကာ မြန်မာစုနှင့် ရှမ်းစု ရပ်ကွက် (၂) ခုခွဲထားပြီး သေဆုံးသူမှာ ရှမ်းစုရပ်ကွက်၏ ဥက္ကဋ္ဌဖြစ်သည်။

၎င်းကျေးရွာသည် မြ၀တီခရိုင်အတွင်း မူးယစ်ဆေးဝါးပြဿနာ၊ လုယက်မှု၊ လူသတ်မှုများ နှစ်စဉ် ဖြစ်ပွားသည့် နေရာဖြစ်သည်ဟု မြ၀တီမြို့မှ ရဲဝန်ထမ်းဟောင်းတဦးက ပြောသည်။

ရဲရင့်

ငယ်ရွယ်သူများ သေဆုံးမှုသတင်း ဖော်ပြမှု စာပေစိစစ်ရေးက ကန့်သတ်ပိတ်ပင်

အသက်ငယ်သူများသေဆုံးမှုနှင့် ပတ်သက်၍ သတင်းဂျာနယ်များတွင် ဖော်ပြခြင်းကို စာပေစိစစ်ရေးက ကန့်သတ်ထားကြောင်း ရန်ကုန်စာနယ်ဇင်း အသိုင်းအ၀ိုင်းမှ သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၃၀) ရက်၌ လမ်းမတော်မြို့နယ်၊ (၁၄) လမ်းတွင် (၁၆) နှစ်အရွယ်ရှိ မိန်းကလေးတဦး လေးထပ်တိုက်ပေါ်မှ ခုန်ချကာ အဆုံးစီရင်သွားကြောင်း သတင်းကို စာပေစိစစ်ရေးက သတင်းဂျာနယ်များတွင် ဖော်ပြခွင့် ပိတ်ပင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးငယ်သည် နေရာတွင်ပင် ဒဏ်ရာဗရပွဖြင့် ပွဲချင်းပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း လမ်းမတော်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတဦးက ပြောသည်။

သေဆုံးသည့် အမျိုးသမီးငယ်အမည်မှာ မဇင်သူထက်ဖြစ်ပြီး လေဖြတ်ထားသော ဖခင်ကို လုပ်ကျွေးပြုစုနေသည့် သမီးတဦး ဖြစ်ကြောင်း၊ (၁ဝ) တန်းအောင် ကျောင်းသူတဦးဖြစ်ပြီး လာမည့် ပညာသင်နှစ်တွင် တက္ကသိုလ်တက်ရောက်မည့် သူဖြစ်ကြောင်း အိမ်နီးနားချင်းများက ပြောသည်။

“ခုတလောက အသက်ငယ်တဲ့ ကျောင်းနေအရွယ်တွေ သေတာ များနေတယ်။ ခိုင်ရွှန်းလဲ့ရည်ဆိုတဲ့ ကောင်မလေး သေတယ်။ ပြီးတော့ သာကေတမှာ ကျောင်းသူတဦး ရေထဲ ဆင်းသေတယ်။ လသာမှာ ကျောင်းသားအချင်းချင်းကြောင့် ပွဲချင်းပြီး ကျောင်းသားတယောက် သေတယ်။ ခုလည်း တိုက်ပေါ်က ခုန်ချတယ်။ မကြာမကြာ ဆိုသလို ဖြစ်နေတာမျိုးကြောင့် ကျမတို့ကိုလည်း အထက်ကညွှန်ကြားထားတဲ့အတိုင်း ဆောင်ရွက်တာပါ” ဟု စာပေစိစစ်ရေးမှ တာဝန်ကျစာစစ်မှူးတဦးက ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက “အရင်တုန်းကဆိုရင် ရန်ကုန်တိုင်း ရဲရုံးက သတင်းတွေ ခေါ်ပေးတယ်။ ခုနောက်ပိုင်း သွားမေးရင်တောင် မရတော့ဘူး။ ခုရက်ပိုင်းအတွင်းက ပိုဆိုးသွားတယ်။ အသက်ငယ်တဲ့သူတွေ သေမှုသေခင်းနဲ့ ပတ်သက်ရင် လုံးဝမပေးတော့တာ” ဟု ပြောသည်။

ရန်ကုန်စာနယ်ဇင်းအသိုင်းအ၀ိုင်းမှ သတင်းထောက်များကလည်း မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းက သတင်းစာသင်တန်းများ၊ ပြည်ပ သတင်းစာဆရာများ ခေါ်ယူပို့ချခဲ့ပြီးသည့်နောက်ပိုင်း သတင်းရေးသားမှုတွင် ပေးသည့်သတင်းများကို ပေးသည့်အတိုင်း မရေးသားဘဲ သတင်းရင်းမြစ်ကို သေသေချာချာ စိစစ်မေးမြန်းရေးလာကြကြောင်း၊ ထို့အတွက် မှုခင်းရဲများနှင့် ဌာနဆိုင်ရာများက သတင်းထောက်များကို ယခင်ထက် ဂရုစိုက်လာကြကြောင်း ၀ါရင့်သတင်းအယ်ဒီတာတဦးက ပြောသည်။

မျိုးချစ်သူ


Tuesday, December 1, 2009

Special Training for Youth Development

O K R S O ပညာရေးကော်မတီမှ ဦးဆောင်ဖွင့်လှစ်သော Special Training for Youth Development သင်တန်းကို O K R S O ဘန်ကောက်ရုံးမှာ တနင်္ဂနွေနေ့ အပတ်တိုင်းဖွင့် လှစ်ထားပါတယ်... ဒီသင်တန်းကတော့ အနည်းဆုံး မြန်မာပြည်(၁၀) တန်းကိုအောင်ရမှာဖြစ်ပြီးဘန်ကောက်မှာ ရှိတဲ့အပြည်ပြည်ဆိုင်ရာတက္ကသိုလ်တွေကို ဆက်တက်နိုင်ဘို့  ကျောင်းထောက်ပံ့ကြေး(Scholarship) လျှောက်နိုင်ဘို့ အတွက်ကြို တင်ပြင်ဆင်ပေးတဲ့ သင်တန်းတစ်ခုဖြစ်ပါတယ်.....

သင်တန်းမှာသင်ကြားပေးသောဘာသာရပ်တွေကတော့ 
အင်္ဂလိပ်စာကို Ireland နိုင်ငံမှ ဆရာမကတာဝန်ယူသင်ကြားပို့ ချပြီး
အထွေထွေဗဟုသုတ(General Knowledge) ဘာသာရပ်ကို Assumption University (ABAC) မှ Counseling Psychology တက်ရောက်သင်ကြားနေသောဆရာ Doh Doh နှင့်
တခြားအလှည့် ကျသော တက္ကသိုလ်မှ ပညာသင်ကြားနေကြသောကျောင်းသူကျောင်းများမှ
တစ်လှည့်စီအထွေထွေဗဟုသုတတို့ ကို လာရောက်ဝေမျှကြပါတယ်.....
ခုလောလောဆယ်မှတော့ကျောင်းသူ ကျောင်းသား အယောက်(၁၀) ကျော်တို့ ကို သင်တန်းပေးနေပါ တယ်...




















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ
















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ
















Special Training မှကျောင်းသူ၊ကျောင်းသားများစာသင်နေပုံ





O K R S O ပညာရေးကော်မတီ

OKRSO Sunday language School (Nov-March,2010)


O K R S O ပညာရေးကော်မတီမှဦးဆောင်ဖွင့် လှစ်သော
(Sunday Language School
)၂၀၀၉ ခုနှစ်ရဲ့ ဒုတိယသုတ်သင်တန်းကို
နိုဝင်ဘာကနေ မတ်စ် ၂၀၁၀ အထိခြောက်လတိတိ ဖွင့်လှစ်သွားမှာဖြစ်ပါတယ်....
အင်္ဂလိပ်စာသင်ပေးသော ဆရာ၊ဆရာမ (၃) ယောက်နှင့်ထိုင်းဆရာမ(၂) ယောက်ရှိပြီး၊ ကျောင်းသူ၊ကျောင်းသားပေါင်းအယောက်(၆၀)ကျော်တို့ ကိုသင်တန်းလက်ခံထားပါတယ်။

O K R S O ကျောင်းမှာစာသင်ပေးသောဆရာ၊ဆရာမ နှင့်
စာလာသင်သောကျောင်းသူ၊ကျောင်းသားများတွေရဲ့ မှတ်တမ်းဓာတ်ပုံများကို
အောက်မှာဖော်ပြထားပါတယ်.....
















level (1)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ
















level (၂)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ


















O K R S O ကျောင်းသူ၊ကျောင်းသားများ


















level (၂)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ




















level (၂)class မှဆရာမနှင့် ကျောင်းသူ၊
ကျောင်းသားများ


O K R S O ပညာရေးကော်မတီ

HIV/AIDS ကျန်းမာရေးအသိပညာပေး 2009

OKRSO ကျန်းမာရေးပညာပေးအဖွဲ့ မှဦးဆောင်သော
HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီးအသိပညာပေးတစ်ရပ်ကို IRC မှ
ကျန်းမာရေးအဖွဲ့ နှင့်ပူးပေါင်းပြီး
OKRSO Sunday Language School မှာ အင်္ဂလိပ်နှင့် ထိုင်းစာ သင်တန်းကို
တက်ရောက်သင် ကြားသော ကျောင်းသူ ကျောင်းသားများ ကို
November 22,2009 မှာသွားရောက်ပညာပေးပုံ တို့ ကို ဓာတ်ပုံများနှင့်တကွ တင်ပြထားပါတယ်။


















IRC မှ HIV/ AIDS ကျန်းမာရေးပညာပေးနေပုံ














IRC မှ HIV/ AIDS ကျန်းမာရေးပညာပေးနေပုံ













OKRSO Sunday School မှ ကျောင်းသူ
ကျောင်းသားများ မှကျန်းမာရေးပညာပေးကို
စိတ်ဝင်တစားနားဆင်နေပုံ


















IRC မှ HIV/AIDS ကျန်းမာရေးပညာပေးနေပုံ
















OKRSO Sunday School မှ ကျောင်းသူ
ကျောင်းသားများ မှကျန်းမာရေးပညာပေးကို
စိတ်ဝင်တစားနားဆင်နေပုံ




OKRSO မိသားစု

HIV/AIDS ကျန်းမာရေးအသိပညာပေး November,2009

OKRSO ကျန်းမာရေးပညာပေးအဖွဲ့ မှဦးဆောင်သော
HIV/AIDS ရောဂါနဲ့ ပတ်သက်ပြီး ဘယ်လိုကာကွယ်ပုံ။
ရောဂါဖြစ်ပြီးဆက်လက် ဘယ်လိုနေထိုင်ရပုံ တို့နှင့်ပတ်သက်ပြီး
အသိပညာပေးတစ်ရပ်ကို Rangsit မှာရှိတဲ့အလုပ်သမားပလပ်စတစ်စက်ရုံမှာ
November 29,2009 မှာသွားရောက်ပညာပေးပုံ တို့ ကို ဓာတ်ပုံများနှင့်တကွ တင်ပြထားပါတယ်။
















Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ














Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ














Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ















Rangsit ပလပ်စတစ်စက်ရုံမှ အလုပ်သမားများကို
ကျန်းမာရေးပညာပေးနေပုံ




































Monday, November 30, 2009

ဒုက္ခသည်များ စခန်းပြင်ထွက် အလုပ်လုပ်ခွင့် ထိုင်းအစိုးရကို EU တိုက်တွန်းမည်

ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေ စခန်းအပြင်ထွက်ပြီး အလုပ်လုပ်ကိုင်ခွင့် ရရေးအတွက် ဥရောပသမဂ္ဂ အီးယူကနေ နောက်ထပ်တကြိမ် တိုက်တွန်း လုပ်ဆောင်သွားမယ်လို့၊ ဥရောပသမဂ္ဂ အရာရှိက နိုဝင်ဘာ ၂၉ ရက် မနေ့က ပြောဆိုလိုက်ပါတယ်။


ထိုင်း-မြန်မာနယ်စပ်၊ အီလောထ ဒုက္ခသည်စခန်းရှိ ယာယီတဲ အမိုးအကာအောက်တွင် နေထိုင်နေကြသော မြန်မာ ဒုက္ခသည်များ ဖြစ်ပါသည်။ (Photo: RFA)

ထိုင်းမြန်မာနယ်စပ် တောတောင်တွေ အကြားမှာ ရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုမှာ နေထိုင်နေရတဲ့ ဒုက္ခသည် ၁ သိန်း ၄ သောင်းကျော်အတွက်၊ အကူအညီ အထောက်အပံ့တွေ အများဆုံး ပေးနေတဲ့ ဥရောပ သမဂ္ဂ အီးယူကနေ ဒီ အစီအစဉ်ကို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ သံအရာရှိကြီး ဒေးဗစ် လစ်မန်းက ပြောဆိုလိုက်တာပါ။

လူတယောက်ဟာ ဒုက္ခသည်စခန်းတခုထဲမှာ ၁၈ နှစ် အနှစ် ၂၀ လောက်ကြာအောင်နေ နေရတာကို တွေ့ရတာ အလွန်ကိုပဲ စိတ်ထိခိုက်စရာ ကောင်းပါတယ်လို့ ဥရောပ သံအရာရှိက ပြောဆိုပါတယ်။

သူတို့ကိုယ့် ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင်နဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွင်း ရောနှော ပါဝင်နိုင်အောင် ကူညီလုပ်ဆောင်ပေးသင့်တယ်လို့လည်း ပြောပါတယ်။

ဒုက္ခသည်တွေကို ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး စခန်းအပြင်ထွက်၊ အလုပ်လုပ်ခွင့်ရအောင် စီစဉ်ဆောင်ရွက်ပေးမဲ့ ဒီအစီအစဉ်ဟာ ဥရောပသမဂ္ဂရဲ့ ဒုက္ခသည်များကိစ္စ ကိုင်တွယ်ေ ဆာင်ရွက်ရေး အတွက် ရေးဆွဲထားတဲ့ ၅ နှစ် စီမံကိန်းရဲ့ အစိတ်အပိုင်းတခု ဖြစ်ပါတယ်။

ဒုက္ခသည်တွေ သာမန် လူမှုဘဝ ပြန်လည်ရရှိရေးနဲ့ ထိုင်းလူ့အဖွဲ့အစည်းအတွက်လည်း အသုံးဝင်တဲ့ အင်အားစုတွေ ဖြစ်လာဖို့ ဒီအစီအစဉ်ကို ရည်ရွယ် ဆောင်ရွက်တာလို့လည်း သိရပါတယ်။

ဒီ အစီအစဉ်ဟာ မြန်မာဒုက္ခသည်တွေကို ကူညီနေတဲ့ အန်ဂျီအိုတွေနဲ့ ကမႝာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတို့ ပူးတွဲပြီး စတင် တင်ပြခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။

ဒီအစီစဉ်ကို ၂၀ဝ၅ ခုနှစ် ဝန်ကြီးချုပ်ဟောင်း တပ်ခ်ဆင် ရှိနာဝပ်လက်ထက်က စတင် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့ပါတယ်၊ အဲဒီအချိန်က မစ္စတာတပ်ခ်ဆင်ရဲ့ ထိုင်းအစိုးရအနေနဲ့ စိတ်ဝင်စားမှု ရှိခဲ့ပေမဲ့လည်း၊ ၂၀ဝ၆ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လုံခြုံရေး အရ ရပ်ဆိုင်းထားခဲ့တာပါ။

အခုလို မြန်မာဒုက္ခသည်တွေ စခန်းအပြင်ထွက် အလုပ်လုပ်ခွင့်ပေးဖို့နဲ့ ပတ်သက်ပြီး အသေးစိတ်ကိုတော့ ထိုင်းအစိုးရနဲ့ ထပ်မံ ညှိနှိုင်းရဦးမှာ ဖြစ်ပြီး၊ ထိုင်းအစိုးရကို ခွင့်ပြုဖို့ ဆွဲဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ဥရောပသမဂ္ဂ အရာရှိက ပြောဆိုပါတယ်။

ပထမဆုံးအနေနဲ့ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်ရ ထားတဲ့အတွက် မယ်လဒုက္ခသည်စခန်းက ဒုက္ခသည် ၁၆၆ ယောက်ကို၊ ထိုင်းစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်းတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ စတင်ဆောင်ရွက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက ပြည်တွင်းစစ်ကြောင့် လွန်ခဲ့တဲ့ ၂၅ နှစ်ကစပြီး ထိုင်းနိုင်ငံအတွင်းကို စစ်ပြေးဒုက္ခသည်တွေ ရောက်ရှိလာခဲ့ပြီး၊ နယ်စပ်တလျှောက် နေထိုင်လျက် ရှိပါတယ်။ ဒုက္ခသည် စုစုပေါင်း သိန်းနဲ့ချီပြီး ရှိနေပါတယ်။ အခုအချိန်အထိ ဒုက္ခသည် ၅ သောင်း ၃ ထောင်ဟာ အနောက်နိုင်ငံတွေ အပါအဝင် တတိယနိုင်ငံတွေကို ထွက်ခွာခဲ့ပြီးဖြစ်ပေမဲ့၊ နောက်ထပ် ဒုက္ခသည် ၁ သိန်းခွဲလောက် နယ်စပ်တလျှောက် ကျန်ရှိနေပါသေးတယ်။ ဥရောပသမဂ္ဂအနေနဲ့ ပြီးခဲ့တဲ့နှစ်က ဒုက္ခသည်ကူညီရေး ရန်ပုံငွေတွေ လျှော့ချခဲ့တာ ရှိပေမဲ့၊ အနည်းဆုံး တနှစ်ကို အမေရိကန်ဒေါ်လာ ၄၅ သန်းလောက် ပေးလှူနေတာ ဖြစ်ပါတယ်။

sawlinux

ထိုင်းရေတပ်ကပစ်သဖြင့် မြန်မာစစ်သားများ ဒဏ်ရာရ

ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ စစ်သားများ သောကြာနေ့က အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ မြန်မာ့ တပ်မတော်မှ ဗိုလ်ကြီးတဦးနှင့် တပ်သား လေးဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်းကော့သောင်းမြို့အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ စစ်သားများက မြန်မာရေပိုင်နက်အတွင်း ၀င်ရောက်လာသည့် ငါးဖမ်းလှေများကို လိုက်လံ ဖမ်းဆီးစဉ် ထိုင်းရေပိုက်နက်အတွင်း ကျူးကျော်ဝင်ရောက်ခဲ့သဖြင့် နှစ်ဘက် စစ်တပ်များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လိုက်လံ ဖမ်းဆီးသည့် မြန်မာစစ်သားများက စစ်ဝတ်စုံ ၀တ်ဆင်ထားခြင်း မရှိကြောင်း၊ ထို့ကြောင့် ထိုင်း ငါးဖမ်းသမားများက ၎င်းတို့ကို ပင်လယ်ဓားပြဟု ထင်မှတ်ပြီး ထိုင်းရေတပ်ကို အကြောင်းကြားခဲ့ပြီး နောက်ပိုင်း ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း မြန်မာ စစ်တပ်နှင့် နီးစပ်သူတဦးဖြစ်သည့် မောင်တူးက ဧရာဝတီသို့ ပြောသည်။

ဒဏ်ရာရရှိသူများမှာ ခြေလျင်တပ်ရင်း အမှတ် ၂၆၂ မှ တပ်စုမှူး လွင်မင်းသူ နှင့် တပ်သားများ ဖြစ်ပြီး ယခုအခါ ကော့သောင်းမြို့တွင် ဆေးကုသမှု ခံယူနေကြောင်း သိရသည်။

ငါးခိုးဖမ်းသည့် လှေများကို လိုက်လံစစ်ဆေးစဉ် စစ်သားများက ကော့သောင်းမြို့မှ ပုဂ္ဂလိကပိုင် စက်လှေတစီးကို ချောဆွဲသွားခဲ့ကြောင်း၊ စက်လှေတွင် လုပ်ကိုင်သူ လှေသမားတချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ထိုဒေသတွင် နေထိုင်သူ စာနယ်ဇင်းသမားတဦးက ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားစဉ် ထိုင်းရေတပ်မှ စစ်သည်အင်အား ၃၀ခန့်ရှိပြီး၊ မြန်မာ့တပ်မတော်ဘက်မှ ၇ဦးခန့်သာ ရှိသည်ဟု ဆိုသည်။

ပစ်ခတ်မှုနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ အာဏာပိုင်များက တစုံတရာ ထုတ်ဖော် ပြောကြားခြင်း မရှိသေးပေ။

မြန်မာ့ရေပိုင်နက်သည် တခြားဒေသများထက် ငါးမျိုးစုံ ပိုမို ကျက်စားသဖြင့် ဒေသတွင်း နိုင်ငံများမှ ငါးဖမ်းလှေများက ၀င်ရောက်ပြီး ငါးဖမ်းလေ့ရှိသည်။

သန်းထိုက်ဦး